𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥

𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥, Sports Club, Yangon.

အားကစားသတင်းများ နှင့် ဘောလုံး အားကစားဝါသနာရှင်များအတွက် (24/7-hours) ဝန်ဆောင်မှု နှင့်အတူ ငွေသွင်း/ ငွေထုတ်အချိန်အကန့်သတ်မရှိ (100%) မှန်ကန်တိကျစွာဖြင့် အချိန်နဲတပြေးညီ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ...

07/10/2025

⚽ ချဲလ်ဆီးဂန္ထဝင် ဖရန့်လမ်းပတ်ကတော့ ချန်ပီယံရှစ်မှာ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ သူ့အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ဖရန့်လမ်းပတ်ရဲ့ ကိုဗင်ထရီအသင်းဟာ ဒီရာသီ ၉ ပွဲကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးဘဲ အဆိုပါ ၉ ပွဲမှာ တိုက်စစ်ပိုင်းက ၂၇ ဂိုးအထိ ရထားသလို ခံစစ်ကလည်း ၇ ဂိုးသာ ပေးထားရတာဖြစ်ပါတယ်။

လမ်းပတ်ဟာ သူ့ရဲ့အသင်းကို တိုက်စစ်အသားပေးပုံစံတည်ဆောက်ထားတာဖြစ်ပြီး နောက်ဆုံးသုံးပွဲမှာ တိုက်စစ်က ၁၂ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ လမ်းပတ်ဟာ ၂၀၂၄ နိုဝင်ဘာလမှာ ကိုဗင်ထရီကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ကိုဗင်ထရီဟာ ချန်ပီယံရှစ်ရဲ့ အဆင့် ၁၇ မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ အခုတော့ ပရီးမီးယားလိဂ်ကို တန်းတက်လာနိုင်မယ့်အသင်းအဖြစ် ထင်ကြေးပေးခံနေရပြီး လမ်းပတ်အနေနဲ့ အဲဒီစွမ်းဆောင်ရည်ကောင်းကို ရာသီကုန်ထိ ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

05/10/2025

Sevilla 𝐒𝐇𝐎𝐂𝐊 Barcelona in La Liga
FullTime 4-1

05/10/2025

✅✅✅ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးသော တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းအတွက်တော့ ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းရတဲ့အလုပ်က ငှက်ပျောသီး အခွံခွာစားသလောက်ကို လွယ်ကူနေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ ကိန်းဟာ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ လိဂ်သွင်းဂိုး ၃၆ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့သလို ဒုတိယရာသီမှာလည်း ၂၆ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဘွန်ဒက်စ်လီဂါ ၆ ပွဲကစားပြီးချိန်မှာပဲ ၁၁ ဂိုးအထိသွင်းထားနိုင်ခဲ့ပါပြီ။ ဒါဟာ ဂျာမန်လိဂ်သမိုင်းမှာ ဘယ်ကစားသမားမှ မလုပ်နိုင်ခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဟိုး... ဂတ်မူလာခေတ်ကနေ ကလိုဆေးတို့ခေတ်၊ ဒီဘက် လီဝန်ဒေါစကီး၊ ဟာလန်းတို့ခေတ်အထိ ဘယ်သူမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ပွဲစဥ် ၆ အပြီးမှာ ၁၁ ဂိုးသွင်းပြီး ဒုတိယနေရာက ကစားသမားကို ၆ ဂိုးဖြတ်ထားလေတော့ ဒီနှစ် ဂိုးသွင်းဘုရင်ဆုကိုလည်း ကြိုပေးထားလိုက်တာကမှ ပိုကောင်းမယ်လို့ ဆိုရမှာပါ။

ကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့အတူ ပြည်တွင်းဆုဖလားရယူနိုင်ခဲ့ပြီးဖြစ်လို့ ဒီရာသီမှာသာ ချန်ပီယံလိဂ်ဖလား ရနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒီလို ဂိုးသွင်းအားနဲ့ဆိုရင် အလန်ရှီးယားကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထာ၀ရသွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ မှတ်တမ်းကို ရရှိနိုင်တယ် မဟုတ်လား။

Photos from Shwe Lucky's post 05/10/2025

ိုကြည်ကြည်လင်လင်နဲ့ ကြည့်ချင်တဲ့ ကိုယ့်လူတို့

05/10/2025

⚽ လီဗာပူးမှာရှိနေတဲ့ ရှင်းလင်းတဲ့ ပြဿနာကို ထောက်ပြခဲ့တဲ့ ဝိန်း ရူနီ⚽

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက စနေနေ့ညမှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲဲ့ပြီး ၃ ပွဲဆက်ရှုံးပွဲနဲ့အတူ ဇယားထိပ်ဆုံးကနေ ဆင်းပေးခဲ့ရပြီးနောက် လီဗာပူးမှာ ရှင်းလင်းတဲ့ ပြဿနာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အာနေး စလော့ရဲ့အသင်းဟာ ရာသီအဖွင့် ၅ ပွဲစလုံးမှာ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဂလာတာဆာရေးနဲ့ ချဲလ်ဆီးတို့ကိုဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒီနွေရာသီမှာ ပေါင်သန်း ၄၀၀ ကျော်သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ပေမယ့်လည်း နိုင်ငံတကာပွဲအားလပ်ရက်မတိုင်ခင် စိတ်ပျက်ဖွယ်ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ကိုဒီ ဂက်ခ်ပိုက ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး သရေ ၁ မှတ်နဲ့ အိမ်ပြန်နိုင်မယ်ထင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ အက်စတီဗာအိုရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဝိန်း ရူနီက လီဗာပူးအသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ နောက်ခံတောင်ပံနေရာတွေနဲ့ပတ်သက်ပြီး ရုန်းကန်ခဲ့ပြီး ချဲလ်ဆီးက ကော်နာ ဘရက်ဒ်လီဘက်ခြမ်းကနေ ထိုးဖောက်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

"လီဗာပူးရဲ့ ညာနောက်ခံနေရာမှာရှင်းလင်းတဲ့ ပြဿနာရှိနေပါတယ်။ ကော်နာ ဘရက်ဒ်လီက ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ နောက်ဆုံးလိဂ် ၂ ပွဲစလုံးပါပဲ။ သူတို့တွေ ​ဆိုဘိုင်ဆလိုင်းကို ကစားခိုင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူ့အတွက် တကယ် အလုပ်မဖြစ်ခဲ့ပါဘူး။ ဖရင်းပေါင်ကလည်း ဒီ​နေ့အရန်ခုံမှာ ထိုင်ခဲ့ရပေမယ့် ဝင်မကစားနိုင်ခဲ့ဘူး။ အဲဒီတော့ သူတို့တွေ လိဂ် ၇ ပွုစလုံးမှာ ညာနောက်ခံလူ ၃ ဦး အသုံးပြုဖို့ကြိုးစားခဲ့တယ်။

ချဲလ်ဆီးက အဲဒါကို မြင်ခဲ့ပြီး သူတို့ရဲ့ အားနည်းချက်ကို ထိုးဖောက်ခဲ့တယ်။ လီဗာပူး ခံစစ် ၄ ဦးက အချိန်အတော်များများမှာ တနေရာစီ ပြန့်ကြဲနေခဲ့ပြီး အစောပိုင်းမှာတင် သတိပေးလက္ခဏာတွေရှိနေခဲ့ပါတယ်။

ဘရက်ဒ်လီက အဝါကတ်ထိခဲ့ပြီး အဲဒါက ပထမပိုင်းအပြီး သူ လူစားလဲခံခဲ့ရတဲ့ အဓိက အကြောင်းအရင်းဖြစ်မယ်လို့ထင်တယ်။ အဲဒါက လီဗာပူးအတွက် ဒီနေ့မှာ ပြဿနာကြီးဖြစ်ခဲ့ပြီး တရာသီလုံးလည်း ပြဿနာဖြစ်နေခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

05/10/2025

အသင်းခေါင်းဆောင်စိတ်ဓာတ်ဆိုတာ........

ညာနောက်ခံလူနေရာမှာကစားတယ်၊ ကွင်းလယ်လိုအပ်ရင်လည်း ကွင်းလယ်ကိုသွားကစားလိုက်တာပဲ။ အက်ချန်ပေါင်ရော၊ ဘာဒီယာရှီးလ်ပါထွက်သွားလို့ ဗဟိုနောက်ခံလူတွေမရှိကြပြန်တော့လည်း ဗဟိုနောက်ခံလူအဖြစ် ကစားလိုက်တာပဲ။ ဘယ်နေရာမှာပဲကစားပါစေ ရိစ်ဂျိမ်းကတော့ အသင်းခေါင်းဆောင်ပီပီ ခြေစွမ်းပြနေတုန်းပါပဲ။

လီဗာပူးနဲ့ပွဲမှာ position 3 ခုတောင် ကစားပြနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ကစားသမားတွေထဲ ပွဲချိန်အတွင်း ဘောလုံးထိချက်အများဆုံး၊ ဘောလုံးယှဉ်လုနိုင်မှုအများဆုံး၊ ဖြတ်ထုတ်မှုနဲ့ ကြားဝင်ဖြတ်တောက်မှုအများဆုံးဆိုတဲ့ အချက်အလက်ကောင်းတွေကိုပါ ရိစ်ဂျိမ်းကပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon