ဘောလုံးပွဲတွေလဲ
မကန်ဖြစ်တာ ကြာပြီ
Stress တွေများနေပြီလား ?
ဝိတ်တွေလဲ တတ်ကုန်ကြပြီလား ?
သက်လုံတွေရော ကျန်သေးရဲ့လား ?
အရင်ချိန်တွေတုန်းက ကွင်းထဲရောက်ရင်
Stress ဆိုတာ ဘာမှန်းမသိ။
ခန္ဓာတွေကလဲ ကျန်းမာသန်စွမ်း။
ပြေးလွှားနေရ ရင်တောင် မောတယ်လို့ မရှိ။
ပုံမှန်အားကစားလေး ပြန်လုပ်ကြဖို့ တိုက်တွန်းချင်တယ်ဗျာ TGY FC က အသင်းသားတွေနဲ့ နောက်တစ်ကြိမ် အတူတူ ကွင်းထဲမှာ ပြန်ကစားချင်မိတယ်
အတူတူ ကန်ခဲ့ရတဲ့ အချိန်တွေမှာ အမှတ်တရတွေ ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှုတွေ ဘောလုံးဆိုတာကို မြတ်နိုးကြတဲ့ ငါတို့လို စိတ်တူကိုယ်တူ ဘော်ဒါတွေ ဘောလုံးနဲ့ ပတ်သက်ရင် Family တစ်ခုလို ဖြစ်ခဲ့ကြတယ်
ငါတို့တွေ နောက်တစ်ကြိမ် အတူတူကန်ခွင့်လေး
မရှိတော့ဘူးလား ?
TGY FC အသင်းသားတွေရဲ့ နှလုံးသားထဲမှာလဲ
ဒီအသင်းနဲ့ ဘော်ဒါတွေကို သတိရနေမယ်လို့ယုံကြည်တယ်
ငါတို့သည် ဘာကောင်မှ မဟုတ်ကြပေမယ့်လဲ
ဘောလုံး အားကစားကို ချစ်မြတ်နိုးသူများဖြစ်ကြသည်။ ပိတ်ရက်များတွင် အတူတူ ပြန်ကန်ချင်တဲ့ စိတ်အားထက်သန်မှုလေး တစ်ခုသာ။
ကျွန်တော် နှင့် ဘောလုံးကို ချစ်မြတ်နိုးသော ဘော်ဒါများ............
😔***😔ဝေးကွာ သွားတာ မဟုတ်ဘူး
ငါတို့တွေ ဘောလုံး ဆိုတာကို
ဘေးမှာ ထားထားကြတာ😔***😔
Thingangyun Youths FC
Growth Together Win Together
13/07/2024
Thingangyun Youths FC အတွက်
ပေးဆပ် ကစားပေးခဲ့ကြသော Player
တစ်ယောက်စီတိုင်းကို
အထူးကျေးဇူးတင်ရှိပါကြောင်း နှင့်
မြက်ခင်း စိမ်းတွေပေါ်မှာ တစ်ခါပြန်လည်
မြင်တွေ့ရတော့မယ် Thingangyun Youths FC
အား ဂုဏ်ပြု ကြိုဆိုပါတယ်ခင်ဗျာ ⚽
⚽ TGY FC⚽
မကြာခင် အသင်းမှာ ကစားသမား အချို့ Role အပြောင်းအလဲများနှင့်အတူ နောက်လာမည့်ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်း
အသင်းရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် လိုအပ်သောပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်သွားပါမယ်။
အသင်း Training အားပြန်လည်ပြုလုပ်မည်ဖြစ်ပါသည်။
Youths FC
18/06/2022
M10 Open Futsal League ကို ဝင်ရောက်ယဥ်ပြိုင်နေတဲ့ ကျွန်တော်တို့ THINGANGYUN YOUTHS FC ဟာဆိုရင် week-6 အပြီးမှာတော့ အဆင့် (5)နေရာကိုရောက်ရှိလို့သွားပါပီ။ တစ်ပတ်ပြီးတပတ် ကောင်းမွန်တဲ့ ရလဒ်များယူဆောင်လာနိုင်ခဲ့ပါပြီ။အသင်းသားများအားလုံးရဲ့ စုစည်းညီညွတ်မှုနဲ့ တယောက်အပေါ်တစ်ယောက်နားလည်ပေးမှုများနဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်တွေနဲ့
week-6 အထိ ယဥ်ပြိုင်ထားပြီးသော ရလဒ်များမှာ (၆)ပွဲကစား (၂)ပွဲနိုင် (၂)ပွဲသရေ (၂)ပွဲရှုံး နဲ့ တစ်ဆင့်ခြင်း တက်လှမ်းနိုင်ခဲ့ပါပီ။
ယနေ့ ယှဉ်ပြိုင်ကစားခဲ့သော Burmese Eagle အသင်းမှ ညီအကို များကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ကစားပေးသွားတဲ့အသင်းကောင်းတသင်းဖြစ်ပါတယ်။
17/06/2022
M10 Open Futsal League ကို ဝင်ရောက်ယဥ်ပြိုင်နေတဲ့ ကျွန်တော်တို့ THINGANGYUN YOUTHS FC ဟာဆိုရင် week-5 အပြီးမှာတော့ အဆင့် (၆)နေရာကနေ ရပ်တည်နေပါတယ်
week-5 အထိ ယဥ်ပြိုင်ထားပြီးသော ရလဒ်များမှာ (၅)ပွဲကစား (၁)ပွဲနိုင် (၂)ပွဲသရေ (၂)ပွဲရှုံး ဆိုတဲ့ရလဒ်ကို ရရှိထားပါတယ် မနက်ဖန် ညနေ (၅:၀၀) မှာယဥ်ပြိုင်မယ့် BURMESE EAGLES အသင်းနဲ့ ဘယ်လိုရလဒ်မျိုး ပေါ်ထွက်လာမလဲ ဆိုတာကိုတော့ ရင်ခုန်စွာ စောင့်မျှော်နေပါတယ် ⚽
14/05/2022
ယနေ့ နေ့လည် 12:00 မှာတွေ့ဆုံခဲ့တဲ့ Thingangyun
Youths FC Vs HONEST FC ဟာ 5-3 ဆိုတဲ့ ရလဒ်နဲ့
Thingangyun Youths FCအသင်းကအနိုင်ရရှိခဲ့ပါတယ် တစ်ဖက်အသင်းအား ထိခိုက်မိတာရှိလျှင် တောင်းပန်ပါတယ်ခင်ဗျာ...
နောက်တစ်ပတ် စနေနေ့မှာ တွေ့ဆုံမယ့်
BLACK TIGERS FC နဲ့ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖစ်ပါတယ် အသင်းသားအားလုံး ကြိုးကြိုးစားစားနဲ့နောက်တစ်ပတ်မှာလဲ အကောင်းဆုံး ကြိုးစားပေးကြပါ..😁⚽
⚽ TGY Youths⚽
မနက်ဖြန် (၃)သင်းပတ်လည် ချစ်ကြည်ရေးပွဲစဥ်အတွက် အားလုံးပဲ စိတ်လှုပ်ရှားကြမယ်လို့တော့ ထင်မိပါတယ် 🤔
အနိုင်ရလဒ်ဆိုတာ အသင်းသားတိုင်းအတွက် မျှော်လင့်ချက် တစ်ခုဖြစ်တာကြောင့် အနိုင်ရလဒ် ထွက်ပေါဖို့ အားလုံးကြိုးစားကြမှာဆိုတော့ ပွဲကောင်းတစ်ပွဲအဖြစ် ရှိနေဦးမှာဆိုတာတော့ အမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ် 🤝
အနိုင်ရလဒ်ကို ပုံဖော်ပြီး အိမ်ကွင်းမှာ အနိုင်ယူဖို့ Thingangyun Youths အသင်းသားများ ကြိုးစားပေးကြပါလို့ ဒီနေရာကပဲ တိုက်တွန်းပါရစေ 👏
ကွင်း = Myanmar New Strength Futsal Pitch ⚽🥅
အချိန် = 4PM to 6PM ⏱
🙏 Good Lucky TGY Youths 🙏
27/02/2022
ပထမဦးဆုံး ချစ်ကြည်ရေးပွဲမှာ ခြေစွမ်းအားမရပေမဲ့ အနိုင်ရလဒ်ထွက်ပေါအောင် ကြိုးစားပေးကြလို့ အသင်းသားအားလုံးကို ကျေးဇူးတင်ပါတယ်👏
တစ်ဖက်အသင်းကစားသမားများလည်း ထိခိုက်မှု့ရှိခဲ့ပါက အားလုံးကိုယ်စား Adminကပဲ တောင်းပန်အပ်ပါတယ်🙏
TGY Youths FC 13 vs 11 SOP FC
ဟိန်းဇော်မိုး(45) ⚽
Keeper Aung Lay(12) ⚽
ဟိန်းမင်းဇော်(6) ⚽
သူရ(22) ⚽
ညီဇေမင်း(15) ⚽
မိုးဆန်း(17) ⚽⚽⚽
နန်းလှိုင်ထွန်း(21) ⚽⚽
အာကာချမ်းမြေ့(20) ⚽
ဇေယျာမင်းပိုင်(9) ⚽
ရှိုင်းခန့်နောင်(5) ⚽
ဂိုးသွင်းအများဆုံး 🏅
မိုးဆန်း(17) ⚽⚽⚽
Player of the Match 🎖
Keeper Aung Lay(12)
26/02/2022
TGY Youths အသင်းရဲ့ ပထမဦးဆုံးချစ်ကြည်ရေးပွဲစဥ်လေးအတွက် ကျွန်တော်တို့အသင်းသားတွေ ရင်ခုန်နေသလို တစ်ဖက်အသင်းကစားသမားတွေလည်း ရင်ခုန်နေမိမယ်လို့တော့ ထင်မိပါတယ် 🤝
⚽ Thingangyun YouthsFC vs SOP FC ⚽
*Thingangyun Youths FC အသင်းသားများ ပွဲချိန်မတိုင်မီ (၁၅)မိနစ် ကြိုတင်ပြီး ကွင်းသို့ အရောက်လာခဲ့ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ*
23/02/2022
TGY Youths
Today training....💪⚽
16/02/2022
TGY youths FC
training suit 😍😁
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon