ရွှေမြေသီး - MMF

ရွှေမြေသီး - MMF မြန်မာ့တောင်သူများအတွက်အထွက်နှုန်းတိုးစေဖို့ဂျပန်နည်းပညာများဖြင့်ရွှေမြေသီးဓာတ်မြေသြဇာရောက်ရှိလို့လာပါပြီ

အားလုံးပဲ မင်္ဂလာပါရှင့် 🌾💚"ရွှေမြေသီး သုံးပြီး ကောင်းလွန်းလို့" ဆိုပြီး တောင်သူဦးကြီးတို့ ကိုယ်တိုင် ရေးပေးလာတဲ့ အားဖြည...
18/09/2026

အားလုံးပဲ မင်္ဂလာပါရှင့် 🌾💚
"ရွှေမြေသီး သုံးပြီး ကောင်းလွန်းလို့" ဆိုပြီး တောင်သူဦးကြီးတို့ ကိုယ်တိုင် ရေးပေးလာတဲ့ အားဖြည့်စကားသံလေးတွေနဲ့ Feedback Review လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေမြေသီး မြေဩဇာကို ယုံကြည်စိတ်ချစွာ ရွေးချယ်သုံးစွဲကြပြီး အဆင်ပြေကြတယ်ဆိုတာ ကြားရတာ ရွှေမြေသီး မိသားစုအတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့်။
ဒီနှစ် စိုက်ပျိုးရာသီမှာလည်း တောင်သူဦးကြီးတို့ရဲ့ သီးနှံများ အထွက်တိုး၊ အောင်မြင်ပြီး ဈေးကောင်းရရှိကြပါစေကြောင်း ရွှေမြေသီး မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌾✨
ရွှေမြေသီး မြေဩဇာ အသုံးပြုနည်းများ၊ အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Page Chat Box (Messenger) မှတစ်ဆင့် အချိန်မရွေး လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
#ရွှေမြေသီး #သီးနှံစုံအတွက်အသုံးနိုင်တာရွှေမြေသီးမြေဩဇာ
09-457344400/09-457355500

ရွှေမြေသီးဥာဏ်စမ်းတောင်သူဦးကြီးများ စိုက်ပျိုးရေးဗဟုသုတပိုမိုကြွယ်ဝဖို့အတွက် ရွှေမြေသီးဥာဏ်စမ်းလေး အတူတူဖြေကြည့်ကြရအောင်...
17/09/2026

ရွှေမြေသီးဥာဏ်စမ်း
တောင်သူဦးကြီးများ စိုက်ပျိုးရေးဗဟုသုတပိုမိုကြွယ်ဝဖို့အတွက် ရွှေမြေသီးဥာဏ်စမ်းလေး အတူတူဖြေကြည့်ကြရအောင်ပါ....................
#ရွှေမြေသီး #ဥာဏ်စမ်း
09-457344400/09-457355500

သီးနှံအထွက်တိုးဖို့ဆိုရင် ဘာတွေသတိထားရမလဲ! 🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿အားလုံးပဲ မင်္ဂလာရှင်............ဒီနေ့မှာတော့ တောင်သူဦးကြီးတို့...
16/09/2026

သီးနှံအထွက်တိုးဖို့ဆိုရင် ဘာတွေသတိထားရမလဲ!
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အားလုံးပဲ မင်္ဂလာရှင်............
ဒီနေ့မှာတော့ တောင်သူဦးကြီးတို့ စိုက်ပျိုးသမျှသီးနှံ အောင်မြင်ဖြစ်ထွန်းဖို့ သတိထားရမယ့် အချက်လေးတွေကို တင်ပြပေးချင်ပါတယ်။
သီးနှံတွေအထွက်တိုးဖို့ဆိုရင်တော့.........
• မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း: ရောဂါဒဏ်၊ အပူချိန်မြင့်မားမှုနှင့် ရေကြီးရေလျှံမှုတို့ကို ခံနိုင်ရည်ရှိသည့် အရည်အသွေးမြင့်မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးပါ။
• မြေဆီလွှာအရည်အသွေးမြှင့်တင်ခြင်း: သဘာဝမြေဩဇာ/ ဓာတုမြေဩဇာ များကို စနစ်တကျအသုံးပြုပြီး မြေဆီလွှာကောင်းမွန်အောင် ပြုပြင်ခြင်းဖြင့် သီးနှံအထွက်နှုန်းကို ဧကန်အမှန် တိုးတက်စေနိုင်သည်။
• စနစ်တကျ မြေဩဇာကျွေးခြင်း: ယူရီးယားကဲ့သို့သော နိုက်ထရိုဂျင်ဓာတ်များသည့် မြေဩဇာများ ကို လိုအပ်ချက်အရ စနစ်တကျအသုံးပြုပါ။
• ကြားပေါင်းလိုက်ခြင်းနှင့် မြေဖို့ခြင်း: ပန်းမပွင့်မီအချိန် (စိုက်ပျိုးပြီး ၁ လအတွင်း) ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းနှင့် အပင်ခြေမြေဖို့ခြင်းတို့ကို ဆောင်ရွက်ပါ။
• သီးလှည့်စိုက်ပျိုးခြင်း: ပိုးမွှားများ ကျရောက်မှုနည်းစေရန်နှင့် မြေဩဇာဓာတ်ညီမျှစေရန် နှစ်စဉ် သီးနှံများကို ပြောင်းလဲစိုက်ပျိုးပါ။
ဒီအချက်တွေကို စနစ်တကျ လိုက်နာပြီး သီးနှံတွေလည်း အထွက်တိုးပါစေလို့ ရွှေမြေသီးမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်။
#ရွှေမြေသီး #စိုက်ပျိုးရေး

ပဲပုပ်သီးနှံအထွက်တိုးအောင် ပြင်ဆင်ကြရအောင်🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံကို ပြည်တွင်းစားသုံးရန်နှင့...
15/09/2026

ပဲပုပ်သီးနှံအထွက်တိုးအောင် ပြင်ဆင်ကြရအောင်
🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛
မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ ဆီထွက်သီးနှံအဖြစ် တင်ပို့လျှက်ရှိသောသီးနှံတစ်ခုဖြစ်ပါသည်။ ပဲပုပ်မျိုးများစွာရှိပါသည်။ ပဲပုပ်သီးနှံကို တောင်ပေါ်ဒေသ တွင် မေလနှင့် ဇွန်လ၊ မြေပြန့်ဒေသတွင် ဩဂုတ်လနှင့် စက်တင်ဘာလ ၊မြစ်ရေကျသည့် ကိုင်းကျွန်းမြေ များတွင် အောက်တိုဘာလ၊စပါးအပြီး သီးထပ်စိုက်ပျိုးလျှင် နိုဝင်ဘာလအတွင်း စိုက်ပျိုးသည်။ ပဲပုပ်ကို အောက်မြန်မာပြည်တွင်လည်း ယခု နှစ် ၂၀၂၆ မိုးဦး မေလမှ စ၍ သက်တမ်းတိုမျိုးများ ကို အောင်မြင်စွာ စိုက်နေကြပါပြီ။
ပဲပုပ်စိုက်ပျိုးရာတွင် အဓိက အစိုဓါတ်လိုအပ်ချိန်(၂)ချိန်ရှိပါသည်။ ၎င်းတို့မှာ အစေ့မှ အပင်ပေါက်ချိန်နှင့် သီးတောင့်အတွင်း အစေ့တည်ချိန်ဖြစ်ပါသည်။ မျိုးစေ့ပေါက်ချိန်ရေမဝပ်ရန် အရေးကြီးပါသည်။ သို့သော် အပင်ဖြစ်ပြီးလျှင်အထိုက်လျောက်ရေဝပ်ခြင်းကို ရက်အတန်ကြာခံနိုင်ရည်ရှိ ပါသည်။
ရာသီဥတု လိုအပ်ချက်အနေနှင့် ပဲပုပ်သီးနှံသည် ပန်းပွင့်ချိန်တွင် နေ့တာတိုရန်လိုအပ်ပါသည်။ သက်တမ်းရှည်သည့် မျိုးများသည် သက်တမ်းတိုသည့် မျိုးများထက် လင်းတာတုံပြန်မှု၏ လွှမ်းမိုးမှုပိုများသည်ကို တွေ့ရသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံအား ဆောင်းရာသီတွင် စိုက်ပျိုးလိုပါက အောက်မြန်မာပြည်၌သာဒေသနှင့် သင့်တော်သည့် မျိုးအား ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
ဖြစ်ထွန်းအောင်မြင်နိုင်သော မြေအမျိုးအစားအနေနှင့်ကတော့ မြေချဉ်ငံဓါတ်(pH-၇.၀) ပတ်ဝန်းကျင်ရှိသည့် မြေမျိုးဖြစ်ပြီး မြေဆွေးဓါတ်ကာဗွန်ကြွယ်ဝသည့် မြေမျိုးသည် ပဲပုပ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ မြေချဉ်ငံဓါတ်(pH-၅.၅)ထက် လျော့နည်းပါက အပင်ဖြစ်ထွန်းမှု အားနည်း ပါသည်။ ပဲပုပ်အတွက်မြေချဉ်ငံကိန်း မှာ pH 7 သည် အကောင်းဆုံးဖြစ်သောကြောင့် calcium oxide ပါသော ထုံးကဲ့သို့သော မြေခံမြေဩဇာများ မဖြစ်မနေထည့်သင့်ပါသည်။ ဆားငံပေါက်သည့်မြေတွင် အပင်ပေါက်မှု ဟန့်တားပါသည်။
စိုက်ပျိုးလျှက်ရှိသောမျိုးများ
🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛🫛
ဒေသခံတောင်သူမျိုးများ၊ နှစ်ရှည်မျိုးမပြောင်းဘဲ မျိုး တစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးတဲ့အတွက် ကြောင့် ရွက်ဝါရောဂါများ စတင်ဖြစ်နေပြီဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့် စိုက်ပျိုး ရန်လိုပါသည်။
တောင်သူအများဆုံး စိုက်ပျိုးလျှက်ရှိသော မျိုးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထောက်ခံထားသည့် မျိုးကောင်းမျိုးသန့်များနှင့် ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးကြ ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထောက်ခံထားသည့် မျိုးကောင်းမျိုးသန့်များ မှာ ရေဆင်း(၃)၊ ရေဆင်း (၆)၊ ရေဆင်း (၁၁)၊ ရေဆင်း (၁၂)၊ ရေဆင်း (၁၄) နှင့် ရေဆင်း (၁၅) တို့ဖြစ်ကြပါသည်။
ရေဆင်း (၃) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၈၅-၉၀)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၄ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၁၈-၂၀ တင်း၊ မိုးရာသီတါင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ရေဆင်း (၆) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၁၀၅-၁၁၀)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၅ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၂၅-၃၀ တင်း၊ မိုးရာသီတွင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ရေဆင်း (၁၁) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၁၁၅-၁၂၀)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၄ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၂၇-၃၀ တင်း၊ မိုးရာသီနှင့် စပါးသီးထပ်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ရေဆင်း (၁၂) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၁၀၀-၁၀၅)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၅ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၂၅-၂၈ တင်း၊ မိုးရာသီတွင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ရေဆင်း (၁၄) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၈၅-၉၀)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၅ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၂၀-၂၅ တင်း၊ မိုးရာသီတွင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ရေဆင်း (၁၅) ရဲ့ လက္ခဏာတွေကတော့ အသက်ရက် (၁၁၀-၁၁၅)၊ အစေ့အရောင် အဝါရောင်၊ အစေ့ ၁၀၀ အလေးချိန်က ၁၃.၅ ဂရမ်၊ တစ်ဧက အထွက်နှုန်း ၂၈-၃၀ တင်း၊ မိုးရာသီနှင့် စပါးသီးထပ်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ပညာရှင်များက ပဲပုပ်ကို နိုဝင်ဘာလထက်စောပြီးစိုက်ရန် အကြံပေးထားကြပါသည်။ ယခုစိုက်ပျိုး‌ရေးဦးစီးဌာနမှ ထုတ်ထားသော မျိုးများတွင် ရေဆင်း (၁၅) သည် မိုးနှောင်းစိုက်ရန် ထောက်ခံထားပါသည်။ အခြား သက်တမ်းတိုပဲပုပ်မျိုးများကို မိုးနှောင်းစိုက်ပါက စိုက်ချိန်နောက်ကျလျှင် အပင်ဖြစ်ထွန်းမှု နည်းတတ်ကြောင်း၊ထွက်နှုန်းလျော့နိုင်ကြောင်း သတိပေးထားကြပါသည်။
မျိုးစေ့နှုန်းထား
🫛🫛🫛🫛🫛🫛🫛🫛
အတန်းလိုက်စိုက်ခင်းတွင်တစ်ဧက(၁၃-၁၄)ပြည်နှုန်းအားလည်းကောင်း၊ ကြဲပက်သည့် စိုက်ခင်း တွင် တစ်ဧကပျမ်းမျှ(၁၈-၂၀)ပြည် သုံးစွဲပါ။ အပင်ပေါက်စုံရန်အတွက် အစိုဓာတ်မီရန် စိုက်ချိန်မှန်ဖို့ လိုအပ်ပါသည်။
အကြံပြုချက်
🫛🫛🫛🫛🫛🫛🫛🫛
ရေကျပြီးချိန်မြစ်ကမ်း‌ဘေးစိုက်ခဲ့‌သောပဲပုပ်များနှင့် ယခင်စိုက်ဧကနည်းချိန်တွင် ဆေးဖျန်းခြင်း နှင့် မြေဩဇာ ထည့်ကျွေးရမှု နည်းခဲ့သော်လည်း ယခုအခါ စိုက်ပျိုးဧကများလာမည် ဆိုပါက လယ်၊ယာမြေများ၊ စပါးပြီးနောက်သီးအဖြစ်စိုက်မည့်သူများ အတွက် ဆေး၊မြေဩဇာ လိုအပ်ချက်ကြီး နိုင်ပါသည်။ အထူးသဖြင့် အစိုဓာတ်လုံလောက်ရန်၊ စိုက်ချိန် နောက်မကျရန်နှင့် မြေခံမြေဩဇာ ထည့်ရန်၊ မြေချဉ်ငံကိန်း ထိန်းပေးရန်လိုအပ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိန်တော၊မိုးညို၊ဇလွန်၊အဖျောက်၊ဟင်္သာတ စသည့်ဒေသတွေမှာ သာမာန်အားဖြင့် မြေဩဇာကောင်းသည်၊ မြေပျက်မှုသက်သာသည်ဟု ထင်စရာရှိသော ရေကျနောက်စိုက်လယ်မြေများ၊ မြစ်‌ချောင်း ကမ်းပါးဘေးစိုက်ပျိုးမြေများပင် ပဲမျိုးစုံစိုက်ရန် မြေခံမြေဩဇာနှင့် မြေချဉ်ထိန်းညှိခြင်းအတွက် calcium oxide ပါသော မြေဩဇာများ မဖြစ်မနေထည့်နေရပြီဖြစ်ကြောင်းတွေ့ရပါသည်။
ဈေးကွက်လိုအပ်ချက်ကြီးမားသောကြောင့် ပဲပုပ်ကို သက်တမ်းတိုမျိုးများ မိုးဦးမှ ‌မိုးနှောင်းအထိ တစ်နေရာတည်းတွင် နှစ်သီး ဆက်တိုက်စိုက်နေကြပါပြီ။ သုံးသီးအထိ ဆက်တိုက် စိုက်လာမည်ဆိုပါက ပိုးမွှား၊ရောဂါ ၊မြေချဉ်ငံကိန်း ထိမ်းညှိခြင်း၊မြေခံမြေဩဇာ ထည့်ခြင်းများ မဖြစ်မနေ လုပ်ရန် လိုအပ်ပါသည်။ မကျဖူး‌သေးသောပိုးမွှား၊ရောဂါနှင့် အဟာရလိုအပ်ချက် ပြဿနာများ၊ မြေဆီလွှာ ကျန်းမာရေးပြဿနာများ မလွဲမ‌သွေကြုံကြပါမည်။ ကြုံလည်းကြုံနေပြီဆိုသည်ကို တောင်သူများ ဝန်ခံကြပါသည်။
ဒါကြောင့် ပဲပုပ်သီးနှံ အောင်မြင် ဖြစ်ထွန်းစေရန် သင့်တော်သော မျိုး၊ မြေအခြေအနေ၊ အာဟာရလိုအပ်ချက်များ နှင့် သီးနှံစိုက်ပျိုးမယ့် ရာသီတို့ကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် ရေးသားတင်ပြအပ်ပါသည်။
Source;DOA
#ရွှေမြေသီး #ပဲပုပ်

10/09/2026

တောင်သူ့အတွေ့အကြုံမျှဝေစကား
*********************************
မိုးများလို့ အပင်ဝါနေတဲ့ ဂန္ဓမာ ၈ ဘောင်မှာ ရွှေမြေသီးတစ်အိတ် စမ်းသုံးပြီး သက်သာသွားတဲ့အတွက်ကြောင့် အပင်၂သိန်းအတွက် ရွှေမြေသီး (၁၀)အိတ် ထပ်မံ အသုံးပြုထားပါတယ်ဆိုတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးက တောင်သူ ကိုရွှေထွန်းရဲ့ အတွေ့အကြုံလေးကို မျှဝေပေးထားပါတယ်ရှင့်။
တောင်သူ ကိုရွှေထွန်းလို စိမ့်စမ်းကိုင်ပြီး အပင်ဝါတာကို သက်သာချင်တယ်ဆိုရင်တော့ ရွှေမြေသီးမြေဩဇာကို အချိန်မီသုံးပေးဖို့တော့ လိုတယ်နော်...........📣📣📣📣📣
ရွှေမြေသီးနဲ့ ပတ်သတ်ပြီး သိချင်တာရှိရင် cb မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်........
#ရွှေမြေသီး #ဂန္ဓမာ
09-457344400/09457355500

သတိပြုစရာ စပါးမှိုသီးရောဂါ 🍄🍄🍄🍄🍄🍄🍄🍄စပါးမှိုသီးရောဂါ (Rice False S**t) သည် Ustilaginoidea virens ဟုခေါ်သော မှိုပိုးကြောင့...
07/09/2026

သတိပြုစရာ စပါးမှိုသီးရောဂါ
🍄🍄🍄🍄🍄🍄🍄🍄
စပါးမှိုသီးရောဂါ (Rice False S**t) သည် Ustilaginoidea virens ဟုခေါ်သော မှိုပိုးကြောင့် ဖြစ်ပွားပြီး စပါးအထွက်နှုန်းနှင့် အရည်အသွေးကို များစွာ ထိခိုက်စေနိုင်သည့် မှိုရောဂါတစ်ခု ဖြစ်ပါတယ်။ စပါးအနှံထွက်ချိန် သို့မဟုတ် နို့ရည်တည်ချိန်များတွင် အဓိက ကျရောက်တတ်ပါတယ်။
ရောဂါလက္ခဏာများ
--------------------
စပါးစေ့နေရာတွင် အဝါရောင် သို့မဟုတ် လိမ္မော်ဝါရောင်ရှိသော သိုးမွှေးလုံးကဲ့သို့ မှိုလုံးငယ်လေးများ စတင်ဖြစ်ပေါ်လာပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြီးထွားလာပြီး နောက်ဆုံးတွင် စိမ်းညိုရောင် သို့မဟုတ် အမည်းရောင်သို့ ပြောင်းလဲသွားကာ အမှုန်များ (Spores) ကွဲထွက် ပျံ့နှံ့တတ်ပါတယ်။ လေထဲမှတစ်ဆင့် အခြားစပါးနှံများသို့ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။
ရောဂါဖြစ်ပွားစေသော အခြေအနေများ
-------------------------------------
• လေထုစိုထိုင်းဆ ၉၀ ရာခိုင်နှုန်းအထက် မြင့်မားနေခြင်း။
• အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းရှိခြင်း။
• စပါးခင်းတွင် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံ သုံးစွဲထားခြင်း။
ကာကွယ်နှိမ်နင်းနည်းများ
-------------------------
• ရောဂါဒဏ်ခံနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
• နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သည်ထက် ပိုမိုမကျွေးဘဲ ပိုတက်ရှ်မြေသြဇာနှင့် မျှတစွာ သုံးစွဲပါ။
• စပါးပင်များ ကြပ်ညပ်မနေစေရန် ပင်ကြားတန်းကြားအကွာအဝေးကို စနစ်တကျ စိုက်ပျိုးပါ။
ဓာတုဆေး သုံးမည်ဆိုပါက ဆေးဖျန်းရမည့်အချိန်
စပါးမှိုသီးရောဂါသည် စပါးနှံထွက်ပြီး မှိုသီးများ ပေါ်လာမှ ဆေးဖျန်းပါက ကုသရန် ခက်ခဲပါသည်။ ထို့ကြောင့် ကျရောက်သော မှိုမျိုးမအောင်မီ ပန်းမပွင့်ခင် ၇ ရက် မှ ၁၀ ရက်အလို တွင် Propiconazole (သို့မဟုတ်) Propiconazole + Difenoconazole / Azoxystrobin ကို ကြိုတင်ဖျန်းပေးခြင်းသည် အထိရောက်ဆုံးဖြစ်ပါသည်။
#ရွှေမြေသီး #စပါးမှိုသီး

နေပီယာမြက် စနစ်တကျစိုက်ပျိုးနည်း***********************************မူရင်းဒေသ---------- နေပီယာမြက်၏ မူရင်းဒေသမှာ အာဖရိကအလ...
03/09/2026

နေပီယာမြက် စနစ်တကျစိုက်ပျိုးနည်း
***********************************
မူရင်းဒေသ
----------
နေပီယာမြက်၏ မူရင်းဒေသမှာ အာဖရိကအလယ်ပိုင်းဒေသဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိသည်။
ရာသီဥတု
---------
နေပီယာမြက်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် မြန်မာပြည် အလယ်ပိုင်း မိုးနည်းဒေသတွင် သွင်းရေအနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်သောမျိုးစိတ်ဖြစ်ပါသည်။
မြေအမျိုးအစား
-------------
နေပီယာမြက် စိုက်ပျိုးဖြစ်ထွန်းရန် လယ်မြေတွင်အသင့်အတင့်ကောင်းမွန်ရန်လိုအပ်ပြီး၊ ယာမြေတွင် မြေကောင်းရန်လိုအပ်ပါသည်။
မျိုးပွားခြင်း
---------
နေပီယာမြက်ပင်ကို အပင်ပိုင်းမျိုးပွားနည်းဖြင့်သာ စိုက်ပျိုးနိုင်ပါသည်။ မျိုးပွားပိုင်းများကို အသုံးပြုရန် အတွက် စိုက်ပြီး (၃-၄) လ သက်တမ်းရှိသောပင်စည်များ၏ အလယ်ပိုင်းကိုသာရွေးချယ်သင့်ပါသည်။
စိုက်ပျိုးခြင်း
-----------
နေပီယာမြက် စိုက်ပျိုးရန် ထယ်(၁) စပ်၊ ထွန် (၁) စပ်မွှေရပါမည်။ (ပင်ကြား တန်းကြား) အကွာအဝေး (၃' × ၃') ထား၍ စိုက်ပျိုးနိုင်သည်။ မိုးရာသီတွင်စိုက်ပျိုးပါက အဆစ် (၂) ဆစ်ပါသောအပင်ပိုင်းများကို အဆစ် (၁) ဆစ်ကို မြေတွင်မြှုပ်ပြီး ကျန်တစ်ဆစ်ကို မြေမျက်နှာပြင်နှင့်ထိအောင်ထား၍ စိုက်ပျိုးရပါ မည်။ နေပီယာမြက်သည် စိုက်ပြီးရက် (၃၀) အတွင်း ပေါင်းမြက်ကင်းစင်စေရန် ထယ်ညှက်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ အပင်စိုက်ပြီး (၁) လသားတွင် တစ်ဧကလျှင် ပုလဲ ၅၀ ကီလို ဂရမ်နှုန်း ထည့်သွင်းပေးရပါမည်။
ရိတ်သိမ်းခြင်း
-----------
နေပီယာမြက်သည် (၆၀-၇၅) ရက်သားတွင် ပထမအကြိမ်ရိတ်သိမ်းနိုင်ပြီး (၃၀-၄၅) ရက်ခြား၍ အကြိမ်ကြိမ်ရိတ်သိမ်းနိုင်ပါသည်။ တစ်နှစ်လျှင် (၆-၈) ကြိမ် အထိရိတ်သိမ်းနိုင်ပြီး ပင်ပွားများရစေရန် အတွက် မြေပြင်ကပ်၍ ရိတ်သိမ်းရပါမည်။
Sources: စိုက်ပျိုးရေးဦးစီးဌာန
#ရွှေမြေသီး #နေပီယာမြက်

၁.၉.၂၀၂၆ (အင်္ဂါနေ့)ကောက်ပဲသီးနှံဈေးနှုန်းများ************************* #ဂျုံစေ့အမျိုးမျိုး - ၆၀ ပိဿာတောင်ဘက်/ငါန်းဇွန် ...
01/09/2026

၁.၉.၂၀၂၆ (အင်္ဂါနေ့)
ကောက်ပဲသီးနှံဈေးနှုန်းများ
*************************
#ဂျုံစေ့အမျိုးမျိုး - ၆၀ ပိဿာ
တောင်ဘက်/ငါန်းဇွန် /မြို့သာ - (သစ်) 265000/ 270000
မုံရွာ/ဘုတလင်/ရွှေဘို - (သစ်) 265000/ 270000
မြင်းမူ/မြောင် - (သစ်)265000/ 270000
ကလေး - (သစ်)- 190000/ 200000
ရှမ်း - (သစ်) 220000/ 225000
ထွက်တိုး - (သစ်)220000 225000
ပန်ဆိုင်း/ကြူကုတ် - (သစ်)- 185000/200000
ဂျုံဖွဲ - ၁ ပိဿာ - 2000/ 2100/ 2200
---------------------------------------------
#ကုလားပဲလုံးအမျိုးမျိုး
V2 - ၅၇.၂၅ ပိဿာ - (သစ်) 247000/ 248000
V7 - ၅၇.၂၅ ပိဿာ - (သစ်)248000
TW - ၅၆.၂၅ ပိဿာ - (သစ်) 230000
929 - ၅၆.၂၅ ပိဿာ - (သစ်) 233000/ 238000
မြကြေး(တာပွန်) - ၅၆.၂၅ ပိဿာ - 250000/ 255000
#ကုလားပဲခြမ်း - (၁ပိဿာ)
V2ခြမ်း - (သစ်) 5550/5600
V7ခြမ်း - (သစ်) - 5500/5550
TWခြမ်း - (သစ်)- 5650
929 ခြမ်း - (သစ်) 5900
---------------------------------------------
#ပဲစင်းငုံအမျိုးမျိုး - ၆၀ ပိဿာ
ပဲစင်းငုံ (နီ) - (သစ်) 315000
ပဲစင်းငုံ (ဖြူ) - (သစ်) 250000/ 255000
-------- -----------------------------------
#ပဲယင်း - ၆၀ ပိဿာ
ယင်း(လတ် / သေး)-230000/ 235000
ပဲယင်းနီ -(ညာ)- 260000/265000
---------------------------------------------
#ပဲတီစိမ်းအမျိုးမျိုး ၅၆.၂၅ ပိဿာ
ပဲတီစိမ်း - (ညာ) (သစ်)-220000/ 235000/ 240000/
ခွဲပဲ - 205000/ 210000/ 215000
-------------------------------------------
#ပဲလွန်း -
ပဲလွန်းဖြူ - ၆၀ ပိဿာ - (သစ်) - 260000/ 270000
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ - (သစ်)- 185000/ 190000/ 200000
---------------------------------------------
#ပဲကြီးအမျိုးမျိုး - ၅၅.၂၅ပိဿာ
ပဲကြီး (က) - (သစ်) (ကျောက်တွင်း)- 770000/780000/ 790000
ပဲကြီး (လ) - (သစ်)745000/ 750000
ပဲကြီး (သ) - (သစ်)725000/ 730000
ပဲကြီး(သေး) (မိုးမိတ်) - (သစ်)730000/ 745000
---------------------------------------------
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -12200
---------------------------------------------
#ပဲထောပတ် - ၅၆.၂၅ ပိဿာ
ထောပတ်ပဲ (ဂေါက်) - (သစ်) 420000/ 450000
ထောပတ်ပဲ (က) - (သစ်) 350000/400000
ထောပတ်ပဲ (လ) - (သစ်) 270000/ 290000
ထောပတ်ပဲ (သေး) - (သစ်) (ညာ)220000/ 225000
ထောပတ်ပဲ (သေး) - (ယော) 200000/210000/ 220000
---------------------------------------------
#ပဲနီပြား - ၅၅.၂၅ ပိဿာ - (သစ်)(တံတားဦး)520000/ 530000/580000
(ကျွန်း)500000/ 520000/ 550000/ 585000/ 600000/ 635000
#ပဲဇီးကွက် - ၅၈.၂၅ ပိဿာ - (သစ်) 370000/ 380000
#စွန်တာပြာ ၅၈.၂၅ ပိဿာ- (သစ်) 260000/ 270000/(လုံး)300000/310000
-------------- -------------------
#ပဲပုပ် အမျိုးမျိုး (၅၃ . ၂၅ ) ပိဿာ
ပဲပုပ် ၅၃. ၂၅ ပိဿာ(စက်ပဲ) 280000/ 300000/ 305000/ 320000
ပဲပုပ် ( ဗမာ) ၅၃. ၂၅ ပိဿာ - 410000
ပဲပုပ် (ရှမ်း) ၅၃. ၂၅ ပိဿာ - 350000/ 355000/ 357000
ပဲပုပ် (မိုးညှင်း) ၅၃. ၂၅ ပိဿာ - (ဟ)(ကောင်း)380000/ 385000/ 390000
--------------------------------------
#မြေထောက်ပဲ - ၅၄ ပိဿာ -
(ညာ) - (သစ်) 350000/ 37000/ 375000/ 390000
---------------------------------------------
#မတ်ပဲ - ၆၀ ပိဿာ (ကျောက်ရစ်) - 300000/305000
(နွေ)-(သစ်) 270000/285000
---------------------------------------------
#စားတော် - ၅၉.၂၅ ပိဿာ
ကနေဒါ -(သစ်) - 365000/ 370000/ 400000/410000
ကျွန်း - (သစ်)-750000/ 770000/ 800000
---------------------------------------------
#ပဲချဉ်ပေါင် - ၆၀ ပိဿာ -175000/ 180000
---------------------------------------------
#ပြောင်း
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ- (သစ်) -82000/ 83000/ (ဟ)85000/ 86000/ 87000
ပြောင်းဖူး (CP) - ၅၄ ပိဿာ -88000/ 89000
---------------------------------------------
#နံနံစေ့ - (၁)တင်း - (သစ်) -160000/ 170000/ 180000
မုန်ညှင်းစေ့ - ၁ ပိဿာ - 8200/ 8300
စမုံနက် - ၁ ပိဿာ - 15000/ 15500
စမုံစပါး - ၁ ပိဿာ -(သစ်)9300/ 9500
---------------------------------------------
#နှမ်းအမျိုးမျိုး - ၄၅ ပိဿာ-
နှမ်းနက် (စမုန်) - (သစ်)-မလွတ်)450000/ 480000/ (AV)500000/ 520000/ 530000/ (ရှယ်)535000/ 540000
နှမ်းဖြူ (JP) - 430000/ 440000/ 450000/ 455000
နှမ်းဖြူ (ဗမာ) -410000/ 415000
နှမ်းညို - (သစ်) 390000/ 400000/(ထောင်)410000
---------------------------------------------
ဆီနေကြာ -၂၇ ပိဿာ- 225000/
---------------------------------------------
#မြေပဲဆံအမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ -(သစ်) 11800/ 12000/ 12200
S1ဆီဆံ - -(သစ်) 10500/ 10800/ 11000/ 11300/ 11500
အနီလုံးဆံ -11800/ 12300/
အနီဆီဆံ -(ရှမ်း)10000/ 10200/ 10700
---------------------------------------------
ပိဿာဈေးနှုန်း
ပဲဆီ - ၁ ပိဿာ -19000/ 21000
ပဲဖတ်- ၁ ပိဿာ - 7100/ 7150
နှမ်းဆီ - ၁ပိဿာ - 15000/ 16000
နှမျးဖတ် - ၁ ပိဿာ - (သစ်) 5400/5500
နကှောါဖတျ - ၁ပိဿာ - 4400/ 4450
မုန့်ညှင်းဖတ် - ၁ ပိဿာ - 4400/ 4450/ 4500
မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။
မန္တလေး - ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း fb page မှ ကူးယူဖော်ပြပါသည်။

ကွမ်း ဆီစွန်း၊ ရိုးမဲ သက်သာအောင် ဘာတွေရှောင်ကြမလဲ 🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿ဆီစွန်း ရိုးမဲ ရောဂါဟာဆိုရင် ကွမ်းခြံတော်တော်များများမှ...
31/08/2026

ကွမ်း ဆီစွန်း၊ ရိုးမဲ သက်သာအောင် ဘာတွေရှောင်ကြမလဲ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဆီစွန်း ရိုးမဲ ရောဂါဟာဆိုရင် ကွမ်းခြံတော်တော်များများမှာ ကျရောက်လေ့ရှိတဲ့ ဘက်တီးရီးယားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့ပုံက ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်း ပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။
ကွမ်း ဆီစွန်း၊ ရိုးမဲရောဂါက ဘာတွေကြောင့်အဖြစ်များလဲဆိုရင်တော့
ရေသွင်းများခြင်း။ ။ ကွမ်းပင်ဟာ ရေသောက်မြစ်မပါလို့ ရေအများကြီး သွင်းတာမကြိုက်ပါဘူး။ ပင်စည်တလျှောက်မှာ တွယ်ကပ်မြစ်တွေပါလို့ အပေါ်ဖျန်းရေကို ကြိုက်ပါတယ်။မလိုအပ်ပဲ ရေညှိတက်အောင် ရေပေးခြင်းမျိုးတွေဟာ ရောဂါ အားပေးစေပါတယ်။
နိုက်ထြိုဂျင်များခြင်း။ ။ အရွက်စားသီးနှံမို့ နိုက်ထြိုဂျင်လိုအပ်ပါတယ်။ သို့သော် အထွက်တိုးလိုဇောနဲ့ ယူရီးယားတွေ ၁၅ပတ်လည် ကျွေးခြင်းတွေဟာ ရောဂါနဲ့ ပိုးကိုဖိတ်ခေါ်ရာ ရောက်တတ်ပါတယ်။ ပိုတက်မြေဩဇာကိုတော့ မကြာခဏကျွေးပေးသင့်ပါတယ်။ ကွမ်းပင် သက်တမ်းရှည်ရှည်ထားချင်ရင် သဘာဝမြေဆွေးနဲ့ နုန်းမြေသာ ကျွေးသင့်ပါတယ်။
လေဝင် လေထွက်နည်းခြင်း။ ။ ပင်ကြား၊ တန်းကြားစိတ်ခြင်း၊ လေးဖက်အကာအရံ ပိတ်လှောင်ခြင်း၊ အမိုးထူလွန်းခြင်းတွေဟာ ရောဂါကူးစက်ပျံ့ပွားလွယ်စေပါတယ်။ ဒီတော့ ရာသီဥတုအခြေအနေအရ အဖွင့်အပိတ်၊ အထူအပါးကို လိုသလို ပြုပြင်ပေးသင့်ပါတယ်။
Source; အစိမ်းရောင်လမ်း
#ဆီစွန်းရိုးမဲ

အပျိုကြီး စိုက်ဆေးမှာ ရွှေမြေသီးမြေဩဇာကို စိတ်ကြိုက်အားပေးနိုင်ပါတယ်ရှင့် ☺️☺️☺️
31/08/2026

အပျိုကြီး စိုက်ဆေးမှာ ရွှေမြေသီးမြေဩဇာကို စိတ်ကြိုက်အားပေးနိုင်ပါတယ်ရှင့် ☺️☺️☺️

Address

အမှတ် (၂၃/ဘီ)၊ ဇုန်-အေ၊ သီလဝါစီးပွားရေးအထူးဇုန်၊ ရန်ကုန်၊ မြန်မာ
Thanlyin

Alerts

Be the first to know and let us send you an email when ရွှေမြေသီး - MMF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share