Tonbo Martial Arts Academy

Tonbo Martial Arts Academy

Share

Nutritional? Fitness? Functional? Advice? The TONBO Fitness Solution
(OFFICIAL PAGE)

21/05/2026

မဂ်လာပါ။
TONBO Group ရဲ့ Public exposure အနေနဲ့ ကျွန်တော် တို့ရဲ့ Vision မှာ အားကစားတစ်ခု ထဲ ကို ပဲ Target ထားတာ မဟုတ်ဘူးဆိုတာ ချပြချင်တဲ့ ပွဲလေးတစ်ခု ကို အများသူငှာ သိရှိ ပါဝင်လို့ရအောင် ဖိတ်ကြားလို့ပါတယ် ခင်ဗျ။

Main Head Line အနေနဲ့
Tonbo Community Center နဲ့ Hobbyists Caravan ရဲ့ အတူတကွကြိုးစားမှု ဖြင့်

Board Games
Coup.
Sushi Go!.
Quest.
Skull.
Exploding Kittens.
Splendor.

Table Top Role Playing Games(TRPG) .Dungeons & Dragons Short Sessions.

Table Top Card Game (TCG)
Lorcana.
Magic The Gathering.
တွေကို Game Master/Dugeon Master တွေနဲ့ မြည်းစမ်းကစားကြည့်လို့ရမှာ ပဲ ဖြစ်ပါတယ်။
ဒါတင်ပဲ လားဆိုတော့လဲ ရှိပါသေးတယ်။

Board Games(Display)

COUP.
Exploding Kitten.
Monopoly(Mario Edition)
Catan.
Santorini.
Azul.
Secrect Hi**er.
Calico.
Stranger Things.

TRPG
D&D Rule Books and Source Books.
Warhammer Starter Set.

TCG
Lorcana Starter Decks & Displayboxes.
Magic the Gathering booster packs.
Magic the Gathering Bundles & Pre-Cons.
Character Figures.
တွေအတွက် လေ့လာကြည့်ရှု လို့ရအောင်
Display Games tableလေးတွေပါ Set Up လုပ်ပေးသွားအုန်းမှာပါဗျ။

ထပ်မံ အားဖြည့်တဲ့ အစီအစဥ်အနေနဲ့
ခေတ် အမှီဆုံး Reaction Trainer တွေ ထဲကတစ်ခုဖြစ်တဲ့ BLAZE POD ® လေးတွေကို လဲ မိမိတို့၏ ခန္ဓာစိတ် ပူးတွဲ အသုံးချနိုင်မှုစွမ်းရည် ကိုသိရှိနိုင်ရန် စီစဥ်ပေးထားပါတယ် ဗျ။ Action တင် မက Reactive timing ကို ပါ လေ့ကျင့်ပေးတဲ့ Functional Tool မလို့ must try event လေးလို့ပဲ ပြောပါရစေဗျ။
TONBO Community center အတွက် YUZANER TECH မှ BLAZEPOD®ပစ္စည်းများကို ကူညီပံ့ပိုးပေးထားတာပဲ ဖြစ်ပါတယ် ခင်ဗျ။

Coffeee Workshop ကို လဲ Coach Alex ရဲ့မွေးနေ့ အလှူ အတွက် Drip Coffee ခွက် ၁၀၀ ကို ကိုယ်တိုင်ဖျော်နည်း သင်ပေးမှာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် မိမိကိုယ်ပိုင်ခွက် ပါမှသာ ပါဝင် လို့ရမှာ ဖြစ်ပါတယ် ခင်ဗျ။

Public Fun Event လေးလဲ ဖြစ် မြန်မာနိုင်ငံရဲ့ MSME ထွက် ကုန်တွေကိုလဲ ခင်းကျင်းပြသပေးထားမှာ ဖြစ်လို့ လာကို လာသင့်တဲ့ NEW MSME Event ပဲ ဖြစ်ပါတယ်ဗျ။
နေရာလေးကတော့ Myanmar Plaza Promotion Area မှာ ပဲ ဖြစ်ပါတယ် ခင်ဗျ
ပွဲ မှာ ဝင်ရောက်အားဖြည့်ဖို့လဲ Volunteer များကို ဖိတ်ခေါ်လျက်ရှိပါတယ်။

အားလုံးကို မျှော်နေပါ့မယ် ခင်ဗျ။
ကျေးဇူးရှင် ဆရာသမားများကို
အစဥ်လေးစာရှိခိုးလျက်
ရှေ့သို့ TONBO!!!!



08/05/2026

!!!WE ARE HIRING!!!
တရုတ်စာ သင်ကြားရေးဆရာ/ဆရာမ

Chinese Language Teacher

ကုမ္ပဏီမိတ်ဆက်

Tonbo Group Co., Ltd. သည် မတူကွဲပြားသောကဏ္ဍများစွာတွင် အရည်အသွေးမြင့်ဝန်ဆောင်မှုများ ပေးအပ်ရန် ကတိပြုထားသော ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဆန်းသစ်သောချဉ်းကပ်မှုများနှင့် မဆုတ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားအားထုတ်လျက်ရှိသော ပရော်ဖက်ရှင်နယ်များမှတစ်ဆင့် တိုးတက်မှုနှင့် ထူးချွန်မှုကို မြှင့်တင် ကာ ရည်မှန်းချက် ဖြစ်သော ချစ်မြတ်နိုးရ သည့် မြန်မာပြည်သူ လူထု အားအကျိုးပြုနိုင်ရန်ဖြစ်ပါသည်။
Tonbo Group သည် ဝန်ထမ်းများ ၏ ကျန်းမာရေး နေထိုင်ရေးတို့ အတွက် လုပ်ငန်းခွင် အတွင်း နားနေဆောင်(CAFE) ၊ လေ့ကျင့်ရေးခန်းမ (GYM) ၊ အိပ်ဆောင်(HOSTEL) တို့ကိုပါ Salary Package ထဲ ထည့်သွင်း ပြီးသားဖြစ်ပါသည်။

အခန်းကဏ္ဍဖော်ပြချက်

ဤသည်မှာ Tonbo Group Co., Ltd. ရှိ
တရုတ်စာ သင်ကြားရေးဆရာ/ဆရာမ ရာထူးအတွက် အချိန်ပြည့်ဝန်ထမ်းခန့်အပ်ရန်လိုအပ်ချက်များ ဖြစ်ပါသည်။
စိတ်ဝင်စားဖွယ်ရာ သင်ခန်းစာအစီအစဉ်များကို ဒီဇိုင်းဆွဲခြင်း၊
တရုတ်ဘာသာစကားကျွမ်းကျင်မှုကို သင်ကြားပေးခြင်းနှင့် ကျောင်းသားများ၏ တိုးတက်မှုကို အကဲဖြတ်ခြင်းတို့အတွက် တာဝန်ရှိမည်ဖြစ်သည်။
သင်ကြားရေးတွင်သာ မက တိကျထိရောက်သော သင်ယူမှုပတ်ဝန်းကျင် ဖန်တီးခြင်း၊ ကျောင်းသားများအား ဘာသာစကားကျွမ်းကျင်မှုရရှိရန် ပံ့ပိုးပေးခြင်းနှင့် ထိရောက်သော သင်ကြားရေးနည်းလမ်းများကို ပေါင်းစပ်ခြင်းတို့ ပါဝင်သည်။
လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခြင်းတို့သည်လည်း ဤရာထူး၏ အဓိကအချက်များဖြစ်သည်။

လိုအပ်သော အရည်အချင်းများ

တရုတ်ဘာသာစကား သင်ကြားမှု တွင် ကျွမ်းကျင်မှုနှင့် ထိရောက်သေချာစွာ သင်ကြားပေးရန် လုံလောက်သောဘာသာစကားစွမ်းရည်ရှိရမည်။
ထိရောက်သော သင်ခန်းစာစီစဉ်ခြင်းနှင့် ပညာရေးတွင် အတွေ့အကြုံရှိရမည်။
ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ပြေပြစ်သော လူမှုဆက်ဆံရေးစွမ်းရည်ရှိရမည်။
တရုတ်ဘာသာစကားနှင့် ဆက်စပ်သော ပညာရေးနယ်ပယ်များတွင် သင်ကြားရာတွင် အတွေ့အကြုံရှိခြင်းသည် အကျိုးရှိရမည်။
ပညာရေး၊ ဘာသာစကားဘွဲ့ လေ့လာမှုများ သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်တွင် ဘွဲ့ရရှိထားရမည်။
တရုတ်ဘာသာစကားဖြင့် ဘွဲ့ရထားသော စွမ်းဆောင်ရည်မြင့် လူငယ်ခြေတက်များလဲ တန်းတူ အခွင့်အရေးရမည်ဖြစ်ပါသည်။

Company Profile

Tonbo Group Co., Ltd. is a reputable organization committed to providing high-quality services in various sectors. Through innovative approaches and relentless dedication, we strive to promote progress and excellence through our dedicated professionals, with the goal of serving the beloved Myanmar people.
Tonbo Group has already included in the Salary Package for the employees’ health and well-being, including on-site lounge (CAFE), Fitness Area (GYM), and Inhouse living space (HOSTEL).

Role Description

Here are the full-time requirements for the position of Chinese Language Teacher at Tonbo Group Co., Ltd.
Responsible for designing engaging lesson plans, Teaching Chinese language skills, and assessing students’ progress.
Creating a positive and effective learning environment, not only in teaching, but also includes supporting students to acquire language skills and integrating effective teaching methods.
Collaborating with colleagues and participating in curriculum development are also key aspects of this position.

Required Qualifications

Skills in Chinese language teaching and sufficient language proficiency to teach effectively.
Experience in effective lesson planning and teaching.
Excellent interpersonal skills to work collaboratively with students and colleagues.
Experience in teaching Chinese language-related academic fields is an advantage.
Bachelor’s degree in education, language studies or a related field is required.
Equal opportunities are given to high-performing young professionals with degrees in Chinese language.

16/03/2026

မဂ်လာပါ။
မြန်မာ နိုင်ငံ ကစ်ဘောက်ဆင် အဖွဲ့ချုပ်
၏ ကူညီ ပံ့ပိုးမှု ဖြင့်
World Association Of Kickboxing Organizations (WAKO)
Rule Bookနည်းစနစ် များကို မြန်မာကစားသမား များအတွက် မျှဝေပေးဖို့ အတွက် အတန်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျ။

Cover လုပ်မယ့် Area လေးတွေကတော့
1. Sport Agility

2.Physical Cinditioning

3.Basic Combo များနဲ့
4.Sport Point System များပဲ ဖြစ်ပါတယ် ခင်ဗျ။

အတန်း ပြုလုပ်ခြင်း ရည်ရွယ် ချက် အနေနဲ့
နောင်လာမည့် အနာဂတ် တွင်
WAKO/WAKO(Asia) နှင့် ပတ်သက်သော
နိုင်ငံတကာ ကစားပွဲများ/ အလားတူ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင်
မြန်မာအားကစားသမားများ သွားရောက်ယှဥ်ပြိုင်ရာ၌ အဆင်ပြေလွယ်ကူချောမွေ့ စေရန်နှင့်
မြန်မာ့ အားကစားတိုးတက်ရေးတို့ပင်ဖြစ်ပါသည်။

သင်တန်း အချိန်
အပတ်စဥ် ​မနက် ၈နာရီ
ကြာသပတေး ၊ သောကြာ ၊ စနေ

သင်းတန်းနေရာ
သိမ်ဖြူမိုးလုံလေလုံ အားကစားကွင်း
မြန်မာနိုင်ငံ မွေအားကစား အဖွဲ့ချုပ်လေ့ကျင့်ကွင်း

https://maps.app.goo.gl/VRzTdmYKoB83BrwC9?g_st=ac

ဆက်သွယ်ရန်
Coach Alex (09786393674)

06/03/2026

Sometimes rules are not fun

06/03/2026

Let's Roll!!

06/03/2026

မဂ်လာပါ
Team Tonbo ရဲ့သိမ်ဖြူလေ့ကျင့်ခန်းမကို
မြန်မာမွေအားကစား Federationရဲ့
တွဲလက်ဖေးမ ကူညီမှုနဲ့
သိမ်ဖြူ မိုးလုံလေလုံ အားကစားကွင်းကြီးမှာ
တစ်လ ကို ၅သောင်း ကျပ်ထဲ နဲ့
အတန်းတွေ တက်လို့ရပါပြီ။

Judo အတန်းကို ဆရာအာကာမှ
Leadingလုပ်မှာ ဖြစ်ပါတယ်။
Guest Trainer အနေနဲ့
နိုင်ငံခြားနည်းပြ တစ်ဦး ဖြစ်တဲ့
Mr.Aston ကလဲ အားဖြည့်ပေးထားပါတယ်ခင်ဗျ။

Coach Alex ကလဲ
Agility Based KickBoxing style ကို
introduce လုပ်ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။

အဲ့တာ အ​ပြင်ကို က Coach Alex ရဲ့
Training for trainer လဲ ရှိသေးတာ မလို့
ကပ်တိုးလေး လာတက်လို့ရပါတယ်။

09786393674 ကို ဆက်သွယ် ပြီး
မေးမြန်းနိုင်ပါတယ် ခင်ဗျ။

15/02/2026

See you guys there!

💪 ကိုယ်ခန္ဓာကြံ့ခိုင်မှုအပြည့်နဲ့ သန်မာတွေတဲ့ ကလေးတွေဖြစ်စေမဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐒𝐩𝐨𝐫𝐭𝐬 𝐂𝐥𝐚𝐬𝐬 များ ⚽🏸🥊🥋

ကလေးတစ်ယောက်ရဲ့ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးမှုမှာ ပညာရေးမှာထူးချွန်ရုံ တစ်ခုတည်းတင်မကဘဲ ကိုယ်ကာယလှုပ်ရှားမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ် 💯

အားကစားလုပ်ခြင်းဟာ ကလေးငယ်တွေရဲ့ အရိုးအဆစ်၊ကြွက်သားတွေကို သန်မာစေပြီး ဖြတ်လတ်သွက်လက်တဲ့ ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်စေမှာပါ 💪

ဒါကြောင့် ကလေးတွေရဲ့ အရိုးအဆစ်၊ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာလာအောင် ငယ်ရွယ်စဉ်မှာကတည်းက အားကစားပြုလုပ်ခိုင်းသင့်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် ✅

🌞 မကြာခင် ပိတ်တော့မဲ့ နွေရာသီကျောင်းပိတ်ရက်လေးတွေမှာ သားသားမီးမီးတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုအတွက် ဖွံ့ဖြိုးတိုးတက်စေမဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐒𝐩𝐨𝐫𝐭𝐬 𝐂𝐥𝐚𝐬𝐬 လေးတွေ ဇမ္ဗူအောင်ကိုယ်ပိုင်ကျောင်းမှာ ဖွင့်လှစ်ထားပါတယ် 🏸🏀🏊‍♀️

🏫 ဇမ္ဗူ‌အောင်ကျောင်းရဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐒𝐩𝐨𝐫𝐭𝐬 𝐂𝐥𝐚𝐬𝐬 လေးတွေကတော့

🥋 Karate Class
⚽ Futsal Class
🏊‍♂️ Swimming Class
🤺 Kendo Class
🥊 Kick-Boxing Class
🏸 Badminton Class လေးတွေ ဖြစ်ပြီး

𝐂𝐥𝐚𝐬𝐬 တစ်ခုချင်းစီတိုင်းမှာ ကျွမ်းကျင်တဲ့ နည်းပြဆရာ/ဆရာမတွေက စနစ်တကျ သင်ကြားပေးမှာဖြစ်သလို ကျောင်းဝန်းအတွင်း ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ အားကစားကွင်းကျယ်ကြီးထဲမှာ သင်ယူရမှာပါ ✅

ဒါကြောင့် ကျန်းမာကြံ့ခိုင်မှုနဲ့ အကောင်းဆုံးဖွံ့ဖြိုးထူးချွန်လာမဲ့ ကလေးတို့အတွက် 𝐒𝐮𝐦𝐦𝐞𝐫 𝐒𝐩𝐨𝐫𝐭𝐬 𝐂𝐥𝐚𝐬𝐬 လေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းချင်တယ်ဆိုရင်တော့

💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (ဒါမှမဟုတ်)
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟔
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟕 တို့ကိုဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့် 💁‍♀️

🏫 လိပ်စာလေးကတော့
အမှတ်(၅၁)၊ အေ/အေ ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

#ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း



15/02/2026

မဂ်လာပါ။
သင်ဟာ MMA ဆိုတာကို နားလည်ဖို့ ဘယ်ကနေဘယ်လို သွားရမလဲ မသိဘူးဖြစ်နေတာလား။
Striker လား Grappler လား မသိဘူးဖြစ်နေတာလား။

Team Tonbo Martial Arts Academy ကနေပြီးတော့ အခြေခံ အုတ်မြစ်ချ တဲ့ အနေနဲ့ Summer Course လေးတွေကို စီစဥ်ပေးထားပါတယ်။

Location အနေနဲ့ Campus၃ခု ကို မိမိ အဆင်ပြေသလို ရွေးချယ်လို့ရပြီး မိမိ အဆင်ပြေမယ့် Schedule မှာ ဝင် တက်လို့ရပါတယ်။

မြန်မာ လူထု နဲ့ စိမ်းလောက်မယ့် Combat Karate Style တွေ Judo Combination Techniques တွေ အပြင် Fight IQ မြင့်စေမယ့် ဂျပန်ရိုးရာ ဓားအားကစား Kendo ကိုပါ ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။
ပညာရပ်တွေ အပြင် မိမိတို့ရဲ့ power output တိုးတက်စေဖို့ အတွက် Athletic Trainingတွေကိုပါ စေတနာ ပရပွ နဲ့ ထည့်သွင်းပေးထားပါတယ်ခင်ဗျ။

သင်တန်းကြေး အနေနဲ့ ကလဲ Reasonable Price Range ဖြစ်တဲ့ တစ်ချိန်ကို မြန်မာကျပ်ငွေ ၁၅၀၀၀ မှစပြီး လေ့ကျင့်လို့ရမှာ ဖြစ်ပါတယ်။

ကျေးဇူးရှင် ဆရာသမား များကို
အစဥ်လေးစားလျက်
ရှေ့သို့ TONBO!!!

Photos from Tonbo Martial Arts Academy's post 31/01/2026

Summer Course ဖွင့်မလားမေးလို့ ဖြေချင်လို့ပါ။
သုံးတန်းကို ဖွင့်ပေးမှာပါခင်ဗျ။
ကျွန်တော်တို့ Tonbo Martial Arts Academy ရဲ့ Summer Course လေးတွေရှိပါတယ်ခင်ဗျ။
အသေးစိတ်ကို တော့ Chat Box ကနေ သော် ၎င်း။
ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း Zabu Aung Private School. သို့ chat box မှသော် ၎င်းသွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Photos from Tonbo Martial Arts Academy's post 31/01/2026

ငယ်ငယ် က Thalassemia ဆိုတဲ့ မွေးရာပါ သွေးမူမမှန်မှူရောဂါကြောင့် အရမ်း ကျန်းမာရေး ချို့တဲ့ ခဲ့တဲ့ လူမမာ ကလေးတစ်ယောက် ဟာ လောကကြီးကို မနာလိုခဲ့တယ်။

သူမပြေးနိုင်ခဲ့ဘူး အရမ်းမောတယ် အနိုင်ကျင့်ခံရတယ် ပြန်လုပ်မိရင်လဲ အဆူခံ ရတော့ ဒေါသတွေ နဲ့လောက ကြီးကို အမြဲ ကြည့်နေခဲ့ပြီး ဘာမှ မလုပ်နိုင်လို့ ငိုခဲ့ တဲ့ ကလေးငယ် တစ်ဦးပါပဲ.....

ခေါင်းအရမ်းမာပြီး Childhood Trauma
တွေကြောင့်အပ် အရမ်းကြောက်တယ်။ ဘယ်သူထင်မလဲ ဒီဖလံလေးဆိုပြီး ပြောဆိုတာတွေ ကို မြိုသိပ်ခဲ့တဲ့ ကလေးတစ်ယောက်။

အားကစားကို ထွက်ပေါက် တစ်ခု အနေနဲ့ ကိုယ့်စံချိန် ကိုယ်ချိုးရင်း Self Motivation ပေးခဲ့တယ်။ ကလေးတိုင်းကို လွတ်လပ်စွာ ကစားစေချင်တယ်။ အမေနဲ့ ဖုန်းပြောတိုင်း ချွဲတတ်တဲ့ကလေးတစ်ယောက်ပါပဲ။

သူ့အိမ်မက် က ကလေးတွေ အတွက် Mega Sport Complex ကြီးတွေ အများကြီးဆောက်ပေးချင်တာ။ ငယ်ငယ် က ကြမ်းတိုက်ခဲ့တဲ့ အောင်ဆန်းကွင်း ကရာတေးခန်းမ ဂျူဒိုခန်းမ တွေ ကို စိတ် ထဲ ပုံဖော်နေတုန်းပဲ။

အားကစားဝတ်စုံ အနွမ်းကို နေ့တိုင်းဝတ်ပြီး ခါးပတ် အစုတ်တစ်ချောင်းနဲ့ Super Senpai ပဲ လုပ်ချင်နေသော လူကြီးကိုယ်ထဲ က ကလေးငယ် တစ်ဦးပါပဲ။

အဲ့ ကလေးငယ်ကတော့
Tonbo Martial Arts Academy,
Tonbo Group of Companies ရဲ့ Admin တစ်ဦးဖြစ်တဲ့ ယနေ့လူငယ်နောင်ဝယ်လူကြီး Coach Alex ရဲ့ မှန်ထဲ က self reflection ပဲ ဖြစ်ပါတယ် ခင်ဗျ။
........................................................................................
Once there was a child who was very sick because of Thalassemia, a congenital blood disorder.

He couldn't run, he gets easily tired, he was bullied . He was a child who always looked at the world with anger and cried because he couldn't do anything.....

He was very stubborn and afraid of needles because of Childhood Traumas
Who would have thought that this little moth would swallow all the words.

He used sports as an outlet to break his own records and gave himself motivations. He wanted every child to play freely. He was a child who would cry every time his mother called him on phone.

His dream is to build many mega sport complexes for children. He still imagines the Aung San Stadium karate hall and judo hall where he fought and trained as a child.

He is a child who wears old sports clothes every day and wants to be a Super Senpai with a worn belt.

That child is the self-reflection in the mirror of Coach Alex, who is a chief admin officer of
Tonbo Martial Arts Academy,
Tonbo Group of Companies.

Photos from Tonbo Martial Arts Academy's post 31/01/2026

ကြွေးမှီဟောင်း ကို ဆပ်၍ ကြွေးမှီသစ်ကို ချရ၏
Super Senpai ကြီးဖြစ်နေသော
Coach Alex တစ်ယောက်
ZabuAung ကိုယ်ပိုင် အထက်တန်းကျောင်းမှ
သားငယ် သမီးငယ် တို့ ကို

5°DAN/JKA နည်းပြ တစ်ဦး ဖြစ်တဲ့
ချစ်ခင်လေးစား အားကျရပါသော
ဆရာဦးထွန်းဇော် မှ 8Kyu-7Kyu Test Exam ဖြေဆိုခြင်း အခမ်းအနား အတွက် ဝိုင်းဝန်းအားဖြည့်​ပေးခဲ့ပါတယ် ခင်ဗျ။

Tonbo Martial Arts Academy ရဲ့ အများသူငါ အတွက် Accessable Qualified Physical Education Program ကို ယုံကြည်ပေးလို့ အများကြီး ဂုဏ်ယူ မိပါတယ် ခင်ဗျ။

Want your business to be the top-listed Gym/sports Facility in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Https://maps. App. Goo. Gl/AJd2TkHduYwApjXj 9
Naypyidaw