Technological University Taunggyi - Esports Association

Technological University Taunggyi - Esports Association

Share

UNITE - COMPETE - INNOVATE

02/08/2026

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ တရားဝင်ဖိတ်ကြားလွှာ

၂၀၂၆ Esports ကမ္ဘာ့ဖလားပြိုင်ပွဲ (Esports World Cup 2026) တွင် 1st Runner-Up ဆုကို ရရှိကာ မြန်မာနိုင်ငံ၏ ဂုဏ်ကို ကမ္ဘာ့စင်မြင့်ထက်တွင် ဂုဏ်ယူဖွယ် ဆောင်ကြဉ်းပေးခဲ့သော မြန်မာ့ဂုဏ်ဆောင် Yangon Galacticos MLBB အသင်း အား ဂုဏ်ပြုကြိုဆိုရန်အတွက် ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကြီးကို ရန်ကုန်မြို့၊ Sedona Hotel တွင် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ( MESF) မှ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ၊ Paris မြို့တွင် ကျင်းပခဲ့သော 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Mobile Legends: Bang Bang ပြိုင်ပွဲ တွင် Yangon Galacticos အသင်းသည် ကမ္ဘာ့အဆင့် ထိပ်တန်းအသင်းများနှင့် ယှဉ်ပြိုင်ကစားကာ Grand Final အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး 1st Runner-Up ဆုကို ရရှိခဲ့ပါသည်။

ယခုအောင်မြင်မှုသည် Yangon Galacticos အသင်း၏ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနှင့် မြန်မာ့ Esports စွမ်းရည်ကို ကမ္ဘာ့စင်မြင့်ပေါ်တွင် ထင်ရှားစွာ ဖော်ပြနိုင်ခဲ့သည့် သမိုင်းဝင်အောင်မြင်မှုတစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ Esports ကစားသမားများနှင့် မျိုးဆက်သစ် အားကစားသမားများ အတွက် အားတက်စရာ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကြီးတွင် Yangon Galacticos အသင်း၏ အောင်မြင်မှုကို Esports Community မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် မြန်မာ Esports ပရိသတ်များအားလုံးနှင့်အတူ ဂုဏ်ပြုမှတ်တမ်းတင်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ Esports သမိုင်းတွင် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့သော မြန်မာ့ဂုဏ်ဆောင် Yangon Galacticos MLBB အသင်း အား အတူတကွ ဂုဏ်ပြုကြိုဆိုနိုင်ရန် အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ – ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃) ရက်
အချိန် – နေ့လယ် ၂:၀၀ နာရီ
နေရာ – Sedona Hotel Ballroom

(English Version)

Official Invitation from Myanmar Electronic Sports Federation (MESF)

The Myanmar Electronic Sports Federation (MESF) is honored to host a Welcome and Appreciation Ceremony at Sedona Hotel Yangon to celebrate and welcome Yangon Galacticos MLBB Team, the pride of Myanmar Esports, who achieved the 1st Runner-Up title at the Esports World Cup 2026 and proudly represented Myanmar on the global stage.

At the Mobile Legends: Bang Bang competition of Esports World Cup 2026, held in Paris, France, Yangon Galacticos competed against the world’s top teams and successfully advanced to the Grand Final stage, securing the prestigious 1st Runner-Up title.

This achievement represents the dedication, teamwork, and outstanding capabilities of Yangon Galacticos, showcasing the strength of Myanmar Esports on the global stage. It is also a historic milestone and a great source of inspiration for Esports athletes and the next generation of players in Myanmar.

During this Welcome and Appreciation Ceremony, the achievement of Yangon Galacticos will be celebrated and commemorated together with Esports community leaders, partner organizations, media representatives, and Myanmar Esports fans who have continuously supported the team throughout their journey.

Therefore, MESF respectfully invites all Esports communities, partners, media, and fans to attend this special ceremony and join together in welcoming and honoring Yangon Galacticos MLBB Team, the Myanmar representative team that has created a new milestone in Myanmar Esports history.

Date – 3 August 2026
Time – 2:00 PM
Venue – Sedona Hotel Ballroom

01/08/2026

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ တရားဝင်ထုတ်ပြန်ကြေငြာချက်
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်၊ ရန်ကုန်မြို့)

2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ၏ Mobile Legends: Bang Bang ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် Semi-Finals ပွဲစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်ကာ Grand Final အဆင့်သို့ သမိုင်းဝင်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါ သမိုင်းဝင်အောင်မြင်မှုကို မြန်မာ Esports ပရိသတ်များနှင့်အတူ ဂုဏ်ပြုအားပေးနိုင်ရန် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် Yangon Galacticos (YG) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Grand Final Watch Party ကို ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားရုံ (Thuwunna National Indoor Stadium) ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Grand Final Watch Party အစီအစဉ်အတွက် တံခါးဖွင့်ချိန်ကို ညနေ ၅ နာရီ ၃၀ မိနစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်း၏ သမိုင်းဝင် Grand Final ပွဲစဉ်ကို Esports Communities များ၊ ပရိသတ်များနှင့်အတူ စည်းလုံးညီညွတ်စွာ လာရောက်အားပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် မြန်မာ Esports ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံကိုယ်စားပြုအသင်းများ၊ အသင်းအဖွဲ့များနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ယခု Grand Final Watch Party ကိုလည်း Yangon Galacticos အသင်းနှင့် ပူးပေါင်းကျင်းပခြင်းဖြင့် မြန်မာ Esports အသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတကာအောင်မြင်မှုများကို အတူတကွ ဂုဏ်ပြုမှတ်တမ်းတင်လိုပါသည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် Yangon Galacticos အသင်း၏ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ယူစွာ မှတ်တမ်းတင်ပြီး Grand Final ပွဲစဉ်တွင်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်ကာ ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ထို့အပြင် မြန်မာ Esports ပရိသတ်များ၊ Esports Communities များနှင့်အတူ Yangon Galacticos အသင်း၏ သမိုင်းဝင်ခရီးလမ်းကို အတူတကွ အားပေးဝန်းရံနိုင်ရန် Grand Final Watch Party သို့ လာရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(English Version)
Official Announcement from the Myanmar Electronic Sports Federation (MESF)
(August 1, 2026 – Yangon)

The Myanmar Electronic Sports Federation is proud to announce that Yangon Galacticos (YG), representing Myanmar, has achieved a historic milestone by advancing to the Grand Finals of the Mobile Legends: Bang Bang tournament at the 2026 Esports World Cup.

To celebrate this remarkable achievement, the 2026 Esports World Cup Grand Final Watch Party, jointly organized by the Myanmar Electronic Sports Federation (MESF) and Yangon Galacticos (YG), will be held at the Thuwunna National Indoor Stadium in Yangon.

Doors for the Grand Final Watch Party will open at 5:30 PM. We invite the Esports community and all fans to come together in unity to support Yangon Galacticos in this historic championship match.

As the national governing body for esports in Myanmar, MESF remains committed to working closely with Myanmar's esports organizations and professional teams to strengthen the country's esports ecosystem. Through this collaboration with Yangon Galacticos, we proudly celebrate Myanmar's historic achievement on the international stage and the unity of our esports community.

The Myanmar Electronic Sports Federation (MESF) proudly honors the monumental success of Yangon Galacticos at the 2026 Esports World Cup and offers our best wishes for the team to deliver their peak performance and secure the championship title for Myanmar.

We cordially invite all Myanmar Esports fans and communities to join us at the Grand Final Watch Party to witness and support Yangon Galacticos' historic journey.

28/07/2026
28/06/2026

University Qualifier Preparation highlights 🎬

TUTGI Esports Association ကနေ စီစဉ်ကျင်းပတဲ့ ကျောင်းတွင်းပွဲစီစဉ်မှုများနှင့် ပြိုင်ပွဲ၀င်ပုံရိပ်များကို မှတ်တမ်းတင်ဖော်ပြလိုက်ရပါတယ်ရှင်

University Qualifier ပွဲစဉ်များ အခုလိုအောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက်ရော ၊ အကုန်လုံးစုပေါင်းပါ၀င်ကြိုးစားပေးတဲ့အတွက်ရော ညီမတို့ TUTGI Esports Association မှ တာ၀န်ရှိသူများအားလုံးကို ထပ်မံကျေးဇူးတင်ရှိပါတယ်ရှင်

ဆက်လက်ပြီးပိုမိုကောင်းမွန်တဲ့ပြင်ဆင်မှုများနဲ့ ပြန်လာခဲ့ဦးမှာမို့ အကုန်လုံး ဆက်လက်စောင့်မျှော်ပေးကြပါဦးရှင်💪🏻

26/06/2026

WE ARE VERY SORRY

Day 2 result အနေနဲ့ကတော့ ညီမတို့ရဲ့ TUTGI ကိုယ်စားပြုအသင်းဟာ Top 4 ထဲ မရောက်ခဲ့တာမို့စိိတ်မကောင်းစွာနဲ့ Main Stage နဲ့ လွဲချော်ခဲ့ရပါတယ်

ကြိုးစားပေးခဲ့တဲ့ players လေးတွေအကုန်လုံးကိုလဲ အခုလိုကျောင်းကိုယ်စားပြုအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပေးခဲ့တဲ့အတွက် ကျေးဇူးလဲတင်ရင်း ဂုဏ်လဲယူပါကြောင်း TUTGIEA မှ အမှာစကားပါးလိုက်ရပါတယ်ရှင်🙇🏻‍♀️

25/06/2026

Survival Stage DAY 1 | Rank 3

TUTGI power is not joke❗

ပထမပွဲမှာတင် Chicken Dinner စားခဲ့ရပြီး Day 1 မှာ rank 3 အနေနဲ့ အောင်ပွဲဆင်နိုင်ခဲ့တဲ့ TUTGIကိုယ်စားပြုအဖွဲ့အတွက် အများကြီးဂုဏ်ယူ‌မိကြောင်းပါရှင် 👏🏻

ဒါနဲ့ Rank 1 နဲ့တောင် 5မှတ်လောက်ပဲကွာတာဆိုတော့ အပီအပြင်ကြိုးစားနေတဲ့ TUTGI ကိုယ်စားပြုအဖွဲ့တွေအတွက် Day 2 မှာလဲ အားပိုရှိအောင် အတူတူဝိုင်းအားပေးလိုက်ကြရအောင်💪🏻

June 26 th (5:00 PM)

25/06/2026

Sealed with a Chicken Dinner🐓

VEC26 PUBG Mobile Group Stage Day (1) ရဲ့ ပထမဆုံး Map Erangel မှာ WWCD ရရှိသွားတဲ့ အသင်းကတော့ TUTG ပဲဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ပွဲစဉ်တွေမှာလည်း ဘယ်အသင်းက အကောင်းဆုံးလက်စွမ်းပြပြီး Grand Final Stage ကို တိုက်ရိုက်တက်ရောက်နိုင်သွားမလဲဆိုတာသိရဖို့ ဆက်လက်စောင့်ကြည့်ပေးပါဦး။

"The Stars of The Future"


25/06/2026

Road To Main Stage!

Survival Stage ‌မှာ TUTGI အသင်းအနေနဲ့ Top 4 ၀င်ပြီး Main Stage ကိုတက်ရောက်နိုင်မလား ?

ဒီအဖြေကို သိချင်ရင်တော့ 25/26 ရက်နေ့ ညနေ 5 နာရီ ပွဲတွေမှာ တိုက်ရိုက် Live ထုတ်လွှင့်မှာမို့ အားပေးဖို့မမေ့ကြနဲ့နော်💪🏻

အပီအပြင်ကြိုးစားထားတဲ့ ကိုယ့်ကျောင်းကိုယ်စားပြုအသင်းကို Main Stage တက်ရောက်တဲ့ထိအားပေးချင်တဲ့ ကိုကို၊မမ ၊သူငယ်ချင်းအားလူံး ဒီည Live မှာတွေ့ကြမယ်နော်🔥

June 25th & 26th ( 5:00 PM)

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Aye Thar Yar
Taunggyi
06101