Food & Fitness

Food & Fitness

Share

Services and Agency

23/02/2022

💎"ကျန်းမာရေး ဆိုတာဘာလဲ"💎

💕ချစ်တဲ့လူအချင်းချင်း ခင်းတဲ့လူအခြင်းခြင်း ပြောနေကြတဲ့ "ကျန်းမာရေး ဂရုစိုက်နော်" ဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ၊ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလဲ ဆိုတာ ဆွေးနွေးကြရအောင်

ကိုယ့်အတွေးကိုယ်စီကို 👇အောက်က comment မှာ ရေးပေးကြပါနော်

ဒီကြားထဲမှာ page activity တွေနည်းခဲ့လို့လဲ အနုအညွန့်တောင်းပန်ပါတယ်😔

🙏အားလုံး ရွှင်လန်း ချမ်းမြေ့ ကြပါစေ ခင်ဗျာ🙏
&fitness

Photos from Food & Fitness's post 20/08/2020

⚠️အကြောလျှော့ခြင်းက သင့်ဘ၀တစ်လျှောက်လုံး ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အရေးပါတယ်ဆိုတာကို သင်သိပါသလား (တနည်းအားဖြင့်) ဒူးနာ၊ ခါးနာ၊ ဇာက်ကြောတက်ခြင်းတို့ ဘာကြောင့်ဖြစ်ရသလဲ (အပိုင်း ၁)

⭕️လူခန္ဓာကိုယ်ဟာ လှုပ်ရှာမှုပြုလုပ်နိုင်စေရန် အရိုးပေါ်မှာ ကြွက်သားဖြင့်ဖုံးအုပ်ထားပြီးနောက် ကြွက်သားများကို တစ်ဖက်ကိုလျှော့ခြင်း၊ တခြားတစ်ဖက်ကိုတင်းခြင်း အားပြုလုပ်ပေးခြင်းဖြင့် လက်များ ခြေများကို အကွေးအဆန့် ပြုလုပ်ပေးနိုင်အောင် ပြုလုပ်ထားသော ဇီ၀စက်ပစ္စည်တစ်မျိုးအဖြင့် မြင်ကြည့်လိုက်ပါ။

⭕️ထိုသို့ လှုပ်ရှားမှုပြုလုပ်ရာတွင် ကြွက်သားများကိုဆန့်သင့်သလောက် မဆန့်ထုတ်နိုင်ခြင်း၊ အသုံးပြုရမည့် ကြွက်သားကို အသုံးမပြုဘဲ Brain မှ မလိုအပ်သောကြွက်သားများကို မှားယွင်းစွာအသုံးပြုခြင်း၊ အသုံးပြုများသော ကြွက်သားများက တင်း၍တိုလာခြင်း တို့ကြောင့် ခန္ဓာကိုယ်အနေအထားပုံစံ ပျက်၍ ခါးကုန်၊ လက်ပြင်ကိုင်း၊ ဖင်ကောက်၊ ခြေခွင်၊ ဒူးအတွင်းယိုင်/ အပြင်ယိုင်ခြင်း စသည်တို့ဖြစ်ပေါ်လာပြီး နောက်ပိုင်း အချိန်ကာလကြာမြင့်လာသောအခါ လှုပ်ရှားမှုပုံစံမှားယွင်းမှုကြောင့် အရွတ်များက ပျက်စီးလာရပြီး ဒူးနာခြင်း၊ ခါးနာခြင်း၊ ဇာတ်ကြောတက်ခြင်း စသည့် အရိုးနှင့်ပက်သက်သော နာကျင်မှုများ လှုပ်ရှား၍မရခြင်းများ ဖြစ်ပေါ်လာစေပါသည်။

⭕️လှုပ်ရှားမှုပြုလုပ်ရာတွင် ကြွက်သားများကို ဆန့်သင့်သလောက် မဆန့်ထုတ်နိုင်ခြင်း၊ အသုံးပြုရမည့် ကြွက်သားကို အသုံးမပြုဘဲ Brain မှ မလိုအပ်သောကြွက်သားများကို မှားယွင်းစွာအသုံးပြုခြင်း၊ အသုံးပြုများသော ကြွက်သားများက တင်း၍တိုလာခြင်း တို့ကိုပြုပြင်ပြောင်းလဲနိုင်မှသာ ထိုနားကျင်မှုများကို ပျောက်ကင်းနိုင်မည်ဖြစ်သည် ဤသို့မပြုလုပ်ဘဲ ဓာတ်မှန်ရိုက် ဆေးသာသောက်နေလျှင် အနာသက်သာရုံသာ ဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လှုပ်မှုပုံစံ အမှားကို မပြင်သ၍ အနာကိုပြန်ပြန်ဆွသလိုဖြစ်ပြီး မပျောက်ကင်းနိုင်သာ ဖြစ်လိမ့်မည်။ ထိုသို့ပျောက်ကင်းနိင်စေရန် physician များဖြင့် ကုသပြီး rehab trainer မျာဖြင့်ပြန်လည် လေ့ကျင့်ခန်းလုပ်ခြင်း အားဖြင့် များစွာအထောက်အကူဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ ဆေးခန်းလဲပြ rehab exercise လဲလုပ်ပါ။ ရောဂါပြင်းထန်လျှင် physician ဖြင့်ပြသင့်ပါသည်။

👉🏿ဒီလို ဒူးနာ၊ ခါးနာ အရိုးအကြောရောဂါတော်တော်များများရဲ့ အဓိကတရားခံက ကြွက်သားများ မလို့လားအပ်ဘဲ တင်းနေခြင်း တနည်းအကြော မလျှော့ခြင်းကြောင့် ဖြစ်မည်ဆို့လျှင် မှားနိုင်မည်မဟုတ်ပေ။

✅(ဘာကြောင့် လေ့ကျင့်ခန်းမလုပ်မှီ အကြောလျှော့ သင့်သလဲနှင့် မပြုလုပ်ရင် ဘယ်လောက်ထိ ဆိုးကျိုးတွေ့လာနိုင်သလဲ၊ Injury ကြောင့်ဖြစ်လာသော ဒူနာ၊ ခါးနာ အရိုးအကြောရောဂါမျာကို အပိုင်း-၂ ဖြင့်တင်ပြပေးပါမည်) သိရှိလိုပါက comment တွင် YES ဟုရေးခဲ့ပါ။

😉YES လို့ရေးခဲ့ပါ (အပိုင်း ၂) တွင့် တွေ့ဆုံပါမည်။

👉🏿Fitness နှင့်ပတ်သက်သော အကြာင်းအရာများကို messenger မှ မေမြန်းနိုင်ပါသည်။

👉🏿ဤ page ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ခြင်းဖြင့်အားပေးပါ။

🙏🙏🙏ကျန်းမာရွှင်လန်းပါစေ🙏🙏🙏

Photos from Food & Fitness's post 24/01/2020

⚠️ထမင်းစားခြင်းက ဘာကြောင့် အဆီတက် စေတာလဲ⚠️

👉🏿ဒီ post မှာ ထမင်းနဲ့ ပတ်သက်လို့လွဲမှားနေတဲ့ အယူအဆအတွေးအခေါ်တွေကိုတင်ပြပေးလိုက်ပါမယ်

💡ထမင်းကိုအဓိကထားစားသော တရုတ်နိုင်ငံ တွင် 1945 ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့အဝလွန်ခြင်းဟာ 2.5% သာရှိပြီး 2014 ခုနှစ် မှာ 18% အထိတိုးတက်လာခဲ့တယ်

👉🏿ဒါဟာဘာဖြစ်လို့ပြောင်းလဲလာရတယ်ထင်ပါသလဲ။

⭕️1900 ပြည့်နှစ်နှောင်းပိုင်းကာလတွေမှာ ဆန်ကို ရောင်းပန်းလှအောင် polish တင်ပြီး စျေးကွက် အတွင်းသို့တင်းပို့ခြင်း လုပ်ငန်းများတိုးတက်လာခဲ့တယ်။
သဘာဝကပေးထားသော ဆန်မှာ အဟာရဓာတ်ပြည့်ဝစွာပါ၀င်ပါတယ်။ ဒါကိုအခွံချွတ် polish တင်လိုက်တဲ့ အခါ ဆန်တွင်ပါ၀င်သော vitamins ၊ minerals ၊ fiber(အမျှင်ဓာတ်) တွေကိုဖယ်ထုတ်လိုက်သလိုဖြစ်စေပါတယ်။
vitamins ၊ minerals ၊ fiber ကိုဖယ်ထုတ်လိုက်ခြင်းဖြင့် pure carbohydrate ကိုသာ ကျန်စေပါတယ်။ pure carbohydrate က သွေးတွင်း insulin level ကိုမြှင့်တင်ပေးပါတယ်။ ဒါ့အပြင် carbs ကို energy အဖြစ်ပြောင်းလဲ ဖို့ရန်အတွက် vitamins နဲ့ minerals တွေရဲ့ အကူအညီ များစွာလိုအပ်ပါတယ်။ vitamins နဲ့ mineral တွေမရရှိတဲ့အခါ carbs မှရလာတဲ့ glucose က cells ထဲကို အပြည့်အ၀ မရောက်ရှိစေဘဲ ပိုလျှံသွားသော စွမ်းအင်ပမာဏကိုအဆီအဖြစ် သိမ်းပေးထားပါတယ်။
ဒါဟာ အဆီတက်ရခြင်းရဲ့ လမ်းစကိုဖြစ်စေပါတယ်။
ဒါ့အပြင် စျေးကွက်အတွင်းရောင်းချနေသော polish တင်ပြီးသား ဆန်ဖြူတွေဟာ vitamin B complex ပါ၀င်မှုနည်းသောကြောင့် vitamin B အုပ်စု အားနည်းခြင်းကြောင့်ဖြစ်တတ်သော အားနည်းခြင်း၊ ရောင်ရမ်းခြင်းကိုလဲ ဖြစ်စေနိုင်ပါတယ်။ fiber ပါ၀င်မှု နည်းခြင်းကြောင့် သွေးတွင်း cholesterol ပါ၀င်မှုကိုတိုးစေပြီး ၀မ်းချုပ်ခြင်းကိုလည်းဖြစ်စေပါသည်။ထို့အပြင် insulin resistence တက်လာခြင်းကြောင်း ပို၍ ဗိုက်ဆာခြင်းကိုဖြစ်စေသည့်အပြင် ရေရှည်မှာ ဆီးချို ရောဂါ type 2 diabetes ဖြစ်လာဖို့လည်း လမ်းစဖောက်ပေးသလိုဖြစ်စေပါတယ်။

❇️ဒီ post ရဲ့ ပေးချင်တဲ့ massage ကတော့ ထမင်းဖြတ်လိုက်ဖို့ပြောတာ မဟုတ်ပါဘူး ထမင်းကိုဘယ်လိုအကျိုးရှိအောင်စားမလဲဆိုတာကိုသိရှိသွားအောင် တင်ပြချင်တာပါ။

✅ပုံမှန်အားဖြင့် ထမင်း ၊ အသားနဲ့ အရွက်နည်းနည်းစားဖြစ်လေ့ရှိကြပါတယ်။ တချို့လဲ ထမင်းနဲ့ အသားဘဲ စားဖြစ်ကြပါတယ်။ ဒီလိုမစားဘဲ vitamins ၊ minerals နဲ့ fiber ပါ၀င်မှုများတဲ့ အသီးအရွက်ကို များများစားပေးခြင်းဖြင့်လဲ ရရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆန်လုံးညို (သို့မဟုတ်) WILD RICE (သို့မဟုတ်) ဆန်စက်မပို့ရသေးသောဆန်ကိုစားပါ။

🔰အစပိုင်းမှာ ဆန်လုံးညို ကြီးဘဲချက်မစားပါနဲ့ ပုံမှန်စားနေကျဆန်နဲ့ ရောပြီးချက် စားပါ နောက်ပိုင်း အကျင့်ရလာပြီဆိုတော့ မှ ဆန်လုံးညိုကြီးဘဲ ချက်စားပါ။

🚸အရေးကြီးဆုံးအချက်က ထမင်းကို ငှဲ့ မချက်ပါနဲ့ ငှဲ့ ချက်ခြင်းက vitermins ၊ minerals ၊ fiber ကို သွန်ပြစ်လိုက်သလိုပါဘဲ။ (တချို့ တွေက ငှဲ့ချက်တာ အဆီကျစေတယ်ထင်ကြလို့ပါ)

👉🏿ဤ Page ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ခြင်းဖြင့်အားပေးပါ။
🙏🙏🙏ကျန်းမာရွှင်လန်းပါစေ။🙏🙏🙏

30/12/2019

🗣လူပြောများတဲ့ calorie ဆိုတာဘာလဲ❓

🙄တစ်နေ့တစ်နေ့ ကြားနေရတဲ calorie ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို့ တင်ပြပေးသွားပါမယ်။

👉🏼calorie ဆိုတာ အစားအစာတွေရဲ့ စွမ်းအင်ပမာဏကို တိုင်းတာတဲ့ unit တစ်ခုဖြစ်ပြီး ဒီစွမ်းအင်ကို လောင်ကျွမ်းပြီး ခန္ဓာကိုယ်ရဲ့ လောင်စာအဖြစ်နဲ့ အသုံးချပါတယ်။

👉🏼calorie ဆိုတာ diet လုပ်ဖို့တစ်ခုထဲ အတွက် လိုအပ်တဲ့အရာ လို့သင်ထင်ပါလိမ့်မယ်။ ကျွန်တော်တို့ မကြာခဏဆိုသလိုကြားဖူးကြပါလိမ့်မယ် calories လျော့စားတာတို့ calories တိုးစားတာတို့ calories များများလောင်ကျွမ်းမယ့် လေ့ကျင့်ခန်းမျိုးလုပ်တာတို့ကို့။
ဒါဟာဝိတ်ချသူ၊ ဝိတ်တင်သူ တွေနဲ့ သာသက်ဆိုင်တာမဟုတ်ပါဘူး လူတိုင်းနဲ့သက်ဆိုင်ပါတယ်။

👉🏼ကျွန်တော်တို့ အားလုံး ကျန်းမာစွာ အသက်ရှင်ရက်တည်နိုင်ဖို့ဆိုရင် စွမ်းအင်လိုအပ်ပါတယ်။ ဒီ စွမ်းအင်ရဲ့အရာအားလုံးဟာလဲ calories မှရရှိတာဖြစ်ပါတယ်။
အစားအစာတစ်ခုကိုစားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာအဖြစ်သို့ပြောင်းလဲ သွားပါတယ်။ ကျန်းမာရေး နှင့် ကိုက်ညီသော အစားအသောက်တွေက ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်စေပြီး ၊ အရေကြီးတဲ့ အဟာရဓာတ်ပါ၀င်မှုဟာ အရိုးအဆစ်ခိုင်မာခြင်း နှင့် ခန္ဓာကိုယ်ကြီးထွားခြင်းကိုဖြစ်စေပါတယ်။

👉🏼calories ဆိုတာ အစားအစာတို့ရဲ့ စွမ်းအင်ပါ၀င်မှု ပမာဏဖြစ်သည်။ calorie ပမာဏစားသုံးတာများလျှင် ဝိတ်တက်စေပါသည်။ ခန္ဓာကိုယ်အတွက် ပိုလျှံ သွားသော စွမ်းအင် ကို အဆီ အဖြစ်သိမ်းထားပါတယ်။
သင့်ရဲ ခန္ဓာကိုယ်ဟာ တစ်ချို့သော အဆီပမာဏကို vitermin D ၊ Bile ၊ Steroid hormone ထုတ်လုပ်ဖို့ရန် အတွက်သိမ်းထားပါတယ်။ ဒါပေမယ့် အဆီ အများကြီးကို သိုလှောင်ထားရင်တော့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

👉🏼ဒါကြောင့် လူတစ်ယောက်ဟာ ကိုယ်တစ်နေ့ calorie ဘယ်လောက်စားသုံးသင့်လဲဆိုတာကို သိထားသင့်ပါတယ်။
calorie မတွက်တက်ပါက အလွယ်တကူ တွက်နိုင်အောင် အောက်တွင် link ချပေးထားပါမယ်။

https://www.calculator.net/calorie-calculator.html

ဒါဟာ အရေကြီးပါတယ်။ ပုံမုန်အားဖြင့် ယောက်ျားလေးက calorie များများပိုစားရလေ့ရှိပါတယ်။

👉🏼အစားစာတစ်ခုမှာ Carbohydrate: calories per gram ၊ Protein: calories per gram ၊ fat: calories per gram တွေပါ၀င်ပါတယ်။ fat မှာဆိုရင် calories ပါ၀င်မှုများလေ့ရှိပါတယ်။ များသောအားဖြင့် diet တော်တော်များများနဲ့ ကျန်းမာသော စားသုံးမှုု ပုံစံတွေမှာဆိုရင် အဆီကို အကန့်အသက် တစ်ခုထားပြီးစားသုံးကြပါတယ်။တစ်ချို့သော အဆီတွေဟာဆိုရင် ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်စေရန် လိုအပ်ပါတယ်။
ဥပမာ အားဖြင့် သံလွင်ဆီက နှလုံး ကျန်းမာရေးအတွက်ကောင်းစေတာမျိုး ကိုဆိုလိုပါတယ်။

🛑ဝိတ်ကျဖို့အတွက်ဆိုရင် calories လျှော့စားရုံနဲ့ လုံလောက်လား❓

👉🏼ယေဘူယျအားဖြင့်တော့ ဒါဟာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆီကျဖို့ ဆိုရင်တော့ ပုံမုန်ထက် calories 300 လျှော့စားပြီး၊ calorie လောင်ကျွမ်းမှုမြန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ အဆီချမယ်ဆိုရင် မကောင်းတဲ့ cholesterols ဖြစ်တဲ့ LDL တွေများလာပြီး နှလုံးသွေးကြောပိတ်တာ အသည်းအဆီဖုံးတာ တွေဖြစ်လာနိုင်ပါတယ်။

👉🏼တချို့သော calories တွေဟာ အဆီကျဖို့အတွက် အထောက်အကူပြုပါတယ်။ ဥပမာအားဖြင့် protein မှရရှိသော calories ဟာဆိုရင်ဖြင့် ကြွက်သားတည်ဆောက်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကြွက်သားများများထွက်ခြင်းက အဆီကိုလဲ လောင်ကျွမ်းစေပါတယ်။

👉🏼အဆီကျဖို့ ဆိုရင်တော့ နည်းလမ်းများစွာရှိပါတယ် သို့ပေမယ့် ကျန်းမာစွာနဲ့ အဆီချနိုင်ဖို့က အရေးကြီးပါတယ်။ ဒီထဲမှာမှ calorie တွက်စားတက်ဖို့ ကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Protein နဲ့ အခြားသော Nutrient တွေကို့ မျှတအောင်စားနိုင်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် အသီးအရွက်လဲ များများစားပေးပါ။

⚠️⚠️⚠️calorie တွက်စားခြင်း နှင့် Nutrient များပြည့်ဝအောင်စားသုံးဖို့ က ဝိတ်ချသူ ဝိတ်တင်သူ တွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး ကျန်းမာသော life time တစ်ခုကိုပိုင်ဆိုင်လိုသော လူတိုင်းအတွက် အရေးကြီးပါတယ်။

👉🏼ဤ page ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ခြင်းဖြင့် အားပေးပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ။🙏🏻🙏🏻🙏🏻

12/12/2019

👩🏻မိန်းကလေး နှင့် GYM ဆော့ခြင်း🏋🏼‍♀️

👉🏿တော်တော်များများက GYM ဆိုတာ ယောက်ျားလေးဘဲ ဆော့ရတယ် လို့ထင်ကြပါတယ် နောက်ပြီး မိန်ကလေးများ GYM ဆော့ရင် ဗလထွက်လာမှာကိုကြောက်ကြပါတယ်။ ဒါဟာလွဲမှားတဲ့အတွေးတွေဖြစ်ပါတယ်။

👉🏿ဘာကြောင် မိန်းကလေးတွေ GYM ဆော့ရင် ဗလမထွက်လဲ၊ GYM ဆော့ရင် ဘာတွေပိုပြီး အကျိုးကျေးဇူးပိုရလာနိုင်လည်း ဆိုတာကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။

👉🏿ဘာကြောင့် မိန်းကလေးတွေ GYM ဆော့ရင် ဗလမထွက်လဲ။ (ဗလထွက်မှာကြောက်သော မမ များအတွက်)😜

🔰မိန်းကလေး နဲ့ ယောကျာ်လေး testosterone level တအားကွာခြားလွန်းပါတယ်။ Testosterone ဆိုတာလွယ်လွယ်ရှင်းရှင်းပြောရရင် ကျားဟော်မုန်း တစ်မျိုးပါ။ ဒီဟော်မုန်းက ယောကျာ်းလေးတွေကို မိန်းကလေး တွေတက်ပိုပြီး သန်မာစေတယ် ကြွက်သားပိုထွက်စေတယ် အရိုးသိပ်သည်းစ ပိုကောင်းစေပါတယ်။ သာမန်အားဖြင့် မိန်းကလေးတွေမှာ testosterone level 15-70 nanograms ရှိပြီး ယောကျာ်းလေး မှာတော့ 679 nanograms ရှိပါတယ်။ ဒီလို အဆ ၁၀ လောက်ကွာခြားခြင်းက မိန်းလေးတွေကို တော်ရုံနဲ့ muscle မထွက်စေပါဘူး။

🌟GYM ဆော့ခြင်းဟာ မိန်းကလေးတွေအတွက် ဘာတွေပိုပြီ အကျိုးကျေးဇူး ရနိုင်သလဲ

👉🏿အလေးမခြင်းဟာ အဆီပိုတွေကို ဖယ်ရှားပြစ်နိုင်ပါတယ်။ အလေးမခြင်းဟာ ကြွက်သားတွေကို ပိုမို သန်မာစေပါတယ် ကြွက်သားတွေပိုမိုသန်မာလာတာနဲ့ အမျှ meteabolism ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပိုမိုတိုးတက်စေပါတယ် တဆက်တည်းမှာဘဲ calories လောင်ကျွမ်းစေပါတယ်။ ဒါဟာ အဆီ ကျခြင်း၊ ဝိတ်ကျခြင်းကိုဖြစ်စေပါတယ်။ GYM ဆော့ပြီး ဝိတ်ချနိုင်းသူဟာ အဆီတွေကျသွားတာနဲ့ အကိတ်ဖြစ်လာမှာပါ ဒါဟာ GYM ဆော့ပြီး ဝိတ်ချသူတို့ရဲ့အားသာချက်ပါ။

👉🏿စိတ်ဖိစီးမှုကို လျော့ပါးစေတယ်။ ဒီနေ့ခေတ်မှာ မိန်ကလေးတွေလဲ ယောက်ျားတွေ နဲ့တူတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်လာတာနဲ့အမျှ စိတ်ဖိစီးမှုတွေ depression တွေဝင်လာတက်ပါတယ်။ ဒါတွေကို gym သွားခြင်း၊ တခြား အားကစားပြုလုပ်ခြင်းဖြင့် လျှော့ကျစေပါတယ်။

👉🏿gym ဆော့ခြင်း ဟာ ခါးနာခြင်း၊ အဆစ်ရောင်ခြင်း တို့မှကာကွယ်ပေးပါတယ်။ အလေးမခြင်းဟာ ကြွက်သားများသန်မာစေ ရုံသာမက အရိုးသိပ်သည်းစကိုလည် တိုးတက်စေပါတယ်။ ဒီရလဒ်ဟာ အရိုးကျိုးလွယ်ခြင်းမှ လျှော့ပါးစေပါတယ်။ ဒါ့အပြင် အရိုးအဆစ် တွေရှိ tissues တွေကို သန်မာစေတဲ့အတွက် အလွယ်တကူ ဒဏ်ရာမရစေပါဘူး (ဥပမာ ပြောရရင် အသက်ကြီး တဲ့လူတော်တော်များများ ခါးနာခြင်းဝေဒနာ ကိုခံစားရပါတယ်။ ဒါဟာလဲ ပစ္စည်မရာမှ ဒဏ်ရာရတာများပါတယ်။ gym ဆော့တဲ့လူဆို ဒီလိုမဖြစ်ပါဘူး အနည်းဆုံးတော့ ခါးမနာအောင် ဘယ်ကြွက်သားကို သုံးပြီး မရမယ် ဆိုတာ သိပါတယ်။)

👉🏿အရိုးပွရောဂါဖြစ်ခြင်းမှကာကွယ်ပေးတယ်။ အလေးမခြင်းဟာ အရိုးကျန်းမာကြံခိုင်းရေးအတွက် အလွန်ကောင်းမွန်စေတယ်။ ထို့အပြင် ပြေးခြင်း၊တောင်တက်ခြင်း၊ကခုန်ခြင်း နှင့် တန်းနစ်ရိုက်ခြင်းတို့ ကလဲအရိုးကျန်းမာကြံခိုင်းရေးအတွက်ကောင်းမွန်စေပါတယ်။

👉🏿အသားအရည် လျှော့ရဲခြင်းမှ ကာကွယ်ပေးတယ်။ အသက်အရွယ်ကြီး လာတာနဲ့အမျှ ကြွက်သားတွေဟာ တဖြည်းဖြည်း လျှော့ကျလာတက်ပါတယ်။ သို့ပေမယ့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းဟာ ကျန်းမာပြီး အရွယ်တင်နုပျိုစေပါတယ်။

👉🏿GYM ဆော့ခြင်းဟာ အသားအရည်ကို ပိုမိုလှပစေတယ်။ GYM ဆော့ခြင်းဟာ estrogen-hormone များများထုတ်ပေးနိုင်တဲ့အတွက် အသားခြောက်ခြင်း မှကာကွယ်ပေးပါတယ်။

👆🏻ဒါကြောင့် မိန်းကလေးများ GYM ဆော့ကြပါလို့ တိုက်တွန်းချင်ပါတယ်။

⚠️ဆက်မဆော့ဖြစ်ရင်၊ ဆော့တာရပ်နားလိုက်ရင်အဆီတက်လား‼️
❇️ဆော့တာရပ်နားလိုက်လို့ အဆီတက်တာမဟုတ်ပါဘူး။ပုံမှန် စားသင့်သော calories အတိုင်းပြန်မစားမိခြင်း၊ အစားမရှောင်ခြင်း တို့ကြောင့်သာ ဖြစ်ပါတယ်။

♻️ဆေးဝါး ဆိုတာ ရောဂါကို ထိန်းချုပ်ပေးနိုင်ရုံပါ၊ ကျန်းမာအောင် မလုပ်ပေးနိုင်ပါဘူး။

👉🏿ဤpage ကိုကြိုက်နှစ်သက်တယ် ဆိုရင် like and share ပြုလုပ်ခြင်းဖြင့် အားပေးပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ။🙏🏻🙏🏻🙏🏻

06/12/2019

🏋🏻ဝိတ်တက်ချင်ရင်ဘာစားရမလဲ ❓❓(အပိုင်း ၂)

⛔️အပိုင်း ၂ ကိုမဖတ်ခင် အပိုင်း ၁ ကိုအရင်ဖတ်ကြည့်ပေးဖို့ အကြံပြုလိုပါတယ်။

🌟သင့်တင့်မှန်ကန်တဲ့ လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမလဲ

❇️gym ကစားခြင်း နှင့် injury ဆိုတာအမြဲ ဒွန့်တွဲ နေပါတယ်။ အလေးမ စဉ်အတွင်းမှာအမြဲ သတိရှိပါ။ ကိုယ်ကစားတဲ့ muscle ကိုလဲ အာရုံစိုက်ပြီး တွန်းပေ မပေး ဆွဲပေးပါ ဒါဟာ injury ဖြစ်နိုင်ခြေနည်းစေသလို muscle mass ဖြစ်ဖို့ အတွက်လဲ အထောက်အကူပြုပါတယ်။

❇️protein များများစားပေးပါ။ protein ဆိုတာ muscle တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်သော အရာပါ။ protein ကို ကြက်သား၊ ငါး၊ ဥ၊ နို့၊ အစေ့အဆံ တို့မှရရှိပါတယ်။ များသောအားဖြင့် ကိုယ်အလေးချိန်(ပေါင်)ကို ၁ gram ဖြင့်မြှောက်ပါ ရရှိလာသော grams ပမာဏဟာ တစ်ရက်စားသုံးသင့်သော protein ပမာဏကို ရရှိပါတယ်။ admin ကတော့ ဒါကိုများပြားလွန်းတဲ protein ပမာဏလို့ သက်မှတ်ပြီ ကိုယ်အလေးချိန်(ပေါင်)ကို ၀.၆ နဲ့သာ မြှောက်ပြီး ရရှိလာသော protein grams ပမာဏကိုသာ စားသုံးပါတယ်။ protein ပမာဏများလွန်းခြင်းဟာ သွေးတွင် inslin level တိုးစေပါတယ်။ ဒါဟာ အဆီဖြစ်ခြင်းကို ဦးတည်စေပါတယ်။ အရမ်းပိန်သောသူများ ဆိုရင်တော့ ၁ gram ဖြင့်သာ မြောက်ပါ။

❇️muscle တည်ဆောက်ဖို့ဆိုရင် ပုံမှန်ထက်ပိုများတဲ့ Calories ပိုစားပေးရပါမယ်။ calories တွက်ချင်ရင် အောက်မှာ link ချပေးထားပါမယ်။

https://www.calculator.net/calorie-calculator.html

တွက်ကြည့်ပြီးရရှိလာတဲ့ အဖြေကို ၅၀၀ ထပ်ပေါင်းပါ။ ဒါဆို muscle mass ဖြစ်လိုသူအတွက် စားသုံးရမဲ့ calories ရပါပြီ။

❇️မကြာခဏ စားပေးပါ။

❇️အပြင်စာတွေ အသင့်စား အစားအစာ တွေရှောင်ပါ။ ဝိတ်တက်ချင်တာက ကြွက်သားထုနဲ့ တက်ချင်တာပါ အဆီထုတက်ချင်တာ မဟုတ်ပါဘူး။

❇️သင့်ရဲ စားသောက်မှုဟာ protein၊ carbs၊ fats တို့ပြည်စုံနေပြီဆိုရင်တောင် မှ vitamins နဲ့ minerals တွေကို မေ့ထားလို့မရပါဘူး။ ဒါကြောင့် အသီးအရွက် ကိုများများစားပေးပါ။ vitamins၊ minerals မပြည့်စုံခြင်းဟာ ကားတော့ရှိပြီး ကားသော့ ပျောက်နေခြင်းနှင့် တူပါတယ်။

❇️ပြည်၀စွာ အိပ်စက်အနားယူပါ(တစ်နေ့ ၈ နာရီအိပ်ပါ) ခန္ဓာကိုယ်မှ muscle ကြီးထွားမှုဖြစ်စဉ်ဟာ အိပ်စက်အနားယူချိန်ကျမှ အလုပ်လုပ်တာပါ ကစားနေစဉ်အတွင်းမှာအလုပ်မလုပ်ပါဘူး။ ကစားနေစဉ် ကြီးထွားလာခြင်းဟာ ကြွက်သားအတွင်း သွေးလည်ပတ်မှု သွေး၀င်ရောက်မှု များလို့ဖြစ်ပါတယ်။

❇️နေထိုင်မှုပုံစံ lifestyle ကိုပြောင်းလဲပါ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နှင့် တခြားသော ကျန်းမာရေအတွက် အထောက်အကူမပြုသော အလေ့အကျင့်များကို ရှောင်ပါ။

👉🏿ဒီလောက်ဆို ပြည်စုံပါပြီးလို့ ထင်ပါတယ်။

🌟အကယ်လို့ calories ဘယ်လောက်မှာ protein အချိုးအစားဘယ်လောက်စားရမယ် carbs ဘယ်လောက်စားရမယ် fats ဘယ်လောက်စားရမလဲ ကိုသိလိုပါက comment တွင် YES လို့ ရေသားပေးပါ။

👉🏿တောင်းဆိုမှုများပါက ဝိတ်တက်ချင်ရင်ဘာစားရမလဲ အပိုင်း ၃ နေဖြင့်တင်ပြပေးပါမယ်။

👉🏿ဤ page ကို ကြိုက်နှစ်သက်တယ်ဆိုပါက like and share လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ။🙏🏻🙏🏻🙏🏻

04/12/2019

🏋🏼‍♀️ဝိတ်တက်ချင်ရင်ဘာစားရမလဲ❓❓ (အပိုင်း ၁)

🔰ဝိတ်တက်ခြင်းမှာ အမျိုးအစား ၂ မျိူးရှိပါတယ်
အဆီထုတက်ခြင်း နှင့် ကြွက်သားထုတက်ခြင်းပါ

🌟ဒီမှာတော့ muscle mass ကြွက်သားထုတက်ချင်ရင်ဘာစားရမလဲ၊ဘာလုပ်သင့်လဲ ဆိုတာပြောပြပေးပါမယ်။

❇️ကြွက်သာထုတက်ဖို့ ဆိုရင်

1️⃣သင့်တင့် မှန်ကန်တဲ့ လေ့ကျင့်ခန်း လုပ်ရပါမယ်
2️⃣မှန်ကန်တဲ့ စားသုံးမှုရှိရ ပါမယ်
3️⃣recovery time အနားယူအိပ်စက်ချိန်လုံလောက်ရပါမယ်။ ဒီအချက်သုံးချက် ညီမျှမှ muscle mass ကြွက်သားထု တက်မှာပါ။

⭐️သင့်တင့်မှန်ကန်တဲ့ လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမလဲ

❇️do free weight ခုခေတ်နောက်ပိုင်း ခေတ်မှီလာတာနဲ့ အမျှ gym ဆော့တဲ့ခန်းမမှာလဲ စက်မျိုးစုံလင်စွာရှိပါတယ်။ ဒီစက်တွေဟာ muscle mass ထုတင်ဖို့အတွက် အဓီက ကူညီပေးတဲ့အရာ မဟုတ်ပါဘူး။Dumbells and barbells ကသာ ကြွက်သားထုတင်ဖို့ အတွက်အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ခု သတိထား ရမှာက beginner များအနေနဲ့ ကျွမ်းကျင် သော trainer ၊ ကစားသက်ရင့်သောသူများကို အကူအညီ တောင်းပြီ မှဆော့ပါ။ injury ရနိုင်ပါတယ်။ အလေးမခြင်းဟာ ခါး နဲ့ အရွတ်အတွက် injury အများဆုံးဖြစ်တက်ပါတယ်။ ဒါကြောင့် ဆရာခေါ်ရမှာ မရှက်ပါနဲ့ မေးသာမေးပါ။

❇️တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားများကို လုပ်ရှားစေခြင်း။ဥပမာ အောက်ပိုင်းထိုင်ခြင်း၊ deadlift ဆွဲခြင်း ၊the military shoulder press တို့ကစာခြင်းဟာ growth hormone ကိုအများဆုံးထုတ်ပေးပါတယ်။ ဒါဟာ ကြွက်သားထုတင်ဖို့အတွက် များစွာအထာက်အကူဖြစ်စေပါတယ်။ ပုံမှန်အားဖြစ် chest day မှာ ဆိုရင် chest muscle အတွက်ဘဲ ဆော့ကြပါတယ်။ အဲ့လိုမလုပ်ဘဲ ဥပမာ-အောက်ပိုင်းတစ်မျိုးလောက်ထိုင်တာဖြစ်ဖြစ်၊ deadlift ဆွဲတာဖြစ်ဖြစ်ပြုလုပ်ပေးခြင်းက ပိုမိုပြီး ကြွက်သားထုတက်စေပါတယ်။

❇️ဒီအပတ်မှာ chest လေ့ကျင့်ခန်းကို တန်းနဲ့တွန်းတယ်ဆို နောက်တစ်ပတ်မှာ dumbells နဲ့ လေ့ကျင့်ပါ တစ်ပတ်နဲ့တစ်ပတ် မတူညီ တဲ့ လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်သော trainer များကို မေးပြီးလေ့ကျင့်ပါ။

❇️တစ်ပတ်ကို ၃-၄ ရက်အပြင် ပိုမကစားပါနဲ့။ ကျန်တဲ့ရက်တွေကိုအေးဆေးအနားယူလိုက်ပါ။ ပျက်စီးသွားတဲ့ muscle တွေပြန်ကောင်အောင်အနားပေးရပါတယ်။

❇️ကြွက်သားတစ်ခုထဲကို လေ့ကျင့်ခန်းများစွာပြုလုပ်ခြင်း၊ ကြွက်သားတစ်မျိုးထဲကိုဘဲ တစ်ပတ်နှစ်ကြိမ်ဆော့ခြင်း ကိုရှောင်ပါ။ over training မဖြစ်ပါစေနဲ့။

❇️လေ့ကျင်ခန်း တစ်ခုချင်ရဲ့ မှန်ကန်သော အလေးမမှုပုံစံကို လေ့လာပါ။ အလေးအများကြီး မနိုင်ဖို့မကြိုးစားပါနဲ့၊ အရင်ဆုံး အလေးနည်းနည်း နှင့် မှန်ကန်သော အလေးမမှု ပုံစံကို လေ့ကျင့်ပါ။

❇️ဒီလို မှန်ကန်သော အလေးမမှုပုံစံကို မနိုင်ပြီဆိုတော့မှ ကိုယ်နိုင်သော အလေးဆုံး အလေးကိုမပါ။ နှစ်ပတ်တစ်ခါလောက် အလေးတိုးတိုးပြီးမပေးပါ။

👉🏿ဒီမှာ ခုဏရပ် နားပါမယ်။🙂

👉🏿အပိုင်း ၂ ကို သိလိုလျှင် commend မှာ YES လို့ရေးပေးပါ။

👉🏿ဤ page ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ပေးကြပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ🙏🏻🙏🏻🙏🏻

02/12/2019

🍺 BEER AND BODY-BUILDING💪
🍺BEER ကို MUSCLE တက်အောင်ဘယ်လိုသောက်မလဲ🍺

🍺ကိုယ်အလေးချိန်ပေါင် ၁၅၀ ရှိသော လူတစ်ယောက်က BEER 7 ခွက်သောက်သုံးမယ်ဆိုရင် PROTEIN 25 GRAMS ကိုဆုံးရှုံးရမှာဖြစ်ပါတယ်။

👉🏿ဒါ့အပြင် GYM ဆော့သူဖြစ်ပါက လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်ရဲ့ အနားယူချိန် နှင့် အိပ်စက်ချိန် (RECOVERY TIME) ကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

⭐️RECOVERY TIME မလုံလောက်ခြင်းဟာ ခန္ဓာကိုယ်ကြီး ထွားဖို့ လိုအပ်တဲ့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် GYM ဆော့တယ်ဆိုတာ ခန္ဓာကိုယ် MUSCLE တွေကိို အလေးမခြင်းဖြင့် ဆွဲပြဲသွားစေပြီး ပြဲသွားတဲ့နေရာမှာ PROTEIN နဲ့အစားထိုးလိုက်ခြင်းဖြင့် ကြီးစေတာဖြစ်ပါတယ်။ ဥပမာ ပြောရရင် ငယ်ငယ်က ချော်လဲလို့ အနာဖြစ်ရင် မိဘတွေက အမာရွတ်တက်မှာဆိုးလို့ဆိုပြီး ကြက်သားမစားခိုင်းပါဘူး ဒီသဘောတရားအတိုင်ပါဘဲ။

👉🏿ဒါကြောင့် RECOVERY TIME မလုံလောက်ခြင်းဟာ ခန္ဓာကိုယ်ကြီးထွားဖို့ရန် မဖြစ်နိုင်ပါဘူး။
GYM တော့သွာပါတယ် ဝိတ်လဲ တက်မလာဘူး ပိုတောင်ကျသွားတယ် ဆိုတာမျိုးက OVER TRAINING(အလွန်အကျွန် လေ့ကျင့်ခြင်း) နှင့် RECOVERY TIME မလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

💡Alcohol and Testosterone💡

⭐️Testosterone ဆိုတာကတော့ ယောက်ျား အင်္ဂါမှ ထုတ်လုပ်ပေးသော အဓိက အရေးပါ သော hormone ဖြစ်ပါတယ်။

👉🏿Testosterone level များများရှိခြင်းက သင့်ကို ကြွက်သားမြန်မြန် ထွက်အောင် အများကြီး ကူညီပေးပါတယ်။

👉🏿Testosterone level ကျတာများရင် အိမ်မပျော်ခြင်း၊ အဆီတက်ပြီး ကြွက်သားများလျှော့ကျခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါတယ်။

🧑🏼‍💻(နောက်ပိုင်း Testosterone level တိုးတက်အောင် ဘယ်လိုလုပ်ရမလဲတင်ပေးပါမယ် ကြော်ငြာဝင်ထားတာပါ😜)

🟡ပုံမှန်အားဖြစ်ယောက်ျားလေး အသက် ၃၀ ကျော်ရင် Testosterone level တစ်နှစ်ကို ၁% ကျပါတယ်။ အရက်၊ beer သောက်စားတဲ့ လူဆိုရင် ပိုကျတာမြန်ပါတယ်။

🟡သို့ပေမယ့် ကိုယ်အလေးချိန်ပေါင် ၁၅၀ ရှိသော လူလက်ပိုင်းအရွယ်က beer 2 ခွက်သောက် သုံးမယ်ဆိုရင် Testosterone level 17% တက်ပါတယ်။ ဒါကလဲနေ့တိုင်တော့ အလုပ်မဖြစ်ပါဘူး တစ်ပါတ်မှ တစ်ရက်လောက်ဘဲ ရမှာပါ။

🟡Beer သောက်ခြင်းက နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ တစ်ပါတ် ၂ ခွက်သောက်ရင်ပြောတာပါ။

🔴ဝိတ်ချနေတဲ့သူ ဆိုရင်တော့ အရက်၊ Beer လုံးဝမသောက်ပါနဲ့ အရက်တစ်ပတ် beer တစ်ခွက်ဟာ ၄၈ နာရီ သို့မဟုတ် ၇၂ နာရီ ကြာအောင် အဆီလောင်ကျွမ်းခြင်းကို ဟန့်တားစေနိုင်ပါတယ်။

👉🏿ဤ page အားကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ပေးကြပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ🙏🏻🙏🏻🙏🏻

30/11/2019

🏋🏻ဝိတ်ချဖို့ အရေးကြီးဆုံး အချက်🏋🏻

✅ဒါကတော့ တခြားမဟုတ်ပါဘူး အစာစားချိန်မှန်ဖို့ပါ။

👉🏿ဒီအချက်က အပြောလွယ်သလောက်လုပ်ရတာလဲ ခတ်ခဲပါတယ်။ဘာလို့လဲဆိုတော့ အချိန်မှန်မှန်စားခြင်ကို လူတော်များများက မလိုအပ်ဘူး လို့ထင်ထားကြပါတယ်။အရေးမပါသလိုအမှုမဲ့ အမှတ်မဲ့ ထားတက်ကြပါတယ်။ တခြားသော အကြောင်းပြချက်များစွားဖြင့် အစာစားချိန်ကို မှန်မှန်စားသုံးလေ့ မရှိကျပါဘူး။
🇯🇵 ဂျပန် လူမျိုးများ ကျန်မာရခြင်းမှာလဲ အစာစားချိန် တိကျလို့ ဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။

👉🏿ဒီလို့အစာစားချိန်မှာ မစားဘဲနေခြင်းက ပထမဦးစွာ သွေးတွင်းသကြားဓာတ်ကို လျှော့နည်းစေပါတယ်။ သွေးတွင်း သကြားဓာတ်လျှော့နည်းခြင်းက ဒေါသထွက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ မောပန်းခြင်းတို့က်ိုဖြစ်စေပါတယ်။

👉🏿ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ survival mode (အသက်ရှင်သန်စေရန်ပြုလုပ်ပေးသောအရံစနစ်) ကို ဖွင့်ပေးသလိုဖြစ်စေပါတယ် ။ဒီအချိန်မှာ ဦနှောက်က ဗိုက်ထဲအစာများထည့်ဖို့ အသိပေးပါတယ် တနည်းပြောရရင်တော့ ဗိုက်ဆာစေတာပါ။

👉🏿ဒီဖြစ်စဉ်ဟာ သင့်ကို အစာစားချင်စိတ်လိုတာထက်ပိုပြီး စားချင်စိတ်ကို ဖြစ်စေပါတယ်။

👉🏿ဒါကြောင့် အစာစားချိန်ကို တိတိကျကျ စားပါ မနက် ၈နာရီ၊ နေ့လယ် ၁၁နာရီ၊ ညနေ ၅ နာရီ လို့သက်မှတ်ထားရင် အဲ့အချိန်အတိုင်း စားနိုင်အောင် အရင် ကြိုးစားကြည့်ပါ။

🛑အစာစားချိန်မမှန်ခြင်းနှင့် intermittent fasting (အစားစားချိန်လျှော့ချခြင်း) ကမတူပါဘူး။

👉🏿အစာစားချိန်မှန်တော့မှ intermittent fasting (အစာစားချိန်လျှော့ချခြင်း) လုပ်လို့ အဆင်ပြေလွယ်ကူစေမှာပါ။
♻️Intermittent fasting အကြောင်းရှင်းပြ ပြီးပြီမို့ ထပ်မရှင်းပြတော့ပါဘူး။

👆🏻Intermittent fasting ကို အစားစားချိန်မမှန်ဘဲ လုပ်ဖို့ဆိုရင်တော့ ဝလုံး မဝိုင်းတက်တဲ့ ကလေးကို ကကြီး ရေးခိုင်းသလိုဖြစ်ပါလိမ့်မယ်။

🌟ဒါကြောင်အစာစားချိန်မှန်အောင် အရင်လေ့ကျင့်ပြီး intermittent fasting လုပ်ခြင်းဖြင့် ဝိတ်ချနိုင်ကျပါစေ။

👉🏿ဤ page အား ကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ပေးကြပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ။🙏🏻🙏🏻🙏🏻

29/11/2019

🥬🥩🧀Ketogenic နှင့် ဘာ၅ဘာ🧀🥩🥬

💡(Ketogenic diet ဆိုတာ ဘာလဲ၊ တခြားdiet တွေနဲ့ ဘာကွာခြားသွားလဲ၊ ဘာတွေပိုကောင်းလဲ၊ ဘာတွေလုပ်ရလဲ၊ ဘာတွေဆိုးကျိုးရနိုင်လဲ)

❗️Ketogenic diet ဆိုတာ ဘာလဲ

👉🏿ခန္ဓာကိုယ်မှာ ပုံမှန်စားသုံးနေကျ carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) မှ glucose ကိုထုတ်လုပ်ပြီး နေစဉ်လုပ်ရှားသွားလာဖို့အတွက် လောင်စာ အဖြစ်အသုံးပြုပေးပါတယ်။carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) အစာဖြတ်လိုက်ရင် glucose ကိုမရရှိတော့တာကြောင့် အသည်းမှ ketones ဆိုတဲ့ အင်ဆိုင်း တစ်မျိုးကိုထုတ်ပေးပါတယ်။ ဒီ ketones အင်ဆိုင်းက အဆီကိုလောင်ကျွမ်း စေပြီ အဆီမှ လောင်စာအဖြစ်အသုံးပြုပေးပါတယ်။
ketones အင်ဆိုင်းဖြင့် အဆီလောင်ကျွှမ်းစေပြီး ဝိတ်ကျအောင်ပြုလုပ်တဲ့ diet ကို Ketogenic diet လို့ခေါ်ပါတယ်။

❇️တခြား diet တွေနဲ့ ဘာတွေကွာခြားသွားလဲ

❇️တခြား diet တွေက နှစ်ပါတ်နေရင် ကိုယ်အလေးချိန် သိသိသာသာကျသွားပါတယ် ပြီးမှ ဆက်မကျဘဲ တန်းနေတတ်ပါတယ်။ဒါကဘာလို့လဲဆိုတော့ ခန္ဓာကိုယ်တွင်း ရေအလေးချိန်ကျသွားပြီး အဆီမကျသွားလို့ဖြစ်ပါတယ်။ low calorie diet နဲ့ low fat diet တွေမှာ carbs (ထမင်း၊ဂျုံ၊ပဲ) ကိုစားသုံရတဲ့အတွက် လေ့ကျင့်ခန်း လုပ်ဖို့လို အပ်ပါတယ်။တခြား diet တွေမှာ အဆီကျဖို့ဆိုရင်တော့ cardio၊ HIIT လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဖြင့် အဆီကျစေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ ၁၅% သောအဆီပမာဏ ကိုသာ လောင်ကျွမ်းစေတာပါ။
တခြား diet တွေက ဗိုက်ဆာခြင်း၊အလွန်အကျူး အစာစားချင်စိတ်ဖြစ်ခြင်းကို နှိုးဆွ ပေးတဲ့အတွက် ထိန်းချုပ်ဖို့ရန်ခေတ်ခဲစေပါတယ်။ ဒါဟာ ၉၈% သော အဆီချသူတို့ကို့ ကျရှုံးစေရတဲ့ အကြောင်းအရင်းပါ။ စိတ်ဓာတ်ခိုင်မာသူ အချို့သာအောင်မြင်သွားကျပါတယ်။

❇️Ketogenic diet ကတော့ ketone အင်ဆိုင်ဖြင့် အဆီကိုလောင်ကျွမ်းပြီး လောင်စာအဖြစ်အသုံးပြုတဲ့အတွက်။ လေ့ကျင်ခန်းဘဲ လုပ်လုပ် အိမ်မှာဘဲ အိပ်နေနေ အဆီကို လောင်စာအနေနဲ့ သုံးနေရတဲ့အတွက် ၀ိတ်ကတော့ကျ မှာပါ။ (လေ့ကျင့်ခန်း လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်)
အဆီကိုလောင်စာအနေနဲ့ အသုံးပြုနေခြင်းကြောင့် ဗိုက်ဆာခြင်း၊အလွန်အကျူး အစာစားချင်စိတ်ဖြစ်ခြင်း ကိုမဖြစ်စေပါဘူး။သို့ပေမယ် ပြည်ဝတဲ့ အဟာရ အထူးသဖြင့် vitermin B နဲ့ electrolytes (minerals တွေ ဖြစ်တဲ zinc ၊ potassium၊ iron စသည်) တို့ပြည်ဝဖို့တော့လိုပါတယ်။

⁉️ketogenic diet ပြုလုပ်ခြင်းက ဘာတွေပိုကောင်းစေသလဲ⁉️
1️⃣သွေးချိုဆီးချိူး ရောဂါကိုကာကွယ်ပေးတယ် (သွေတွင်း insulin level လျှော့ကျသွားလို့ဖြစ်တယ်)
2️⃣MATABOLIC (ခန္ဓာကိုယ် ဇီဝဖြစ်စဉ်) ကိုတိုးတက်စေတယ်
3️⃣နုလုံးရောဂါ ဖြစ်ခြင်းမှကာကွယ်ပေးတယ်
4️⃣အသဲအဆီဖုံးခြင်းမှ ကာကွယ်ပေးတယ်
5️⃣ကင်ဆာ ဖြစ်ခြင်းမှကာကွယ်ပေတယ် (ကင်ဆာ ဆဲတော်များများက သကြားဓာတ်ပေါ်တွင် ရှင်သန်တာများပါတယ်)

🔰ketogenic က ဘယ်လိုစားသောက်ရပါသလဲ❓

🔰Ketogenic diet ကတော့ တစ်နေ့စားသုံးတဲ calorie ပမာဏရဲ့ ၅ % ကို carbs (ထမင်း၊ ဂျုံ ၊ပဲ) ကိုစားသုံးပြီး ကျန် ၂၀ % ကို အသား နဲ့ ရ၀ % ကို အဆီစားသုံတာဖြစ်ပါတယ်
👉🏿၅% carbs ဆိုတဲ့နေရာမှာ အသီးရွက်ကို များများစားပေးရပါမယ် အသီးအရွက်မှာ carbs ပါ၀င်မှုနည်ပြီး vitermin နှင့် minerals ပါ၀င်မှများတာကြောင့်ဖြစ်ပါတယ်
👉🏿၂၀% အသားဆိုတဲ့နေရာမှာ အရပ်ပိုရှည်ရင်းရှည်သလို ပိုစားပေးရပါတယ်။

👉🏿၇၀% အဆီ စားတာဆိုတော့ တော်တော်များများ လန့်သွားလိမ့်မယ် ထင်ပါတယ်။ စိတ်မပူပါနဲ့ carbs ကိုမစားသလောက်ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်က လောင်စာယူသုံးစရာ ဒီတစ်ခုဘဲရှိပါတယ်။ပုံမှန်စားနေကျ ပုံစံအတိုင်း carbs မဖျက် ဘဲစားမယ်ဆိုရင်တော့ အလွန် အန္တာရာယ်များပါတယ်။

👉🏿အဆီ ဆိုတဲ့နေရာမှာ ကျန်မာစေတဲ့ အဆီကိုဘဲ ဆိုလိုတာပါ အစေ့အဆံ၊နှမ်းဆီ၊သံလွင်ဆီ၊အုန်ဆီ၊ထောပတ်၊cheese၊ထောပတ်သီး တို့မှရရှိသောအဆီကိုသာ ဆိုလိုပါတယ်။

👉🏿အဆီ ၇၀%ဆိုတော့ ဆီပုလင်းထောင်သောက်နေရမယ်လို့ ထင်နေပါအုံးမယ်။ အဆီပမာဏ နဲနဲလေးက calorie များကြီးပါ၀င်ပါတယ်။ ထောပတ် ၁၀၀ grams ကို calorie 700 ကျော်ပါဝင် ပါတယ်။
ဥပမာ-သင်ကတစ်ရက် calories 1000 စားရမယ်ဆိုရင် ထောပတ် ၁၀၀ g၊ ကြက်သား ၁၀၀ g ၊အသီးအရွက် ၁၃၀ g (အသီးအရွက် က ၁၃၀ g မှ calories ၁၀၀လောက်ရှိတာပါ) လောက်စားသုံးရမှာပါ။

🛑ဆိုးကျိုးအနေနဲ့ပြောရမယ်ဆိုရင် ketogenic diet ကိုစလုပ်ပြီး ဆိုတာနဲ့ keto flu ဖြစ်ပါမယ် ခေါင်းကိုက်တာ၊ ခန္ဓာကိုယ်ကိုက်ခဲ့တာ၊ မောပန်းတာ တွေဖြစ်ပါတယ်။ တချို့ကတစ်ပတ် တစ်ချို့က တစ်လလောက်ဖြစ်တက်ပါတယ်။ admin ကတော့ တစ်ပတ်လောက်ခံလိုက်ရပါတယ်။

❓ဘာဖြစ်လို့ အဲလိုဖြစ်တာလဲ ဆိုတော့ နဂို suger မှ လောင်စာအဖြစ်သုံးနေတဲ့နေရာကနေ အဆီမှ လောက်အဖြစ်သုံးဖို့ ဇီဝဖြစ်စဉ် ပြောင်းလဲနေလို့ဖြစ်ပါတယ်။ ရေများများသောက်မယ် vitermin နဲ့ minerals ပြည့်အောင်စားရင်တော့ သက်သာစေပါတယ်။

🛑နောက်ဆိုးကျိုး တစ်ခုကတော့ ketogenic diet ကို ကျင်သုံးပြီးပြီ ဆိုရင် တခြား diet ကိုပြန်ပြောင်း ဖို့ခတ်ခဲ လို့ပါ။ အကယ်လို့ ketogenic diet ကိုမလုပ်တော့ဘဲ ပုံမှန်အတိုင်းပြန်စားမယ်ဆိုရင် ဝိတ်နှစ်ဆ တက်လာနိုင်ပါတယ်

👉🏿ဤ page ကိုကြိုက်တယ် ဆိုရင် like and share လေးပြုလုပ်ပေးကြပါ။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ🙏🏻🙏🏻🙏🏻

28/11/2019

🍱DIET PLAN များ နင့် အသင့်တော်ဆုံး DIET PLAN ကိုရွေးချယ်ခြင်း💡 (အပိုင်း ၂)

☑️မနေ့က vegan၊ paleo၊ plant based၊ low fat၊ the miditertance diet တွေအကြောင်းကို ပြောပြပြီးပြီဆို တော့ ဒီနေ့ admin အကြိုက်ဆုံး diet plan များအကြာင်းကို တင်ပြပေး သွားပါမယ်။

✅intermittent fasting ဒါကတော့ admin အကြိုက်ဆုံး diet plans ပါ။

👉🏿I.F ဆိုတာ ကတော့ diet plan တစ်ခုတော့ မဟုတ်ပါဘူး
လူတစ်ယောက် ဗိုက်ထဲမှာ အစာမရှိဘဲ အချိန်ဘယ်လောက်ကြာကြာ နေနိုင်လဲ ဆိုတာကို ကျင့်ယူတဲ့ ကျင့်စဉ် တစ်ခုပါ

👉🏿I.F လုပ်ခြင်းက မကောင်းတဲ့ Cholesterol တွေကိုလျှော့ကျစေတယ်၊ သွေတွင်းသကြားဓာတ် ပါ၀င်မှုကို လျှော့ကျစေတယ်၊ ဝိတ်ကျဖို့အတွက်ကိုလည် မြန်ဆန် စေပါတယ်။

♻️(I.F အကြောင်းကိုအသေးစိတ် တင်ပြီးပြီ ဆိုတော့ ထပ်မပြရှင်းပြ တော့ပါဘူး)

✅Atikins diet ကတော့ carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) ကို လျှော့စားပြီး အသီးအရွက်၊ အသားး နဲ့ နှမ်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်၊ cheese များများစာတဲ့ diet ပါ။

👉🏿ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ပုံံမှန် အားဖြင့် Carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) ကမှ လောင်စာအဖြစ် ထုတ်ယူသုံးစွဲလေ့ရှိပါတယ်။

👉🏿Atikins diet ကတော့ ပုံမှန် သုံးနေကျ carbs မှ လောင်စာ အဖြစ်ထုတ်ယူ သုံးစွဲ ခွင့် မပြုစေဘဲ နဲ့ အဆီ မှ လောင်စာ အဖြစ် ထုတ်သုံးစေပြီး အဆီကျအောင်ပြုတဲ့နည်းပါ။

♻️Atikins diet ကတော့ kitogenic diet ရဲ့ အစလို့ ပြောရင် မှားလိမ့်မယ်မထင်ပါဘူး။

🌟Ketogenic diet အကြာင်းကိုမပြောခင် Ketosis အကြောင်းကို အရင် ပြောပြခြင်ပါတယ်။

👉🏿Ketosis ဆို့တာ သာမန် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် တစ်ခုပါ။ ခန္ဓာကိုယ်မှာ ပုံမှန်စားသုံးနေကျ carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) မှ glucose ကိုထုတ်လုပ်ပြီး နေစဉ်လုပ်ရှားသွားလာဖို့အတွက် လောင်စာ အဖြစ်အသုံးပြုပေးပါတယ်။ carbs (ဥပမာ-ထမင်း၊ ဂျုံ၊ ပဲ) အစားနည်းတဲအခါမှာ glucose ကိုမရရှိတော့တဲ့ အခါ အသည်းမှ ketones ဆိုတဲ့ အင်ဆိုင်း တစ်မျိုးကိုထုတ်ပေးပါတယ်။ ဒီ kotones အင်ဆိုင်းက အဆီကိုလောင်ကျွမ်း စေပြီ အဆီမှ လောင်စာအဖြစ်အသုံးပြုပေးပါတယ်။
ဒီလို kotones အင်ဆိုင်း ထွက်အောင် လုပ်တဲ့ diet ကို ketogenic diet လို့ခေါ်ပါတယ်။

✅Ketogenic diet ကတော့ carbs (ထမင်း၊ ဂျုံ၊ ပဲ) ကို တစ်နေ့ အစာပမာဏရဲ ၅% လောက်ဘဲ စားသုံပြီ ၂၀% ကို အသား ကျန်တဲ့ ၇၅% ကို နှမ်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်၊ cheese၊ ထောပတ်သီး၊ အစေ့အဆံ၊ ငါးမှရသောအဆီ (omiger 3) တို့ကိုစားသုံးတာဖြစ်ပါတယ်။

🛑လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိသူတွေ၊ injury ရရှိသောကြောင်အားကစားမလုပ်နိုင်ဘဲ ဝိတ်တက်နေသူတွေ အတွက် ၊ ဆီးချိုသွေးချို၊ သွေးတိုး၊ ဝက်ရူးပျံရောပါ ရှိသူများအတွက် အထူးသင့်လျော်ပါတယ်။

💡အသင့်တော်ဆုံး diet paln ကိုရွေးချယ်ခြင်း💡

👉🏿၉၈%သောဝိတ်ချသူတို့ရဲ့ ကျရှုံးခြင်း ဟာ diet ကို ရေရှည်မလုပ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်

👉🏿ဒါကြောင့် ရေရှည်စားသုံးရင် မငြီးငွေ့ တဲ့ diet plan ကို ရွေချယ်ရပါမယ်။

👉🏿ဝိတ်တော့ကျတယ်၊ အငတ်ခံရတယ်၊ ဒုက္ခခံရတယ်၊ ရေရှည် စားသုံးရင် စားရတာ ငြီးငွေ့လာမယ်ထင်ရင် အဲ့ diet plan ကိုမလုပ်ပါနဲ့

♻️ကိုယ်စားခြင်တာကိုလည် တက်နိုင်သမျှစားလို့ရမယ်၊ တစ်သက်လုံးလဲ လုပ််နိုင်မယ် ဆိုတဲ့ diet မျိုးရွေးချယ်ရပါမယ်။

👉🏿admin တော့ Intermittent fasting၊ balance diet ကို ရွေးချယ် ကျင့်သုံးပါတယ်။

🌟Ketogenic dietဟာလူကြိုက်အများဆုံး အကျိုးသက်ရောက်မှုအရှိဆုံး (အဆီကျအမြန်ဆုံး)ဖြစ်ပါတယ်။

Ketogenic diet ကို သိလိုလျှင် (သို့မဟုတ်) ကျင့်သုံးချင် တယ်ဆိုရင် comments မှာ (yes) လို့ ရေးပေးပါ။

👉🏿ဤ page ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ပေးကြပါ။ကျေးဇူးတင်ပါတယ်။

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ။🙏🏻🙏🏻🙏🏻

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon