Fairplay Golf Accessories

Fairplay Golf Accessories

Share

Quality & price are fair

Photos from Fairplay Golf Accessories's post 24/04/2026

Taylormade Tour Response Stripe

ဒီဘောလုံးက 100% Urethane Cover ကို သုံးထားတာကြောင့် Professional ဘောလုံးတွေ TP5 လိုပဲ Performance ကောင်းပါတယ်
Stripe ပါတာက (Putting) လေ့ကျင့်တဲ့သူတွေကြားမှာ ပိုခေတ်စားပါတယ် putting ball အနေနဲ့သုံးကြပါတယ်

Condition က ၂မျိုးရပါတယ်

Logo မပါ အနာအဆာကင်း 99.99%
တလုံးစျေး 19000
အလုံး ၂၀အထက် တလုံးစျေး 18000

80% တလုံးစျေး 14500
အလုံး ၂၀အထက် တလုံးစျေး 13500

(အရောင် ၅မျိုးရပါတယ် အစိမ်းကတော့ ပိုများပါတယ် ဘာအရောက်လေးပိုထည့်ပေးပါဆိုပြီးပြောပေးလို့ရပါတယ်)

အပြင်မှာ လာကြည့်ပြီးမှဝယ်ချင်တယ်ဆိုရင်
နေပြည်တော် သပြေကုန်း ငုဝါလမ်း အိမ်အမှတ် ၇၀မှာ လာရောက်ဝယ်ယူနိုင်ပါတယ်

မြန်မာပြည်အနှံ့ရှိမြို့များသို့ ကားဂိတ် သို့ delivery ဖြင့်ပို့ပေးပါတယ်

အိမ်အရောက်ငွေချေဖြင့်လည်း ပို့ဆောင်ပေးပါတယ် (Order confirm ဖြစ်တာနဲ့ ငွေတန်းလွှဲပေးရင် ပိုကောင်းပါတယ် ) 😊

Order here 👉 page cb or viber 095148165

Photos from Fairplay Golf Accessories's post 24/04/2026

Golf ball တွေကို post ခွဲပြီးတင်ပေးပါမယ်
Luxury ဆန်တဲ့ HONMA နဲ့စရအောင်ပါ

HONMA က ၂မျိုးရှိပါမယ်
5-stars နဲ့ 3-lines ပါ

3-lines က နောက်ဆုံးမော်ဒယ်အမြင့်လိုင်းဖြစ်တဲ့
6 Layers ပါ

6-Layers: အလွှာ ၆ လွှာတောင် ပါတာကြောင့် ကမ္ဘာပေါ်မှာ အလွှာအများဆုံး ဂေါက်သီးတွေထဲက တစ်ခုပါ။ အလွှာများလေလေ ရိုက်ချက်တစ်ခုချင်းစီ (Driver, Iron, Wedge) အလိုက် လိုအပ်တဲ့ Spin နဲ့ အကွာအဝေးကို ပိုပြီး တိတိကျကျ ထိန်းညှိပေးနိုင်လေလေ ဖြစ်ပါတယ်

3-Lines (Triple Track) ရဲ့ အားသာချက်
ဒီ 6-Layer ဘောလုံးမှာ ပါတဲ့ 3-Lines (အပြိုင်မြင်း ၃ စင်း) က ရိုးရိုးအစင်းတွေထက် ပိုထူးခြားပါတယ်။ သူက ပတ်တင် (Putting) လုပ်တဲ့အခါ မျက်စိနဲ့ လမ်းကြောင်းချိန်ရတာ (Alignment) ပိုတိကျအောင် သိပ္ပံနည်းကျ ထည့်သွင်းပေးထားတာပါ။
• ဒါကြောင့် "Performance လည်း အမြင့်ဆုံးလိုချင်တယ်၊ ပတ်တင်လည်း အမှားမခံချင်ဘူး" ဆိုတဲ့ ကစားသမားတွေအတွက် အထူးသင့်တော်ပါ
တယ်

99% HONMA 5 stars နဲ့ 3 lines ၂ခုလုံး စျေးတူတူပါပဲ

💲Price - တလုံးစျေး 12000
အလုံး ၂၀မှစ တလုံး11500
Logo မပါတာသီးသန့် (သို့)ရွှေရောင်ရွေးမယ်ဆိုရင် တလုံး 14000 ပါ

အပြင်မှာ လာကြည့်ပြီးမှဝယ်ချင်တယ်ဆိုရင် 
နေပြည်တော် သပြေကုန်း ငုဝါလမ်း အိမ်အမှတ် ၇၀မှာ လာရောက်ဝယ်ယူနိုင်ပါတယ်

မြန်မာပြည်အနှံ့ရှိမြို့များသို့ ကားဂိတ် သို့ delivery ဖြင့်ပို့ပေးပါတယ်

အိမ်အရောက်ငွေချေဖြင့်လည်း ပို့ဆောင်ပေးပါတယ် (Order confirm ဖြစ်တာနဲ့ ငွေတန်းလွှဲပေးရင် ပိုကောင်းပါတယ် ) 😊

Order here 👉 page cb or viber 095148165

Photos from Fairplay Golf Accessories's post 23/04/2026

ဒီနေ့ပဲ ပစ္စည်းရောက်ပါပြီ
လူကြိုက်များတဲ့
HONMA 5star
TITLEIST ProV1
TAYLORMADE Tour Response
ပစ္စည်းစစ် logo ပါမပါရွေးပြီးရင် စျေးနှုန်းနဲ့ post သက်သက်တင်ပေးပါမယ်
လကုန်မှာ လစာထုတ်ရင် ဂေါက်သီးဖိုးဖယ်ထားပါဦးနော် 😁

18/02/2026

Golf လောကမှာ Handicap (ဟန်းဒီးကပ်) ဆိုတာ ကျွမ်းကျင်မှုအဆင့်မတူတဲ့ ကစားသမားတွေ တန်းတူညီတူ ယှဉ်ပြိုင်နိုင်အောင် ဖန်တီးထားတဲ့ "ညှိနှိုင်းမှုစနစ်" တစ်ခုပါ။ ရိုးရိုးပြောရရင်တော့ လူတော်နဲ့ လူသစ် ကစားတဲ့အခါ အားနည်းတဲ့သူကို အမှတ်အသာပေးထားတဲ့ စနစ်ပေါ့။
​Golf Handicap အကြောင်းကို အသေးစိတ် နားလည်လွယ်အောင် အောက်ပါအတိုင်း ရှင်းပြပေးပါမယ်။
​၁။ Handicap ဆိုတာ ဘာလဲ?
​Handicap ဆိုတာ ကစားသမားတစ်ယောက်ရဲ့ ပျမ်းမျှအရည်အချင်းကို ဖော်ပြတဲ့ ကိန်းဂဏန်းတစ်ခုပါ။ များသောအားဖြင့် Golf ကွင်းတစ်ခုရဲ့ သတ်မှတ်ချက် (Par) ထက် ကစားသမားက ရိုက်ချက် ဘယ်နှစ်ချက် ပိုရိုက်လေ့ရှိသလဲဆိုတာကို တိုင်းတာတာပါ။
​Handicap နည်းတဲ့သူ (Low Handicapper): ရိုက်ချက်နည်းနည်းနဲ့ ကျင်းထဲဝင်အောင် ရိုက်နိုင်တဲ့သူ (ကျွမ်းကျင်သူ)။
​Handicap များတဲ့သူ (High Handicapper): ရိုက်ချက်အများကြီး ရိုက်ရတဲ့သူ (အတွေ့အကြုံနည်းသူ)။
​၂။ Golf မှာ ဘယ်လိုအသုံးဝင်တာလဲ?
​Handicap ရှိခြင်းကြောင့် အကျိုးကျေးဇူး ၃ ခု အဓိကရရှိပါတယ်။
​ကစားသမားချင်း ညှိနှိုင်းပေးခြင်း (Level Playing Field)
​ဒါက အဓိကအချက်ပါ။ ဥပမာ- သင်က ပရိုအဆင့် (Handicap 0) ဖြစ်ပြီး ကျွန်တော်က အပျော်တမ်း (Handicap 20) ဆိုပါစို့။ Handicap မရှိရင် ကျွန်တော် ဘယ်တော့မှ သင့်ကို နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ Handicap စနစ်အရ ကျွန်တော့်ကို အမှတ် ၂၀ အသာပေး လိုက်တဲ့အတွက် ကျွန်တော်တို့နှစ်ယောက် တန်းတူယှဉ်ပြိုင်လို့ ရသွားပါတယ်။
​ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုကို တိုင်းတာခြင်း
​ကိုယ့်ရဲ့ Handicap ဂဏန်း လျော့ကျလာတာဟာ ကိုယ့်ရဲ့ Golf ရိုက်ချက်တွေ ပိုကောင်းလာတယ်ဆိုတဲ့ သက်သေပါပဲ။ ကိုယ့်ရဲ့ တိုးတက်မှုကို Track လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။
​ပြိုင်ပွဲများတွင် အမှတ်တွက်ချက်ခြင်း
​Professional ပြိုင်ပွဲတွေမှာတော့ Handicap မသုံးပေမဲ့ Club ပြိုင်ပွဲတွေမှာ Gross Score (တကယ်ရိုက်မိတဲ့အချက်ရေ) နဲ့ Net Score (ရိုက်ချက်ထဲကနေ Handicap ကို နုတ်လိုက်တဲ့ရလဒ်) ဆိုပြီး ခွဲခြားထားပါတယ်။ Net Score နဲ့ဆိုရင် ဘယ်သူမဆို ဆုရနိုင်ခြေ ရှိသွားပါတယ်။
​၃။ Handicap ကို ဘယ်လိုတွက်သလဲ?
​အခုနောက်ပိုင်းမှာ World Handicap System (WHS) ကို ကမ္ဘာတစ်ဝန်းလုံးမှာ သုံးကြပါတယ်။ တွက်ချက်ပုံက အနည်းငယ် ရှုပ်ထွေးပေမဲ့ အခြေခံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
​Gross Score: သင် ကစားခဲ့တဲ့ ရိုက်ချက် စုစုပေါင်း။
​Course Rating & Slope Rating: ကွင်းတစ်ခုချင်းစီရဲ့ ခက်ခဲမှုအဆင့်ပေါ် မူတည်ပြီး အမှတ်ကို ပြန်ညှိပါတယ်။
​Calculation: သင်နောက်ဆုံးကစားထားတဲ့ ပွဲ ၂၀ ထဲက အကောင်းဆုံး ၈ ပွဲရဲ့ ရလဒ်ကို ပျမ်းမျှယူပြီး တွက်ချက်တာပါ။
​ဥပမာ: ကွင်းရဲ့သတ်မှတ်ချက်က ၇၂ ချက် (Par 72) ဖြစ်ပြီး သင့်ရဲ့ Handicap က ၁၀ ဆိုပါစို့။ သင် တကယ်ရိုက်လိုက်တာ ၈၅ ချက် ဖြစ်နေရင်တောင် သင့်ရဲ့ Net Score က 85 - 10 = 75 ချက် ဖြစ်သွားမှာပါ။ ​၄။ Handicap နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်အချို့
​Scratch Golfer: Handicap က ၀ (Zero) ရှိတဲ့သူ။ အရမ်းတော်တဲ့သူလို့ သတ်မှတ်ပါတယ်။
​Bogey Golfer: Handicap က ၂၀ ဝန်းကျင်ရှိတဲ့သူ (ပျမ်းမျှ ကျင်းတိုင်းမှာ Par ထက် တစ်ချက် ပိုရိုက်တတ်သူ)။
​Single Digit: Handicap က ၁ ကနေ ၉ ကြားပဲ ရှိတဲ့သူ (တော်တော်လေး ကျွမ်းကျင်တဲ့ အဆင့်)။
​အနှစ်ချုပ်ရရင် Handicap ဆိုတာ Golf အားကစားကို ပိုမိုမျှတစေပြီး လူတိုင်း ပျော်ပျော်ပါးပါး ယှဉ်ပြိုင်နိုင်အောင် ပြုလုပ်ပေးထားတဲ့ စနစ်ကောင်းတစ်ခု ဖြစ်ပါတယ်။

16/02/2026

*****ဂေါက်ကစားခြင်း၏ အကျိုးကျေးဇူး *****

ဂေါက်ကွင်းသည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး အပန်းဖြေကစားနည်းများထဲမှ တစ်ခုဖြစ်ပြီး လူသားတွေအတွက်လည်းအကြောင်းပြချက် ကောင်းများလည်းရှိသည်။
ဂေါက်ကွင်းသည် အသက်အရွယ်မရွေး လူတိုင်းအတွက် အမျိုးမျိုးသော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး ထိခိုက်ခံရမှု့နည်းသော အားကစား လှုပ်ရှားမှု တစ်ခုလည်း ဖြစ်သည်။
ဂေါက်ကစားခြင်းရဲ့ အဓိကကျန်းမာရေးအကျိုးကျေးဇူးကို လေ့လာကြည့်ပါ....

ဂေါက်ကစားသူများသည် ဆီးချို၊ ရင်သားနှင့် အူမကြီးကင်ဆာကဲ့သို့သော နာတာရှည်ရောဂါ( ၄၀ ) ကို ကာကွယ်နိုင်သည်ဟု သုတေသီများက လေ့လာမှုတစ်ခု တွေ့ရှိလာခဲ့သည်။

သုတေသီများသည် ဂေါက်သီးနှင့် ကျန်းမာရေးဆိုင်ရာ လေ့လာမှုပေါင်း "5,000 " ကိုလည်း ပြန်လည်သုံးသပ်ခဲ့ပြီး ဂေါက် အားကစားသည် အသက်အရွယ်မရွေး လူများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများရှိပြီး သက်တမ်းငါးနှစ် အထိပင် တိုးလာနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။

သက်ကြီးရွယ်အိုများတွင် ဂေါက်ကစားခြင်းဖြင့် ဟန်ချက်ညီမှုနှင့် ကြွက်သားခံနိုင်ရည်အား မြှင့်တင်ပေးပြီး နှလုံးသွေးကြောများ၊ အသက်ရှူလမ်းကြောင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

ဂေါက်ရိုက်ခြင်းသည် အသက်အရွယ်မရွေး လူတို့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို "သရုပ်ပြပေးသည့်ကစာနည်း." ့ဟု သုတေသီများက ပြောသည်။

ဂေါက်ကစားခြင်းသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူမကြီးနှင့် ရင်သားကင်ဆာနှင့် လေဖြတ်ခြင်းအပါအဝင် နာတာရှည်ရောဂါများကို ခံစားနေသူများအား ကူညီပေးသည့်အပြင် စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်ဟု သုတေသီများက တွေ့ရှိခဲ့သည်။

University of Edinburgh ၏ ကျန်းမာရေး သုတေသန စင်တာမှ သုတေသီ ဒေါက်တာ Andrew Murray က “ဂေါက်ရိုက်သူများသည် ဂေါက်သမား မဟုတ်သူများ ထက် အသက်ပိုရှည်ခြင်း၊ ကိုလက်စထရောအဆင့် မြှင့်တင်ခြင်း၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ကျန်းမာရေး၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနှင့် မိမိကိုယ်ကို မြှင့်တင်ပေးခြင်းတို့ကို ခံစားရကြောင်း သက်သေအထောက်အထားများအရ အကြံပြုထားသည်။ တန်ဖိုးရှိ....သည်။

"ဂေါက် အားကစားကို အသက်ငယ်မှ အသက်ကြီးတဲ့အထိ ကစားနိုင်တာကြောင့် အသက်အရွယ်မရွေး လူသားအားလုံးအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးကို ပြသနေပါတယ်။"

"ဆွီဒင်မှာ လေ့လာမှု တစ်ခုအရ ပုံမှန်ဂေါက်သီးသမားတွေဟာ ဂေါက် မကစားသူတွေထက် ပျမ်းမျှအားဖြင့် ငါးနှစ်လောက် ပိုအသက်ရှည်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။"

David Cameron နှင့် Barack Obama တို့သည် ယခုနှစ်အစောပိုင်းတွင် ဂေါက်ရိုက်ကစားသည်ကို တွေ့ရှိခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သည် လူ ၅၅ သန်းခန့်သာ ဂေါက်ကစားကြပြီး အရေအတွက်တိုးရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒေါက်တာ Murray " အသက် လေးနှစ်မှ 104 နှစ်အထိ " မည်သူမဆို ဂေါက်ရိုက်နိုင်သည်ဟုဆိုထားသည်။

"ဂေါက်သီးဟာ သူဌေးတစ်ယောက်ရဲ့ အားကစားလို့သာ စိတ်ကူးနဲ့ ဝေးဝေးရှောင် နေကြတာ - ကမ္ဘာတစ်ဝှမ်းက သင်တန်းတွေရဲ့ 78 ရာခိုင်နှုန်းက အဖွဲ့ဝင်တွေတင်မဟုတ်ဘဲ အများပြည်သူတွေ ကစားဖို့ ရနိုင်ပါတယ်။"

အဆိုပါ တွေ့ရှိချက်ကို British Journal of Sports Medicine တွင် ဖော်ပြခဲ့သည်။

Aung Lwin

Photos from Fairplay Golf Accessories's post 01/02/2026

ဂေါက်သီးရိုက်ခစ 3နှစ်မပြည့်ခင် နဲ့ 13နှစ်မပြည့်မှီ အမှတ်တရ Fairplay golf ရဲ့မျိုးဆက်သစ်

28/01/2026

Golf ရိုက်ရင် ကိုယ့်စီးပွါးရေးအတွက် ကောင်းလားအဲ့ဒီလိုအတွက် Golf ရိုက်သင့်လားဆိုပြီး မရိုက်ဖူးသေးတဲ့အပေါင်းအသင်းတွေကမေးလေ့ရှိကြတယ်

ရိုက်နေတဲ့သူတွေကတော့ သိပြီးသားတွေဖြစ်မှာပါဒီစာစုက မရိုက်ရသေးသူတွေကို ရည်ရွယ်ပါတယ်

ဒီတော့ သိသင့်တာတွေကို ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ ဖြေပေးမယ်ရိုက်တာမရိုက်တာတော့ ကိုယ့်ဘာသာဆုံးဖြတ်

၁) Golf ရိုက်နေတုန်းမှာ စီးပွါးရေးစကားလုံးဝမပြောသင့်ပါဘူးတကယ်တမ်း Golf ရိုက်နေရင် တစ်ချက်လေးမှားတာနဲ့ mood ပျက်သွားတဲ့သူတွေရှိပါတယ်ဒါကြောင့် တကယ်တမ်းကစားနေတဲ့အချိန်အတွင်းမှာ Game နဲ့ ပတ်သတ်တဲ့ စကားတွေဖြစ်တဲ့ ကောင်းရင် ချီးကျူးမယ်ပျက်သွားရင်လည်း နောက်အချက်တွေပဲ အားပေးမယ်ဒီလိုပဲလုပ်သင့်ပါတယ်အတင်းလိုက်မရောင်းသင့်ပါဘူး

၂) လူတစ်ယောက်အလုပ်လုပ်တဲ့ပုံဟာ Golf ရိုက်ရင် 70% လောက်ပေါ်ပါတယ်စိတ်လောတတ်လားပြဿနာကြုံရင် ဒေါသကြီးလားလိမ်ညာတတ်လားအဲ့လို အကျင့်စရိုက်တွေအားလုံးဟာ Game မွာ ပေါ်ပါတယ်တိုက်ရိုက်အားနာလို့ မပြောကြပေမယ့် ဘယ္သူကဘယ္လိုဆိုတာ သိကြပါတယ်ဒီတော့ အလုပ်အတူတွဲလုပ်ဖို့ထိပါ Impression က ပါသွားတတ်ပါတယ်

၃) Golf ဟာ ရေရှည် lifestyle တစ်ခုပါဒီတော့ မဝင်ခင်ထဲက ဒါဟာ ပိုက္ဆံ..အချိန်..စိတ်ပိုင်းဆိုင်ရာ အများကြီးမြုပ်နှံထားဖို့လိုတယ်ဆိုတာ သိထားဖို့လိုပါတယ်၃ လလောက် Golf ရိုက်ကြည့်မယ်ဘာမှ မထူးရင်ပြန်ထွက်မယ်ဆိုရင် အဲ့ပိုက်ဆံတွေ မုန့်ဝယ်စားလိုက်တာ ဗိုက်ဝပါတယ်

Golf ကောင်းဖို့ ဘယ်လောက်ကြာသလဲတော့ မမေးနဲ့၆ လနဲ့ ကောငျးလာသူရှိသလျို နှစ်ချီပေမယ့် အဆင်မပြေသူလည်းရှိတယ်လူပေါ်ပဲမူတည်တယ်

၄) Golf ရိုက်ပြီးလို့ နားကြတဲ့အခါ Club House မွာ အလုပ်အကြောင်း ပြောချင်စိတ်ရှိရင်တော့ ပြောကြလေ့ရှိပါတယ်

၅) Golf ကို ကောင်းအောင်ကြိုးစားတဲ့အခါ အလုပ်နဲ့ယှဉ်ထိုးပြီး ပညာယူစရာတွေရှိပါတယ်

- အခက်အခဲတွေ့ရင် တည်ငြိမ်မှုရှိအောင်ကြိုးစားတာ
- ကျဉ်းထဲကြပ်ထဲရောက်ပေမယ့် ရိုးသားတာ
- Golf ဟာ ကိုယ့်ကိုယ်ကိုပဲပြိုင်ရတာဖြစ်တဲ့အတွက် Self Focus ပိုကောင်းလာတာ
- အမှားခံလို့မရတဲ့အတွက် သေချာဂရုတစိုက်လုပ်ဖြစ်လာတာ
- Visionary လုပ်တာပိုကောင်းလာတာ
- လမ်းပုံမှန်လျှောက်ဖြစ်တော့ အလုပ်မှာ ထိုင်နေရသူတွေအတွက် လေ့ကျင့်ခန်းရတာ

ဒါတွေက Golf ကောင်းတာနဲ့အမျှ ယူတတ်ရင် အလုပ်မှာပါ တိုးတက်လာနိုင်တဲ့ အချက်တွေပါ

နောက်ဆုံးပြောစရာကတော့ ဒီ game ထဲက လူတွေအများစုက အလုပ်အတွက် Golf ရိုက်နေကြတာမဟုတ်ပါဘူး

Golf ရိုက်ဖို့အတွက် အလုပ်လုပ်နေကြတာပါ 😅



#တန်ဖိုးရှိသောအရာကိုတည်ဆောက်ပါ

Photos from Fairplay Golf Accessories's post 24/01/2026

Brand-new golf shoes click type နဲ့ နှစ်ရံပဲကျန်ပါတယ်။ဦးသူယူပါ။

ဈေးနှုန်း 115000 ကျပ်ပါ

Royal ရောက်တဲ့မြို့တိုင်း COD ရပါမယ်။

မှာယူလိုပါက CB (or) Viber 095148165

Photos from Fairplay Golf Accessories's post 23/01/2026

Edit - sold out

Brand-new golf shoe

တစ်သိန်းအောက် 90000 ks နဲ့ကလစ်တိုက်တစ်ရံပဲကျန်ပါမယ်။ ဦးသူယူပါ။

size 41 ပါ။

Viber 095148165

Photos from Fairplay Golf Accessories's post 23/01/2026

Edit - 41 sold out

တစ်သိန်းမကျော်တဲ့ Golf shoes (အသစ်) သုံးရံပဲကျန်ပါမယ် ။

တစ်ရံကို ရှစ်သောင်းကျပ်နဲ့ယူပါ။

နေပြည်တော် အမှတ် 70 ငုဝါလမ်း သပြေကုန်းမှာကြည့်လ့်ုရပါမယ်။

နယ်မြို့ဆို Royal ရောက်တဲ့မြို့ပို့ပေးပါတယ်။

size 40 နှစ်ရံနဲ့ size 41 တစ်ရံပဲကျန်ပါမယ် 095148165 ကိုလည်းဆက်လို့ရပါတယ်။

Want your business to be the top-listed Gym/sports Facility in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

City Golf Practice Range, First Floor
Naypyidaw
15015

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00