Peace Yoga Studio

Peace Yoga Studio A place to find your PEACE 🧘🏻‍♀️

Yoga ရဲ့ ဆရာအကျဆုံး pose ; Headstand (သိုမဟုတ်) Sirsasana 😎ဒီလရဲ့ Yoga Pose of the month အဖြစ်ရွေးထားတာကတော့ Advance ဖြစ...
13/07/2026

Yoga ရဲ့ ဆရာအကျဆုံး pose ; Headstand (သိုမဟုတ်) Sirsasana 😎
ဒီလရဲ့ Yoga Pose of the month အဖြစ်ရွေးထားတာကတော့ Advance ဖြစ်တဲ့ Headstand Pose လေးပဲ ဖြစ်ပါတယ် 🤩

ဒီ Headstand Pose ကိုလုပ်တဲ့အခါမှာ ပြောင်းပြန်အနေအထားနဲ့ ခေါင်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းထားရတာဖြစ်တဲ့အတွက် Yoga Pose တွေအားလုံးရဲ့ ဘုရင်လို့တောင် တင်စားပြီးခေါ်ကြ‌တာပါ 🤍

💪Headstand Pose ကို နည်းလမ်းမှန်မှန်နဲ့ လုပ်တဲ့အခါမှာ လက်မောင်း ပုခုံးကို ပိုသန်မာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ Core Strength ကို ပိုပြီးအားကောင်းစေပါတယ်။ ကမ္ဘာ့ဆွဲငင်အားကို ပြောင်းပြန်အနေအထားနဲ့ နေရတဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေရဲ့ အစာခြေဖျက်မှုစနစ်ကို အထောက်အပံ့ဖြစ်စေပြီးတော့ ကျောရိုးအပေါ်ပိုင်းကိုပါ ပိုသန်စေလို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်ရဲ့ Posture ကိုပါ ပုံစံမှန်စေတဲ့ Pose လေးဖြစ်ပါတယ်။ 🪷🧘🏼‍♀️

🚫Advance Level ဖြစ်တဲ့အတွက် Beginner တွေအနေနဲ့ ကျွမ်းကျင်သူ(instructor)တွေ မပါဘဲနဲ့ ဒီ Pose ကို စမ်းမလုပ်ကြည့်ဖို့ အကြံပြုပါတယ်နော်။ နောက်ပီး ဂုတ်နဲ့လည်ပင်း ဒဏ်ရာရှိခဲ့ဖူးသူ/သွေးတိုးရောဂါ ရှိသူများ ကတော့ လုံးဝမလုပ်သင့်ဘူးနော်🙅‍♀️

💁‍♀️Peace Yoga Studio မှာတော့ ဝါရင့် ဆရာမ အိကျော်က Pose တစ်ခုစီတိုင်းကို နည်းစနစ်မှန်မှန်နဲ့ သေချာသင်ကြား ပြသပေးတဲ့အပြင် Yoga နဲ့ အခုမှ ရင်းနှီးမယ့်သူတွေအတွက် Beginner Friendly အတန်းတွေ ထပ်တိုးထားတာမို့လို့ Headstand Pose ကို လုပ်ချင်တဲ့သူတွေရှိရင် အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷

Happy International Day of Yoga 🧘🏼‍♀️ 🪷Yoga ကျင့်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေနဲ့ ပက်သက်ပြီး လူတွေပိုမိုသိရှိစေဖို...
20/06/2026

Happy International Day of Yoga 🧘🏼‍♀️ 🪷

Yoga ကျင့်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေနဲ့ ပက်သက်ပြီး လူတွေပိုမိုသိရှိစေဖို့အတွက် အပြည်ပြည်ဆိုင်ရာ Yoga နေ့ကို ဇွန်လ (၂၁) ရက်နေ့မှာ ကျင်းပလာတာ ၂၀၁၄ ကတည်းကနေ ဒီနှစ်ဆိုရင် ၁၂ ကြိမ်မြောက်ရှိခဲ့ပါပြီ 🤍

Yoga ကတော့ သက္ကဋ ဘာသာစကား “ပေါင်းစည်းခြင်း၊ စုစည်းခြင်း” ကနေ ဆင်းသက်လာတာဖြစ်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို သဟဇာတဖြစ်အောင် ပေါင်းစည်းခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Yoga ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက ရှိခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ ကနေအစပြုခဲ့တာဖြစ်ပါတယ်။ ၁၈၉၀ ဝန်းကျင်မှာ အိန္ဒိယဘုန်းတော်ကြီးတစ်ပါးက အနောက်နိုင်ငံတွေကို သွားရောက်ပြီး Yoga နဲ့ပက်သတ်တဲ့ ဟောပြောပွဲတွေ၊ Yoga နဲ့ ပက်သက်သော စာပေများကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုတာတွေ ပြလုပ်ခဲ့ရာကနေ Yoga ရဲ့ ဖြစ်တည်မှုနဲ့ ကျင့်စဉ်တွေက အနောက်နိုင်ငံတွေမှာ စတင်ခဲ့တာပါ။ 🧘🏼‍♀️

ဒီနှစ်ရဲ့ Theme က “Yoga for Healthy Aging” ဖြစ်ပြီးတော့ အသက်အရွယ်အကုန်လုံးအတွက် Yoga ကျင့်စဉ်တွေက အရေးကြီးကြောင်းကို အဓိကရည်ရွယ်တာဖြစ်ပါတယ်။ ပျော့ပြောင်းတဲ့လှုပ်ရှားမှု၊ အကျော့လျော့ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများကနေ ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ Balance ဖြစ်မှုကို သိရှိစေပြီး ကိုယ်နဲ့စိတ်ကျန်းမာရေးပိုမိုကောင်းမွန်ဖို့အတွက် Peace Yoga Studio မှာ Beginner နဲ့ Intermediate အတန်းတွေဖွင့်ထားပါတယ်နော်။

အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷

အသက်ရှူရတာ လွယ်လား? ခက်လား? 🤍အသက်ရှူတယ်ဆိုတာ ခန္ဓာကိုယ်ကနေ အလိုအလျောက်လုပ်နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီးတော့ တစ်နေ့ကို အခေါက်...
17/06/2026

အသက်ရှူရတာ လွယ်လား? ခက်လား? 🤍

အသက်ရှူတယ်ဆိုတာ ခန္ဓာကိုယ်ကနေ အလိုအလျောက်လုပ်နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီးတော့ တစ်နေ့ကို အခေါက်ရေ ၂ သောင်းကျော်လောက်အထိ ပြုလုပ်နေတာပါ။ ဒါပေမယ့် Yoga ကျင့်တဲ့အခါမှာ အသက်ရှူတဲ့ အလေ့အကျင့်ကို သေချာလေး အာရုံစိုက်ပြီး ပြုလုပ်ရပါတယ်။ 🪷

Yoga ကျင့်တဲ့အချိန် အသက်ရှူတဲ့စည်းချက်တွေကို သတိထားအာရုံပြုခြင်းအားဖြင့် Yoga ကျင့်စဉ်တွေအပေါ်ကို ပိုအာရုံစိုက်နိုင်မှာဖြစ်ပြီးတော့ Yoga Pose တစ်ခုချင်းစီရဲ့ အနှစ်သာရကို ပိုပေါ်လွင်စေတာပဲဖြစ်ပါတယ်။ အသက်ရှူခြင်းကစိတ်ပူပန်မှုတွေကို လျော့ကျစေတဲ့ အလွယ်ကူဆုံးနည်းဖြစ်တဲ့အတွက် လေကို နှာခေါင်းထဲကနေ အဆုတ်ထဲကို ဝင်တဲ့အထိ ရင်ဘတ်ကိုဖွင့်ထားကာ ရှူသွင်းလိုက်ပြီးတာနဲ့ ခဏအောင့်ပြီး ပါးစပ်ကနေ ပြန်ထုတ်ကြည့်တဲ့ပုံစံနဲ့ ကျင့်လို့ရပါတယ်နော်။ 🫶🏼

Physical, Mental, Spiritual အကုန်လုံး ဟာမိုနီဖြစ်ဖို့အတွက် Yoga ကျင့်မယ်ဆို Peace Yoga Studio ရှိတာမို့ အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷

15/06/2026

Tr.Ei Kyaw ရဲ့ intermediate Class(Sat Sun Mon) မှာ ကြိုးစားထားကြတဲ့ yogis တွေရဲ့ ပုံရိပ်တချို့ကို ပြန်လည်sharing လုပ်ပေးလိုက်ပါတယ်😍🤗
yoga ဆိုတာ နူးညံ့ပျော့ပျောင်းဖို့သပ်သပ်
မဟုတ်ပဲ physically strength အားကောင်းဖို့ပါ အထောက်အကူဖြစ်ပါတယ်💪

13/06/2026

Chakras balancing တဲ့yoga asanas လေးတွေကို All Levels Friendly ဖြစ်တဲ့ Daily Yoga Flow Class (wed-thurs-fri) မှာpractice လုပ်ပေးထားတာလေးပါ🧘‍♀️☸️ 🌍💧🔥💨

11/06/2026

Peace Yoga Studio : All Levels class ရဲ့ ဒုတိယမြောက်အပတ် Day1 မှာ အခြေခံအကျဆုံး yoga ကျင့်စဉ် လေးတွေကို လေ့ကျင့်ပေးဖြစ်ပါတယ်🤗🤩
ဒီ flow လေးကဘလောက် basic ကျလဲဆိုရင် prenatal friendly ဖြစ်လို့ ကိုယ်ဝန်ဆောင်မိခင် တွေပါ လိုက်ကျင့် လို့ရတယ်နော်🤰🧘‍♀️

“Chakra” (ချက္ကရာ) ဆိုတဲ့စကားလုံးက Sanskrit ဘာသာကနေ လာတာဖြစ်ပြီး“ဘီး” သို့မဟုတ် “လည်ပတ်နေတဲ့စက်ဝိုင်း” လို့ အဓိပ္ပါယ်ရပါ...
10/06/2026

“Chakra” (ချက္ကရာ) ဆိုတဲ့စကားလုံးက Sanskrit ဘာသာကနေ လာတာဖြစ်ပြီး“ဘီး” သို့မဟုတ် “လည်ပတ်နေတဲ့စက်ဝိုင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ☸️☸️☸️

ရှေးဟောင်း India ယောဂီတွေ၊ တရားထိုင်သူတွေကလူ့ခန္ဓာကိုယ်ထဲမှာ အသက်စွမ်းအင် (energy / prana) စီးဆင်းနေတယ်လို့ ယုံကြည်ကြတယ်။🌎🔥💧💨

အဲဒီစွမ်းအင်တွေ စုဝေးတဲ့နေရာတွေကို “chakra” လို့ ခေါ်ပြီးစွမ်းအင်တွေဟာ ဘီးလို လည်ပတ်နေတယ်လို့ သဘောထားကြတာပါ။

သူတို့ယုံကြည်ချက်အရ —

✨Chakra balance ကောင်းရင်
စိတ်တည်ငြိမ်မှု၊ ယုံကြည်မှု၊ စိတ်ချမ်းသာမှု ရှိနိုင်တယ်

✨Chakra ပိတ်နေတယ် / မညီမျှဘူးလို့ ယုံရင်စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှု၊ စိတ်တည်ငြိမ်မှုတွေ ဖြစ်နိုင်တယ်လို့ ဆိုကြတယ်

ကိုယ့်ရဲ့နေ့စဉ်ဘဝအပေါ်ကို သက်ရောက်မှုရှိနေတဲ့ Energy တွေစုစည်းရာ Chakras တွေဆိုတာ

🪷Crown Chakra - နားလည်နိုင်ခြင်း
🪷Third Eye Chakra - မြင်တွေ့ခြင်း
🪷Throat Chakra - ပြောဆိုခြင်း
🪷Heart Chakra - ချစ်ခြင်းမေတ္တာ
🪷Solar Plexus Chakra - လုပ်ဆောင်ခြင်း
🪷Sacral Chakra - ခံစားခြင်း
🪷Root Chakra - ဖြစ်တည်ခြင်း
တစ်ခုခြင်းရဲ့ Energy က အဓိပ္ပာယ်တစ်ခုစီကို ကိုယ်စားပြုတာဖြစ်ပြီးတော့ Energy တစ်ခု ပိတ်နေရင် ခန္ဓာကိုယ်က သိပြီး ကိုယ့်ရဲ့စိတ်က ခံစားမိနေတာဖြစ်လို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝတွေးခေါ်နေထိုင်မှုတွေမှု သက်ရောက်မှု ရှိစေပါတယ်။

မတူညီတဲ့ Yoga Pose တွေက သက်ဆိုင်ရာ Chakra တွေရဲ့ Energy ကို ထိန်းညှိပေးတာဖြစ်လို့ ခန္ဓာကိုယ်၊ နာမ်၊ နဲ့ စိတ်ဝိညာဉ်တို့ကို ဟာမိုနီဖြစ်လေလေ ကိုယ့်ရဲ့ Energy တွေက Balance ဖြစ်လေလေမို့ Peace Yoga Studio မှာ ကိုယ့်ရဲ့ Energy Chakra တွေ ပွင့်အောင် Yoga ကျင့်ဖို့ အခုပဲ Register လိုက်တော့နော်။ အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷

Yoga ကျင့်တဲ့အခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်တဲ့ အကြောလျော့ခြင်း 🤍 အကြောလျော့ခြင်းကိုတော့ Yoga မကျင့်ဘဲ ပုံမှန်အားကစ...
08/06/2026

Yoga ကျင့်တဲ့အခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်တဲ့ အကြောလျော့ခြင်း 🤍

အကြောလျော့ခြင်းကိုတော့ Yoga မကျင့်ဘဲ ပုံမှန်အားကစားလုပ်တဲ့သူတွေကြားဖူးပြီးသားစကားလုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် အကြောလျော့ခြင်းကို သာမန်ပေါ့ပေါ့ပါးပါးလေးပဲလို့ ထင်တတ်ကြပြီး သေချာ အချိန်ပေးပြီး မလုပ်တတ်ကြပါဘူး။ 🧐

အကြောလျော့ခြင်းကိုတော့ Dynamic Stretching နဲ့ Static Stretching ဆိုပြီးနှစ်ပိုင်းအဓိက ခွဲလို့ရပြီး အားကစားမလုပ်ခင်မှာ Dynamic အကြောလျော့ခြင်းကို ပြုလုပ်သင့်ပြီး အားကစားလုပ်ပြီးချိန်မှာတော့ Static အကြောလျော့ခြင်းကို ပြုလုပ်သင့်ပါတယ်နော်။ 🤍

Dynamic အကြောလျော့ခြင်းကနေ ကြွက်သားတွေရဲ့ အပူချိန်တက်လာပြီးတော့ အရိုးအဆစ်တွေကို ပိုမိုလှုပ်ရှားရလွယ်ကူစေပြီး နှလုံးခုန်နှုန်းကိုလည်း ချိန်ပေးတာကြောင့် ခန္ဓာကိုယ်နဲ့ ကြွက်သားတွေကို Yoga ကျင့်ဖို့အတွက် အဆင်သင့်ဖြစ်စေတာပါ။ Static အကြောလျော့ခြင်းကတော့ ပုံစံတစ်မျိုးတည်းကို စက္ကန့် ၃၀ ကနေ ၄၅ စက္ကန့်အထိ တောင့်ထားပြီး အကြောလျော့တာဖြစ်ပါတယ်။ Yoga ကျင့်ပြီးခါစ သွေးပူနေချိန်မှာ ကြွက်သားတွေရဲ့ ကြုံ့နိုင်ဆန့်နိုင်အားက အကောင်းဆုံးဖြစ်တာကြောင့် Static အကြောလျော့ခြင်းကနေ ကြွက်သားနာကျင်မှုတွေ လျော့နည်းစေပါတယ်။ 🧡

Peace Yoga Studio မှာတော့ Yoga မကျင့်ခင်၊ ကျင့်နေ့ချိန်၊ ကျင့်ပြီးသွားချိန်အထိကို သေချာ စနစ်တကျ အကြောလျော့နည်းပုံစံတွေနဲ့ သင်ကြားပြသပေးတာမို့လို့ အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷

Yoga Pose of the month အတွက် ဒီလမှာတော့ Beginner Yogi တွေပါလုပ်လို့ရတဲ့ Foundation Yoga Pose တစ်ခုဖြစ်တဲ့ Downward-Facin...
05/06/2026

Yoga Pose of the month အတွက် ဒီလမှာတော့ Beginner Yogi တွေပါလုပ်လို့ရတဲ့ Foundation Yoga Pose တစ်ခုဖြစ်တဲ့ Downward-Facing Dog Pose အကြောင်းကို ပြောပြပေးသွားပါမယ်နော် 🧘🏼‍♀️

Yoga Pose တွေက တိရိစ္ဆာန်လေးတွေရဲ့ အမူအရာလေးတွေကို အခြေခံပြီး ဖန်တီးထားတာကြောင့် Yoga Pose နာမည်မှာ ဒီလိုတိရိစ္ဆာန်နာမည်တွေထည့်ပေးကြတာပါ။ 🐕

Downward-Facing Dog Pose ကတော့ ခွေးလေးတွေအိပ်ယာထ အညောင်းဆန့်တဲ့အခါ ခြေ/လက်တွေကို ဆန့်ထုတ် တင်ပါးလေးမိုးပေါ်ထောင်ထားတာနဲ့ တူတာကြောင့် Downward-Facing Dog လို့နာမည်တပ်ထားတာဖြစ်ပါတယ်☺️☺️☺️ ဒီ Yoga Pose က ခါးနဲ့ ကျောရိုးမကြီးကို ဖြောင့်နေအောင် ဆန့်ထားပီး ကျောပြင်ကို ဖိပီး မှောက်ချထားရတဲ့အတွက် ခြေသလုံးကြွက်သား၊ ခါး၊ ကျောနဲ့ ပခုံးက အကြောတွေကို ပြေလျော့စေတဲ့ အပြင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုနဲ့ အရိုးတွေရဲ့ လှုပ်ရှားမှုကို ပိုအားကောင်းစေပြီး ဝမ်းဗိုက်နဲ့ လက်မောင်းက ကြွက်သားတွေကိုလဲ အားကောင်းစေတဲ့ Yoga Pose ဖြစ်ပါတယ်။ 🧘🏼‍♀️🧘🏼‍♀️

Beginner တွေအတွက် အခြေခံကျတဲ့ Yoga Pose တစ်ခုဖြစ်ပြီးတော့ စစချင်းမှာ ဒူးကို ဖြောင့်တန်းနေစရာမလိုဘဲ ခါးနဲ့ကျောရိုးဖြောင့်တန်းအောင်ဆန့်ထုတ်ထားနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေကတော့ ဒီ Yoga Pose ကို မလုပ်သင့်ပါဘူးနော်။ 🙅‍♀️🙅‍♀️🙅‍♀️

Peace Yoga Studio မှာ Beginner အတန်းတွေ ထပ်တိုးထားတာမို့လို့အခြေခံFoundation Pose ကောင်းကောင်းတွေကို စနစ်တကျ ကျင့်ဖို့အတွက် အသေးစိတ်ကို Page Chatbox သို့မဟုတ် Viber Number 09444004050 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🤍

Beginner
Date - Wed, Thurs, Fri
Time - 4:30 PM to 5:30 PM
Fees - 55,000 MMK

Intermediate
Date - Sat, Sun, Mon
Time - 4:30 PM to 5:30 PM
Fees - 70,000 MMK

📍 လမ်းမတော် (၂) လမ်း၊ ကွက်သစ်ရပ်ကွက်၊ ညောင်ဦးမြို့။ (မြန်မာ့ရှေ့ဆောင်ဘဏ်-MAB bank မျက်စောင်းထိုးတိုက်၊ Cake de Bagan တိုက် တတိယထပ်)
☎️ Viber - 09444004050

🪷


yoga ဆိုတာ လူတိုင်း အသက်အရွယ်မရွေးကျင့်လို့ရတယ်ဆိုပေမယ် ..... ကိုယ့်ရဲ့ personality, lifestyle နဲ့ vibe ပေါ်မူတည်ပီး ကို...
04/06/2026

yoga ဆိုတာ လူတိုင်း အသက်အရွယ်မရွေးကျင့်လို့ရတယ်ဆိုပေမယ် ..... ကိုယ့်ရဲ့ personality, lifestyle နဲ့ vibe ပေါ်မူတည်ပီး ကိုယ့်နဲ့ သင့်တော်တဲ့ yoga style ကိုမှန်ကန်စွာရွေးချယ်ပီးကျင့်မှ ကောင်းမွန်တဲ့ results တွေကို မြန်မြန်ရရှိမှာ ဖြစ်ပါတယ်🥰
အဲတာကြောင့်် အောက်ကပုံထဲက မေးခွန်းနဲ့ အဖြေလေးတွေကို ကြည့်ပီး ကိုယ်က ဘလို yoga style နဲ့ သင့်တော်မလဲ ဆိုတာ comment မန့်သွားကြဦးနော်🤗☺️

📍peace yoga studio မှာတော့ အတန်း၃မျိုးရှိတာကြောင့် အတန်းလာjoin တဲ့ yogi တိုင်းကို "ဘာကြောင့် yoga ကျင့်ချင်တာလဲ" လို့မေးပီး မှ အဖြေပေါ်မူတည်ပီး သင့်တော်တဲ့ အတန်းကို ကူညီရွေးချယ်ပေးနေပါပီ🥰🙏😇

Address

3rd Floor:Lanmadaw 2 Road, Next To MAB Bank
Nyaungoo
05232

Opening Hours

Friday 15:00 - 18:00
Saturday 15:00 - 18:00
Sunday 15:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Peace Yoga Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category