18/02/2026
👫👬👭 မနက်ဖြန် ၁၉.၂.၂၀၂၆ နံနက် ၈:၃၀ တွင် အသက် ၁၀ နှစ်မှ ၁၃နှစ် ကလေးငယ်သင်တန်းစသင်ကြားပါမည်
🕺🕴 ကျန်သောအတန်းများကို ၂၃.၂.၂၀၂၆ တွင် ဆက်လက် ဖွင့်လှစ်သင်ကြားပါမည်။
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kudo International Federation Myanmar KIFM, Martial Arts School, Pathein.
18/02/2026
👫👬👭 မနက်ဖြန် ၁၉.၂.၂၀၂၆ နံနက် ၈:၃၀ တွင် အသက် ၁၀ နှစ်မှ ၁၃နှစ် ကလေးငယ်သင်တန်းစသင်ကြားပါမည်
🕺🕴 ကျန်သောအတန်းများကို ၂၃.၂.၂၀၂၆ တွင် ဆက်လက် ဖွင့်လှစ်သင်ကြားပါမည်။
06/02/2026
⭐⚡🥋 Daido juku Kudo🥋⚡⭐
Kudo 🥋 သင်တန်းကျောင်းမှ ၂၀၂၆ နွေရာသီသင်တန်း များကို *၁၉.၂.၂၀၂၆ ကြာသပတေးနေ့* တွင်စတင်ဖွင့်လှစ်သင်ကြားပါမည်။
🥋၁၉.၂.၂၀၂၆ ကြာသပတေးနေ့
(ကြာသပတေး၊သောကြာ၊စနေ)
-နံနက် ၈း၃၀ မှ ၉း၃၀
အသက် ၁၁ နှစ်မှ ၁၃ နှစ်အထိ အရွယ်များ
🥋၂၃.၂.၂၀၂၆ တနင်္လါနေ့
(တနင်္လါ၊အင်္ဂါ၊ဗုဒ္ဓဟူး)
-နံနက် ၈း၃၀ မှ ၉း၃၀
အသက် ၆ နှစ် မှ ၉နှစ်အထိ အရွယ်များ
-ညနေ ၄း၀၀ မှ ၅း၀၀
အသက် ၁၄ နှစ်မှ ၁၆ နှစ်အထိ အရွယ်များ
ကို ဖွင့်လှစ်သင်ကြားပေးပါမည်
သင်တန်းကြေး = ၁၂၀၀၀၀ ကျပ် (၃လ)
ဝင်ကြေး = ၂၀၀၀၀ ကျပ်
စုစုပေါင်း = ၁၄၀၀၀၀ ကျပ် ပေးသွင်းရပါမည်။
📌သင်တန်းသားအသစ်များ🥋 ဝတ်စုံဝယ်ရန်လိုအပ်ပါသည်။
📌ညီအစ်ကိုမောင်နှမများSectionတစ်ခုတည်းတွင်အတူတက်ရောက်နိုင်ပါသည်။
📌 ပုံမှန်လစဥ်သင်တန်းများလည်းဖွင့်ထားပါသည်။
📌 သင်တန်းနေရာ-အမှတ် ၃၇၊မဟာဗန္ဓုလလမ်း(တံတားကြီးတန်းလမ်း)၊ရွှေတံတားမိုတယ်အနီး၊ပုသိမ်မြို့။
သင်တန်းစုံစမ်းရန်- 09254429376
ဆရာသော်ဇင်လတ်- 09444020302
✍ G 5 , G 9 & IS ကျောင်းသား/သူများစာမေးပွဲအပြီး မတ်၂ရက်နှင့်မတ်၅ရက်တွင် စတက်နိုင်ပါသည်။
📞 အချိန်မအားသည့်ကလေးများ နှစ်သက်ရာတန်းခွဲသို့ ကြိုတင်ဆက်သွယ်စာရင်းပေးပါရှင်📞
11/05/2025
📌 နွေရာသီသင်တန်းဆင်းလက်မှတ်အတွက် passportပုံ(၁)ပုံစီကို သင်တန်းမှာပေးရပါမယ်ရှင့်
📌နောက်ကျောဘက်မှာ မိမိနာမည်ကိုအင်္ဂလိပ်လိုရေးပေးပြီး
👉 18.5.2025 Sunday နောက်ဆုံးထား၍ပို့ပေးပါရှင်☺
Monday 24.3.25 သင်တန်းပိတ်ထားပါတယ်ရှင်📣
Daido juku Kudo ပုံမှန်သင်တန်း
ကြာသပတေးနေ့ မှ တနင်္ဂနွေနေ့အထိ
ညနေ ၅း၀၀ မှ ၆း၃၀ အထိ သင်ကြားပေးနေပါပြီ
14/02/2025
🥋Kudo Summer Class For Kids🥋
2025 နွေရာသီကလေးသင်တန်းများ March 3 ရက် တနင်္လါနေ့ သင်တန်းစတင်ဖွင့်ပါပြီ📣📣📣
📌 6 years to 9 years - Section 1
Mon,Tue,Wed (8:00 to 9:00 am)
📌 10 years to 12 years-Section 2
Thur,Fri,Sat (8:00 to 9:00 pm)
📌 13 years to 16 years -Section 3
Mon,Tue,Wed (4:00 to 5:00 pm)
သင်တန်းကာလ March,April,May
သင်တန်းကြေး 130,000 ks(နွေ၃လအပြီး)
📌သင်တန်းသားအသစ်များ ဝတ်စုံဝယ်ရန်လိုအပ်ပါသည်။ညီအစ်ကိုမောင်နှမများSectionတစ်ခုတည်းတွင်အတူတက်ရောက်နိုင်ပါသည်။
📌 ပုံမှန်လစဥ်သင်တန်းများ
-18 years & above
Thur,Fri,Sat,Sun (5:00 to 6:00pm)
သင်တန်းကြေး 40,000 ks
ဝင်ကြေး 10,000 ks
📌 သင်တန်းနေရာ-အမှတ် ၃၇၊မဟာဗန္ဓုလလမ်း(တံတားကြီးတန်းလမ်း)၊ရွှေတံတားမိုတယ်အနီး၊ပုသိမ်မြို့။
သင်တန်းစုံစမ်းရန်- 09254429376
ဆရာသော်ဇင်လတ်- 09444020302
(Summer Class Sectionများအတွက်အချိန်လုံးဝမအားသည့်ကလေးများ Tue,Wed,Thur 10:00-11:00am လူအနည်းငယ်သာလက်ခံနိုင်ပါတော့မည်။)
22/12/2024
2019 December 🌨⛄☃
Kudo Outdoor Training ကပုံလေးတွေ အမှတ်တရပြန်တင်ပေးလိုက်ပါတယ်နော်
ရိုးသားဖြူစင်လွန်းတဲ့ဆရာ့တပည့်လေးတွေအားလုံးကိုလည်း Adminတို့ကသတိရလျက်ပါပဲနော်❣💓🍀
22/05/2024
🎉🤼♀️Kudo Summer Class Sec (3)
နွေရာသီ 2024🎉 သင်တန်းဆင်းပွဲ အမှတ်တရ🤸♀️
🤼♂️ ဒီသင်တန်းချိန်မှာက နည်းနည်းအရွယ်ကြီးတဲ့ကျောင်းသားတွေပါတော့ သင်ကြားလို့အင်မတန်ကောင်းတဲ့ အတန်းချိန်ပါ
အရွယ်ကြီးတဲ့သူတွေပါလာတော့ ပိုပြီးစကားတွေပြောရပါပြီ
🥊အဓိကပြောရတာတော့ စာသင်ကျောင်းမှာ ခိုက်ရန်ဒေါသမဖြစ်ဖို့ပါပဲ။အဲဒီလိုပြောလို့ တချို့တွေကမကြိုက်ကြဘူး။မကြိုက်လည်း မတတ်နိုင်ဘူး။ကိုယ်ခံပညာကစားတဲ့ကလေးတွေက training ပြည့်လာရင် သွေးကြွနေတာ။ဆရာက '' ဟေ့ကောင်တွေမလုပ်နဲ့" လို့ပြောတာတောင် လုပ်လုပ်လာကြတာလေ။ဆရာက "ဟေ့ကောင်တွေ ချချ လို့မြှောက်ပေးလိုက်လို့ ကတော့ ပြီးပါလေရော။
🔥နောက်တခုကတော့ ခါးစည်းအရောင် (Belt colour)တွေနောက်ကိုအရမ်းမလိုက်ကြဖို့ပါပဲ။ခါးစည်းအရောင်လေးတွေဆိုတာ ကလေးတွေမဆိုထားနဲ့ လူကြီးတွေတောင် လိုချင်ကြတာပါပဲ။လိုချင်အောင်လည်း ကိုယ်ခံပညာသင်ကြားပေးတဲ့ရှေးပဝေသဏီကဆရာကြီးတွေက ဖန်တီးထားခဲ့တာကိုး။ဒါပေမယ့်ခါးစည်းအရောင်လေးတွေ ဆိုတာ ပညာကို အဆက်အပြတ်သင်ယူစေဖို့အတွက် မက်လုံး(incentive)ဆိုတာကိုတော့သတိပြုစေချင်တယ်။အဓိက က ပညာဆိုတာပါပဲ။ပညာကိုလိုက်စမ်းပါ။ပညာတော်လာရင် ခါးစည်းအရောင်ဟာ ပြောင်းလာမယ်ဆိုတာ သိထားကြပါ။တကယ်တိုက်ခိုက်ဖို့ကြုံတွေ့လာရင် မင်းတို့ခါးစည်းအရောင်က မင်းတို့ကိုမကယ်နိုင်ဘူး။မင်းတို့လက် မင်းတို့ခြေထောက်တွေကို အားကိုးရမှာ။မင်းတို့သင်ယူထားတဲ့ပညာကသာ မင်းတို့ကို ကယ်တင်မယ် ဆိုတာ တသက်လုံးမှတ်ထားကြပါ လို့ဆရာပြောချင်ပါတယ်။
ငါ့တပည့်တွေ ''ပညာရဲရင့် ပွဲလယ်တင့် ”ကြပါစေ
ကလေးငယ်များအတွက်
နှစ်စဥ်နှစ်တိုင်း အမြဲကြိုဆိုနေတဲ့
🎊 Kudo Summer Class🙂
22/05/2024
🎉🤼♀️Kudo Summer Class Sec (1)
နွေရာသီ 2024🎉 သင်တန်းဆင်းပွဲ အမှတ်တရ🤸♀️
ကလေးငယ်များအတွက်
နှစ်စဥ်နှစ်တိုင်း အမြဲကြိုဆိုနေတဲ့
🎊 Kudo Summer Class🙂
19/05/2024
19.5.2024
KUDO🤼♀️ နွေရာသီသင်တန်း🤼♀️ Sec(2) သင်တန်းဆင်းပွဲအမှတ်တရ📸
ကလေးတွေဆိုတော့ စာသင်ကျာင်းမှာ သူများတွေနဲ့ ရန်မဖြစ်ဖို့ အဓိကမှာကြားထားရပါတယ်။
အတန်းဖော် အချင်းချင်း စနောက် ရင် သီးခံရမယ်။
သီးမခံနိုင်တဲ့အဆုံး အတန်းပိုင် ဆရာ ဆရာမကိုတိုင်ကြားရမယ်။
အဲဒါမှမရရင် ကျောင်းအုပ် ဆရာကြီး ဆရာမကြီးကိုတိုင်ကြားရမယ်။
ကျောင်းက ကိစ္စတွေကို မိဘကိုအသိပေးရမယ် လို့
သင်တန်းဆင်းပွဲမှာတော့ တပည့်တွေကိုမှာကြားလိုက်ပါတယ်။
နောက်နှစ်နွေရာသီကြရင် ပြန်ဆုံကြရအောင် တပည့်တို့ရေ...
🎊🤼♀️ Kihon waza of Kudo
🤸♂️🤸♀️🏃♀️ညနေ ၄း၀၀ သင်တန်းက ကလေးတစ်ယောက်က "ဆရာရေ သားလေ Kudo သင်တန်းကို အိမ်မက်ထဲမှာတောင် ထည့်မက်တယ် ၊နောင်နှစ်နွေရာသီကြရင်လည်း ကစားအုံးမှာဗျာ" တဲ့
ကြားလိုက်ရတာ စိတ်ထဲမှာ အရမ်းဝမ်းသာသွားတယ် ။ကလေးတွေ ငါ့သင်တန်းကို တော်တော် ပျော်ကြတာပဲလို့.... 🤸♂️🤸♀️🤹♂️