TMO Education center

TMO Education center TMO Engineering Survey Training

17/09/2026
🌏  မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် 🌏ရန်ကုန်မြို့ထဲကနေ ပြည်လမ်းအတိုင်း ထောက်ကြန့်ဖက်သို့ မော်တော်ယာဉ်နဲ့ သွားရင် ကျိ...
17/09/2026

🌏 မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် 🌏

ရန်ကုန်မြို့ထဲကနေ ပြည်လမ်းအတိုင်း ထောက်ကြန့်ဖက်သို့ မော်တော်ယာဉ်နဲ့ သွားရင် ကျိုက္ကလဲ့ စေတီ -> ကျိုက္ကလို့စေတီ -> ဝါယာလက်စျေး -> ဗိုလ်ရွေးစခန်း (ငွေယားတောင်) အလွန်၊ ငါးကန်လမ်းဆုံ မီးပွိုင့်မရောက်ခင် ဘယ်ဖက်အခြမ်းမှာ မြေတိုင်းဦးစီးဌါန ခြံဝင်းကို တွေ့ပါလိမ့်မယ်။

မြေတိုင်းဦးစီးဌါန ခြံဝင်းထဲမှာ အစိမ်းရောင် ဆိုင်းဘုတ် တစ်ခု စိုက်ထူထားတယ်။
ဆိုင်းဘုတ်မှာ ရေးထားတဲ့ စားသားက -

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌါန
မြေတိုင်း ဦးစီးဌါန
မြန်မာနိုင်ငံ မူလမြေတိုင်းမှတ်တိုင်
Initial Geodetic Station of Myanmar
(ပုံ - ၁)

အဲ့ဒီခြံဝင်းထဲမှာ အဖြူရောင်ဆေး သုတ်ထားတဲ့ ဆလင်ဒါ ပုံသဏ္ဌာန် အဆောက်အဦးတစ်ခု ရှိပါတယ်။
(ပုံ - ၂)

အဆောက်အဦး အထဲက ကြမ်းပြင်မှာ ကြေးပြားအဝိုင်း တစ်ခု ရှိတယ်။ ကြေးပြားအဝိုင်းမှာ အပေါင်းလက္ခဏာလိုမျိုး ‘+’ အရပ်လေးမျက်နာ နဲ့ North လို့ ရေးထွင်းပြီး အောက်ဖက်မှာ Survey department လို့ ရေးထွင်းထားတယ်။
(ပုံ - ၃) (ပုံ - ၄)

အဲ့ဒီ အမှတ်အသား နေရာသည် မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် ဖြစ်ကြောင်း သိရတယ်။
ရန်ကုန်မြို့ မြေပုံမှာ အဲ့ဒီနေရာကို ‘Geodetic Station ၊ BM 59007’ လို့ ဖေါ်ပြထားတယ်။

အဲ့ဒီကြေးပြားအဝိုင်းလေးကို မူတည်ပြီး ဆလိုင်ဒါ ပုံသဏ္ဌာန်မျိုး အဆောက်အဦး ဆောက်ထားတယ်။ အဆောက်အဦးအပေါ်ဖက် ကြမ်းပြင် အလယ်မှာ စတုရန်းပုံ အပေါက်ရှိပြီး အဲ့ဒီအပေါက်ကနေ အောက်ဖက်သို့ ခေါင်းငုံ့ကြည့်ရင် ကြမ်းပြင်မှာ ရှိတဲ့ ကြေးပြားအဝိုင်းကို မြင်ရတယ်။

အပေါ်ဖက်ကြမ်းပြင်က အပေါက်နဲ့ အောက်ဖက်ကြမ်းပြင်ပေါ်က ကြေးပြား တည်ရှိရာ အကွာအဝေးသည် 6~7m လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
(ပုံ - ၅)

အပေါ်ဖက် ကြမ်းပြင် အပေါက်ကနေ tripod ထောင်၍ ကြေးပြားပေါ်က ‘+’ အလယ်မှတ်နဲ့ တည့်နေအောင် ချိန်ကိုက်ရပြီး tripod မှာ မြေတိုင်းတာခြင်းလုပ်ငန်းမှာ အသုံးပြုတဲ့ device များ၊ ကောင်ကင်ပေါ်မှာရှိတဲ့ ဂြိုလ်တုများနဲ့ ဆက်သွယ်နိုင်တဲ့ device များကို တပ်
ဆင်၍ အသုံးပြုရတယ်လို့ သိရပါတယ်။

မူလမြေတိုင်းမှတ်တိုင် အမှတ်အသား ရှိရာနေရာကို မူတည်ပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦး နံရံက ကဗ္ဗည်းထိုးထားတဲ့ ကြေးပြားမှာ ရေးထွင်းထားတဲ့ စာသားက -

Initial Geodetic Station of Myanmar
This GPS station was selected to be an initial station of Myanmar Datum 2000.
Datum 2000 is a horizontal geodetic datum in Everest 1830 ellipsoid.
This station (Ngweya Thaung H.S) is used as an initial geodetic station of which geoid ellipsoid separation value is 0.00m.
This geodetic station was established in 1927 and renovated in 2003.
(ပုံ - ၆)

မြန်မာလို ဘာသာပြန်ကြည့်ရင် -

မြန်မာနိုင်ငံ၏ ကနဦး Geodetic စခန်း

ဤ GPS စခန်းအား Myanmar Datum 2000 ၏ ကနဦး station အဖြစ် ရွေးချယ်ခဲ့သည်။

Datum 2000 သည် Everest 1830 ellipsoid ရှိ အလျားလိုက် geodetic datum ဖြစ်သည်။

‘Ngwe Ya Thaung’ Hill Station ကို မူလ geodetic station တစ်ခုအဖြစ် အသုံးပြုထားပြီး ဘူမိအလျားလိုက် ခြားနားမှုတန်ဖိုးမှာ 0.00 မီတာဖြစ်သည်။

ဤဘူမိဗေဒဆိုင်ရာ station ကို 1927 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး 2003 ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။

ဆလင်ဒါ ပုံသဏ္ဌာန် အဆောက်အဦးရဲ့ မြောက်ဖက်အရပ် မလမ်းမကမ်းမှာ နောက်ထပ် မြေတိုင်းမှတ်တိုင်တခု ရှိပါတယ်။
(ပုံ - ၇)

အဲဒီမြေတိုင်းမှတ်တိုင်ရှိရာ ကြမ်းပြင်အင်္ဂတေမှာ ရေးထွင်းတာကတော့ -
‘မြေတိုင်းဌါန
နိမ့်မြင့်မှတ်တိုင်’
လို့ ရေးထွင်းထားပြီး အခြားတဖက်မှာ -
‘အမှတ် ၅၉၀၀၈
အမြင့်ပေ _____’
လို့ ရေးထွင်းထားတယ်။

ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာဂြိုလ်သည် လုံးဝန်းသော ပုံသဏ္ဌာန် ရှိတယ်၊ သို့သော် လုံးစက်နေတဲ့ စက်လုံး (sphere) လို မဟုတ်ဘဲ မျက်နှာပြင်သည် အနည်းငယ် မညီမညာ ဖြစ်နေတဲ့ ပုံသဏ္ဌာန်မျိုး၊
ဥပမာ - သစ်တော်သီး လိုမျိုးလို့ ပထဝီဝင်ဘာသာရပ်မှာ သင်ယူခဲ့ရတယ်။

ကမ္ဘာဂြိုလ်ရဲ့ equator မျဉ်း (Horizontal length) လို့ သတ်မှတ်ထားတဲ့ အကျယ်သည် meridian မျဉ်း (vertical length) ထက် အနည်းငယ် ပိုရှည်တယ်လို့ ပညာရှင်တွေက တိုင်းတာတွက်ချက်ထားပါတယ်။

တိုင်းတာတွက်ချက်လို့ သိရှိလာမှုအရ ပညာရှင်များသည် ကမ္ဘာလုံးရဲ့ ပုံသဏ္ဌာန်ကို squash/ ellipsoid/ spheroid/ oblate လို့ ပြောင်းလဲ ရေးသားလာကြတယ်။

ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က တောတောင်ရေမြေအနေအထားတွေကို {3 dimensions} အဖြစ်ကနေ —> [2 dimensions] အဖြစ် စာရွက်ပေါ်မှာ ရေးဆွဲဖေါ်ပြရတဲ့အခါ ပုံသဏ္ဌာန် အနေဖြင့် ရေးဆွဲလို့ ရသော်လည်း အတိုင်းအတာ တိတိကျကျ ဖြစ်ဖို့အတွက်ကတော့ အခက်အခဲ ရှိပါတယ်။

ခုံးနေတဲ့ မြေပြင်ပေါ်က အကွာအဝေးတွေကို ပြင်ညီစာရွက်ပေါ်မှာ ဖေါ်ပြရင် သွေဖီမှုတွေ မတိကျမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ခေတ်အဆက်ဆက်မှာ တွေးခေါ်နိုင်စွမ်း ရှိတဲ့သူတွေက စာရွက်ပေါ်မှာ ကမ္ဘာ့မြေပုံတွေ ရေးဆွဲပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးပြုခဲ့ပြီး ဖြစ်တာကို ကျွန်တော်တို့ သိခဲ့ပြီးပါပြီ။

သူတို့တတွေ ဘယ်လိုလုပ်ပြီး မြေပုံတွေ ရေးဆွဲခဲ့တာလဲ ဆိုတာကို ရှာဖွေလေ့လာဖတ်ရှုကြည့်တဲ့အခါ ခုံးနေတဲ့ အနေအထားတွေက ပုံသဏ္ဌာန်တွေကို ပြင်ညီမျက်နှာပြင်မှာ ဖေါ်ပြနိုင်ဖို့အတွက် အရိပ်ချစနစ် (map projection) အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အရိပ်ချတဲ့ စနစ်ကို ပုံမှာ ဖေါ်ပြထားပါတယ်။ ပုံနဲ့ တွဲကြည့်မှသာ နားလည်မှာပါ။

အဓိကအားဖြင့် အရိပ်ချစနစ် (၃)မျိုး ရှိပါတယ်။
(၁) ကတော့ပုံ အရိပ်ချစနစ် (Conical Projection)။
(၂) ဆလင်ဒါ အရိပ်ချစနစ် (Cylinderical Projection)။
(၃) ပြင်ညီ အရိပ်ချစနစ် (Plane Projection)။
(ပုံ - ၈)

မြန်မာနိုင်ငံ မြေပုံမှာ အသုံးပြုခဲ့တဲ့ အရိပ်ချစနစ်ကတော့ ကတော့ပုံ အရိပ်ချစနစ် ဖြစ်တဲ့ Lambert Conical Orthomorphic Projection ဖြစ်ပါတယ်။

အရိပ်ချစနစ်တွေထဲက Gerardus Mercator ဆိုသူရဲ့ အရိပ်ချစနစ် (Mercator's projection) သည် အသုံးအများဆုံး ဖြစ်ခဲ့ပြီး ရေကြောင်းသွားလာသူတို့အတွက် အလွန် အသုံးတည့်တယ်လို့ သိရပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ တီထွင်မှုတွေကလည်း တိုးတက်လာပြီး အသုံးပြုကြတဲ့ နည်းစနစ်တွေလည်း ပြောင်းလဲလာပါတယ်။

ကောင်းကင်ပေါ်သို့ ဂြိုတ်တုတွေ လွတ်တင်ပြီး ဂြိုလ်တုတွေက ကမ္ဘာဂြိုလ်ကို နည်းလမ်းအမျိုးအမျိုးမျိုးနဲ့ ပတ်၍ ပထီဝင်ဝင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတယ်။

ဂြိုလ်တုတွေ သွားလာတဲ့ အခြေအနေတွေသည် ကမ္ဘာလုံးကြီးရဲ့ နေရာဒေသအလိုက် မတူညီတာကို တွေ့ရှိလာတဲ့အခါ သိပ္ပံပညာရှင်များက ဒီလိုဖြစ်ရခြင်းသည် ကမ္ဘာမြေကြီး၏ ဆွဲအားအရှိန်သည် နေရာဒေသအလိုက် တသမတ်တည်း မတူညီခြင်းကြောင့် ဖြစ်ရတယ်လို့ သိလာကြတယ်။

ဒီလို ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အား မတူညီရခြင်းသည် ကမ္ဘာ့မြေပြင်အောက်မှာရှိတဲ့ ဒြပ်ထုများရဲ့ သိပ်သည်းဆ (density) မတူညီတဲ့အတွက် ကမ္ဘာကြီးရဲ့ ဆွဲငင်တဲ့အရှိန် (acceleration due to gravity) သည်လည်း နေရာဒေသအလိုက် မတူညီတာကို သိပ္ပံပညာရှင်တွေ သိရှိလာကြတယ်။
(ပုံ -၉)

သိပ္ပံပညာရှင်များသည် ကမ္ဘာ့မြေပြင်ရဲ့ ဆွဲငင်အားကို စမ်းသပ်တိုင်းတာတွက် ချက်ပြီး ကမ္ဘာလုံးကြီးရဲ့ ပုံသဏ္ဌာန်ကို နောက်ထပ် မော်ဒယ် အသစ်တခုအနေနဲ့ ဖေါ်ပြလာကြပြန်တယ်။

အဲ့ဒီပုံသဏ္ဌာန်ကို Geoid လို့ အမည်ပေးတယ်။ ဥပမာ ပေးရရင် အားလုံးသီးတလုံးနဲ့ ဆင်ပါတယ်။ Geoid လို့ သတ်မှတ်တဲ့ ကမ္ဘာလုံးကြီးရဲ့ မျက်နှာပြင်သည် ကမ္ဘာမြေကြီးရဲ့ မျက်နှာပြင်ကို ကုန်းမြေလို့ မယူဆတော့ဘဲ ရေအတိ ဖုံးလွှမ်းတဲ့ ပင်လယ်ပြင်ကဲ့သို့ ပုံဖေါ်ထားသလိုမျိုး (Mean sea level) နဲ့ သဏ္ဌာန်တူပါတယ်။
(ပုံ - ၁၀)

ဒီ Geoid လို့ ခေါ်တဲ့ ကမ္ဘာလုံး ပုံသဏ္ဌာန်ကို လေ့လာကြည့်တဲ့အခါ အိန္ဒိယ သမုဒ္ဒရာ၊ သီရိလင်္ကာနိုင်ငံနားက ရေပြင်တဝိုက်မှာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားအရှိန် အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
(ပုံ - ၁၁)

ဘာဖြစ်လို့ ဆွဲအားနည်းရတာလဲ အကြောင်းရင်းကို သိဖို့အတွက် သိပ္ပံပညာရှင်တွေ ရေပြင်သို့ သွားပြီး လေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိ ချက်တွေသည်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ စိတ်ဝင်စားသူများ Google, YouTube တွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

Geoid ရဲ့ ပုံသဏ္ဌာန်ကို သိရှိပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ပညာရှင်များသည် ကမ္ဘာ့မြေပြင်မှာ အမှန်
တကယ် တည်ရှိနေတဲ့ ကမ္ဘာ့မြေပြင်ရဲ့ ပုံသဏ္ဌာန် (Globe)၊
အီကွေတာမျဉ်းလို့ သတ်မှတ်ထားတဲ့ အလျားလိုက် အကျယ်နဲ့ မရီဒီယန်မျဉ်းလို့ သတ်မှတ်ထားတဲ့ ဒေါင်လိုက်အကျယ်ကို ပေါင်းစပ်ပြီး တိုင်းတာတွက်ချက်လို့ ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဌာန် (Spheroid)၊
ကမ္ဘာကြီးရဲ့ ဆွဲငင်တဲ့အရှိန်ကို အခြေခံပြီး ပုံဖေါ်ထားတဲ့ ပုံသဏ္ဌာန် (Geoid)၊
တို့ကို ထပ်ပြီး geographic coordinate system တခုကို အကောင်အထည် ဖေါ်ခဲ့တယ်။

အဲ့ဒီ coordinate system ကို
(UTM) Universal Transverse Mercator လို့ အမည်ပေးတယ်။
ဒီ system မှာ အလျားလိုက် ဆလင်ဒါ အရိပ်ချစနစ် ကို အသုံးပြုထားပြီး ကမ္ဘာကြီးကို ဒေါင်လိုက် အစိပ်ပေါင်း (၆၀) ပိုင်းခြားထားပြီး အလျားလိုက် A ကနေ Z အထိ (၂၆) စိပ် ပိုင်းခြားထားတယ်။
(ပုံ - ၁၂)

UTM coordination system အရ မြန်မာနိုင်ငံသည် ဒေါင်လိုက်ဆိုရင် 46, 47 zone ထဲမှာ ပါဝင်တယ်။
အလျားလိုက်ဆိုရင် P, Q, R အတွင်းမှာ ပါဝင်ပါတယ်။
(ပုံ - ၁၃)

UTM စနစ်မှာ Global datum နဲ့ Local datum တွေ ပါရှိပြီ သက်ဆိုင်ရာ နိုင်ငံ ဒေသအလိုက် အသေးစိပ် သိဖို့ဆိုရင် local datum ကို အသုံးပြုရပါတယ်။
(ပုံ - ၁၄)

Datum စကားလုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို လေ့လာကြည့်တဲ့အခါ Spheroid ပုံသဏ္ဌာန် နဲ့ Geoid ပုံသဏ္ဌာန် ၂ခုကို ချိန်ညှိပြီး တွက်ချက်ထားမှုတွေကို Datum လို့ သတ်မှတ်ကြောင်း ဖတ်ရှုရပါတယ်။

မြန်မာနိုင်ငံ local datum အတွက် တွက်ချက်တဲ့အခါ ရှိပြီးသား Triangulation station များမှာ GPS စနစ်ကို အသုံးပြုပြီး တိုင်းတာတွက်ချက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုင်းတာတွက်ချက်တဲ့အခါ ငွေယားတောင် Hill Station ကို UTM စနစ် သုံးတဲ့ ပြည်ပနိုင်ငံများနဲ့ ချိတ်ဆက်တိုင်းတာထားခြင်း၊ Everest 1830 Ellipsoid ကိုပြောင်းလဲမှု မရှိစေဘဲ Ellipsoid နဲ့ Geoid တို့ တစ်ထပ်တည်းကျစေရန် တွက်ချက်ထားတဲ့ နေရာဖြစ်လို့ မူလစမှတ် Initial Station လို့ခေါ်ဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ငွေယားတောင်မှာ တည်ဆောက်ထားတဲ့ survey point မျက်နှာပြင်သည် {Ellipsoid / Spheroid} ပုံသဏ္ဌာန် မျက်နှာပြင် နဲ့ Geoid ပုံသဏ္ဌာန် မျက်နှာပြင် တထပ်တည်းကျတဲ့ နေရာ ဖြစ်ပါတယ်။

ငွေယားတောင်က survey point မှတ်တိုင်သည် ၁၉၂၇ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်လို့ ယခု ၂၀၂၄ခုနှစ် ဆိုရင် သက်တမ်းအားဖြင့် (၉၇)နှစ် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံ မြေတိုင်းတာခြင်းလုပ်ငန်းအတွက် အလွန် အရေးပါတဲ့ နေရာတနေရာ ဖြစ်ပါတယ်။

Myanmar Datum 2000 မှာ ဖေါ်ပြထားချက်အရ Triangulation station (၉)နေရာ ရှိပါတယ်။
(၁) ငွေယားတောင် (ရန်ကုန်)
(၂) ဦးကင်းတောင် (စစ်တွေ)
(၃) ခွေးအူတောင် (ကလေး)
(၄) မရူးတောင် (မြစ်ကြီးနား)
(၅) လွိုင်ဆူးခမ်းတောင် (ကျိုင်းတုံ)
(၆) တောင်ဖီလာတောင် (မိတ္ထီလာ)
(၇) ကျိုက္ခမီ (ထုံမန်းရွာ)
(၈) ကျိုက္ခမီ BM (Vertical datum)
(၉) နတ်တလင်းတောင် (မြိတ်)
(ပုံ - ၁၅)

ဒီ Triangulation station (၉)နေရာကို Myanmar UTM map မှာ ရှာဖွေကြည့်တဲ့အခါ မြေပုံပေါ်မှာ အချို့သော Triangulation station ရှိတဲ့နေရာတွေကို ဖေါ်ပြမထားတဲ့အတွက်
-(၂)ဦးကင်းတောင် (စစ်တွေ)၊
-(၄)မရူတောင် (မြစ်ကြီးနား)၊
-(၅)လွိုင်ဆူးခမ်းတောင် (ကျိုင်းတုံ)၊
-(၇)ကျိုက္ခမီ (ထုံမန်းရွာ)၊
-(၉)နတ်တလင်းတောင် (မြိတ်)၊
နေရာ ငါးနေရာကို ရှာမတွေ့ပါ။

မြန်မာနိုင်ငံ မူလ မြေတိုင်းမှတ်တိုင် (ငွေယားတောင်) ရဲ့ coordinate ကို Google Earth မှာ ရှာဖွေကြည့်တဲ့အခါ
{16* 58’ 25” N, 96* 07’ 25” E} လို့ ဖေါ်ပြပါတယ်။

{16* 58’ 25” N, 96* 07’ 25” E} ကို decimal ပြောင်းကြည့်ရင် ->
[16.973611 N, 96.12388 E] ရပါတယ်။

ဒီနေရာကိုပဲ Google map မှာ ရှာဖွေကြည့်တဲ့အခါ {16.973720, 96.123910} လို့ ဖေါ်ပြပါတာကို တွေ့ရပါတယ်။

Degree minute second နဲ့ပြတဲ့ coordinate ကို Google map မှာ ရိုက်နှိပ်ကြည့်တဲ့အခါ မူလ မြေတိုင်း မှတ်တိုင်ရဲ့ တည်နေရာသည် မြေပြင်ပေါ်မှာ အမှန်တကယ် တည်ရှိနေတဲ့နေရာနဲ့ အနည်းငယ် သွေဖီသွားတာကို တွေ့ရပါတယ်။

UTM system နဲ့ ဖေါ်ပြထားတဲ့ [16.973611 N, 96.12388 E] coordinate သည်သာ အမှန်တကယ် မြေပြင်မှာ တည်ရှိနေတဲ့ နေရာနဲ့ တထပ်တည်းကျပါတယ်။
(ပုံ - ၁၆)

UTM coordinate system သည် ပိုမိုတိကျပြီး မြန်မာနိုင်ငံအတွက်လည်း အသုံးပြုဖို့ သင့်တော်ကောင်းမွန်တဲ့အတွက် ကျွန်တော်တို့လို မြေတိုင်းတာခြင်းပညာရပ်အကြောင်း မသင်ယူခဲ့ရသောသူများအတွက် အထိုက်အလျောက် နားလည်နိုင်စေရန် ရည်ရွယ်ပြီး ကျွန်တော် သွားရောက် ကြည့်ရှုခဲ့တဲ့ မြန်မာနိုင်ငံ မူလမြေတိုင်းမှတ်တိုင်၏ ပုံရိပ်များကို မီးမောင်းထိုး တင်ပြအပ်ပါသည်။

Credit: ဆရာ Aung Ngwe Latt
(12.05.2024)

📚လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်...😇
All rights and credits go to rightful owner.





#မူလမြေတိုင်းမှတ်တိုင်

🍀🍀🌿🍀🌿🍀🌿🍀🍃

ပြန်ပြီ ချစ်သော ရွှေမန်းမြေရေ See u CoOperate Training @ Essential Survey Technology for  Construction 🚧🏗🎢AI ခေတ်ဆိုတဲ့ ...
17/09/2026

ပြန်ပြီ ချစ်သော ရွှေမန်းမြေရေ
See u

CoOperate Training @ Essential Survey Technology for Construction 🚧🏗🎢

AI ခေတ်ဆိုတဲ့ နည်းပညာရပ် တိုင်းတာမူ နယ်ပယ်မှာ Upgrade Survey Topographic Measurement ကိုစိတ်ဝင်စားတဲ့ လုပ်ငန်းProject များ နောက်တစ်ဆင့်တက်လှမ်းအောင်မြင် ပါစေ 🙏

အပေါ် ထားကြတဲ့ ယုံကြည်မုူတွေကို အစဥ်အမြဲ အထူးကျေးဇူးတင်လျှက်ပါ Great Value တစ်ခုလည်းဖြစ်ပါတယ်၊



16/09/2026

အားလုံး မဂ်လာပါ ခင်ဗျာ 🙇
TMO Engineering Survey Training Group
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
TMO Survey Batch - 60 /2026 ( ပုံမှန်သင်တန်းခွဲ)

"Surveying Sharing Program & Pratical Knowledge "
Surveying လုပ်ငန်းခွင် အသုံးချ လက်တွေ့ပညာရပ် သင်တန်း ▶⏹ Survey Pratical DAY- 3/4 _ 2026 Leveling User Method & Theory Common Use for HI Method Leveling Measurement System

#သင်ယူမူတွေရပ်တန့်သွားရင်တိုးတက်မူလည်းရပ်တန့်သွားပါမယ် 👷‍♀️👷
//////////////////////////////////////////////////////// 💻🖥🔭

' SUNWAY Advanced Total Station Instrument '
~~~~~~~
of leveling ( HI Method)
( HA / VA ) Digital & Manual
(SD)
( EDM )





/////////////_____
#ပညာရပ်တွေ ပိုမိုတိုးပွါး ကြပါစေ 📚

🔰 Learning Is Never Ending. ✅

#ဘဝအတွက်သက်မွေးဝမ်းကျောင်းပညာရပ်



#ရန်ကုန်အင်းစိန်TMOသင်တန်းကျောင်း
်ဆင်ကြသူများ

🔸🔹☑
TMO Engineering Survey Training Group
☎📲 09 772432269
☎📲 09 4319037
🏢>>> No: 12 ၊ ,သုခလမ်း ,၊ အင်းစိန် GTI ကျောင်း အနီး ၊ ဖော့ကန် ကားမှတ်တိုင်ရှေ့တည့်တည့်မှဝင်ပါ ၊
ရန်ကုန် အင်းစိန် TMO သင်တန်းကျောင်း

🌐 www.tmo-survey.com.mm

////////////////// /////////////// ////////////// ///////

ဘူမိဗဒေ”ဘူမိဗေဒ ဆိုတာဘာလဲဆရာ၊ ကျွန်တော်လဲ ကမ္ဘာမြေကြီအကြောင်းကိုစိတ်ဝင်စားတယ်။ များမကြမီခေတ်ပြောင်းတဲ့အခါ ပညာရေးမှာ ဘူမိ...
15/09/2026

ဘူမိဗဒေ”

ဘူမိဗေဒ ဆိုတာဘာလဲဆရာ၊ ကျွန်တော်လဲ ကမ္ဘာမြေကြီအကြောင်းကိုစိတ်ဝင်စားတယ်။ များမကြမီခေတ်ပြောင်းတဲ့အခါ ပညာရေးမှာ ဘူမိဗေဒ သင်ယူချင်လို့ပါဆရာ လို့မေးလာသူ ကျောင်းသားတဦးထံသို့ပြန်ကြားချက်ပါ။

ဆရာသန်းနိုင်

*******************************************************

ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် (လှုပ်ရှားမှုစွမ်းအား)နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမ္ဘာ၏ အခွံဖြစ်သော ကျောက်လွှာသည် အပိုင်းပိုင်း အစစသော tectonic platesများ ဖြင့်ဖွဲ့တည်ထားပြီး ရွေ့ရှားလျက်ရှိသည်။ ဘူမိဗေဒပညာရှင်များသည် ကမ္ဘာ၏ သယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ်ကို ရှာဖွေဖော်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ(perlite)၊ မိုက်ကာ၊ ဖိုစဖိတ်(phosphates)၊ ဇီယိုလိုက်(zeolites)၊ အိုးမြေ(clay)၊ သလင်းကျောက်နှင့် စီလီကာတို့ကိုလည်း ရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဇလဗေဒ၊ ပတ်ဝင်းကျင် အင်ဂျင်နီယာနှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။

ဘူမိဗေဒသည် အဓိကကျသည့် ပညာရပ်တခုဖြစ်သည့်အပြင် သတ္တု၊ ဟိုင်ဒြိုကာဗွန် ဒြပ်ပေါင်း ထုတ်ယူခြင်း၊ သဘာဝဘေးအန္တရာယ် ရွှေ့ပြောင်းခြင်းနှင့် ဆက်နွှယ်သည့် ဗဟုသုတ၊ အင်ဂျင်နီယာ ပညာရပ်အချို့နှင့် မျက်မှောက်ကာလ ရာသီဥတုပြောင်းလဲမှုနှင့် အာတိတ်မှ ရာသီဥတု၊ သဘာဝဝန်းကျင်များအား နှိုင်းယှဉ် လေ့လာမှုများအတွက် အရေးပါသည့် ပညာရပ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ရေကြီးမှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်တိုင်းတာခြင်း၊ မြေအောက်မှ ကျောက်မျက် ရတနာနှင့် ရေနံရှာဖွေ တူးဖော်ခြင်းများ ပါဝင်သည်။

မာတိကာ
သမိုင်း
လေ့လာမှုနယ်ပယ်များ
ဘူမိသိပ္ပံပညာရပ်များ
ကျောက်အမျိုးမျိုးကို လေ့လာသောပညာ
ကိုးကား

သမိုင်း
ဘောလ်တစ်ပင်လယ်မှ တွေ့ရှိထားသည့် ဤပယင်းလည်ဆွဲအတွင်းရှိ ခြင်နှင့် ယင်တို့သည် နှစ်ပေါင်း သန်း ၄၀-၅၀ အထိ ကြာမြင့်ပြီဖြစ်သည်။
ရှေးဟောင်းဂရိ ဒဿနိကပညာရှင် အရစ်တိုတယ်(Aristotle)၏ တပည့် ရှေးဟောင်း ဂရိပညာရှင် သီအိုဖရေးတပ်စ် (Theophrastus) ရေးသားခဲ့သည့် Peri Lithon (ကျောက်တုံးပေါ်တွင်) စာအုပ်သည် နှစ်ထောင်နဲ့ချီ လွှမ်းမိုးခဲ့သည်။ Peri Lithon အား လက်တင်နှင့် အခြားဘာသာများအဖြစ် ပြန်ဆိုခဲ့ပြီးဖြစ်သည်။ အလယ်ခေတ်နှောင်းပိုင်းတွင် Avicenna ၏ ကျောက်ဖြစ်ခြင်း သီအိုရီ မထွက်ပေါ်လာမီကာလအထိ ယင်းစာအုပ်အတွင်း ကျောက်ဖြစ်ရုပ်ကျွင်းများအကြောင်း ဖော်ဆိုချက်များသည် ဂန္ဓဝင်ခေတ်(classical Antiquity)နှင့် အလယ်ခေတ်ဦးပိုင်းတွင် ဩဇာသက်ရောက်မှု အရှိဆုံးသီအိုရီ အဖြစ်တည်ရှိခဲ့သည်။
ဇရာအိုကြီး ပလင်နီ (Pliny the Elder) သည် ရောမအင်ပါယာခေတ်ကာလတွင် အကျယ်တဝင့်အသုံးပြုခဲ့သည့် သတ္တုများနှင့် တွင်းထွက်ပစ္စည်းများအကြောင်း ကျယ်ကျယ်ပြောပြော ဆွေးနွေးခဲ့သည်။ သူသည် ပယင်းများအတွင်း ပိတ်မိနေသည့် အင်းဆက်ပိုးများအား လေ့လာချက်မှ ပယင်းများသည် ထင်းရှူးပင်အဆီများ၏ ကျောက်ဖြစ်ရုပ်ကျွင်းများ ဖြစ်ကြောင်းပထမဦးဆုံး မှန်ကန်စွာ ခွဲခြားနိုင်ခဲ့သူတဦး အပါအဝင်ဖြစ်သည်။ သူသည်လည်း စိန်၏ ဖွဲ့စည်းတည်ဆောက်ပုံ ရှစ်မျက်နှာပုံဆိုင်ခဲကို ရေးဆွဲခဲ့သည်။

လေ့လာမှုနယ်ပယ်များ
ဘူမိဗေဒဆိုသည်မှာ အင်္ဂလိပ်လို "geology" ဖြစ်သည်။ geo = the earth , logy = study Geology is the study of the earth. ဘူမိဗေဒဆိုသည်မှာ ကမ္ဘာမြေကြီးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ မည်သည့် အစိတ်အပိုင်း များကို လေ့လာကြသည်ကို ဖော်ပြရသော် အောက်ပါကဲ့သို့ ဖြစ်ပေသည်။

(၁) The origin and age of the earth .ကမ္ဘာမြေကြီး၏ မူလအစနှင့်သက်တမ်းကို လေ့လာရန်၊
(၂) The internal structure and composition of the earth .ကမ္ဘာ့အတွင်းပိုင်းအနေအထားနှင့် ဖွဲ့စည်းပုံကို လေ့လာရန်၊
(၃) The chemical composition of the rock and their genese .ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားသော ကျောက်များ၏ ဓာတ်ဖွဲ့စည်းပုံနှင့်၎င်းတို့၏ဖြစ်ပေါ်လာပုံ၊
(၄) The primary and secondary structure of the rock formed.ဖြစ်ပေါ်လာသော ကျောက်များ၏ မူလဖြစ် အနေအထားနှင့် နောက်ဖြစ်အနေအထား၊
(၅) The economic mineral deposits and their genese . စီးပွားရေးတွင် အရေးပါသော တွင်းထွက်သိုက်များနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံ၊
(၆) The study of the ever changing morphology of the earth’s surface , and the natural forces and processes that cause an unstable phenomenon of the earth’s interior .ကမ္ဘာ့မျက်နှာပြင်၏ ဘူမိရုပ်သွင်ထာ၀ရ ပြောင်းလဲမှုနှင့် သဘာ၀တရား၏ ပြုလုပ်မှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့အတွင်းပိုင်း၏ မတည်မြဲသော ထူးခြားဆန်းကြယ်သည့် အသွင်များ၊
(၇) The geologists history of the earth .ကမ္ဘာကြီး၏ ဘူမိသမိုင်းကြောင်းကို လေ့လာရန်၊
အထက်ပါအချက် (ရ) ချက်ဖြင့် ကမ္ဘာမြေကြီးကို ဘူမိဗေဒပညာရှင် (geologists) များက လေ့လာကြပေသည်။ ၎င်းလုပ်ငန်းများမှာ_
1 သဘာ၀လောင်စာရရှိရေး၊
2 နျူကလီးယားလောင်စာရရှိရေး၊
3 အသုံးဝင်သော သတ္တုရိုင်းရရှိရေး၊
4 စက်မှုကုန်ကြမ်းသုံး တွင်းထွက်ရရှိရေး၊
5 ဆောက်လုပ်ရေးပစ္စည်းများ ရရှိရေး၊
6 အလှဆင်ကျောက်ရရှိရေး၊
7 ရေကောင်းရေသန့်ရရှိရေး၊
8 ကျောက်မျက်ရတနာ ရရှိရေး၊
9 ဆည်မြောင်း ၊ တာတမံ ၊ တူးမြောင်း ၊ တိုက်တာအိုးအိမ် ၊ လမ်းတံတားဖောက်ရန် စသည်တို့အတွက် နေရာကောင်းရရှိရေး၊
10 သဘာဝအန္တရာယ်များဖြစ်သော မီးတောင်ပေါက်ကွဲမှုများ ၊ ရေကြီးလွှမ်းမိုးမှုများ ၊ မြေလွှာပြတ်ရွှေ့မှုများ၊ ငလျင် လှုပ်ခတ်မှုများကို ခန့်မှန်းပေးရန် စသည့်လုပ်ငန်းကြီး (၁၀)ရပ်ကို မိမိတို့၏ တတ်သိသောပညာဖြင့် စွမ်းစွမ်းတမံ ဖော်ထုတ်၍ လူသားအကျိုးထမ်းဆောင်ရပေမည်။

ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံ (natural science) ဘာသာရပ်ဖြစ်သည်။ ၎င်းဘာသာရပ်သည် Physics, Chemistry, Mathematics, Biology, Botany, Geography အစရှိသော ဘာသာများရပ်များနှင့် ဆက်စပ်နေသော ဘာသာရပ်ဖြစ်သည်။ ဘူမိဗေဒ (Geology) ဘာသာရပ်၏ ဘာသာရပ်ခွဲများကို ဖော်ပြရသော်…
1 Mineralogy (တွင်းထွက်များကို လေ့လာသောဘာသာရပ်)
2 Petrology (ကျောက်ပညာကို လေ့လာသောဘာသာရပ်)
3 Economic geology (စီးပွားဖြစ် ဘူမိဗေဒ)
4 Structural geology (အနေအထား ဘူမိဗေဒ)
5 Geomorphology ( ဘူမိရုပ်သွင် )
6 Stratigraphy ( တရာဗေဒ )
7 Paleontology (ကျောက်ဖြစ်ရုပ်ကြွင်း )
8 Geochronology ( ဘူမိအချိန်ကို လေ့လာသော ဘာသာရပ် )
9 Paleobotany ( အတိတ် ရုက္ခဗေဒ )
10 Paleozoology ( အတိတ် သတ္တဗေဒ )
11 Mining geology ( သတ္တုတွင်း ဘူမိဗေဒ )
12 Geochemisty ( ဘူမိဓာတုဗေဒ ) စသည့် ဘာသာရပ်ခွဲများ ဖြစ်ပေသည်။

ကျောက်ဖြစ်ရုပ်ကြွင်းပါဝင်နေသည့် ကျောက်တုံး ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံဘာသာရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာမြေကြီး၏ သဘာဝတရားများကို ခေတ်အဆက်ဆက် ဖော်ထုတ်ရပေမည်။

ဘူမိသိပ္ပံပညာရပ်များ
ဘူမိဗေဒနှင့် အခြားသဘာ၀သိပ္ပံပညာရပ်များ၏ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြ၍-
• ဘူမိဓာတုဗဒေ (Geochemistry)၊
• ဘူမိရူပဗဒေ (Geophysics)၊
• ဇလဘူမိဗဒေ (Hydrogeology)၊
• အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊
• ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊
• အဏ္ဏဝါဘူမိဗေဒ (Marine Geology) စသည့် ဘူမိသိပ္ပံပညာရပ်ခွဲများ ပေါ်ထွက်လာခဲ့သည်။

ကျောက်အမျိုးမျိုးကို လေ့လာသောပညာ
ပထဝီမြေကြီး တစ်ခုလုံးကို လေ့လာရသော ကျယ်ဝန်းနက်နဲသည့် ပညာရပ်ဖြစ်၍၊ နီးစပ်ရာသဘောတူ ဘာသာရပ်ခွဲ များစွာပါဝင်သည်။ ဘူမိဗေဒကို စံနစ်တကျ လေ့လာခြင်းသည် နှစ် ၂၀၀ ပင် မပြည့်တတ်သေးသော်လည်း ကျောက်အမျိုးမျိုး ဖြစ်ပေါ်ရပုံ၊ တောင်များ ပေါ်ပေါက်လာ ပုံစသော မေးခွန်းများကို ဘူမိဗေဒပညာရပ်က ဖြေရှင်းပေးနိုင်သည်။
ဘူမိဗေဒပညာဟူသည် ပထဝီ မြေကြီးကို လေ့လာသော ပညာပင်ဖြစ်၏။ ကမ္ဘာဦးအစ လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၅၀၀ မှ မျက်မှောက်ခေတ်အထိ ကမ္ဘာမြေ ကြီးအတွင်းအပြင်ရှိသော ကျောက် အမျိုးမျိုး၏ သဘော၊ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ အစရှိသည်တို့ကို လေ့လာခြင်းပင် ဖြစ်လေသည်။
ကာလအားဖြင့် နှစ်ပေါင်း သန်း ၄၅၀၀ အတွင်း ဖြစ်ရပ်များအပြင်၊ လေ့လာဖွယ်ရာ ဝတ္ထုပစ္စည်းများမှာလည်း ကမ္ဘာတစ်ခုလုံး၏ အတွင်းအပြင်ရှိ ပထဝီမြေကြီးတစ်ခုလုံး ဖြစ်လေရာ၊ အလွန်မှပင် ကျယ်ဝန်းနက်နဲလှ၏။ ဤသို့ ကျယ်ဝန်းနက်နဲမှုကြောင့်လည်း ဘူမိဗေဒပညာရပ်တွင် အခြား သိပ္ပံပညာများနည်းတူ ဘာသာရပ်ခွဲများ စိတ်ပိုင်းကာ အသေး စိတ် လေ့လာမှုများ ပြုလုပ်ကြလေသည်။ ဘူမိဗေဒပညာရပ်၏ ဘာသာရပ်ခွဲများကား အောက်ပါအတိုင်းပင် ဖြစ်၏။
သရူပ်ဘူမိဗေဒ သည် ကမ္ဘာပထဝီမြေကြီး၏ အတွင်း အပြင်ရှိ ရုပ်ဝတ္ထုပစ္စည်းများ၏ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ၊ ကြေမွပျက်စီးပုံစသော လုပ်ငန်းအသီးအသီးကို လေ့လာခြင်း ဖြစ်သည်။ ဤပညာရပ်တွင်ပင် အဏ္ဏဝါဗေဒသည် ပင်လယ် သမုဒ္ဒရာထုကို လည်းကောင်း၊ ငလျင်ပညာ ( ဘူကမ္ပဗေဒ ) သည် မြေငလျင်ကို လည်းကောင်း ထပ်မံ၍ အသေးစိတ် လေ့လာကြသည်။
နေထားဘူမိဗေဒသည် ဖိအား၊ တွန်းအား၊ ကန်အား၊ ဒဏ်အားစသော အားအသီးအသီးတို့၏ ဒဏ်ကြောင့်ပေါ်ပေါက် လာသော ကျောက်လွှာကျောက်စိုင်တို့၏ နေထားကို လေ့လာ ခြင်းဖြစ်သည်။ ဒိုင်နမစ်ဘူမိဗေဒ၊ တက်တိုးနစ်စသော ပညာ ရပ်ခွဲများသည် နေထာဘူမိဗေဒတွင် ပါဝင်ကြသည်။
ခနိဇဗေဒသည် ခနိဇများ၏ ဓာတုဒြပ်တည်ဆောက်ပုံ၊ သွင်ပြင်၊ မူလအစရှိသော ခနိဇ၏ သဘာဝကို လေ့လာသော ပညာဖြစ်သည်။
သေလဗေဒ ဟူသည်မှာ ခနိဇများစုပေါင်း တည်ဆောက်ထားသော ကျောက်များကို လေ့လာသော ပညာ ပင်ဖြစ်၏။ ဘူမိဗေဒသဘောအားဖြင့် မာသည် ပျော့သည် မတူ၊ ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ရှိသရွေ့မြေတ္ထု ပစ္စည်းအားလုံးကို ကျောက်ဟုပင် ခေါ်ဆိုသည်။ ကျောက်များ သည် ယေဘုယျအားဖြင့် မီးသင့်ကျောက်၊ အနည်ကျကျောက် နှင့် သွင်ပြင်ကျောက်ဟူ၍ ၃ မျိုးရှိပေရာ သေလဗေဒပညာ တွင်လည်း ဤကျောက် ၃ မျိုးကို အနုစိတ် လေ့လာသော ဘာသာစိတ်များ ရှိလေသည်။
နိခါတကဗေဒ (ရုပ်ကြွင်းကျောက်ပညာ) သည် ရုပ်ကြွင်းကျောက်များကို လေ့လာသောပညာဖြစ်၏။ ရုပ်ကြွင်း ကျောက်များသည် အတိတ်တွင် နေထိုင်ခဲ့သော သက်ရှိဝတ္ထု ပစ္စည်းများ၏ အကြွင်းအကျန်များ ဖြစ်လေရာ၊ ယင်းတို့ကို လေ့လာခြင်းဖြင့် ထိုခေတ်၏ အခြေအနေကို သိသာနိုင်သည်။ ရုပ်ကြွင်းကျောက်များသည် ကျောက်လွှာများ၏ သက်တမ်းကို စူးစမ်းရာတွင်လည်း အထူးအသုံးဝင်သည်။ နိခါတကဗေဒတွင် သစ်ရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာရုက္ခဗေဒ၊ သတ္တဝါရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာပါဏ ဗေဒ၊ အလွန်သေးငယ်သော ရုပ်ကြွင်းကျောက်များကို လေ့လာ သော အနုနိခါတကဗေဒဟူ၍ ဘာသာစိတ်များ ရှိပြန်လေ သည်။
ထရဗေဒကိုမူကား အခြားဘာသာရပ်ခွဲများ၏ အတိတ် သမိုင်းကို လေ့လာခြင်းဖြစ်သောကြောင့် အချို့ပညာရှင်များက သမိုင်းဘူမိဗေဒဟူ၍လည်း ခေါ်သည်။
ဘောဂဘူမိဗေဒ ဘာသာရပ်ခွဲမှာမူ ဘူမိဗေဒပညာရှင် ၏ စီးပွားရေး သဘောလေ့လာမှု ဖြစ်သည်။ ဘောဂအင်အား၏ အခြေခံကုန်ကြမ်းများဖြစ်သော သတ္တုများ၊ မဟုတ်သော အခြား ခနိဇများ၊ လောင်စာများ စသည်တို့၏ သဘာဝနှင့် စီးပွားရေး အရ ထုတ်လုပ်နိုင်မှုကို လေ့လာသော ပညာဖြစ်လေသည်။
အင်ဂျင်နီယာဘူမိဗေဒသည် အင်ဂျင်နီယာ တည်ဆောက်မှု လုပ်ငန်းများတွင် လိုအပ်သော ဘူမိဗေဒ ပညာ ရပ်ပင်ဖြစ်သည်။ ရေလှောင်ကန်များ၊ တမံများ၊ တံတားများ၊ ဥမင်များ ဖောက်လုပ်ရာဝယ် မြေအနေအထားကို လေ့လာ၍ မည်သို့ဆောက်သင့်သည်ဟု ကြံဆရသော ပညာမှာ အင်ဂျင်နီယာဘူမိဗေဒပင် ဖြစ်၏။ လူ့လော ကတွင် အိမ်တွင်း သုံးရန်နှင့် စက်မှုလုပ်ငန်းများအတွက် ရေအမြောက်အမြား လိုအပ်လေရာ၊ ရေစိမ့်လွှာ၊ ရေအောင်းကျောက် စသည်တို့ကို လေ့လာ၍ ရေရနိုင်သော ကျောက်လွှာကို ရှာဖွေရသော ဇလဗေဒ (ဥဒကဗေဒ) သည် အင်ဂျင်နီယာ ဘူမိဗေဒ၏ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်လေသည်။
ဘူမိဗေဒပညာရပ်သည် ဓာတုဗေဒ၊ ရူပဗေဒတို့ကဲ့သို့ အခြေခံသိပ္ပံ ပညာမဟုတ်ဘဲ၊ ပထဝီမြေကြီးကို ယင်းအခြေခံ သိပ္ပံပညာ၏ နည်းစနစ်သဘောများ အသုံးပြုကာ လေ့လာထား ခြင်းဖြစ်၏။ ထို့ကြောင့် ဘူမိဗေဒသည် အခြားသိပ္ပံပညာများ နှင့် ဆက်သွယ်မှု မှီခိုမှုရှိသည်။ ပုံစံအားဖြင့် နိခါတကဗေဒ သည် ပါဏဗေဒနှင့် ဆက်သွယ်နေကာ၊ ခနိဇဗေဒနှင့် သေလ ဗေဒသည် ဓာတုဗေဒနှင့် ရူပဗေဒတိ့နှင့်ကင်း၍ မတည်နိုင်ချေ။ နေထားဘူမိ ဗေဒသည် ဘူမိဗေဒပုစ္ဆာများကို သင်္ချာနည်းဖြင့် ဖြေရှင်းခြင်းသာ ဖြစ်လေသည်။
မျက်မှောက်ခေတ်တွင်မှ ပေါ်ပေါက်ထွန်းကားလာ၍၊ ဘူမိဗေဒနှင့် နွှယ်နေသော ဘာသာရပ်များမှာ ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒတို့ဖြစ်ကြသည်။ ဘူမိရူပဗေဒပညာသည် ဒြဗ် ဆွဲအား၊ သံလိုက်အား၊ လျှပ်စစ်တုံ့ခံမှုနှင့် ငလျင်လှိုင်းတို့ကို အသုံးပြုကာ ပထဝီမြေကြီး ( အထူးသဖြင့် အတွင်းပိုင်း ) ကို လေ့လာသော ပညာဖြစ်သည်။ ( ဘူမိရူပဗေဒ။) ဘူမိဓာတုဗေဒ ပညာသည်ကား ကမ္ဘာ့အပေါ်ယံ မြေလွှာ၏ ဓာတုဒြဗ်သဘောကို လေ့လာခြင်း ဖြစ်သည်။ ယင်းပညာတွင် နောက်ဆုံးထွန်းကားလာသော လေ့လာမှုမှာ မြေဆီလွှာတွင် ပါရှိသော ဓာတုဒြဗ်ကို လေ့လာခြင်းဖြင့် မြေအောက်တွင် မည်သို့သော အကျိုးပြု သတ္တုသိုက်ရှိနိုင်မည်ကို စူးစမ်းခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် ဘူမိဗေဒကို လေ့လာရာတွင် နည်း ၂ သွယ်ရှိသည်။ ပထမနည်းမှာ သိပ္ပံပညာသဘော သက် သက် ဖြစ်ကာ ပထဝီမြေကြီး၏ သဘောနေထား အတိတ်သမိုင်းကို လေ့လာခြင်းဖြစ်၍၊ ဒုတိယနည်းကာ ဤပညာရပ်ကို အသုံး ပြုကာ စီးပွားရေး ရှုထောင့်မှ လေ့လာခြင်းပင်ဖြစ်၏။ သို့သော် မည်သည့်နည်းဖြင့် လေ့လာစေကာမူ အခြေခံမှာ ဘူမိဗေဒ မြေပုံဖြစ်၍ ယင်းကို ကွင်းဆင်းဘူမိဗေဒ ပညာဖြင့် ရေးဆွဲ ရလေသည်။
ဘူမိဗေဒကို ဥရောပသမိုင်း ခေါမ (ဂရိ) ခေတ်၊ ရောမခေတ်တို့တွင်ပင် လေ့လာမှုရှိကြောင်း တွေ့ရသော်လည်း စနစ်တကျ လေ့လာမှုမှာ နှစ် ၂ဝဝ ပင် မပြည့်သေးချေ။ ခေါမခေတ်ပညာရှိ အယ်ရစ္စတိုတယ်သည် ငလျင်လှုပ်ခြင်းကို ကမ္ဘာပထဝီမြေအတွင်းရှိ ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်သည်ဟု ယူဆခဲ့၏။ ၁၆ ရာစုနှစ်တွင် ရောမပန်းချီကျော်ကဝိလီယိုနာဒို ဒါဗင်းချိက ပင်လယ်ခရုများရှိရာ လက်ရှိကုန်းမြင့်များသည် တစ်ကြိမ်က ပင်လယ်အောက်တွင် ရှိခဲ့၍ နောက်မှ မြေမြင့် တက်လာခဲ့ခြင်း ဖြစ်သည်ဟု တွေးယူခဲ့ဖူးလေသည်။
ခေတ်သစ်ဘူမိဗေဒကိုကား ၁၇၉၅ ခုနှစ်တွင် စကော့ လူမျိုး ဂျိမ်းဟတ်တန် ပြုစုသော ကမ္ဘာပထဝီ မြေနိယာမ စာအုပ်မှ စတင်ခဲ့သည်ဟု ယူဆရပေမည်။ ဂျိမ်းဟတ်တန်သည် ပစ္စုပ္ပန်သည် အတိတ်၏ သော့ ချက်ဖြစ်သည် ဟူသော ယူနီဖော်နီတေးရီးယန်း အယူအဆဖြင့် ဘူမိဗေဒ၏ အခြေခံ အယူအဆကို အုတ်မြစ် ချခဲ့သူ ဖြစ်လေသည်။
၁၈၁၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံစမစ်သည် အင်္ဂလန်ပြည်နှင့် ဝေလပြည်၏ ဘူမိဗေဒမြေပုံကို ရေးဆွဲ တင်ပြကာ ရုပ်ကြွင်းကျောက်များဖြင့် ကျောက်စဉ်ကို စူးစမ်း၍၊ ဘူမိအတိတ်ကာလကို သမိုင်းသဖွယ် လေ့လာနိုင်ကြောင်းဖြင့် ထရေဗေဒအခြေခံ သဘာကို တီထွင်ကြံဆခဲ့သည်။ ယင်းတို့၏ အယူအဆများကို ဆာ ချားလိုင်းယဲက ပိုမိုခိုင်မြဲပြန့်ပွားစေ ခြင်းဖြင့် ဘူမိဗေဒပညာသည် ဥရောပတိုက် အနောက် မြောက်ပိုင်းတွင် စတင်တည်မြဲခဲ့သည်။
ဂျိမ်းဟတ်တန်နှင့် ခေတ်ပြိုင်လောက်တွင် ဥရောပ တိုက်၌လည်း ဘူမိဗေဒပညာသည် ထွန်းကားလျက် ရှိ၏။ ထိုခေတ်တွင် ကျော်ကြားသူမှာ ဂျာမန်လူမျိုး ပါမောက္ခအဗ ရာဟမ် ဂေါ့တလော့ဗာနာဖြစ်သည်။ ဗာနာသည် မီးသင့် ကျောက်အပါအဝင် ကျောက်များအားလုံး၏ မူလသည် အာပေါ ဓာတ်ကြောင့် ဖြစ်သည်ဟူသော နက်ပကျွန်းအယူအဆကို ဦးဆောင်ခဲ့သူဖြစ်၏။ ဤအယူအဆသည် မှားယွင်းသော အယူအဆဖြစ်သည်နှင့်အညီ ၁၉ ရာစုနှစ်ဦးတွင်ပင် ယုံကြည် သူ မရှိတော့ချေ။ ပြင်သစ်နိုင်ငံတွင်ကား ဘူမိယုဂ်ကုန်ဆုံး တိုင်းပင် ကပ်ဆေးကာ သတ္တဝါများ သေကြေပျက်စီး၍ ယုဂ်သစ်တွင် သတ္တဝါသစ်များ ဖန်ဆင်းခဲ့သည် ဟူသော ကပ်ဆေးပြောင်းလဲခြင်း အယူအဆကို တီထွင်ခဲ့သူ ဇော့မ္ဘက် လေအိုပို ကူဗီယေးသည် ထိုခေတ်တွင် ထင်ရှားခဲ့လေသည်။
၁၉ ရာစုနှစ်တွင်မူကား မျက်မှောက်ခေတ် ဘူမိဗေဒ အယူအဆအများပင် စတင်ပေါ်ပေါက်လာခဲ့ပြီးလျှင်၊ ဘူမိဗေဒ ပညာ လေ့လာမှုသည်လည်း ဥရောပတိုက်တွင်သာ မကတော့ ဘဲ၊ မြောက်အမေရိကတိုက်၊ ဩစတြေးလီး ယားတိုက်နှင့် အာရှတိုက်တို့သို့ပြန့်ပွားလာခဲ့၏။ ၁၉ ရာစုနှစ် နှောင်းပိုင်း နှင့် ၂ဝ ရာစုနှစ်တွင်မူကား အာဖရိက တိုက်သို့ပါ ပြန့်ပွား သွားလေသည်။
မြန်မာနိုင်ငံတွင်မူ ဘူမိဗေဒလေ့လာမှုသည် မြန်မာ မင်းများလက်ထက်က ကျောက်မျက်ရတနာ အကဲဖြတ် နိုင်ရန် အတွက်သာ အဓိကရှိခဲ့၍ သိပ္ပံပညာတစ်ရပ် အနေဖြင့် ပညာ သက်သက် လေ့လာမှုကား မရှိခဲ့ပေ။ ဘူမိဗေဒ မှတ်တမ်း အနေဖြင့် အစောဆုံး တွေ့ရှိရသော မှတ်တမ်းမှာ ၁၅၉၉ ခုနှစ် တွင် ရေးသားခဲ့သော ရပ်ဖစ်၏ ခရီးသွား မှတ်တမ်းဖြစ်၏။ ထိုမှတ်တမ်းတွင် တနင်္သာရီ ကမ်းရိုးတန်းဘက်တွင် တွေ့ရှိ သော သံဖြူအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ရှေးမှတ်တမ်းများအနက် ၁၇၉၉ ခုနှစ် ထုတ်ဟီရမ်ကောက်စ၏ အမရပူရမြို့တော်သို့ဧရာဝတီမြစ်ကြောင်းဖြင့် ဆန်တက်သော ခရီးသွားမှတ်တမ်းတွင် ရေနံချောင်း ရေနံတွင်းများအကြောင်း ရေးသား ထားချက်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းပေ သည်။
မြန်မာနိုင်ငံ၏ ဘူမိဗေဒလေ့လာမှု သမိုင်းကို စိစစ် ကြည့်သော် အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် အထူး ဆက်စပ်နေ ကြောင်း တွေ့ရှိရသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးတိုင်း အင်္ဂလိပ် မစ်ရှင်တစ်ဖွဲ့လာရိုးရှိလေရာ ထိုအဖွဲ့တိုင်းပင် ဘူမိဗေဒစူးစမ်းလေ့လာမှုများ ပြုလုပ်လေ့ရှိကြောင်း တွေ့ရှိ ရလေသည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် လာရောက် သော ဂျေကရောဖို့မစ်ရှင် အဖွဲ့မှ ကောက်ယူခဲ့သည့် ဘူမိဗေဒ စံများကို လန်ဒန်ဘူမိဗေဒ တော်ဝင်အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်ခဲ့ ဖူးသူ ဝီလျံဗတ်ကလန်က လေ့လာခဲ့၍ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး လာသော ဆာဟင်နရီယူး မစ်ရှင်အဖွဲ့တွင်ကား ဘူမိဗေဒပညာရှင် တီအိုလဒမ် ပါဝင်ခဲ့ရာ၊ ယင်းတို့၏ ဘူမိဗေဒ မှတ်တမ်းများသည် မြန်မာနိုင်ငံ ဘူမိဗေဒ လေ့လာ ရာတွင် မှတ်တိုင်များပင် ဖြစ်ကြပေသည်။
မြန်မာနိုင်ငံ ဘူမိဗေဒကိုလေ့လာ စူးစမ်းသူများသည် ၄ မျိုး ၄ စားရှိသည်။ ယင်းတို့မှာ အစိုးရ ဘူမိဗေဒတိုင်းတာ ရေးဌာန၊ ရေနံနှင့် သတ္တုတွင်း ကုမ္ပဏီများ၊ တက္ကသိုလ်နှင့် ပုဂ္ဂလိက လေ့လာသူများ ဖြစ်ကြ၏။ အစိုးရဘူမိဗေဒတိုင်းတာ ရေးဌာနသည် ဘူမိဗေဒတိုင်းတာလေ့လာရေး လုပ်ငန်းကို အချိန်ပြည့် လုပ်သူများဖြစ်၍ လုပ်ငန်းအတွင်ဆုံး ဖြစ်သည်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ် တို့က ရခိုင်နှင့် တနင်္သာရီကမ်းမြောင်ဒေသကို သိမ်းယူ ခဲ့သော်လည်း၊ ထိုကာလတွင် အိန္ဒိယပြည်၌ ဘူမိဗေဒ တိုင်းတာရေး ဌာနဟူ၍ မဖွင့်လှစ်ရသေးချေ။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ကာလတွင်မှ ထိုဌာနစတင် ဖွင့်လှစ်ခဲ့ပြီးလျှင် ရခိုင်ကမ်းရိုးတန်းရှိ ရွှံ့မီးတောင်များနှင့် တနင်္သာရီ ကမ်းရိုးတန်းရှိ သံဖြူသတ္တုသိုက်များကို လေ့လာ သည်။ ၁၉၇ဝ ပြည့်နှစ်လောက်ရောက်သာ အခါတွင်မူ အောက်မြန်မာပြည်ကိုပါ လေ့လာကြလေသည်။
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံပါ ကျရှုံးသော အခါတွင်မူ အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာနသည် မြန်မာ ပြည်အဖွဲ့တစ်ဖွဲ့သီးသန့်လေ့လာရန် စီစဉ်ခဲ့သည်။ ထိုစဉ်က အထူးလေ့လာခဲ့သော ဒေသများမှာ ရေနံမြေနှင့် ပတ္တမြားနယ် မြေတို့ဖြစ်၏။ နောင်တွင် ရှမ်းပြည်၊ အထက်မြန်မာပြည်နှင့် မြေလတ်ပိုင်း၊ တနင်္သာရီ စသော ဒေသများတွင် စံနစ်တကျ ဘူမိဗေဒ သဘောအားဖြင့် တိုင်းတာလေ့လာမှုများ ပြုလုပ် သည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သည် ၉၁ ဌာန အုပ်ချုပ်ရေးအရ အိန္ဒိယပြည်နှင့် ခွဲခွာလိုက်သောကြောင့် မြန်မာပြည် ဘူမိဗေဒ ဌာနဟူ၍ သီးခြားဌာနတစ်ခု တည် ထောင်ခဲ့၏။ သို့သော် ထိုဌာနသည် အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာန၏ ဌာနခွဲမျှ သာ ဖြစ်ကာ၊ လေ့လာရေး လုပ်ငန်းအားလုံးကို ပင်မဌာနနှင့် ပူးတွဲဆောင်ရွက်ခဲ့ရ လေသည်။ မြန်မာပြည် ဘူမိဗေဒကို လေ့လာရာတွင် တိုင်းတာရေးဌာန အနေဖြင့် ကျော်ကြားသူများမှာ တီအိပ်ချ ဒီလာတု ( ရှမ်းပြည် မြောက်ပိုင်း )၊ အက်ဒွင်ပတ်စကို ( နောင်တွင် ဆာဘွဲ့ရသည် ) ( မြန်မာ့ ရေနံအင်အား )၊ ဂျေကော့ဂင်ဗရောင်း ( ဘော်တွင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ တနင်္သာရီဒေသ )၊ ဂျီဒီပီကော့တာ ( မြေလတ် )၊ အီးအယ်ဂျီကလက် ( ခရီတေးရှပ်ကျောက်စဉ်စု၊ မြန်မာနိုင်ငံ သံဖြူနှင့် တန်စတင်၊ သရက်မင်းဘူး ) တို့ဖြစ်ကြသည်။
ရေနံကုမ္ပဏီများအနက် ဘီအိုစီ ရေနံကုမ္ပဏီသည် ဘူမိဗေဒလေ့လာရာတွင် အတတ်ကြွဆုံးဖြစ်၏။ ရေနံထွက် သော တတိယကပ်ကျောက်များရှိရာ မြန်မာပြည် အလယ်ပိုင်း ချိုင့်ဝှမ်းကို ဘီအိုစီရေနံကုမ္ပဏီသည် အသေးစိတ်လေ့လာခဲ့ ၏။ တတိယကပ်အတွင်း ဖြစ်ပေါ်ခဲ့သော ကျောက်စဉ်များကို ခွဲခြားရာ၌ ၁၉၃၃ ခုနှစ်က တင်ပြခဲ့သော ဘီအိုစီ ဘူမိဗေဒ ပညာရှင်များ၏ အယူအဆကို ယခုအခါ အားလုံးကပင် လက်ခံကြသည်။ ဘီအိုစီ ရေနံကုမ္ပဏီ ဘူမိဗေဒပညာရှင်များ အနက် ထင်ရှားသူများမှာ ဂျီဒဗျူလက်ပါး၊ အက်ဖအီအင်း၊ စီအေဆန်ဆမ်နှင့် အိပ်ချ၊ အာ၊ တိန်းရှတို့ဖြစ်ကြ၏။ အင်ဒိုဘားမား ရေနံကုမ္ပဏီခေါ် အိုင်ဘီပီရေနံကုမ္ပဏီတွင် ဘူမိဗေဒ ပညာရှင်များ ရှိသော်လည်း ကျော်ကြားမှုမရှိလှချေ။ တီအိုမောရစ် တစ်ဦးသာလျှင် မြန်မာ့ ကျောက်ခေတ်ကိရိယာ များကို လေ့လာခြင်းတွင် ထင်ပေါ်ခဲ့လေသည်။
ရန်ကုန်တက္ကသိုလ်အနေဖြင့်မူ ၁၉၂၃ ခုနှစ်တွင် ပါမောက္ခ အယ်ဒတ်ဒလေ စတမ့်ကို စတင်ခန့်ထားခဲ့ရာမှ ဘူမိဗေဒဌာန စတင်ပေါက်ဖွားခဲ့၏။ စစ်ကြိုခေတ် တစ် လျှောက်လုံးတွင် တက္ကသိုလ်ဘူမိဗေဒဌာနသည် ဌာနငယ် တစ်ရပ် အဖြစ်နှင့်သာ ရှိခဲ့သည်။ ပါမောက္ခစတမ့်သည် ရိုးမရေနံကုမ္ပဏီတွင် ခေတ္တထမ်းရွက်ခဲ့ဖူးရာမှ မြန်မာ နိုင်ငံ၏ တတိယကပ်ကျောက်များနှင့် စပ်လျဉ်း၍ အရေးပါသော အခြေခံ အယူအဆများကို ထုတ်ဖော်ခဲ့သူ ဖြစ်၏။ ၁၉၃ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ကထိက ဖြစ်ခဲ့ဖူးသူ အိပ်ချအယ် ချစ်ဗားသည် ထိုခေတ်အထိ လေ့လာပြီးသမျှသော ဘူမိဗေဒ တွေ့ရှိချက်များကို စုပေါင်းကာ မြန်မာနိုင်ငံ ဘူမိဗေဒနှင့် မြန်မာနိုင်ငံ ဓာတ်သတ္တု အရင်းအမြစ်များ ဟူသော စာအုပ် ၂ အုပ်ကို ပြုစုခဲ့သူဖြစ်လေသည်။
ပုဂ္ဂလိက လေ့လာသူများအနက် ၁၉ ရာစု နှစ်ဦးပိုင်း တွင် တနင်္သာရီ ကမ်းမြှောင်ဒေသရှိ ကျောက်များနှင့် ဓာတ် သတ္တုများကို လေ့လာခဲ့သူ အက်ဖ မေဆွန်သည် ထင်ရှား၏။ ထိုပုဂ္ဂိုလ်ကြီးသည် မြန်မာဓာတ်သတ္တု အခေါ် အဝေါ်မျာကို လည်း သိပ္ပံအမည်များအရ စာရင်းပြုလုပ်သွားခဲ့သူ ဖြစ်သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် အီ၊ အို၊ ရိုင်လေ၏ လေ့လာမှု များကို တွေ့ရှိရ၏။ ၂ဝ ရာစုနှစ်တွင်ကား ဒုတိယ ကမ္ဘာစစ် ကြီး မတိုင်မီနှစ်များအတွင်း၌ အမေရိကန် ယထာဘူတ အသင်းနှင့် အမေရိကန် သဘာဝသမိုင်း ပြတိုက်ကြီးက ကြီးမှူး သော အရှေ့တောင် အာရှ စူးစမ်းလေ့လာရေး အဖွဲ့သည်စိတ်ဝင် စားဖွယ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်မှာ ဟဲလမတ်ဒါ တာရားဖြစ်၍၊ ရည်ရွယ်ချက်မှာ ပီကင်းလူနှင့် ဂျာဗားလူ ပေါ်ပေါက်ရာ တရုတ်နိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစု ( ယခုအခေါ် အင်ဒိုနီးရှာနိုင်ငံ ) အကြားရှိ မြန်မာပြည်တွင် ရှေးဦးလူများ ရှိနိုင်ကောင်းသောကြောင့် စူးစမ်းရှာဖွေ နိုင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ကျောက်ခေတ် လူရိုးများ မတွေ့ရှိခဲ့သော်လည်း အထက်မြန်မာ ပြည်တွင် ကျောက်ခေတ်လူသုံးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကို မှီငြမ်းပြုကာ မြန်မာ့ကျောက်ခေတ်လူကို အညာသီယန် ဟူ၍ပင် မှည့်ခေါ်သွားခဲ့လေသည်။(ဒေါက်တာညီညီ)။



ကိုးကား
1 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

Address

No. 12 , Thu Kha Street , Insein GTI Near, Insein Township. Yangon. Myanmar
Shangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when TMO Education center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share