

Share

ဖိုက်တာ ဘောလုံးသတင်းနှင့်စီးပွားရေး Group ယံုၾကည္စိတ္ခ်စြာ၂၄ နာရီဝန်ဆောင်မှုဖြင့်ဖိုက်တာမှတစ်ဆင့် စတင်ဆော့ကစားနိုင်ပါပြီ။
Hot line-09787677755,09950749195

21/09/2022

ယူရိုနှင့် လွဲချော်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားမှာ ပါဝင်ရဖို့ ပစ်မှတ်ထားနေတဲ့ ဝက်စ်ပရောင်း

ပြီးခဲ့တဲ့နှစ်က ဥရောပချန်ပီယံရှစ်နှင့် လွဲချော်ရတာက သူ့အတွက် ခံစားရခက်ခဲ့တာဖြစ်ပါတယ်လို့ ဂျိမ်းစ်ဝက်စ်ပရောင်းက ပြောဆိုခဲ့ပြီး အဆိုပါစိတ်ပျက်ရမှုကို အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ရဖို့ စိတ်အားတက်ကြွမှုအဖြစ် လုပ်သွားဆောင်သွားမှာဖြစ်ပါတယ်။ ဝက်စ်ပရောင်းဟာ ပြီးခဲ့တဲ့နှစ် ယူရိုရဲ့ ပဏာမလူစာရင်းမှာ ပါဝင်ခဲ့သော်လည်း ဖိုင်နယ်အထိ ရောက်ရှိကာ အီတလီကို ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံး လူစာရင်းအထိ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
"လက်ခံရခက်ခဲခဲ့ပါတယ်။ ကျွန်တော်ရောက်နေတဲ့ နေရာနဲ့ မျှတအောင်လုပ်ဖို့အတွက် ကြိုးစားရတဲ့ ပုံစံမျိုးပါ၊ ဒါပေမဲ့ အဲ့ဒီလိုလွဲချော်ခဲ့တာကို တွန်းအားတစ်ရပ်အနေနဲ့ အသုံးပြုသွာမှာဖြစ်ပြီး နောက်တစ်ကြိမ်အဲ့လိုမဖြစ်ရလေအောင် သေချာအောင် လုပ်သွားမှာဖြစ်ပါတယ်" လို့ ဝက်စ်ပရောက်က Sky Sports သို့ပြောပါတယ်။
ဝက်စ်ပရောင်းဟာ အီတလီ၊ ဂျာမနီတို့နှင့်ကစားမယ့် အင်္ဂလန်ရဲ့ နေးရှင်းလိဂ်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဆောက်ဂိတ်ရဲ့ အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် အဆိုပါပွဲစဉ် နှစ်ပွဲကို ကစားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအတွက် ရွေးချယ်ခံရမယ်ဆိုရင်တော့ အရမ်းကိုထူးခြားမှာပါလို့ အသက် ၂၇နှစ် အရွယ် ကစားသမားက ပြောပါတယ်။
"လူစာရင်းမှာ ရွေးချယ်ခံရဖို့အတွက် ကျွန်တော်က အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အကောင်းဆုံး လုပ်ထားတယ်လို့ ထင်မိပါတယ်" လို့ သူက ထပ်လောင်း ပြောကြားပါတယ်။ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားတွင် အင်္ဂလန်ဟာ အုပ်စု B မှာ ကျရောက်နေပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အီရန်နှင့် စတင်ကစားရမှာဖြစ်ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

21/09/2022

မွန်ဇာအသင်းနဲ့ ပွဲစဉ်မှာ ပြသခံလိုက်ရတဲ့ အနီကဒ်အတွက် ၂ပွဲပယ် ပြစ်ဒဏ်ချမှတ် ခံရတော့မှာဖြစ်တဲ့ ဒီမာရီယာ

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီမာရီယာက မွန်ဇာအသင်းကို ၁ - ၀နဲ့ ဂျူဗင်တပ်စ်အသင်းက အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်တွင် ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ပြိုင်ဘက် ကစားသမားကို တံတောင်ဖြင့်တွက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးမှ အနီကဒ်ပြသကာ ကွင်းအတွင်းမှာ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပြီး စီးရီးအေဘက်မှ ဒီမာရီယာရဲ့ အနီကဒ်အတွက် ၂ပွဲပယ် ပြစ်ဒဏ်ချမှတ်သွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းက မွန်ဇာအသင်းရဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ ပထမပိုင်း ပွဲချိန်အတွင်း နှစ်ဖက်စလုံးမှ သွင်းဂိုးတွေ ရယူနိုင်ခဲ့ကြသေးခြင်း မရှိခင်မှာ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒီမာရီယာဟာ အနီကဒ်ပြသခံလိုက်ရပြီးနောက် ဂျူဗင်တပ်စ် အသင်းအတွက်တော့ အဓိကနစ်နာမှုတစ်ရပ်ဖြစ်ခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ မွန်ဇာတိုက်စစ်ကစားသမား ဂိုင်ခါဂျာရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ မွန်ဇာအသင်းရဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အပြီး အီတလီစီးရီးအေ သမိုင်းမှာ အစဉ်အလာကြီးမားတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဇယားထိပ်နေရာမှ နာပိုလီအသင်းနဲ့ကြားမှာ ပွဲစဉ် ၈ ပွဲကစား အပြီးမှာပဲ ရမှတ်၇မှတ် အထိ ကွာဟနေခဲ့ ပြီဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် အိန်ဂျယ်ဒီမာရီယာဟာ လာမယ့် နိုင်ငံတကာပွဲစဉ်တွေ ကစားကြမယ့် သီတင်းပတ်၌ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပွဲစဉ် ၂ ပွဲကို ကစားသွားရဖို့ ရှိနေပြီး အဆိုပါ ပွဲစဉ်တွေ ပြီးနောက် ပြန်လည် စတင်ကစားတော့မယ့် စီးရီးအေ ပွဲစဉ်တွေဖြစ်တဲ့ ဘိုလော့နာအသင်း အပါအဝင် လက်ရှိချန်ပီယံ အေစီမီလန်အသင်းတိုနဲ့ ကစားရမယ့် ပွဲစဉ်တွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားခွင့်ကနေ လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

21/09/2022

အပြောင်းအရွှေ့ပိတ်သိမ်းဖို့ ၆နာရီအလိုမှ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရမယ့် အကြောင်းသိခဲ့ရတယ်လို့ ဆိုလိုက်တဲ့ ဇာခါရီယာ

ပရီမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ဂျူဗင်တပ်စ်အသင်းမှာ အံဝင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား ဒန်းနစ်ဇာခါရီယာ ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်က နောက်ဆုံး ၆နာရီ အလိုမှသာ လန်ဒန်ကလပ်ကို ပြောင်းရွှေ့ကစားခွင့်ရမယ့်အကြောင်းသိခဲ့ရတာ ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ဒန်းနစ် ဇာခါရီယာဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းကို မိုချန်ဂလာဘတ် အသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးတော့ တူရင်မြို့ခံကလပ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်း မရှိဘဲ ၁၅ပွဲသာ ဝင်ရောက် ကစားပေးခွင့် ရထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၂ စက်တင်ဘာ လ ၁ရက်နေ့ အစောပိုင်းတွင်မှ ဇာခါရီယာက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကစားခွင့် ရမယ့်အကြောင်းကို အိပ်ယာက နိုးနိုးချင်း သိခဲ့ရတဲ့ အကြောင်းကို ပြန်ပြောင်းပြောဆိုထားခဲ့ပြီး ဇာခါရီယာဟာ ချဲလ်ဆီးအသင်းကို ငှားရမ်းခ ယူရို၃သန်း အပြင် ယူရို ၂၈သန်း + ၅ သန်းစာချုပ် ဖြင့် ပြောင်းရွှေ့ခွင့် ရထားခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကို အငှားစာချုပ်ဖြင့် ရောက်ရှိလာတဲ့ ဇာခါရီယာက ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအရွှေ့ အခြေအနေနဲ့ ပတ်သက်လို့“အပြောင်းအရွှေ့ဖြစ်ပျက်သွားတာက အရမ်းကို လျှင်မြန်လွန်းခဲ့ပါတယ်။ ကျွန်တော်ဆို အပြောင်းအရွှေ့ ကာလပိတ်သိမ်းဖို့ နောက်ဆုံး ၆နာရီလောက် အရောက်မှပဲ ချဲလ်ဆီးအသင်းကို အငှားသွားရောက် ကစားခွင့် ရမယ့် အကြောင်း သိခဲ့ရတာပါ” “နောက်ပြီးတော့ ကျွန်တော် အထုပ်အပိုးတွေ ပြင်ဆင်ပြီး တူရင်မှာပဲ ဆေးစစ်မှု ပြုလုပ်ကာ အငှားစာချူပ် အပေါ်မှာလက်မှတ် ထိုးဖို့ စောင့်နေခဲ့မိတာပါ”လို့ပြန်ပြောင်း ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

21/09/2022

အာဆင်နယ်နဲ့အတူ ပုံစံကောင်းပြသနေပေမယ့် ဘရာဇီးလူစာရင်းမှာ မပါဝင်တဲ့အပေါ် ဂျီးဆပ်စ် ထုတ်ဖော်ပြောကြားလာ

အာဆင်နယ်တိုက်စစ်မှူးသစ် ဂျီးဆပ်စ်ဟာ အသင်းနဲ့အတူ ၇ ပွဲမှာ ၄ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးထားနိုင်ခဲ့ပေမယ့် ဂါနာ၊ တူနီးရှားတို့နဲ့ ကစားမယ့်ခြေစမ်းပွဲအတွက် ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်စ်က သူ့အနေနဲ့ ဘာမှအရမ်းမခံစားရသလို တစ်တီရဲ့အသင်းမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
“နည်းပြရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပြီးသားပါ။ တစ်တီကိုလည်း လေးစားသလို အကုန်လုံးကို လေးစားပါတယ်။ ကျွန်တော်ပြောသလို ကျွန်တော်က ဘရာဇီးသားပါ။ အသင်းမှာ အမြဲတမ်းအမြစ်တွယ်နေမှာပါ။ ကျွန်တော် အခြားကစားသမားတွေကို လေးစားပါတယ်။ သူတို့မှာလည်း အရည်အချင်းကောင်းတွေရှိကြပါတယ်။ အခွင့်အရေးရလာအောင် အခုထက်ပိုပြီး ကြိုးစားသွားမှာပါ”လို့ ဂျီးဆပ်စ်က ပြောကြားခဲ့ပါတယ်။
ဂျီးဆပ်စ်ဟာ လာမယ့်ကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက် အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်လာဖွယ်ရှိနေပြီး ရစ်ချာလီဆင်၊ ဖာမီနို၊ ပက်ဒရိုတို့နဲ့အတူ ဦးဆောင်လာဖွယ်ရှိနေပါတယ်။
ဘရာဇီးသားဟာ အသင်းအတွက် ၅၆ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၁၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။ နိုင်ငံအသင်းအတွက် မကစားပေးရတာကြောင့် ဂျီးဆပ်စ်ဟာ လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာကစားမယ့် လန်ဒန်ဒါဘီပွဲကို အင်ပြည့်အားပြည့်ပါဝင်နိုင်မှာဖြစ်ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

19/09/2022

iBet789 မှာ အကောင့်ဖွင့်ကာ ဆော့ကစားဖို့ အခုပဲ Fighter Page ရဲ့ Hotline viber ကိုဆက်သွယ်လိုက်ပါနော်။
ညီမလေးတို့ရဲ့ Fighter Page က ငွေသွင်းငွေထုတ်(100% ယုံကြည်စိတ်ချရမှု)နှင့် (၂၄နာရီ) ဝန်ဆောင်မှုပေးနေပါတယ်နော်....

🔺 Fighter iBet789 Agent🔺
☎{Hot Line -Viber & Mobile} -09:951614450, 09:787677755, 09:950750533
☎{Mobile} - 09:763199067, 09:950749195, 09:787675678

=======================================

19/09/2022

အေစီမီလန်ကို အနိုင်ရလိုက်တဲ့ နာပိုလီ၊ ဂျူဗင်တပ်စ်ကို ရမှတ်ဗလာ အိမ်ပြန်စေခဲ့တဲ့ မွန်ဇာ၊ အင်တာကို ရမှတ်ခွဲမပေးခဲ့တဲ့ အူဒီးနီးစ်

အီတလီစီးရီးအေပြိုင်ပွဲရဲ့ တနင်္ဂနွေညမှာတော့ အသင်းကြီးတွေ ရဲ့ ပွဲစဉ်တွေ ကစားခဲ့ကြပြီး နာပိုလီက အေစီမီလန်အသင်းကို ၂ဂိုး - ၁ဂိုး နဲ့ အနိုင်ရခဲ့သလို၊ တန်းတက်မွန်ဇာအသင်းက အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်အသင်းကို ၁ - ၀ နဲ့ အနိုင်ကန်နိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ် ပရိတ်သတ်တွေကို မှင်သက်မိစေခဲ့ပြီး၊ အင်တာ ကိုလည်း အူဒီးနိစ် အသင်းက ၃ဂိုး - ၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် စီးရီးအေပြိုင်ပွဲမှာ အသင်းကြီးတွေ ရလဒ်မကောင်းခဲ့ကြဘဲ ကမောက်ကမ ရလဒ်တွေနဲ့ ပွဲဆူစေခဲ့တဲ့ သီတင်းပတ်တစ်ခုကို ဖြတ်သန်းခဲ့ရတာပဲ ဖြစ်ပါတယ်။
ဆန်ဆီယို ကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇယားထိပ်ပိုင်း ၄နေရာအတွင်းမှာ ရပ်တည်နေခဲ့ကြပြီး ခြေစွမ်းကောင်းတွေ ရရှိနေကြတဲ့ အေစီမီလန်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ပွဲစဉ်မှာ နာပိုလီအသင်းက အေစီမီလန်အသင်းကို ဒုတိယပိုင်းပွဲချိန် ရဲ့ ၅၈ မိနစ်အရောက်မှာ ပင်နယ်တီကနေ ပိုလီတာနိုရဲ့ အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၇၀အရောက်မှာ အေစီမီလန် တိုက်စစ် ကစားသမား ဂျီရော့ဒ် ပြန်လည် ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၁ဂိုး စီသရေဖြစ်နေ ခဲ့ပေမဲ့ ပွဲချိန် ၇၈ မိနစ်မှာ နာပိုလီအသင်းနဲ့အတူ အထူးခြေစွမ်းပြ ကစားနေနိုင်တဲ့ ဂျူနီယာဆီမြွန်နီက ဂိုးထပ်မံသွင်းယူခဲ့တာကြောင့် အေစီမီလန်တို့ အရေးနိမ်ခဲ့ကြ ရပါတယ်။
မွန်ဇာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ရတဲ့ မက်စီမီလန်နိုအယ်လီဂရီရဲ့ ဂျူဗင်တပ်စ် အသင်းကတော့ အိမ်ရှင် မွန်ဇာ အသင်းကို ပထမပိုင်းပွဲချိန်နှောင်းပိုင်းမှာ အဓိက ကစားသမား ဒီမာရီယာ ထုတ်ခံခဲ့ရမှု နဲ့အတူ ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ် အရောက်မှာ မွန်ဇာတိုက်စစ်ကစားသမား ဂိုင်ခါဂျာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြစ် အရေးနိမ့်ခဲ့ရပြီး ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီအတွက်တော့ ဖိအားတစ်ပုံတစ်အော ရရှိသွားစေခဲ့တာလည်း ဖြစ်ပါတယ်။
အူဒီးနီးစ်အသင်းနဲ့ အင်တာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဘာရယ်လာက ပွဲချိန်စလို့ ၅မိနစ်အတွင်းမှာပဲ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပေမယ့် ပွဲချိန် ၂၂ မိနစ်အရောက်မှာ အင်တာနောက်တန်းကစားသမား စကရင်နီယာ ကိုယ့်ဂိုးကို ပြန်လည် သွင်းယူမိခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ တစ်ဖက် ၁ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် ၈၅ မိနစ် မှာ ဘီဂျော်လ်၊ ပွဲချိန် ၉၀+၃ မိနစ်မှာ အာစ်လန် တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင် အူဒီးနီးစ် အသင်း က ၃ဂိုး - ၁ဂိုး နဲ့ ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

19/09/2022

အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဗယ်လ်ဗာဒီ ရဲ့ စွမ်းဆောင်ရည်

ဘောလုံးပေးပို့အောင်မြင်မှု ၉၀%
မြေပြင်ယှဉ်လုယူနိုင်မှု ၁၀၀%
ခေါင်းယှဉ်တိုက်ရာတွင် အောင်မြင်မှု ၃ကြိမ်
ဂိုးပေါက်ကန်သွင်းမှု ၂ကြိမ်
ဘောလုံးလိမ်ခေါက် ကျော်ဖြတ်မှု ၁၀၀% (၁/၁)
ဘောလုံးလျှောထိုး ဖြတ်ထုတ်မှု ၁ကြိမ်
သွင်းဂိုး ၁ဂိုး

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

19/09/2022

ဇာဘီကို နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်တဲ့ ဘရိုက်တန်

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းက ချဲလ်ဆီးအသင်းရဲ့နည်းပြချူပ်တာဝန်ကို ကိုင်တွယ်နေပြီဖြစ်တဲ့ ဂရေဟမ်ပေါ့တာနေရာ အား အစားထိုးသည့်အနေဖြင့် ရှက်တာဒိုးနက် နည်းပြ ရော်ဘက်တို ဒီဇာဘီကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါပြီ။
*ဘရိုက်တန်အသင်း က ဇာဘီကို ၂၀၂၆ ခုနှစ်အထိ စာချူပ် ချူပ်ဆိုသွားမှာ ဖြစ်ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

19/09/2022

ဂွတ်ဒီဆင်ပါ့ခ်မှာ မူပေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန်

အဲဗာတန် ၁ - ၀ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
မူပေး ၅၄မိနစ်
ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းက ဒုတိယပိုင်းမှာတော့ ပထမပိုင်းကလောက် အချိတ်အဆက်မမိတော့တာကို တွေ့ခဲ့ရပါတယ်။ အဲဗာတန်အသင်းအနေနဲ့တော့ တစ်ပွဲလုံးပျောက်နေခဲ့တဲ့ မူပေးက ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ အီဝိုဘီရဲ့ ပေးပို့မှုကနေ တစ်ချက်ထိန်းကာ ကန်သွင်းယူခဲ့ရာ ဝက်စ်ဟမ်းဂိုးသမား ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ အဲဗာတန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ရယူပေးသွားခဲ့တာကြောင့် လမ်းပတ်အတွက်တော့ ဂွတ်ဒီဆင်ပါ့ခ်မှာ အသက်ရှုချောင်စေမယ့် အနိုင်၃မှတ်ကို အပြည့်ရယူနိုင်ခဲ့ပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

19/09/2022

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ နိုင်ပွဲရအောင်ယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အက်သလက်တီကိုအား မက်ဒရစ်ဒါဘီမှာ ၂-၁ဂိုးနဲ့ အနိုင်ယူကာ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ရီးရဲလ်ဟာ ယခုနှစ်ရာသီ ပြည်တွင်းနဲ့ ဥရောပပွဲစဉ်တွေမှာ နိုင်ပွဲ၁၀၀%ရထားတဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပွဲချိန် ၁၇မိနစ်မှာတင် ဘရာဇီးသား ရိုဒရီဂိုက ချူအာမီနီရဲ့ ပေးပို့မှုကနေ ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာ ရီးရဲလ်က ဒုတိယဂိုးရခဲ့ပြီး ဗင်နီစီးယက်စ်ရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို ဗယ်ဗာဒီက ထပ်မံပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဟာမိုနီတစ်ယောက် လူစားဝင်လာပြီး အက်သလက်တီကိုအတွက် ချေပဂိုး သွင်းပေးခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ၂ဝါ၁နီနဲ့ ထုတ်ခံခဲ့ရတာကြောင့် တီကိုတို့ ချေပဂိုး ထပ်မရတော့ဘဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

18/09/2022

စီးရီးအေ ပွဲစဉ် (၇) မှ ဖီအိုရင်တီးနား - ဗီရိုနာ အသင်းတို့၏ ပွဲကြိုခန့်မှန်းချက် (ည ရး၃၀)

ဖီအိုရင်တီးနား ဒဏ်ရာရလူစာရင်း - ဘန်နက်စီ၊ ကတ်စ်ထရိုဗီလီ၊ ဒိုဒို(သေချာပေါက်လွဲ)၊ အီဂေါ(ပွဲပယ်)၊ ဂွန်ဇာလက်ဇ်၊ ဆော့တေး၊ ဇာကော့စကီး(မသေချာ)
ဗီရိုနာ ဒဏ်ရာရလူစာရင်း - ချက်ချာရီနီ၊ ဗယ်လော့ဆို(မသေချာ)

ထူးခြားချက်များ
========
ဖီအိုရင်တီးနားအသင်းဟာ ဗီရိုနာနဲ့ ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံအိမ်ကွင်း နောက်ဆုံး၃ပွဲဆက် သရေကျထားပါတယ်။

ခန့်မှန်းချက်
==========
ဖီအိုရင်တီးနားတို့ နောက်ဆုံး၂ပွဲဆက် ဂိုးပြတ်တွေ ရှုံးခဲ့ပြီး ၅ဂိုးအထိ ပေးခဲ့ရတာကြောင့် ယနေ့ညပွဲမှာတော့ ခံစစ်ကို အထူးပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဗီရိုနာကတော့ pressing ကစားပုံကောင်း ပြသထားပေမယ့် ၁ပွဲသာ နိုင်သေးပြီး လာဇီယိုနဲ့ပွဲတုန်းကလည်း ခြေစွမ်းကောင်းရဲ့သားနဲ့ ရှုံးခဲ့ပါတယ်။ ဖီအိုရင်တီးနားရဲ့ လက်ရှိ ခြေစွမ်းအရ ဗီရိုနာတို့ အဝေးကွင်းမှာ သရေ၁မှတ်ရနိုင်လို့ ဧည့်သည်ကို ရွေးချယ်ပေးချင်ပါတယ်။
ဖီအိုရင်တီးနား - ဗီရိုနာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
------------------------------------------------------------
ဖီအိုရင်တီးနား ၁ - ၁ ဗီရိုနာ (၆-မတ်-၂၀၂၂)
ဗီရိုနာ ၁ - ၁ ဖီအိုရင်တီးနား (၂၃-ဒီဇင်ဘာ-၂၀၂၁)
ဗီရိုနာ ၁ - ၂ ဖီအိုရင်တီးနား (၂၁-ဧပြီ-၂၀၂၁)
ဖီအိုရင်တီးနား ၁ - ၁ ဗီရိုနာ (၁၉-ဒီဇင်ဘာ-၂၀၂၀)
ဖီအိုရင်တီးနား ၁ - ၁ ဗီရိုနာ (၁၃-ဇူလိုင်-၂၀၂၀)


ဖီအိုရင်တီးနား နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------------
ဘက်စ်ကီးရှီးယား ၃ - ၀ ဖီအိုရင်တီးနား (၁၆-စက်တင်ဘာ-၂၀၂၂)
ဘိုလော့ဂ်နာ ၂ - ၁ ဖီအိုရင်တီးနား (၁၁-စက်တင်ဘာ-၂၀၂၂)
ဖီအိုရင်တီးနား ၁ - ၁ ရီးဂတ်စ် စကိုလာ (၈-စက်တင်ဘာ-၂၀၂၂)
ဖီအိုရင်တီးနား ၁ - ၁ ဂျူဗင်တပ်စ် (၃-စက်တင်ဘာ-၂၀၂၂)
အူဒီးနီးစ် ၁ - ၀ ဖီအိုရင်တီးနား (၃၁-သြဂုတ်-၂၀၂၂)

ဗီရိုနာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
လာဇီယို ၂ - ၀ ဗီရိုနာ (၁၁-စက်တင်ဘာ-၂၀၂၂)
ဗီရိုနာ ၂ - ၁ ဆမ်ဒိုးရီးယား (၄-စက်တင်ဘာ-၂၀၂၂)
အမ်ပိုလီ ၁ - ၁ ဗီရိုနာ (၃၁-သြဂုတ်-၂၀၂၂)
ဗီရိုနာ ၀ - ၁ အတ္တလန္တာ (၂၈-သြဂုတ်-၂၀၂၂)
ဘိုလော့ဂ်နာ ၁ - ၁ ဗီရိုနာ (၂၂-သြဂုတ်-၂၀၂၂)

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

18/09/2022

စီးရီးအေ ပွဲစဉ် (၇) မှ ခရီမိုနက်စ် - လာဇီယို အသင်းတို့၏ ပွဲကြိုခန့်မှန်းချက် (ည ရး၃၀)

ခရီမိုနက်စ် ဒဏ်ရာရလူစာရင်း - ဆာနက်ဆက်ချီ(သေချာပေါက်လွဲ)၊ ဘီယန်ချက်တီ၊ ဂီလိုနီ(မသချော)
လာဇီယို ဒဏ်ရာရလူစာရင်း - လက်ဇာရီ၊ ဖားစ်(သေချာပေါက်လွဲ)၊ ဇက်ကာဂနီ(မသေချာ)

ထူးခြားချက်များ
========
လာဇီယိုအသင်းဟာ စီးရီးအေ အဝေးကွင်း နောက်ဆုံး၃ပွဲ သရေကျထားပါတယ်။

ခရီမိုနက်စ်အသင်းဟာ စီးရီးအေ နောက်ဆုံး၆ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

ခန့်မှန်းချက်
==========
ခရီနိုနက်စ်တို့ အတ္တလန္တာနဲ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ကာ အဝေးကွင်းမှာ သရေ၁မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လာဇီယိုကတော့ ယူရိုပါလိဂ်မှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ယနေ့ည ခရီမိုနက်စ်အပေါ် ပေါက်ကွဲပြလာမလား စောင့်ကြည့်ရမှာပါ။ ခရီမိုနက်စ် အတ္တလန္တာကို သရေရခဲ့ပေမဲ့ စီးရီးအေမှာ ခြေမှန်နေတဲ့ လာဇီယိုကို တောင့်ခံနိုင်ဖို့ခက်လို့ ဧည့်သည်ကို ကြိုက်ပါတယ်။

ခရီမိုနက်စ် - လာဇီယို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
------------------------------------------------------------
လာဇီယို ၄ - ၀ ခရီမိုနက်စ် (၁၄-ဇန်နဝါရီ-၂၀၂၀)

ခရီမိုနက်စ် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
အတ္တလန္တာ ၁ - ၁ ခရီမိုနက်စ် (၁၁-စက်တင်ဘာ-၂၀၂၂)
ခရီမိုနက်စ် ၀ - ၀ ဆက်ဆူအိုလို (၄-စက်တင်ဘာ-၂၀၂၂)
အင်တာမီလန် ၃ - ၁ ခရီမိုနက်စ် (၃၁-သြဂုတ်-၂၀၂၂)
ခရီမိုနက်စ် ၁ - ၂ တိုရီနို (၂၇-သြဂုတ်-၂၀၂၂)
ရိုးမား ၁ - ၀ ခရီမိုနက်စ် (၂၂-သြဂုတ်-၂၀၂၂)

လာဇီယို နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
လာဇီယို ၂ - ၀ ဗီရိုနာ (၁၁-စက်တင်ဘာ-၂၀၂၂)
လာဇီယို ၄ - ၂ ဖီယင်နု (၉-စက်တင်ဘာ-၂၀၂၂)
လာဇီယို ၁ - ၂ နာပိုလီ (၄-စက်တင်ဘာ-၂၀၂၂)
ဆမ်ဒိုးရီးယား ၁ - ၁ လာဇီယို (၃၁-သြဂုတ်-၂၀၂၂)
လာဇီယို ၃ - ၁ အင်တာမီလန် (၂၇-သြဂုတ်-၂၀၂၂)

Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''

Want your business to be the top-listed Gym/sports Facility in Sagaing?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Inwa
Sagaing
11181