Arsenal Diary

Arsenal Diary

Share

This is the space where Arsenal FC supporters meet

20/05/2026

ပျော်ရွှင်ခြင်းတွေ အဆုံးစွန်ရောက်တဲ့အခါ
ငိုကြွေးခြင်းက တွဲလျက်ပါလာတယ်

ဝမ်းသာလို့ကျတဲ့မျက်ရည်တဲ့
တကယ်တော့ နှစ်ကာလကြာရှည်
ဝမ်းနည်းခံပြင်းမှုကနေ မြစ်ဖျားခံခဲ့တာပါ

ဒီတစ်ခေါက် အမြင့်ပျံခရီးမှာ
ပါဝင်သူတွေရှိသလို
ကျန်ခဲ့သူတွေလည်းရှိခဲ့တယ်

တစ်ကြိမ်တစ်ခါ ပါဝင်ပတ်သက်ဖူးသူတိုင်း
ဂုဏ်ယူကြည်နူးခွင့် ပျော်ရွှင်ခွင့်
အပြည့်အဝ ရှိစမြဲပါ

ပျော်ပစ်လိုက်ပါ
မနက်ဖြန်ဆိုတာ ဘာမှန်းမသိသလို
ပျော်ရွှင်မှုကို အပြည့်အဝခံစားလိုက်ပါ

ဒါပြီးရင်တော့
ငါတို့တက်ရမယ့်
အခက်ခဲဆုံးတောင်တစ်လုံး ကျန်သေးတယ်

အခုတော့
အရာအားလုံးကို မေ့ပစ်ပြီး
လှောင်ပြောင်မှုတွေကို ချနင်းပြီး
အောင်ပွဲခံကြဦးစို့ ကိုယ့်လူတို့‌ရာ

Congratulations to Arsenal, Arteta, players and all the people from the team. And lastly, congratulations to the fans of Arsenal 🎉🎉🎉🎊🎊🎊
We Are The Champions 🏆🥇🎉🎊🎇🎆

14/05/2026

ဒီခရီး ဘယ်တော့နီးမလဲ???
ဒီအိပ်မက် ဘယ်အထိမက်ရမလဲ???
ဒီမျှော်လင့်ချက် ဘယ်တော့ပြည့်မလဲ???
Arsenal ရေ
အဆုံးထိ ကြိုးစားကြမယ်လေ

11/07/2025

Madueke ကိုခေါ်ယူမှုအပေါ်မှာ ဝေဖန်မှုအများအပြားရှိနေပါတယ် ကိုယ်ကိုယ်တိုင်လည်း ဝေဖန်တဲ့အထဲ ပါဝင်ပါတယ် သို့သော် လူတွေအားလုံးဟာ အခွင့်အရေး‌ပေးဖို့ အခွင့်အရေးရဖို့ ထိုက်တန်ကြပါတယ် Madueke လည်းအပါအဝင်ပေါ့

မလာစေချင်ဘူးပြောနေလည်း ကစားသမားက Arsenal ကိုရောက်လာပါပြီ အသင်းရဲ့မိသားစုဝင်ဖြစ်လာပါပြီ မချစ်သော်လည်းအောင့်ကာနမ်း မနမ်းသော်လည်းပင့်သက်ရှူရပါတော့မယ်

ကစားသမားတစ်ယောက် ခြေစွမ်းပြဖို့နောက်ထား ပုံမှန်ခြေစွမ်းရနေဖို့ ပရိသတ်တွေရဲ့ အားပေးမှုတွေ ထောက်ခံမှုတွေလိုအပ်ပါတယ် မရောက်ခင်ကတည်းက ကြိုဆိုခြင်းမခံရတဲ့ Madueke လိုကစားသမားအတွက်ဆို ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ ပုံမှန်ခြေစွမ်းပြနိုင်ဖို့အတွက်က ပရိသတ်အားပေးထောက်ခံမှုကို တခြားသူတွေထက် ပိုလိုအပ်ပါတယ်

အားပေးကြရအောင် မပင်ပန်းပါဘူး လူသားတစ်ဦးကို ကျန်လူသားတွေက အားပေးသလို ပုံမှန်အတိုင်းပဲ အားပေးကြရအောင် အသင်းကိုချစ်လို့ ရောက်လာတဲ့ကစားသမားတိုင်းကို မချစ်ခင်ရင်တောင် ကြိုဆိုပေးကြရအောင် ကိုယ့်ကြောင့် သူ့ရဲ့ကစားသမားဘဝ မညှိုးနွမ်းရအောင် တစ်ဦးတစ်ယောက်စီက ကြိုဆိုမှုပြုကြရအောင်

လူသားပီသစွာပေါ့...

09/04/2025

Arsenal 3:0 Real Madrid

ကြည့်မဝတဲ့ ရလဒ်လေးတစ်ခု

ကြည့်စမ်းပါဦး ဘယ်သူကများထင်ခဲ့မလဲ ဒီရလဒ်နဲ့နိုင်ခဲ့မယ်လို့ Arsenal အားပေးသူ ပရိသတ်တွေကိုယ်တိုင်တောင် မမျှော်မှန်းခဲ့ပါဘူး

ယိုင်နဲ့နဲ့မျှော်လင့်ချက်နဲ့ မရှုံးဖို့ပဲ ဆုတောင်းနေရင်း အနိုင်ဆိုတာ အပိုဆုလို့တွေးခဲ့ကြတာပါ တကယ်တမ်း ကစားကြတော့ Arteta ရဲ့အသင်းက အံ့ဩစရာတွေ ဖန်တီးပြခဲ့ကြတယ်

ဒါဟာ ပထမအကျော့ပဲရှိသေးတယ် ဒုတိယအကျော့ Real Madrid အသင်းရဲ့ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့အခါ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိတရားကို အမြဲမပြတ် အမှတ်ရနေဖို့လိုပြီး ပွဲချိန်ပြည့် အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ခါမှ တော်ရုံကျမယ် ကိုယ့်ပြိုင်ဖက်က Real Madrid မလား

ဘာပဲဖြစ်ဖြစ် ညကရလဒ်အတွက် အရမ်းကျေနပ်မိပြီး ပျော်ရွှင်ခဲ့ရပါတယ် စိတ်ဆင်းရဲစရာတွေကြားထဲက စိတ်ချမ်းသာစရာလေးတစ်ခုကို ဖန်တီးပေးခဲ့တဲ့ Arsenal ရပ်ဝန်းတစ်ခုလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ဒီနေ့ရဲ့ Diary ကတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ

03/02/2025

Manchester City ကို ဂိုးပြတ်အနိုင်ရခြင်းနဲ့အတူ ဒီ page လည်း ခဏ ပြန်လည်အသက်ဝင်လာခဲ့တယ်။ မလွယ်ကူခြင်းတွေကြားမှာ ရှင်သန်နေကြတဲ့ ကိုယ်လိုသူလို Arsenal ဖန်တွေအတွက်တော့ မနေ့ညဟာ အရမ်းကိုမှ ချိုမြိန်ခဲ့တယ် လှပခဲ့တယ် အဖိုးတန်ခဲ့တယ်။

ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်နေတယ် ချန်ပီယံဖြစ်ခြင်းမဖြစ်ခြင်းထက် ဒီလိုအဆင့်အတန်းမျိုးနဲ့ ယှဉ်ပြိုင်နိုင်နေတာကိုက ကျေနပ်စရာပါ။ ဆုဖလားတွေလား? ရစေချင်တာပေါ့ ချန်ပီယံဖြစ်စေချင်တာပေါ့ ဒါပေမယ့် မဖြစ်ရကောင်းလားဆိုပြီးလည်း အပြစ်တင်မနေတော့ပါဘူး။ ကိုယ်တွေလို ပရိသတ်တွေထက် သူတို့ကပိုလိုချင်နေမှာပဲလေ။

အဆုံးထိအားပေးဖို့ ရည်ရွယ်ခဲ့မှတော့ လိုချင်တာတွေ မရမချင်း အတူတူ ခရီးအဆုံးထိ ဆက်လျှောက်လှမ်းကြတာပေါ့ 🤟🏼❤️🤍

19/09/2024

ဒီညအတွက် အသင့်ဖြစ်ပြီလား gunner တို့
ဘယ်လိုရလဒ်ထွက်ထွက် စိတ်မပျက်ကြေး လက်မလျော့ကြေး အိုကေလား?

17/09/2024

2024-2025 Premier league ပြိုင်ပွဲ၊ Champion league ပြိုင်ပွဲနဲ့ တခြားသော အင်္ဂလန်ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာ အဓိကအားဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမယ့် လူစာရင်းပါ gunner တို့

ဒါဏ်ရာအခြေအနေတွေနဲ့ တခြားသောအခြေအနေတွေပေါ်မူတည်ပြီး ဒီပုံမှာမပါဝင်ကြတဲ့ အကယ်ဒမီကစားသမားလေးတွေလည်း လူစာရင်းမှာ ထပ်တိုးနိုင်ပါ‌သေးတယ်

ဘယ်သူတွေပဲဖြစ်ဖြစ်ပါ အာဆင်နယ်ကစားသမားအနေနဲ့ ယှဉ်ပြိုင်နေသူတိုင်းကို အားပေးသွားကြမှာပါ


17/09/2024

မြောက်လန်ဒန်ဒါဘီအကြောင်း ပြောစရာတော့ များများစားစားမရှိပါဘူး

ကစားပုံက တော့တင်ဟမ်အသင်းကို ဘောလုံးပေးကိုင်၊ ခံစစ်ကိုလုံအောင်‌ပိတ်ပြီး ကောင်တာပြန်ဆော့တဲ့နည်းကိုပဲ အဓိကအသုံးပြုသွားတာပါ

နည်းစနစ်ဆိုင်ရာ ဂုရုကြီးမဟုတ်တော့ များများစားစားလည်း ဝေဖန်ပိုင်းခြား၊ ခွဲခြမ်းစိတ်ဖြာမတတ်ပါဘူး။ အာဆင်နယ်ကိုချစ်တဲ့စိတ်နဲ့ပဲ ဘောလုံးပွဲကိုကြည့်တတ်တာပါ

ချစ်လွန်းအားကြီးတော့ တခါတလေ တဖက်စွန်းရောက်သွားမှာ စိုးရိမ်ပြီး ကိုယ့်စိတ်ကို ပြန်ထိန်းနေရတယ်၊ ကိုယ့်အသင်းအပေါ် ချစ်ခြင်းတရားက တခြားသူတွေအတွက် နာကျင်မှုမဖြစ်အောင်ပေါ့

အသင်းအတွက် ပေးဆပ်တဲ့ ကစားသမားတိုင်းကို ချစ်တယ် အဲ့ဒါဟာ ဂန်းနားတွေရဲ့ရင်ထဲကလာတဲ့ ချစ်ခြင်းတရားပဲ အသင်းမှာကစားတဲ့လူ၊ အသင်းအတွက်ပေးဆပ်တဲ့လူ အားလုံးဟာ ဒီအာဆင်နယ်ဆိုတဲ့ လိုဂိုတပ်ပြီး ကစားနေသမျှ ဂန်းနားတွေရဲ့ အချစ်တော်တွေ ဖြစ်နေမှာပါပဲ


17/09/2024

Hello, Gunners!!!
Long time no see ပါ
ကိုယ်ရေးကိုယ်တာကိစ္စတချို့ကြောင့် ရပ်တန့်နေခဲ့ရတဲ့ page ကို အခုပြန်လည် အသက်သွင်းဖို့ ကြိုးစားပါ့မယ်။
အာဆင်နယ်နဲ့ပတ်သက်တဲ့ ခံစားရသမျှ၊ မြင်တွေ့ရသမျှ ခံစားချက်၊ အတွေး၊ အမြင်လေးတွေကို ဖန်တစ်ယောက်အနေနဲ့ မျှဝေပြီး အားလုံးနဲ့ထပ်တူခံစားနိုင်ဖို့ ကြိုးစားပါ့မယ်။
❤️🤍

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon