Mogok Gym

Mogok Gym

Share

Taunggyi မှာရှိတဲ့ gym ပါ

11/04/2026
13/02/2026

သင်တန်းဖွင့်ရက် 23/2/2026 ,Monday
အချိန် 6:30am to 7:30am
3:30pm to 4:30pm

ကိုယ်အဆင်ပြေတဲ့ချိန် join လို့ရပါတယ်နော်
Join မယ်ဆို စာရင်းသွင်းလို့ရပြီနော်

24/10/2025

🥺 #ဒီပေါင်ချိန်မှာ_တန့်နေတယ်
🥺 #ဘယ်လိုလုပ်ရမလဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄

Gym ဆော့သူများ အမေးများဆုံးမေးခွန်းတစ်ခု ရှိတယ်။

“ ဒီပေါင်ချိန်မှာ တန့် နေတယ်၊ ဘယ်လို လုပ်ရမလဲ "

Gym ဆော့ပြီဆိုကတည်းက Weight ချချင်တယ်၊ ဒါမှမဟုတ် Weight တင်ချင်တယ် ဆိုပြီး Goal တွေ ရှိကြမယ်။ ဒီကိုယ်လိုချင်တဲ့ Goal အရ လေ့ကျင့်ခန်းတွေလုပ် ၊ အစားအသောက်တွေ ရွေးချယ်စားပြီး Life-Style ကို ပိုကောင်းအောင် လုပ်ကြတယ်ပေါ့။ ဒါပေမယ့် အချိန်တစ်ခုကြာတဲ့အခါ အပေါ်က မေးခွန်းမေးတဲ့ အချိန်ရောက်လာတယ်။

" တန့်နေတယ်၊ Progress မရှိတော့ဘူး "

ဒီမေးခွန်းကို မှန်အောင်ဖြေဖို့အတွက်ဆိုရင် Progress ဟာဘာလဲ၊ Progress ရှိမရှိ ဘယ်လိုသိနိုင်မလဲဆိုတာကို နားလည်ဖို့ အရေးကြီးတယ်ဟုတ်။



Progress ဆိုတာ တဖြေးဖြေးချင်း တိုးတက်လာတာပေါ့။ ဘာတိုးတက်လာတာလဲဆိုတော့

👍 ပိုပြီးကြည့်ကောင်းလာမယ်၊
👍 ပိုပြီး သန်မာလာမယ်၊

ဒီနှစ်ချက်ဟာပဲ လေ့ကျင့်ခန်းလုပ်ကြသူတွေရဲ့ Goal ပဲဖြစ်တယ်။ ဒီနေရာမှာ လူတွေလွဲမှားနေတာက

Progress ဆိုတာ

❌ ပိုပြီး ပေါင်ချိန်ကျလာမယ်
❌ ပိုပြီး ပေါင်ချိန်တက်လာမယ်

ဆိုပြီး ထင်ကြတာပါပဲ။ ပေါင်ချိန်စက်ပေါ်ကပြတဲ့ ဂဏန်းတွေကပဲ တိုးတက်မှု ရှိမရှိသိစေနိုင်တယ်ပေါ့။

ဒါ့ကြောင့်လဲ Progress ကို တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ချို့ကို Golden_Dreamers တွေအတွက် ဝေမျှလိုက်ပါတယ်။

_______________

၁- ပေါင်ချိန်စက်

ဒါကတော့ သာမန် ရပ်ကွက်ထဲကလူတွေ သုံးနေကြ Good old progress tracker ပေါ့။ တိုးတက် လာမလာကို ပေါင်ချိန်စက်နဲ့ ကြည့်တယ်။

" ဟာ ပေါင် ၁၁ဝပဲ "
" ဟာ ပေါင် ၁၈၀ပဲ "

စလုပ်တုန်းက Weight အတက်အကျရှိပေမယ့် အခုမပြောင်းလဲတော့တာ ကြာပြီ။ ဒါနဲ့ပဲ Progress မရှိတော့ဘူး ထင်ကြပြီ။ Progress မရှိရင် Gym ဆော့ရတာ ပျော်ဖို့မကောင်းတော့၊ မသွားချင်တော့ဘူး ဖြစ်လာပြီ။

👍 ပေါင်ချိန်စက်ရဲ့ ကောင်းကျိုးက ဘယ်လောက် ဘယ်နပေါင်ကို တိကျစွာမြင်ရတယ်။

👎 ပေါင်ချိန်စက်ရဲ့ ဆိုးကျိုးက ရေဓာတ်က ဘယ်လောက်၊ အဆီကဘယ်လောက်၊ ကြွက်သားက ဘယ်လောက်ဆိုတာကို ခွဲခြားလို့မရဘူး။

ဥပမာ ပေါင်၁၁ဝ ချင်းတူပေမယ့် လွန်ခဲ့တဲ့လ ပေါင်၁၁၀ မှာ ကြွက်သားက ပေါင်၈ဝ ပဲရှိပေမယ့် အခု ၈၂ပေါင်ဖြစ်နေရင်တောင် ပေါင်ချိန်စက် ပြောပြနိုင်မှာ မဟုတ်တာပါပဲ။

၂- ကြည့်မှန်

Workout လုပ်နေတုန်း၊ လုပ်ပြီးချိန်ဆို ရှိုး ရှိုးနေကျ Favorite အရာဖြစ်တဲ့ မှန် ကြည့်ပြီးလဲ Progress ကိုသုံးသပ်နိုင်ပါတယ်။

မျက်နှာ မေးရိုးပိုပြတ်သားလာတယ်။ Abs ပိုပေါ်လာတယ်။ လက်မောင်းတွေ၊ နောက်ကျော၊ ပုခုံးတွေက ကြွက်သားတွေ ပိုထင်းလာတယ်။ ပေါင်နောက်က၊ လက်မောင်းနောက် အဆီတွေ လျော့လာတယ်။

ပေါင်ချိန် အတက်အကျမရှိပေမယ့် ပိုကြည့်ကောင်းလာပြီဆိုရင် ဒီပေါင်ချိန်စက်ပေါ်က နံပတ်တွေက ဘာမှအရေးမပါပါဘူး။

👎 ဆိုးကျိုးတစ်ခုက နေ့စဥ် မှန်ကြည့်နေကျဆိုတော့ အပြောင်းအလဲ အသေးအမွှားလေးတွေကို မြင်ရခက်တာပါပဲ။ Progress ဆိုတာလဲ တဖြေးဖြေးချင်းနဲ့သာ တိုးတယ်ဆိုတော့ ဘက်မလိုက်တဲ့ အမြင်နဲ့ ကြည့်တက်ဖို့လိုပါတယ်။

၃- ခါး အတိုင်းအတာ

လက်ညိုးနဲ့ လက်မလေး သုံးပြီး ဆွဲဆွဲကြည့်တဲ့ ခါးဘေးက အဆီလေးတွေနည်းလာတယ်၊ ခါးဘေးသားလေးတွေပိုပေါ်လာတယ်ဆိုတာလဲ လမ်းမှန်ပေါ်ရောက်နေပြီဆိုတဲ့ Signal လေးတစ်ခုပါပဲ။

ပေါင်ချိန် အတက်အကျမရှိပေမယ့် ခါးဆိုဒ် ကျသွားတယ်ဆိုတာ ဝမ်းသာရမယ့် အောင်မြင်မှုတစ်ခုပေါ့။ အဆီပိုတွေ လျော့သွားတဲ့အပြင် ခါးဘေးက အဆီပိုတွေဟာ ချရအခက်ဆုံးဖြစ်တာမလို့ တော်ရုံ Progress မှ မဟုတ်ပဲ။

👎 ဆိုးကျိုးလေးတစ်ခုကတော့ ဆိုဒ်သေးတဲ့ ဘောင်းဘီ၊ စကတ်တွေ ထပ်ဝယ်ရတာပါပဲ။ 😄

၄- Fitness level တက်လာခြင်း

ဒါပေါ့၊ ဒါပေါ့။ ပေါင်ချိန်အပြောင်းအလဲ မရှိပေမယ့်
အရင်က

✅ ဆယ်မိနစ်ပဲပြေးနိုင်တာကနေ မိနစ်၂ဝပြေးနိုင်ပြီ။

✅ 2kg ဝိတ်တုံးလေးကနေ 3kg ဖြစ်လာပြီ။

✅ 15kg ကို မနည်းဆော့နေတာကနေ 15kg က သွေးပူ Warm up လောက်ပဲဖြစ်သွားပြီ။

✅ တစ်နေ့တာ တက်တက်ကြွကြွ ဟိုသွားဒီသွား၊ အိမ်သန့်ရှင်းရေးတွေ လုပ်နိုင်လာပြီ။

✅ Active lifestyle ဖြစ်လာပြီ။

ပေါင်ချိန် အတက်အကျမရှိပေမယ့် Gym ထဲမှာ အလေးတွေ ပိုဆော့နိုင်လာတယ်ဆိုတာ ကြွက်သားတက်လာလို့ပါပဲ။

*ဒီနေရာမှာ အလေးဆော့တဲ့အခါ #၁၀-၁၅ ကြိမ်ကြား ဆော့ရင်းနဲ့ တိုးတက်လာဖို့ ကြိုးစားပါ။ ၄-၆ ကြိမ်ကြားဆော့ရင်း တိုးတက်လာရင် Muscle ထက် Strength က ပိုတက်လာပါတယ်။ Strength တက်လာခြင်းက ကောင်းပေမယ့် ရုပ်ပိုင်းဆိုင်ရာ Body ကျ သိပ်မပြောင်းစေပါဘူး။ Muscle တက်လာတာကမှသာ ပိုပြီး ကြည့်ကောင်းလာစေနိုင်ပါတယ်။

_______________

ကဲ၊ ဒီတော့ ပေါင်ချိန်တန့်နေတယ်ဆိုတဲ့ သူတွေကို ပြန်မေးပြီနော်။

👉 မှန်ထဲမှာရော ဘယ်လိုလဲ

👉 ခါးဆိုဒ်ရော ကျလာသလား

👉 Gym ထဲမှာရော ၁၀-၁၅ ကြိမ်ကြားဆော့တဲ့အလေးတွေ တိုးလာသလား

ဒါတွေ တိုးလာတယ်ဆိုရင်တော့ စိတ်ရှည်ပြီး ဆက်ဆော့ရုံပါပဲ။ မတိုးလာဘူးဆိုရင်တော့ ကိုယ့်ရဲ့

•Diet ၊
•Training ၊
•Life-Style (ပိုလှုပ်လှုပ်ရှားရှားနေဖို့) ၊
•Sleep

စတာတွေကို ပြန်သုံးသပ်ပြီး ဆက်ပြီး စိန်ခေါ်ရမှာပေါ့။

_______________

Gym အခုမှ စဆော့သူတွေ၊ လေ့ကျင့်ခန်းစလုပ်သူတွေအတွက် ဒီ ဗဟုသုတအမှန်ကို သိဖို့အရေးကြီးပါတယ်။

Progress သိရမယ်။ Progress သိမှ၊ ရှိမှ ဆော့ရတာပျော်မယ်။ ဆော့ရတာပျော်မှ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်။

ဒီလိုသိနိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီနိုင်ပါလိမ့်မယ်။ Chat box မှာ ပြန်ဖြေရင် တစ်ယောက်ပဲ သိနိုင်မှာမလို့ ပို့စ်တင်လိုက်ပါတယ်။ လာမေး သူတွေကိုလဲ ကျေးဇူးပါ။

ကြိုက်နှစ်သက်ရင် ပြန်ဝေမျှနိုင်ပါတယ်။

Credit with thanks
Golden Dreams

25/09/2025

အခုလိုခေတ်ကြီးမှာ
*ပေးဆပ်တာထက် ပိုရမယ်
*အရင်းနှီးနဲပြီး အကျိုးအမြတ်များမယ်
*ကိုယ့်ကိုကိုယ် ယုံကြည်မူ့တိုးစေမယ်
*ကျန်းမာကြံ့ခိုင်မူ့ရဲ့နောက်မှာ လှပမူ့နဲ့ အရွယ်တင်နုပျိုမူ့
ကလည်း auto ရရှိမယ်
ဒါဆို ဘာလို့အချိန်ဆွဲနေမှာလည်း🙃 နော်
*အ‌ခြေခံကစ အနီးကပ်သင်ပေးတဲ့ mogokgym ကို
လာ join လိုက်ပါနော်🥰🤗

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

2/219, Aye Myitta Street, Ward II, Payar Phyu Quarter
Taunggyi
140101