BONES To BUILT with Coach Yash

BONES To BUILT with Coach Yash

Share

Nobody to Somebody Transformation.

29/09/2024

မိတ်ဆွေကလူကောင်ထွားလာချင်တယ်၊ ဝလာချင်တဲ့သူတစ်ယောက်ဆို ဒီကောင့်ကိုသိကိုသိမှရပါလိမ့်မယ်။

27/09/2024

ခနခနကြားလာရတဲ့ ကယ်လိုရီဆိုတာဘာလဲ?

01/08/2024

ပထမဆုံး ၁၅ ယောက်ပြည့်ဖို့၂ယောက်ပဲလိုပါတော့တယ်။

၁၅ယောက်ကျော်သွားရင်တစ်လကို ၉၉၀၀၀ နဲ့မရတော့ပဲ ၁၅၀၀၀၀ ပေးရပါလိမ့်မယ်။

25/07/2024

ခင်ဗျားရဲ့ခန္ဓာကိုယ်က အရမ်းပိန်ပြီးတော့ 2025 မတိုင်ခင် အဲ့ဒီပိန်တဲ့ခန္ဓာကိုယ်ကိုပြောင်းလဲချင်တယ်ဆိုရင်တော့ ကျနော့်ရဲ့ Personal Training ကအသင့်တော်ဆုံးဖြစ်မှာပါ။

Training Session တစ်ခုကို လူ၅ ယောက်ပဲ အများဆုံးလက်ခံမှာဖြစ်ပြီးတော့ ကျနော်နဲ့ Assistant Trainer တစ်ယောက်နဲ့က အချိန်ပြည့်ဂရုစိုက်ပြီး Training လုပ်ပေးမှာဖြစ်ပါတယ်။

အဲ့တာအပြင်ဒီ Group Personal Training မှာ

အပါတ်စဉ် ခင်ဗျားခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု၊ကြီးထွားမှု၊ ကိုယ်အလေးချိန် တိုးတက်လာတာတွေကို စနစ်တကျတိုင်းတာ‌ပြီး record မှတ်ထားပေးမဲ့ "Weekly Progress Check"

ဒီတိုးတက်မှု‌အချက်အလက်တွေပေါ်မူတည်ပြီး ပြင်စရာရှိတာပြင်ဖို့ နဲ့ဆွေးနွေးချင်တာရှိရင်ဆွေးနွေးနိုင်ဖို့တစ်လတစ်ခါပြုလုပ်ပေးမဲ့ "Monthly Consultation" ..
စတာတွေပါပါအုန်းမယ်။

6 Month Body Transformation Challenge လုပ်မှာဖြစ်ပြီး အပြောင်းလဲဆုံးသူကို ၃လတာ Free PT Service ပေးအပ်အုန်းမှာပါ။

ပထမဆုံးလာအပ်တဲ့ သင်တန်းသား 15 ယောက်က ဒါတွေအားလုံးပါတဲ့ Group Personal Training ကို တစ်လကိုမှ ၉၉၀၀၀ကျပ် နဲ့ရမှာဖြစ်ပါတယ်။

ဆိုတော့ကျနော်နဲ့ Training လုပ်ရင်ခင်ဗျား ခန္ဓာကိုယ်ပြောင်းလဲဖို့အသေအချာပါပဲ။ ကျနော်လမ်းညွှန်တဲ့အတိုင်း တိတိကျကျလိုက်လုပ်လို့မပြောင်းလဲဘူးဆို သင်တန်းကြေး 100% အပြည့်ပြန်အမ်းပေးပါမယ်။

သင်တန်းအပ်မယ်ဆို Page Messenger ဒါမှမဟုတ် "09989774628" ကိုဆက်သွယ်နိုင်ပါတယ်။

သင်တန်းသားဦးရေပြည့်သွားရင် နောက်၆လစောင့်ရမှာမို့လို့ ယခုအပ်ထားမှစိတ်ချရပါမယ်။





23/07/2024

လူပိန်တစ်ယောက်အနေနဲ့ Protein Powder သောက်ဖို့လိုလား?

▪️Protein Powder မှမဟုတ်ပဲ ဘယ်အရာမဆို ကိုယ့်ပါးစပ်ထဲကိုမထည့်ခင်၊ ဒါကဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာသေချာသိဖို့လိုပါတယ်။

▪️ဆိုတော့ Protein Powder ကိုသောက်သင့်လားဆိုတဲ့မေးခွန်းကိုမဖြေခင် ဒီ Protein Powder ဆိုတာဘာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။

▪️Protein Powderဆိုတာ ကိုယ်တစ်နေ့တာစားသုံးတဲ့အစားအသောက်ထဲက Protein ပမာဏက ခန္ဓာကိုယ်ကြီးထွားဖို့မလုံလောက်တဲ့အခါ ဖြည့်စွက်တဲ့အနေနဲ့ သုံးစွဲရတဲ့ ဖြည့်စွက်စာတစ်မျိုးပါ။

▪️ဖြည့်စွက်စာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်မှဖြည့်စွက်သင့်ပါတယ်။ အဲ့တော့ခင်ဗျားအနေနဲ့ Protein Powder မသောက်ခင် ခင်ဗျားတစ်နေ့တာစားနေတဲ့ အစားအသောက်တွေကနေ Protein ပမာဏ အပြည့်အဝရလား မရလားဆိုတာအရင်စမ်းစစ်သင့်ပါတယ်။

▪️အဲ့လိုစမ်းစစ်ကြည့်လို့ လိုတယ်ဆိုမှဒီ Protein Powder ကိုသုံးသင့်ပါတယ်။မလိုရင်သုံးစရာမလိုပါ။ မလိုပဲသုံးလိုက်လို့ ခန္ဓာကိုယ်လိုအပ်တာထက်ပိုသွားရင်ရေရှည်မှာ ကျောက်ကပ်အတွက်အန္တရာယ်ရှိပါကြောင်း။

ကိုယ်တစ်နေ့တာစားတဲ့ Protein ပြည့်မပြည့်ကိုဘယ်လိုသိရမလဲ?
ထပ်လာပါအုန်းမယ်.....






19/07/2024

" Weight တက်ချင်လို့ဘာစားရမလဲ? "

ဒီမေးခွန်းကိုပိန်တဲ့လူတော်တော်များများကျနော့်ကိုလာမေးကြတယ်။

▪️တကယ်တော့Weight တက်စေတဲ့အစားအစာဆိုတာမရှိပါဘူး။ ကိုယ့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏထပ်ပိုစားရင် ဝိတ်တက်မယ်။ လျှော့စားရင်ဝိတ်ကျမယ်။

▪️ဒီတော့အဖြေကလိုအပ်တဲ့ပမာဏထက်တိုးစားဖို့ပါ။ ဒီလိုတိုးစားဖို့ဆိုရင် လိုအပ်တဲ့ပမာဏကဘယ်လောက်လဲဆိုတာကိုအရင်သိမှရပါလိမ့်မယ်။

▪️ကိုယ်ခန္ဓာကိုယ်ကတစ်နေ့တစ်ခြား ပိုပြီးပိန်လည်းမသွားဘူးဆိုရင် ဝလည်းမလာဘူးဆိုရင်တော့ အကြမ်းဖျင်းအားဖြင့်ဒါကိုယ့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏလို့ပြောလို့ရပါတယ်။

▪️အဲ့ဒီ့လိုအပ်တာထက် ပိုပြီးတိုးစားမယ်ဆိုရင်တိုးစားသလောက် Weight ကတက်လာမှာဖြစ်ပါတယ်။
ဥပမာခင်ဗျားအနေနဲ့တစ်နေ့ထမင်း၃နပ်စားတယ်။ဒါကိုခန္ဓာကိုယ်ကပိန်နေတယ်ဆိုရင် ထမင်းနောက်တစ်နပ်တိုးစားလိုက်ပါ။ ဒါဆိုတစ်လပြည့်တဲ့အခါ ခင်ဗျားကပုံမှန်လထက်အနပ်၃၀တိုးစားထားတဲ့အတွက် ခင်ဗျားခန္ဓာကိုယ်ကလည်း အနပ်၃၀နဲ့ညီတဲ့ Weight တိုးလာမှာပဲဖြစ်ပါတယ်။

ဒါသည် အရှင်းဆုံးနဲ့အလွယ်ဆုံးလိုက်လုပ်လို့ရပြီးတော့ တကယ်အလုပ်ဖြစ်တဲ့နည်းပါ။ ဒီထက်ပိုပြီးအသေးစိတ်တဲ့ ကိစ္စကိုရေးတင်ပေးပါအုန်းမယ်။






Photos from BONES To BUILT with Coach Yash's post 18/07/2024

မင်္ဂလာပါ။
ကျနော်က Coach Yash ပါ။
ပိန်တဲ့ယောကျာ်းလေးတွေကိုထွားကြိုင်းတဲ့ခန္ဓာကိုယ်ရအောင်ကူညီပြောင်းလဲပေးနေတဲ့
Body Transformation Coach ပါ။

ဘာလို့ပိန်တဲ့သူတွေသီးသန့်ကို Transformation လုပ်ပေးလဲဆိုရင် ကျနော်ကိုယ်တိုင် ပေါင် 90 လူပိန်ခန္ဓာကိုယ် ကနေ ပေါင်160အထိရောက်အောင်ပြောင်းလဲခဲ့လို့ပါ။အဲ့တော့ကျနော့်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ရခဲ့တဲ့သင်ခန်းစာတွေနဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။

ကျနော့်အတွက်ဒီပြောင်းလဲမှုက16လကြာခဲ့ပါတယ်။ဒါပေမဲ့ကျနော့်မှာအခုရှိတဲ့အသိပညာ၊ အတွေ့အကြုံနဲ့ သင်ခန်းစာတွေသာ အဲ့အချိန်တုန်းကရှိမယ်ဆို အချိန် 7လ 8လလောက်နဲ့ 160 ထိရောက်အောင်ပြောင်းလဲနိုင်ပါလိမ့်မယ်။ အဲ့တာမို့လို့ ခန္ဓာကိုယ်ပြောင်းလဲတဲ့နေရာမှာ ကုန်မဲ့အချိန်တွေကို ကျနော်က တတ်နိုင်သမျှချုံ့ပြီးထိထိရောက်ရောက်ပြောင်းလဲပေးနိုင်ပါတယ်။

နောက်တစ်ပိုင်းက ပညာရေးအနေနဲ့
Naing Oo-Muscle Professor Myanmar Fitness Trainer Academy(MFTA) ကနေပြီးတော့

▪️Certified Personal Trainer (CPT)
▪️Fat Loss Specialist (FLS)
▪️Fitness Nutrition Specialist (FNS) တို့နဲ့

City International Fitness Academy (CIFA)ကနေပြီးတော့
▪️Certified Personal Trainer (CPT)
▪️Functional Tools Coach (FTC)
▪️MRC Rehab Express

စတဲ့ Certificate တွေရရှိထားပါတယ်။
အဲ့တာကြောင့် မိတ်ဆွေက လက်ရှိပိန်တဲ့ခန္ဓာကိုယ်ကိုပြောင်းလဲချင်တယ်ဆိုရင် သိပ္ပံနည်းကျပြီးခေတ်မီ "အလုပ်ဖြစ်တဲ့နည်းစနစ်" တွေနဲ့ ကျနော့်ရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး အာမခံပြောင်းလဲပေးပါတယ်ခင်ဗျာ။

Page Messenger -
Phone - 09989774628, 09968502438
Telegram -
Viber - 09968502438
တို့ကိုဆက်သွယ်နိုင်ပါတယ်။






Want your business to be the top-listed Gym/sports Facility in Pathein?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Pathein