Goal to Poe

Goal to Poe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Goal to Poe, Coach, Taunggyi.

27/12/2025

🇨🇱 အလက်ဆစ် ဆန်းချက်ဇ်ရဲ့ အာဆင်နယ်မှာတုန်းက စွမ်းဆောင်ရည်-
▶️ ၁၆၆ ပွဲကစား
▶️ ဂိုး ၈၀ သွင်း
▶️ ဂိုးဖန်တီးမှု ၄၅ ကြိမ်

🇩🇪 အိုဇေးရဲ့ အာဆင်နယ်မှာတုန်းက စွမ်းဆောင်ရည်-
▶️ ၂၅၄ ပွဲကစား
▶️ ၄၄ ဂိုးသွင်း
▶️ ၇၉ ဂိုးဖန်တီး

အာဆင်နယ်မှာ အရမ်းကြမ်းခဲ့တဲ့ နှစ်ယောက်။

အာဆင်နယ်မှာ ငကြမ်းကြီးဆိုလို့ မန်ယူက ခေါ်လိုက်တာ။ မန်ယူ ရောက်လာတော့ သူကြမ်းတာ ရုပ်ပဲရှိတော့တယ်🤧🤧
ရုပ်ကြမ်းကြီးနဲ့ ပေကပ်နေ😆😆

27/12/2025

မန်ယူက နိုင်ချင်ပါတယ်။
ကစားသမားတွေလည်း နိုင်ချင်တယ်။
အမိုရင် လည်း နိုင်ချင်တယ်။

ပရိသတ်တွေကလည်း နိုင်ချင်တယ်။

ဒီကောင့်ကို သောက်မြင်ကတ်နေကြလို့သာ နိုင်ရမလား မနိုင်ရမလားနဲ့ လမ်းပျောက်နေကြတာ။

အခုလည်း တစ်ပွဲနိုင်တာနဲ့ ပေါ်လာပြီ။ ဒင်းက 🤧🤧

22/12/2025

"မန်ယူအသင်းမှာ ဒါလော့ လိုကစားသမားတွေ အများကြီးပါပဲ။ အသင်းအတွက် အားထုတ်မှုအပြည့်နဲ့ မကစားပေးကြသူတွေပေါ့"

(ရွိုင်ကိန်း)

21/12/2025

🚨🚨🤯 "ဒီနေ့ပွဲကို တာဝန်ယူတဲ့ ဒိုင်လူကြီးက အလုပ်ကနေတောင် ရပ်နားခံရသင့်တယ်။
၂ မိနစ်အတွင်း ပင်နယ်တီ ၂ လုံးပေးတာကို ကျွန်တော့်ဘဝမှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

(ရီးယဲလ်-ဆီးဗီးလားပွဲအပြီး ဆီးဗီးနည်းပြ အယ်လ်မေးဒါးရဲ့စကားသံ)

17/12/2025

၂၀၂၃ ခုနှစ်တုန်းက နေမာတစ်ယောက် ဆော်ဒီကလပ် အယ်ဟီလယ် အသင်းဆီ ရောက်ဖို့ဖြစ်လာခဲ့တယ်။ သူ့အတွက် ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ အများကြီး ရခဲ့တယ်။

ဒါပေမယ့် နေမာက အယ်ဟီလယ် ကိုရွေးခဲ့တယ်။ သူလိုချင်တာတွေကို တောင်းခဲ့တယ်။ အသင်းကလည်း အကုန်ဖြည့်ဆည်းပေးခဲ့တယ်။

နေမာက သူနေမယ့်အိမ်မှာထားဖို့ စားဖိုမှုး၊ သန့်ရှင်းရေးတွေအပါအဝင်အချိန်ပြည့်ဝန်ထမ်း ၅ ယောက်အထိ ပေးဖို့တောင်းခဲ့တယ်။

သူနေတဲ့အိမ်က မိသားစုအများကြီးဆန့်တဲ့ အိပ်ခန်း ၂၅ ခန်းပါတဲ့အိမ် ဖြစ်ဖို့တောင်းဆိုခဲ့တယ်။
သူ့အိမ်က ရေခဲသေတ္တာကိုလည်း သူအမြဲသောက်နေကျ အအေးအပါအဝင် အစားအသောက်အပြည့် ဖြည့်ပေးဖို့ အသင်းဖက်က တာဝန်ယူရတယ်။

သူဘယ်ကိုပဲ သွားချင်သွားချင် အချိန်မရွေးသွားနိုင်အောင် သီးသန့်လေယာဥ်တစ်စင်း အဆင်သင့်ထားပေးရတယ်။

သူနဲ့ သူ့လူတွေအတွက် အကောင်းဆုံး ဇိမ်ခံကားတွေ တောင်းဆိုခဲ့ဆးတယ်။ လမ်ဘိုဂီနီ၊ မာစီဒီးစ်၊ အက်ရှ်တန်မာတင် စတဲ့ကားတွေကို အသင်းဖက်က စီစဥ်ပေးရတယ်။

ဒါ့အပြင် ဆော်ဒီကိုခရီးသွားရင် ဘာညာဆိုတဲ့ အင်စတာဂရမ်ပို့စ်တွေ တင်ပေးရင်လည်း တစ်ခုကို ယူရို ၅သိန်းပေးရတယ်။

သူတောင်းဆိုတာတွေ မှန်သမျှ အသင်းက မငြင်းဘူး။
အကုန်ပေးခဲ့တယ်။

နေမာက အယ်ဟီလယ်မှာ ၂ နှစ်ကစားခဲ့တယ်။
၂ နှစ်အတွင်းမှာ ဒဏ်ရာရနေတာက များတယ်။
စုစုပေါင်း ၇ ပွဲပဲ ကစားခဲ့ရတယ်။ ၁ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးနိုင်ခဲ့တယ်။

နေမာ ဆော်ဒီမှာ အရမ်းပျော်ခဲ့တယ်။ 😁😁

17/12/2025

🚨ဒေါ့တ်မွန်တောင်ပံကစားသမား အဒီယီမီ ဟာ ၂၀၂၆ မှာ ဒေါ့တ်မွန်ကနေ ထွက်ခွာတော့မယ့်အ‌ကြောင်း အသင်းကိုတရားဝင်အသိပေးလိုက်ပါတယ်။
👋👀🔜🇩🇪⬇️
အကြောင်းရင်းကတော့ သူ့ရဲ့ကောင်မလေးက တခြားနိုင်ငံတွေမှာနေပြီး အပြောင်းအလဲလေး လုပ်ချင်တာကြောင့်ပါတဲ့။
🌇
ကိုယ့်ကောင်ကြီးကလည်း ရည်းစားပြောရင် တစ်ခွန်းပဲ။ ချက်ချင်းဆိုသလို အေးဂျင့်ပါ ပြောင်းချပစ်လိုက်တယ်။ သူ့ရဲ့အပြောင်းအရွှေ့အတွက် ပိုလွယ်အောင်လို့။
🔄 🤯
အခုတော့ သူ့ကောင်မလေးက အင်္ဂလန်မဟုတ်ရင် စပိန်မှာနေချင်တယ်ဆိုလို့ အဲဒီမြေက အသင်းတွေဆီ ပြောင်းဖို့ပြင်နေပါပြီ။

တော်တော်ခေါ်ချင်စရာကောင်းတဲ့ ကောင်လေးဆိုတော့ 🥴🥴

16/12/2025

အိန္ဒိယဟာ Goat တစ်ယောက်ရဲ့ ရုပ်တုကို အခုမှ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။
၂၀၂၁ ခုနှစ်တုန်းက ရော်နယ်ဒိုရဲ့ ရုပ်တုကြီးကို ဖန်တီးခဲ့ပြီး ၄၅၀ ကီလိုဂရမ်အထိ အလေးချိန်ရှိခဲ့ပါတယ်။

အခု ၂၀၂၅ မှာတော့ မက်ဆီရဲ့ ရုပ်တုအကြီးကြီးပါ။

အားလုံးကတော့ထင်ကြမှာပါ။
ဟ အိန္ဒိယက ဘောလုံးမှာသာ သိပ်မအောင်မြင်တာ ဒါတွေတော့ လုပ်ဖော်ရသားပဲ ဆိုပြီး။

တကယ်တော့ သူတို့ရည်ရွယ်ချက်က ရိုးရိုးလေးပါ။

သိပ်မကြာခင်အချိန် ၊ ဒီရုပ်တုတွေကို ခြံနဲ့ဝန်းနဲ့ လုပ်ပြီး ဝင်ကြေးကောက်ဖို့ပါပဲ။
ဟဲဟဲ 😁😁

15/12/2025

🚨 ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ဒါဘီတွေထဲက တစ်ခုဖြစ်တဲ့ Tyne-Wear ဒါဘီ ဟာ ၂၀၁၆ ခုနှစ်ကတည်းက ပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့ရတာပါ။

တွေ့လိုက်တိုင်း အမြဲဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ ဆန်းဒါးလန်းနဲ့ နယူးကာဆယ်ရဲ့ ဒါဘီပွဲဟာ ညတုန်းကလည်း ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာပါ။

ဆန်ဒါးလန်းကတော့ သူတို့ရဲ့ဒါဘီပြိုင်ဖက် နယူးကာဆယ် ကို ဘယ်လောက်အမြင်ကပ်နေလဲဆိုရင် သွင်းဂိုးဆိုင်းဘုတ်မှာတောင် နယူးကာဆယ်ရဲ့ လိုဂို ကို ထည့်မပေးခဲ့ပါဘူး။😭😭💀⬇️

အဲဒီအစာ “ဧည့်သည်‌ တွေ” လို့ပဲ ရေးပေးသွားခဲ့ပါတယ်။! 😂👏

တကယ့်ကို ကြည့်ရတာ တန်တဲ့ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တိုက်စစ်ကောင်းလှပါတယ်ဆိုတဲ့ နယူးကာဆယ်ကို ဆန်းဒါးလန်းက ၁-၀ နဲ့ ကျိတ်ပြသွားခဲ့ပါတယ်။🤩🍿

12/12/2025

🚨🗣️ယာယာတိုရေး - "၂၀၀၆ ခုနှစ်တုန်းက ကျွန်တော် မိုနာကို ကို ဘာလို့ ပြောင်းရတာလဲ လို့မေးကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အိုလံပီယာကော့စ်ကနေ ထွက်လာတဲ့အချိန်၊ လိုင်ယွန်နဲ့ ရီးယဲလ်က ခေါ်ချင်နေတဲ့အချိန်ပေါ့"👀�⬇️

"ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြောမိတယ်။ မင်းအများကြီးစဉ်းစားနေစရာမလိုဘူး။ လိုင်ယွန်က အရမ်းအင်အားတောင့်တဲ့အသင်း၊ အဲဒီကိုသွားရင် ပေးဆပ်မှုတစ်ခုခုကတော့ သေချာပေါက်ရှိလာမှာ"

"ရီးယဲလ်ကို သွားပြန်ရင်လည်း သူတို့က အရမ်းကောင်းနေတာ။ မင်းရောက်သွားလို့ ဘာမှ မထူးဘူး။ ဒီတော့ ကျွန်တော့်ဘာသာ အဖြေရှာကြည့်တယ်။ ကျွန်တော့် အေးဂျင့်ကို မိုနာကို အသင်းဆီ သွားချင်တဲ့အကြောင်း ပြောလိုက်တယ်။"

"မိုနာကို က ပရိသတ် လုံးဝမရှိဘူးလေ။ ဒီတော့ ကျွန်တော့်ခြေစွမ်းနဲ့ပတ်သက်ပြီး ဘာဖိအားမှ ရှိလာမှာမဟုတ်ဘူး။ သူတို့ကွင်းကြီးကလည်း ထိုင်ခုံအလွတ်တွေချည်းပဲ"
😭💀

အကြံဆိုးကြီးနဲ့ မိုနာကို ရောက်ခဲ့တဲ့ ယာယာတိုရေး😂😂

12/12/2025

မန်ယူနဲ့ ဘာစီပွဲတုန်းက အမှတ်တရလေး 😁😁

ပွဲမစခင်တုန်းကတော့ ကက်ဆီ ကြီးက စပိန်မှာ ဘာစီနဲ့တွေ့တိုင်း ဘယ်လိုကြုံးခဲ့တာ၊ ဘယ်လိုကျိတ်ခဲ့တာတွေ ပြောတော့ အသင်းသားတွေက အားတွေရှိ။
ဒီ‌ကောင်တွေ သေဖို့သာ ပြင် ဆိုပြီး တွေးကြတာပေ့ါ။

ပွဲထဲမှာလည်း ငြိကြရော ဘရူနို က ငါတို့မှာ Tank ကြီးရှိတယ်ဆိုပြီး ဖြဲတာ။

သူ့ Tank ကြီးကတော့ မြင်တဲ့အတိုင်း 😂😂

11/12/2025

စတုဂတ် - မက္ကာဘီတဲအဗစ်



* ဂျာမန်ကလပ်ဖြစ်တဲ့ စတုဂတ်က ယူရိုပါလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာပါ။ ၅ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင် ၂ ပွဲရှုံးထားပြီး ထိပ်ဆုံး ၈ သင်းထဲရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတယ်။
ဒီနှစ်ယူရိုပါလိဂ်မှာ စတုဂတ်က အိမ်ကွင်းပွဲတိုင်းနိုင်ထားပြီး ဖီယင်နု၊ ဆယ်လ်တာ တို့လို ကစားရခက်တဲ့အသင်းတွေကို နိုင်ခဲ့တာ တွေ့ရပါတယ်။

* မက္ကာဘီ ကတော့ အမှတ်ပေးဇယာ အောက်ဆုံးကနေရေရင် ဒုတိယနေရာမှာပါ။ ၅ ပွဲကစားပြီးချိန်မှာ တစ်ပွဲမှ မနိုင်သေးပဲ ၄ ပွဲရှုံး ၁ ပွဲပဲ သရေရခဲ့တယ်။
အဲဒီ ၅ ပွဲမှာ တိုက်စစ်က ၁ ဂိုးပဲရပြီး ခံစစ်က ၁၄ ဂိုးအထိ ပေးခဲ့ရတာကလည်း မက္ကာဘီရဲ့ခံစစ်က တော်တော်လေး အားနည်းနေတယ်ဆိုတာကို သိသာစေတယ်။
နောက်ဆုံး ယူရိုပါလိဂ် ၃ ပွဲမှာ ၁၂ ဂိုးအထိ ပေးခဲ့တဲ့ ခံစစ်က တစ်ပွဲမှာ ၄ ဂိုးနှုန်းလောက် ဂိုးတွေပေးနေတယ်လို့ ကောက်ချက်ချလို့ရပါတယ်။

* ဒီပွဲအတွက် စတုဂတ်က ၂လုံးသရေ ကြေးပေါက်ပြီး ဂိုးပေါင်းက ၃-၁၀၀ ပါ။
စတုဂတ်က ယူရိုပါလိဂ်မှာရော၊ သူ့လိဂ်မှာပါ ဂိုးမြူးနေပြီး တိုက်စစ်လည်း သွက်ပါတယ်။ ထိပ်ဆုံး ၈ သင်းထဲ ဝင်ဖို့အတွက် အမှားမခံဖို့လိုနေတာရယ်၊ မက္ကာဘီရဲ့ ခံစစ်အားနည်းတာ၊ ယူရိုပါလိဂ်မှာ မျှော်လင့်ချက်မရှိတော့တာရယ် စတာတွေကို တွက်ကြည့်ရင် ဒီပွဲက စတုဂတ် အနိုင်သေချာတဲ့ ပွဲမျိုးပါ။

ရွေးချယ်မှု - (စတုဂတ်)

10/12/2025

ဘယ်မှာ ကစားနေလဲ မေးရင် ဘယ်သူမှမသိ။
တချို့ဆိုရင် နာမည်တောင်မှ သေချာသိကြတာမဟုတ်။

အသက်ဘယ်လောက်ရှိပြီလဲဆိုတာလဲ မသိ။
နေရပ်မသိ၊ လိပ်စာမသိနဲ့။

ဒါပေမယ့် ကမ္ဘာ့ဖလား စပြီဆို ဘယ်က ပေါ်ပေါ်လာမှန်းမသိပဲ မက္ကဆီကိုအသင်းမှာ လက်စွမ်းပြနေပြီ။

ရှောင်လင် ဆော်ကာ ထဲက ဂိုးသမားနဲ့ နင်လား ငါလားပဲ။

တကယ့် ဆရာကြီး😁😂🇲🇽

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Taunggyi