𝐀𝐘𝐄𝐘𝐀𝐖𝐀𝐃𝐘 𝐔𝐍𝐈𝐓𝐄𝐃 𝐅𝐂

  • Home
  • Myanmar
  • Pathein
  • 𝐀𝐘𝐄𝐘𝐀𝐖𝐀𝐃𝐘 𝐔𝐍𝐈𝐓𝐄𝐃 𝐅𝐂

𝐀𝐘𝐄𝐘𝐀𝐖𝐀𝐃𝐘 𝐔𝐍𝐈𝐓𝐄𝐃 𝐅𝐂 Ayeyawady United FC Flows Toward the Victory! Ayeyawady United is a Myanmar football club, based in Pathein which represents Ayeyawady Region of lower Myanmar.

Its former name was Delta United FC and to date, it has been handled by 4 owners. Currently, a total of 5 entrepreneurs from Ayeyawady Region are successfully running the Club. Ayeyawady United Football Club is the first ever Runner-up team in Myanmar National League with an undefeated record for 22 matches (the whole MNL season in 2011). Ayeyawady United is the first ever Champion of MFF Opening Cup 2012 which is also called Charity Shield. Furthermore, it was the Champion of MFF Digicel Cup 2012 (Knock-out Competition) and due to that achievement, was allowed for the second time to compete in AFC Cup 2013.

Grand Royal M League 2026-27 | Stading Table | WEEK 1
31/08/2026

Grand Royal M League 2026-27 | Stading Table | WEEK 1

Grand Royal M League (Week-1)ပွဲစဥ်များအပြီး အမှတ်ပေးဇယားရပ်တည်မှုကိုဖော်ပြပေးလိုက်ပါတယ်။


2027 AFC U-20 Asian Cup Qualification – Development Phase, Group (K) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရသည့် ...
30/08/2026

2027 AFC U-20 Asian Cup Qualification – Development Phase, Group (K) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရသည့် ဧရာဝတီယူနိုက်တက်အသင်းကစားသမားဖြစ်သူ မြန်မာ ယူ၂၀ အသင်းခေါင်းဆောင် သက်ပိုင်စိုး

2027 AFC U-20 Asian Cup Qualification – Development Phase, Group (K) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ မြန်မာယူ-၂၀ အသင်း နည်းပြချုပ်နှင့် အသင်းခေါင်းဆောင်တို့၏ ပြောစကားများ

Ryuji Sueoka (မြန်မာယူ-၂၀ အသင်းနည်းပြချုပ်)
========
လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အသင်းဟာ အတွေ့အကြုံများစွာ ရရှိခဲ့ပြီး ကစားသမားတွေလည်း သိသိသာသာ တိုးတက်လာပါတယ်။ လာမယ့် သီရိလင်္ကာအသင်းနဲ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်နေပါတယ်။မြန်မာ ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို လေးစားတန်ဖိုးထားပြီး လာမယ့်ပွဲတွေမှာလည်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။ အသင်းရဲ့မျှော်မှန်းချက်က ဒီအဆင့်ကိုအောင်မြင်ဖို့ဖြစ်ပြီး တစ်ပွဲချင်းကို အာရုံစိုက်ဖြတ်ကျော်သွားမှာပါ။

သက်ပိုင်စိုး (မြန်မာယူ-၂၀ အသင်းခေါင်းဆောင်)
======
နည်းပြရဲ့ ညွှန်ကြားချက်တွေအတိုင်း အပြည့်အဝလိုက်နာသွားမှာပါ။ တစ်သင်းလုံး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။

MATCH PHOTOS OF AUFC (2-1) ISPE.     ဧရာဝတီယူနိုက်တက်အသင်းက ISPE အသင်းကို ၂ဂိုး ၁ဂိုးနှင့် အနိုင်ရရှိခဲ့သည့် ယနေ့ပွဲစဥ်မ...
29/08/2026

MATCH PHOTOS OF AUFC (2-1) ISPE.

ဧရာဝတီယူနိုက်တက်အသင်းက ISPE အသင်းကို ၂ဂိုး ၁ဂိုးနှင့် အနိုင်ရရှိခဲ့သည့် ယနေ့ပွဲစဥ်မှ ပုံရိပ်များပဲ ဖြစ်ပါတယ်။

Congratulations our MOTM MG TOP⚽️🔥
29/08/2026

Congratulations our MOTM MG TOP⚽️🔥

FULL TIMEပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ISPE အသင်းကို ၂ဂိုး ၁ဂိုးရလဒ်နှင့် အနိုင်ရရှိခဲ့ပါတယ်ခင်ဗျာAyeyawady United (2-1)...
29/08/2026

FULL TIME

ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ISPE အသင်းကို ၂ဂိုး ၁ဂိုးရလဒ်နှင့် အနိုင်ရရှိခဲ့ပါတယ်ခင်ဗျာ

Ayeyawady United (2-1) ISPE

Lu Min Chit 27'
Mg Top 30'

MATCH DAYGrand Royal M League 2026-27 ပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန် ISPE အ...
29/08/2026

MATCH DAY
Grand Royal M League 2026-27 ပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန် ISPE အသင်းနှင့် ပုသိမ်မြို့ကျောက်တိုင်ဘောလုံးကွင်းမှာ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပြီး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ

ရုပ်သံလိုင်းများအနေဖြင့် Channel 7 ရုပ်သံလိုင်းနှင့် Pyone Play Youtube Channel တို့မှ တိုက်ရိုက် Live ပြသပေးသွားမှာပဲ ဖြစ်ပါတယ်

Rainy day session at Kyauk Taing Stadium.ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျောက်တိုင်ဘောလုံးကွင်းတွင် လေ့ကျင့်ရေးအစီစဥ်...
27/08/2026

Rainy day session at Kyauk Taing Stadium.

ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျောက်တိုင်ဘောလုံးကွင်းတွင် လေ့ကျင့်ရေးအစီစဥ်များပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း၏ ပုံရိပ်များပဲ ဖြစ်ပါတယ်ခင်ဗျာ

ဧရာဝတီယူနိုက်တက်အသင်း၏ M LEAGUE 2026-27 အဖွင့်ပွဲစဥ်အား ပုသိမ်မြို့၌လက်ခံကစားသွားမည်ဖြစ် M LEAGUE 2026-27 ရာသီ ပထမဆုံးအိ...
27/08/2026

ဧရာဝတီယူနိုက်တက်အသင်း၏ M LEAGUE 2026-27 အဖွင့်ပွဲစဥ်အား ပုသိမ်မြို့၌လက်ခံကစားသွားမည်ဖြစ်


M LEAGUE 2026-27 ရာသီ ပထမဆုံးအိမ်ကွင်းအဖွင့်ပွဲစဥ်အဖြစ် ISPE FC အား သြဂုတ်လ ၂၉ရက် ၊ စနေနေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန်၌ ပုသိမ်မြို့ ကျောက်တိုင်ဘောလုံးကွင်းမှာ ဧည့်ခံယှဥ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ

M League 2026-27 / Week 1
AYEYAWADY UNITED VS ISPE
29.8.2026 - 3:30PM
Kyauk Taing Stadium / Pathein

ရာသီကြိုခြေစမ်းပွဲတွင် ရတနာပုံဘောလုံးအသင်းအား ၁ဂိုး ဂိုးမရှိရလဒ်ဖြင့်အရေးနိမ့်     မြန်မာနေရှင်နယ်လိဂ် ၂၀၂၆-၂၀၂၇ ရာသီကြိ...
19/08/2026

ရာသီကြိုခြေစမ်းပွဲတွင် ရတနာပုံဘောလုံးအသင်းအား ၁ဂိုး ဂိုးမရှိရလဒ်ဖြင့်အရေးနိမ့်

မြန်မာနေရှင်နယ်လိဂ် ၂၀၂၆-၂၀၂၇ ရာသီကြိုပြင်ဆင်မှုအဖြစ် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် ရတနာပုံဘောလုံးအသင်းတို့သည် ယနေ့ သြဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းက ဗဟန်းမြက်ခင်းတုကွင်းတွင် ခြေစမ်းပွဲကစားခဲ့ကြပြီး၊ ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် အောင်မြင့်မြတ် (ဂိုး)၊ ရဲဝင်းအောင်၊ နိုင်ဘုန်းထွဋ်၊ လှထွန်း၊ ရွှေကို၊ လူမင်းချစ်၊ ကျော်ထူး၊ မောင်တော့ပ်၊ ဝိုင်းလု၊ ကောင်းခန့်လွင်၊ ထွန်းထွန်းတို့နှင့် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ပါသည်။

ဒုတိယပိုင်းတွင် ရာဇာစိုး၊ ထွန်းလင်းအောင်၊ ဇာနည်အောင်၊ ဟန်မျိုးဇင်၊ အောင်ကောင်းမြတ်၊ ကောင်းသန့်၊ လင်းပြည့်အောင်တို့ လူစားဝင်ကစားခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်တွင် ရတနာပုံအသင်းမှ သိန်းဇော်သီဟ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ပွဲပြီးဆုံးချိန်တွင် ၁ဂိုး ဂိုးမရှိရလဒ်ဖြင့် အရေးနိမ့်ခဲ့ပါသည်။

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းသည် ရာသီကြိုပြင်ဆင်မှုများအဖြစ် ခြေစမ်းပွဲ (၄) ပွဲ ကစားခဲ့ပြီး ၂ပွဲနိုင်၊ ၂ပွဲရှုံး ရလဒ်များထွက်ပေါ်ထားခဲ့ပါသည်။

ရတနာပုံ (၁-၀) ဧရာဝတီယူနိုက်တက်
သစ္စာအားမာန် (၀-၁) ဧရာဝတီယူနိုက်တက်
ဧရာဝတီယူနိုက်တက် (၀-၁) ချင်းလန်းအက်ဖ်စီ
ဧရာဝတီယူနိုက်တက် (၂-၁) မြဝတီအက်ဖ်စီ

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးညီညီထွန်းအား တာဝန်ပေးအပ်      မြန်မာနေရှင်နယ်လိဂ် ၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်မှု...
13/08/2026

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးညီညီထွန်းအား တာဝန်ပေးအပ်

မြန်မာနေရှင်နယ်လိဂ် ၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ဦးညီညီထွန်းအား နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာအပ်ပါသည်။

ကစားသမားဘဝနှင့် နည်းပြဘဝအတွေ့အကြုံ

ကစားသမားဘဝအနေဖြင့် ၂၀၀၅ ခုနှစ်၊ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် AFF U17 Youth Championship ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ၁၇အသင်းနှင့်အတူ ချန်ပီယံဆုရရှိခဲ့ပြီး၊ ရန်ကုန်မြို့တော်စည်ပင်ဘောလုံးအသင်းတွင် ၂၀၀၃ -၂၀၀၈ ခုနှစ်အထိ ကစားခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသည်။

ဦးညီညီထွန်းသည် နည်းပြအတွေ့အကြုံများအဖြစ် မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်း၏ လက်ထောက်နည်းပြအဖြစ်လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ရာသီ မဟာယူနိုက်တက်စီနီယာအသင်းတွင် နည်းစနစ်ဒါရိုက်တာရာထူးဖြင့်လည်းကောင်း၊ အားကာသိပ္ပံ (မန္တလေး)တွင် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်ထိလည်းကောင်း၊မြန်မာနိုင်ငံအမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) တွင်၂၀၁၇ မှ၂၀၁၉ ခုနှစ်ထိ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တွင်၂၀၁၉ မှ ၂၀၂၅ ခုနှစ်အထိလည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်တွင် နေပြည်တော် ယူ၂၁ အသင်းနှင့်အတူ ကြေးတံဆိပ်ဆု၊ ၂၀၂၄ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ယူ၂၁ အသင်းနှင့်အတူ ကြေးတံဆိပ်ဆု၊ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး ယူ၂၅ အသင်းနှင့်အတူ ပထမဆု၊ ၂၀၂၆ ခုနှစ်တွင် ကရင်ပြည်နယ် ယူ၁၈ အသင်းနှင့်အတူ ပထမဆု တို့ကို ရရှိခဲ့ဖူးသည့် နည်းပြတစ်ဦးလည်းဖြစ်ပါသည်။

Address

Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when 𝐀𝐘𝐄𝐘𝐀𝐖𝐀𝐃𝐘 𝐔𝐍𝐈𝐓𝐄𝐃 𝐅𝐂 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐀𝐘𝐄𝐘𝐀𝐖𝐀𝐃𝐘 𝐔𝐍𝐈𝐓𝐄𝐃 𝐅𝐂:

Shortcuts

Share

Category