Tottenham Hotspur Myanmar Fans

Tottenham Hotspur Myanmar Fans

Share

+449768939755

10/11/2022

စပါးလား...ဘာကာလား ကန်တီကြိုက်တာပြော.....။

ချဲလ်ဆီးနဲ့ကန်တီတို့ရဲ့ စာချုပ်ဆွေးနွေးမူဟာ ကနဦးတည်းက သဘောထားကွဲလွဲမူလေးတွေရှိနေပြီး ယခုအခါ စာချုပ် ချုပ်ဆိုဖို့ရာ ပျက်ပြားသွားပြီလို့တောင်
သိရပါတယ်။ကန်တေဟာ ၃နှစ်စာချူပ်နဲ့ သက်တမ်းတိုးချင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းပိုင်ရှင်များကတော့ ၂နှစ်စာချူပ်နဲ့ တတိယရွှေးချယ်မူအဖြစ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ယခုအထိ ကန်တီနဲ့ ချဲလ်ဆီးတို့အကြား စာချုပ်ဆွေးနွေးမူ အဆင်မပြေဖြစ်နေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ အလွတ်ကြေးနဲ့ထွက်လာမယ့် ကန်တီကို ကလပ်အများအပြားက စိတ်ဝင်စားနေကြပြီး
ကစားသမားဟာ ဘာစီလိုနာနဲ့ ချိတ်ဆက်မူများရှိနေတယ်လို့သိရပါတယ်။ ကန်တီနဲ့ ဘာစီရဲ့ ချိတ်ဆက်မူသတင်းများနဲ့ပက်သက်ပြီး သတင်းထောက် ရော်ဘင်ဘာနာက " ဘာစီလိုနာက ကန်တီကို စိတ်ဝင်စားနေတယ်လို့
တော့ ကြားပါတယ်။ ကန်တီပြောင်းရွေ့ဖြစ်မယ်ဆိုရင်
ချဲလ်ဆီးရော ဘာစီလိုနာအတွက်ရော နှစ်သင်းစလုံးအတွက် ကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွှန်တော်ထင်ပါတယ်။ ကန်တီက လက်ရှိအချိန်မှာ ချဲလ်ဆီးမှာ ဆက်ရှိတာပဲ ပိုကောင်းမယ်လို့ ကျွှန်တော်ထင်ပါတယ်။”

ကန်တီဟာ 2016ခုနှစ် လက်စတာစီးတီးအသင်းကနေ
ချဲလ်ဆီးအသင်းကိုရောက်ရှိလာကတည်းက
ချဲလ်ဆီးအသင်းအတွက် များစွာအကျိူးပြုခဲ့ပြီး ကောင်းမွန်လွန်းခဲ့တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ကန်တီဟာ ချဲလ်ဆီးအသင်းမှာ ကစားပွဲ၂၆၂ပွဲကစားထားပြီး ၁၃ဂုိးလ်သွင်းယူကာ ဖန်တီးမူ၁၅ကြိမ်ပြုလုပ်ထားပါတယ်။ ယခုအခါမှာတော့ တံကောတ်ကြောဒဏ်ရာနဲ့ အနားယူနေရသူဖြစ်ပါတယ်။ ဒီရာသီမှာ ကန်တီဟာ ပရီးမီးယားလိဂ်၂ပွဲသာ ကစားခဲ့ရပြီး ဖီဖာကမ္ဘာ့ဖလားကိုလည်း လွဲချော်ရကိန်းရှိနေတာဖြစ်ပါတယ်။

ကန်တီအနေနဲ့ ချဲလ်ဆီးအသင်းကနေ နူတ်ဆက်ထွက်ခွာရဖို့များနေပြီး စပါးအသင်းနည်းပြကွန်တီဟာလည်း အန်ဂိုလိုကန်တေကို စိတ်ဝင်စားကာ ခေါ်ယူချင်နေတယ်လို့သိရပါတယ်။ ကန်တေတစ်ယောက် ချဲလ်ဆီးအသင်းက ထွက်ဖြစ်ခဲ့မယ်ဆိုရင် ဘာစီလိုနာကို ရွှေးချယ်သွားမလား၊ စပါးအသင်းကိုပဲ ရောက်ရှိသွားမလား၊ ဒါမှမဟုတ် အခြားဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အကယ်၍ ဘာစီလိုနာက ကန်တီကို စာချုပ် ချူပ်နိုင်မယ်ဆိုရင်တော့ ၂နှစ်အတွင်း ချဲလ်ဆီးအသင်းက ကစားသမား၃ယောက်ထိ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ယမန်နှစ်ကတော့ ဘာစီဟာ ချဲလ်ဆီးအသင်းက အလွန်ဆိုနဲ့ ခရစ်တီယန်ဆန်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

25/10/2022

Transfer Rumors 🚨😟

စပါးအသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ တောင်ကိုးရီးယားနိင်ငံသား ဆွန်ဟောင်မင်ဟာ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်ဖို့အတွက် စဉ်းစားနေပြီး ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ ဆိုပါတယ်။

အန်ဆယ်လော့တီကတော့ Son ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခြေအနေစောင့်ကြည့်နေတယ်လို့တော့ ပြောကြပါတယ်။

24/09/2022

"စပါးမှာ အလွတ်တည်ကန်ဘော ကန်သွင်းခွင့်ရဖို့ လက်ရွေးစင်အသင်းမှာ သူ ဘယ်လောက်ထိ လုပ်ပြနေရဦးမှာလဲ၊ စပါးအတွက် လိုအပ်နေတာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးသွင်းနိုင်မယ့်သူလေ၊ သူတို့မှာ ရှိမနေလို့လား"

"ဟယ်ရီကိန်းကို ဖရီးကစ်ကန်ဖို့ တာဝန်ပေးထားတာက နားမလည်နိုင်အောင်ပဲ၊ အဲဒီတာဝန်ကို ဆွန်ဟောင်မင်က ယူသင့်နေပြီ၊ ကိန်းကိုသဘောကျပေမယ့် အဲဒီတာဝန်ကို သူပဲဆက်ယူနေမယ်ဆိုရင်တော့ စာချုပ်သစ်တောင် မချုပ်စေချင်တော့ဘူး"

ကော်စတာရီကာနဲ့ပွဲမှာ တောင်ကိုရီးယားအတွက် ချေပဂိုးကို ဖရီးကစ်ကနေ လှလှပပကန်သွင်းယူပေးခဲ့တဲ့ ဆွန်ဟောင်မင်ကို စပါးပရိသတ်တွေက ချီးကျူးခဲ့ကြတာပါ။ ကမ္ဘာ့အဆင့် အလွတ်တည်ကန်ဘောကို ဆွန်က နောက်တကြိမ်လုပ်ပြခဲ့တာလို့လည်း ချီးကျူးနေပြီး အသင်းရဲ့ ပင်တိုင်ကန်သွင်းရှင်အဖြစ် တာဝန်ပေးသင့်နေပြီလို့ပါ တိုက်တွန်းနေပါပြိ။

ဆွန်ရဲ့ ကန်ချက်ကလည်း တော်တော်လှပါတယ်။ ဂိုးဧရိယာထိပ်မှာ ရတဲ့ အခွင့်အရေးကို ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ဆီ ခပ်ပြင်းပြင်းလှမ်းကန်ခဲ့တာပါ။ ကော်စတာရီကာဂိုးသမား လက်တောင်လှုပ်ချိန်မရလိုက်ပါဘူး။ ရာသီအစ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဆွန်က ပြီးခဲ့တဲ့တပတ်မှာ ဟက်ထရစ်သွင်းပြီးတော့ အခု နိုင်ငံအသင်းအတွက်ပါ ဂိုးထပ်ရနေပြီး ပုံမှန်ခြေစွမ်းတွေ ပြသနေပါပြီ။

22/09/2022

တောင်ကိုရီးယားအသင်းဂျာစီနဲ့အတူ
မြင်တွေ့ရတဲ့ ဆွန်ဟောင်မင်နဲ့ ဟွမ်ဟီချန်း 🤍🇰🇷

18/09/2022

ဆွန်ဟောင်မင် 🗣️
“ ကျွန်တော်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေခဲ့တာ ကြာပါပြီ၊ ကျွန်တော် ဒီထက်အများကြီး ပိုကောင်းအောင် ကစားနိုင်ပါတယ်၊ ကျွန်တော့်ရဲ့ အသင်းကို အမြဲတမ်း အကောင်းဆုံးတွေပဲ ပေးဆပ်ချင်ပါတယ်၊ ကျွန်တော် ဂိုးသွင်းနိုင်မယ်ဆိုတာကို ကျွန်တော်သိနေခဲ့ပါတယ်၊ စိုးရိမ်စိတ် လုံးဝမရှိခဲ့ပါဘူး၊ ကျွန်တော်တို့မှာ အကောင်းဆုံး ပရိတ်သတ်တွေ၊ အသင်းဖော်နဲ့ နည်းပြရှိပါတယ် “ 🇰🇷

18/09/2022

လူစားဝင်ကစားသမား ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းပြဟက်ထရစ်သွင်းဂိုးနဲ့အတူ စပါးတို့ အိမ်ကွင်းမှာ ဂိုးမိုးရွာပြီး လက်စတာကို အနိုင်ရရှိခဲ့ပါတယ်။

စပါး ၆-၂ လက်စတာ (ပွဲပြီး)

17/09/2022

မေး 🗣️:”ရင်ဆိုင်ခဲ့ရသမျှ ခံစစ်ကစားသမားတွေထဲမှာ ဘယ်သူက အခက်ခဲဆုံးလဲ?”

ဟယ်ရီကိန်း 🗣️:”ဂျွန်တယ်ရီပါ၊သူက အရမ်းကိုဥာဏ်ကောင်းတဲ့ ခံစစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်၊သူက သူ့ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုရွေ့ရမလဲဆိုတာကိုနားလည်သလို ကျွန်တော့်ရဲ့ပြေးလမ်းတွေကိုဘယ်လိုပိတ်ရမလဲဆိုတာကိုလဲ သိပါတယ်၊သူက တကယ်ကိုကောင်းတဲ့ ခံစစ်မှူးတစ်ယောက်ပါပဲ”👏🔥

17/09/2022

ဒီနေ့ည စပါး ပွဲရှိတယ်
**********************
ပရီးမီးယား လိဂ် ပွဲစဥ် 8

တော့တင်ဟမ် Vs လက်စတာ

အချိန် - 11:00 Pm (မြန်မာစံတော်ချိန်)

ကွင်းတည်နေရာ - Tottenham hotspurs Stadium, London

ကွင်းလယ်ဒိုင်လူကြီး - Simon Hooper

17/09/2022

လာမယ့်အပတ် နိုင်ငံတကာပြိုင်ပွဲတွေအတွက် စပါးနှင့် ပွန်ပေတို့ရဲ့ တိုက်စစ်မှူးလေး #ဒိန်းစကားလက်ဟာ အင်္ဂလန် ယူ၂၀အသင်းအတွက် ရွေးချယ်ခြင်း ခံထားရသလို #စပန့်စ်၊ #စကစ်ပ်နှင့် #ဆက်ဆစ်နွန်တို့ဟာ အင်္ဂလန် ယူ၂၁အသင်းအတွက် ရွေးချယ်ခြင်း ခံထားရပါတယ်။

17/09/2022

အောက်တိုဘာ ၁ရက်နေ့မှာ ယှဉ်ပြိုင်ကစားရန် ရှိနေတဲ့ အာဆင်နယ်နှင့် စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ ပွဲရွေ့ဆိုင်းဖို့ ဖြစ်နိုင်ခြေ မြင့်တက်လာနေပါတယ်။

အကြောင်းကတော့ အောက်တိုဘာလ ၁ရက်နေ့မှ ၅ရက်နေ့အထိ မီးရထားဝန်ထမ်းများရဲ့ အထွေထွေသပိတ် ဆင်နွဲသွားဖို့ သတ်မှတ်ထုတ်ပြန်ကြေညာထားခြင်းကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။

16/09/2022

"" ... ကျနော်တို့မှာ ကစားသမား ၄ဦး (up front) ရှိနေပါတယ်။ ခုချိန်မှာ တစ်ယောက်ယောက်ကို အသင်းရဲ့ ပွဲထွက်စားရင်းမှ ဖြုတ်ချထားခဲ့ဖို့ အရမ်းခက်ခဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ကစားသမားတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်သွားရမှာပါ။ .... ""

(ကွန်တီ)

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Myanmar , Yangon City , Thingaha Street , Thuwana Thingangyun
Yangon