True Fitness Myanmar

  • Home
  • True Fitness Myanmar
Call Contact the business

True Fitness Myanmar Fitness Industry is booming market that always seeking new ways to get in shape. TRUE FITNESS's main

𝐓𝐫𝐮𝐞 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝟏.𝟎 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠 𝐬𝐨𝐨𝐧!True Fitness နဲ့ရင်းနှီးပြီးသား မိတ်ဆွေတို့သိတဲ့အတိုင်း ကျွန်တော်တို့ True Fitness ဟာ မန...
29/03/2023

𝐓𝐫𝐮𝐞 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝟏.𝟎 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠 𝐬𝐨𝐨𝐧!

True Fitness နဲ့ရင်းနှီးပြီးသား မိတ်ဆွေတို့သိတဲ့အတိုင်း ကျွန်တော်တို့ True Fitness ဟာ မန်ဘာမိတ်ဆွေများ အဆင်အပြေဆုံးဖြစ်အောင် အမြဲကြိုးစားဆဲ၊ ကြိုးစားသွားမယ့် Fitness Center တစ်ခုဖြစ်ပါတယ်။

မကြာခင်မှာ True Fitness က မန်ဘာမိတ်ဆွေတို့အတွက် Fitness Center အသစ်တစ်ခုအနေနဲ့ပြန်လာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Fitness အတွက်အကောင်းဆုံး True ရဲ့နေရာအသစ်က ဘယ်နေရာဖြစ်မလဲ? မကြာခင်မှာ အမြန်ဆုံးပြန်လည်ကြေညာပေးသွားပါတော့မယ်နော်🤩



"ဒီနေ့ ပင်ပန်းနေလို့ Gym မသွားဖြစ်တော့ဘူး" ဆိုတာ Work out လုပ်သူကြားထဲမှာစိမ်းနေမယ့် စကားတော့မဟုတ်ပါဘူး။  ဒီစကားကမှန်သလိ...
22/03/2023

"ဒီနေ့ ပင်ပန်းနေလို့ Gym မသွားဖြစ်တော့ဘူး" ဆိုတာ Work out လုပ်သူကြားထဲမှာစိမ်းနေမယ့် စကားတော့မဟုတ်ပါဘူး။

ဒီစကားကမှန်သလိုလိုရှိပေမယ့် အမှန်က Gym မသွားလို့ပိုပင်ပန်းတာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Work out လုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုကိုလျော့ချပေးတဲ့အပြင် ခံစားချက်ပိုမိုကောင်းမွန်စေဖို့အထောက်အကူပြုတဲ့ Endorphins ဟော်မုန်းလည်းထုတ်ပေးလို့ပါ။ ဒါကြောင့် Work out ပုံမှန်လုပ်နေသူတစ်ယောက်က သာမန်သူလောက် ပင်ပန်းမှုကိုခံစားရမှာမဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် Work out လုပ်ဖို့ လုံးဝ energy မရှိဘူးဆိုရင်တော့ အိပ်ချိန်မှန်နေရဲ့လား? လက်တလော ဘာတွေစားနေမိလဲ? Stress တွေအရမ်းပိနေပြီလား? အစရှိတဲ့အချက်တွေကိုတော့ ပြန်ပြီးစမ်းစစ်ကြည့်သင့်ပါတယ်။

ဒီအချက်တွေကြည့်ပြီး ကိုယ်ခန္ဓာက အနားယူဖို့လိုအပ်နေပြီဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိနားပြီးရင်တော့ Work out ပုံမှန်ပြန်စလုပ်ဖို့ True Fitness မှတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။


Winner Announcement📢 ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကျွန်တော်တို့ True Fitness မှ Friday Quiz အနေနဲ့ Fitness Test လေးတစ်ခု မ...
21/03/2023

Winner Announcement📢

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကျွန်တော်တို့ True Fitness မှ Friday Quiz အနေနဲ့ Fitness Test လေးတစ်ခု မေးမြန်းခဲ့တာမိတ်ဆွေတို့သိပြီးဖြစ်မှာပါ။

မေးခွန်းလေးကတော့
ကိုယ်အလေးချိန်ကျဖို့အထိရောက်ဆုံး လေ့ကျင့်ခန်းအမျိုးအစားက ဘယ်တစ်ခုလဲ? ဖြစ်ပြီး အဖြေမှန်ကတော့ 1.Cardio ဖြစ်ပါတယ်။

ကျစ်လစ်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ်တစ်စုံရရှိဖို့ လေ့ကျင့်ခန်းတိုင်းက အရေးကြီးပေမယ့် ဝိတ်ကျဖို့အဓိကဦးတည်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကတော့ Cardio ပဲဖြစ်ပါတယ်ခင်ဗျာ။ ပထဦးဆုံးဖြေဆိုထားသူ အဖြေမှန်သူ (၁၀)ဦးအနေနဲ့ Page messenger မှတဆင့် ဖုန်းဘေလ် ၅,၀၀၀ ကျပ်လာရောက်ထုတ်ယူ လို့ရပါတယ်ခင်ဗျာ။🥳

True Fitness ရဲ့ မန်ဘာမိတ်ဆွေများအားလုံးနဲ့ နောက်အစီအစဉ်တွေမှာလည်း ပြန်ဆုံကြမယ်နော်...




ဒီနေ့ Friday လည်းဖြစ်တော့ True Fitness အနေနဲ့ Quiz အစီအစဉ်လေးတစ်ခုရှိပါတယ်နော်...အဲ့ဒါကတော့ အောက်ပါ Fitness Test မေးခွန်...
17/03/2023

ဒီနေ့ Friday လည်းဖြစ်တော့ True Fitness အနေနဲ့ Quiz အစီအစဉ်လေးတစ်ခုရှိပါတယ်နော်...
အဲ့ဒါကတော့ အောက်ပါ Fitness Test မေးခွန်းလေးကို ပထမဦးဆုံးဖြေဆိုနိုင်သူ (၁၀)ဦးကို ဖုန်းဘေလ် ၅,၀၀၀ ကျပ်ပြန်လည်ပေးအပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

မေးခွန်းလေးကတော့
ကိုယ်အလေးချိန်ကျဖို့အထိရောက်ဆုံး လေ့ကျင့်ခန်းအမျိုးအစားက ဘယ်တစ်ခုလဲ?🤔

1.Cardio
2. Yoga
3.Strength Exercise
4. Balance Exercises

မေးခွန်းလေးက လွယ်တော့မြန်မြန်လေးဖြေဖို့တော့လိုမယ်နော်...
အားလုံးပဲကံကောင်းကြပါစေခင်ဗျာ။



ဘာလို့အမြဲတမ်း Balance ဖြစ်ဖို့အရေးကြီးတာလဲ?  ကိုယ်ရည်ရွယ်ထားတဲ့ Body Goal တစ်ခုတိတိကျကျပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်...
15/03/2023

ဘာလို့အမြဲတမ်း Balance ဖြစ်ဖို့အရေးကြီးတာလဲ?

ကိုယ်ရည်ရွယ်ထားတဲ့ Body Goal တစ်ခုတိတိကျကျပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်း၊ အစားအသောက်၊ နားချိန် အစရှိတဲ့အချက် (၃)ချက်က Balance ဖြစ်နေဖို့အရမ်းအရေးကြီးပါတယ်။
ဒါက Body Goal ပန်းတိုင်ရောက်နေသူတိုင်းလည်း ကောင်းကောင်းကြီးသိတဲ့အချက်ဖြစ်ပါတယ်။

(၁) လေ့ကျင့်ခန်း - Work out က ကိုယ်အလေးချိန်ထိန်းဖို့၊ ကျန်းမာဖို့၊ သက်လုံကောင်းဖို့၊ ကြွက်သားများသန်မာဖို့နဲ့ ဇီဝကမ္မဖြစ်စဉ် အတွက်များစွာအထောက်အကူပြုပေးဖို့ ပုံမှန်လုပ်ပေးရပါမယ်။ (Work out ကို ကိုယ်ခန္ဓာပြောင်းလဲဖို့တင်မဟုတ်ပဲ ကိုယ့်ရဲ့ Lifestyle တစ်ခုအနေနဲ့ထားပြီးတော့ ရေရှည်မှာလည်း လုပ်ပေးရမှာဖြစ်ပါတယ်။)

(၂) အစားအသောက် - ကိုယ်ခန္ဓာအတွက်အဓိကလိုအပ်တဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်၊ အသီးနှံ၊ အသားငါး နဲ့ ကျန်းမာတဲ့အဆီအနှစ်များကိုသာ အဓိကထားစားသုံးပေးရပါမယ်။ (Body Goal အတွက်ဆိုရင် Cheat Day တွေမှာတောင် ကိုယ်စားချင်ရာကိုမထိန်းချုပ်ပဲ အရမ်းမစားမိဖို့လည်းလိုအပ်ပါတယ်နော်။)

(၃) နားချိန် - လေ့ကျင့်ခန်းနဲ့ အစားအသောက်နည်းတူ ကိုယ်ခန္ဓာကို အနားပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်လေ့ရှိသူဆိုရင် ကိုယ်ခန္ဓာက recover လုပ်ဖို့အချိန်ပိုပြီးလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာလုံလောက်တဲ့ အနားယူချိန်ရောက်အောင် အချိန်မှန်မှန် အိပ်စက်ပေးရပါမယ်။ ဒါမှသာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကစွမ်းရည်ပိုတက်လာပြီး အရင်ကထက်လည်း လုပ်ငန်းဆောင်တာတွေကို ပိုမိုဆောင်ရွက်နိုင်မှာပါ။

ဒီ (၃)ချက်လုံးက Body Goal အတွက် မဖြစ်မနေ Balance ဖြစ်ဖို့လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်။

ဒီလို Balance ဖြစ်ဖို့ကို ကိုယ့်ရဲ့ Body Goal အတွက်သာမဟုတ်ပဲ ကိုယ့်ရဲ့ အမြဲတမ်း Life style တစ်ခုအဖြစ်ဖန်တီးနိုင်အောင် ကြိုးစားဖို့ ကျွန်တော်တို့ True Fitness မှလည်းတိုက်တွန်းလိုက်ပါတယ်နော်...

Hotline: ☎️ 09888796176



ဘာလို့ Gym မှန်ဖို့လိုအပ်တာလဲ?🤔ကိုယ်ရဲ့ Fitness Goal အတွက်ပဲဖြစ်ဖြစ်၊ Healthy Lifestyle ပိုင်ဆိုင်ဖို့အတွက်ပဲဖြစ်ဖြစ် ကိ...
08/03/2023

ဘာလို့ Gym မှန်ဖို့လိုအပ်တာလဲ?🤔

ကိုယ်ရဲ့ Fitness Goal အတွက်ပဲဖြစ်ဖြစ်၊ Healthy Lifestyle ပိုင်ဆိုင်ဖို့အတွက်ပဲဖြစ်ဖြစ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (Work out လုပ်ခြင်း) က ရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။

မိတ်ဆွေတို့အများစုက Gym မှာပဲ Work out လုပ်လေ့ရှိသူများတာမို့ ဒီနေ့မှာတော့ ဘာလို့ Gym မှန်မှန်သွားပြီး Work out လုပ်ဖို့လိုအပ်တာလဲဆိုတာ ပြောပြပေးသွားပါ့မယ်ခင်ဗျာ။

Gym မှန်မှန်သွားပြီး Work out လုပ်တဲ့အခါ... (Gym မှန်မှန်သွားလေ့ရှိတဲ့ မိတ်ဆွေတို့ကတော့ ဒီအချက်တွေနဲ့စိမ်းနေမှာမဟုတ်ပါဘူး😁)

- ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်စွမ်းတွေသိသိသာသာမြင့်တက်လာမယ်၊

နှလုံးကျန်းမာရေးသိသိသာသာကောင်းမွန်လာပြီး အမောပိုခံနိုင်မှာဖြစ်သလို အရိုး၊ ကြွက်သားတွေပိုမိုသန်မာလာမှာဖြစ်ပါတယ်။ ဒါကြောင့် Gym ပုံမှန်ဆော့တာကြာတဲ့အခါ အလေးတွေပိုနိုင်လာတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဆီးချို၊ သွေးတိုး၊ အဝလွန် စတဲ့ရောဂါမျိုးတွေကို ကြိုတင်ကာကွယ်ပြီးသားဖြစ်နေမှာပါ။

- စိတ်ဖိစီးမှုလျော့ကျလာမယ်၊

လေ့ကျင့်ခန်းလုပ်တဲ့အခါ Endorphins လို့ခေါ်တဲ့ (စိတ်ခံစားမှုကိုကောင်းမွန်စေပြီး စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေကိုဖြေလျော့ပေးတဲ့ ဟော်မုန်း) ထုတ်ပေးပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ စိတ်သိသိသာသာကြည်လင်လာပြီး စိတ်ကျန်းမာရေးလည်းပိုမိုကောင်းမွန်လာမှာပါ။

ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့အခါ Gym သွားတာကလည်း တော်တော်အထောက်အကူပြုမှာပါ။

- စွမ်းရည်ပိုင်းသိသိသာသာမြင့်တက်လာမယ်၊

နေ့စဉ်ရုံးမှာ အလုပ်လုပ်နေရသူမိတ်ဆွေတွေအနေနဲ့ တစ်နေကုန် မလန်းတာ၊ အိပ်ချင်နေတာ နဲ့ Energy မရှိသလိုမျိုးဖြစ်နေတာမျိုးကြုံဖူးကြမှာပါ။ Work out ပုံမှန်လုပ်တဲ့အခါ ဒီလိုဖြစ်တာတွေကို သိသိသာသာလျော့ချပေးပြီး စွမ်းရည်ပိုင်းဆိုင်ရာမှာလည်း မြင့်တက်လာတာကိုခံစားရမှာဖြစ်ပါတယ်။

- မှတ်ဉာဏ်ပိုင်းသိသိသာသာတိုးတက်လာမယ်၊

လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ Cognitive Function လို့ခေါ်တဲ့ "ပြဿနာဖြေရှင်းရာမှာ၊ စာလုပ်ရာမှာ၊ ဆုံးဖြတ်ချက်ချရာမှာ" အဓိကလိုအပ်တဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ မြင့်တက်လာစေတယ်လို့ သုတေသနပြုချက်များက အဆိုပြုထားပါတယ်။

ပုံမှန် Work out လုပ်ခြင်းက ဒီလို အဘက်ဘက်ကကောင်းကျိုးများစွာရှိတာမို့ Gym သွားတဲ့အခါ ၁ ပတ်ကို (၄-၅)ရက် သို့မဟုတ် (၆)ရက် ကိုယ်သတ်မှတ်ထားတဲ့အတိုင်း ပုံမှန်လေးဆော့ကြဖို့ True Fitness မှ အကြုံပြုလိုက်ပါတယ်ခင်ဗျာ။

Hotline: ☎️ 09888796176



မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင်ကျရောက်သည့် တပေါင်းလပြည့်နေ့အချိန်အခါတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြ...
05/03/2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင်ကျရောက်သည့် တပေါင်းလပြည့်နေ့အချိန်အခါတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပါစေကြောင်း True Fitness မိသားစုမှ မန်ဘာမိတ်ဆွေများအတွက် ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။



𝐌𝐚𝐫𝐜𝐡 (𝟐), 𝐏𝐞𝐚𝐬𝐚𝐧𝐭𝐬' 𝐝𝐚𝐲မတ်လ (၂)ရက်နေ့တွင်ကျရောက်သော "တောင်သူလယ်သမားနေ့" အား TrueFitness မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
02/03/2023

𝐌𝐚𝐫𝐜𝐡 (𝟐), 𝐏𝐞𝐚𝐬𝐚𝐧𝐭𝐬' 𝐝𝐚𝐲
မတ်လ (၂)ရက်နေ့တွင်ကျရောက်သော "တောင်သူလယ်သမားနေ့" အား TrueFitness မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။



"True Fitness မန်ဘာမိတ်ဆွေများအား အသိပေးအကြောင်းကြားခြင်း"ဒီနေ့မှာတော့ ကျွန်တော်တို့ True Fitness မှမိတ်ဟောင်း၊ မိတ်သစ် ...
01/03/2023

"True Fitness မန်ဘာမိတ်ဆွေများအား အသိပေးအကြောင်းကြားခြင်း"

ဒီနေ့မှာတော့ ကျွန်တော်တို့ True Fitness မှ
မိတ်ဟောင်း၊ မိတ်သစ် မန်ဘာများ အတွက်
အထူးအသိပေးကြေညာချက်လေးတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ True Fitness ရဲ့ တည်နေရာပြောင်းရွေ့တော့မယ်ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။

လက်ရှိ True Fitness ဗဟိုလမ်းနေရာမှာတော့ Gym အသစ် ဆက်ရှိနေဦးမှာဖြစ်ပြီး မန်ဘာများအနေနဲ့လည်းဆက်လက်ဆော့ကစားနိုင်မှာပါ။

ကျွန်တော်တို့ True Fitness ကိုတော့ တည်နေရာအသစ်တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
🗺️လာမယ့် တည်နေရာအသစ်ကိုတော့ မကြာခင်အချိန်အတွင်း TrueFitness မန်ဘာများအတွက်ပြန်လည်ကြေညာပေးသွားပါ့မယ်ခင်ဗျာ။🙏

(Membership ကိစ္စရပ်များနှင့် တခြားသောကိစ္စရပ်များအတွက် Page Messenger (သို့) အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းပေးဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။)
Hotline: ☎️ 09888796176

မကြာခင်ပြန်ဆုံကြမယ်နော် 💪



မန်ဘာမိတ်ဆွေများ မင်္ဂလာပါခင်ဗျာ... Gym ခန်းအတွင်း ပြုပြင်ထိန်းသိမ်းစရာ အနည်းငယ်ရှိပါသဖြင့် ကျွန်တော်တို့ True Fitness ရ...
18/02/2023

မန်ဘာမိတ်ဆွေများ မင်္ဂလာပါခင်ဗျာ...

Gym ခန်းအတွင်း ပြုပြင်ထိန်းသိမ်းစရာ အနည်းငယ်ရှိပါသဖြင့် ကျွန်တော်တို့ True Fitness ရဲ့ဝန်ဆောင်မှုအားလုံးကို ‌ဖေဖော်ဝါရီ (၂၀)ရက်နေ့မှ ဖေဖော်ဝါရီ (၂၆)ရက်နေ့အထိ ခေတ္တရပ်နားခွင့်ပြုပါခင်ဗျာ။🙏

ထိုပိတ်ရက်များအတွက် ရက်အစားထိုးပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ခင်ဗျာ။


Address


Telephone

+959888796176

Website

Alerts

Be the first to know and let us send you an email when True Fitness Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to True Fitness Myanmar:

Shortcuts

  • Want your business to be the top-listed gym/sports facility?

Share