10/06/2021
တစ်နေ့တစ်လုံး ပုံမှန် စားသုံးပေး ပါက သွေးခဲနှုန်း၊ နှလုံးရောဂါ ဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ တို့ကို လျော့ကျ စေနိုင်ပါသည်။
မျက်စိ ကျန်းမာရေး အတွက်လည်း အထောက်အကူ ဖြစ်စေသည်။
အသက်ကြီးချိန်တွင် ဖြစ်တတ်သော မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျော့ကျ စေသည်။
အသားအရေ လှပစေခြင်း၊ လက်သည်းများကို သန်စွမ်း စေခြင်းနှင့် ဆံကေသာကို တောက်ပစေခြင်း စသည့် အစွမ်းသတ္တိ များကို ပေးစွမ်းနိုင်သော ဆာလဖာဓာတ် သည်လည်း ကြက်ဥထဲတွင် ပါဝင်ပေသည်။
ဆာလဖာသည် ကော်လာဂျင် နှင့် ကီရာတင် ထုတ်လုပ်မှု အလွန် အားကောင်း ပါသည်။
ကြက်ဥ တစ်လုံးတွင် အရွယ်ရောက်သူ တစ်ဦးအတွက် တစ်နေ့တာ လိုအပ်သော အာဟာရ၏ ၂၅ ရာခိုင်နှုန်း ခန့် ပါဝင်သည်။
ကြက်ဥတွင် ပါဝင်နေသော ပရိုတင်းဓာတ်သည် လူ၏ ခန္ဓာကိုယ်ကို သန်မာထွားကျိုင်းစေပြီး ကြွက်သားများ ကိုလည်း ပိုမိုသန်မာ လာစေနိုင်သည်။
အမိုင်နိုအက်စစ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် လိုအပ်သောကြောင့် ကြက်ဥကို နံနက်စာ အနေဖြင့် တစ်နေ့တစ်လုံး စားသုံးသင့် ပါသည်။
ကျွန်တော်တို့ POPA EGGS မှ နေ့စဥ်ခြံထွက်သော သန့်ရှင်းလတ်ဆတ်သည့်ကြက်ဥများကို စျေးနှုန်းချိုသာစွာဖြင့် ရန်ကုန်မြို့အနှံ့ ဖြန့်ချီပေးနေပါသည်.
ဖုန်းနံပါတ်
၀၉၄၃၀၃၁၄၁၈
၀၉၆၉၃၄၈၆၁၀၀ သို့ဆက်သွယ်မှာယူနိုင်ပါသည်
ဆိုင်သို့လာရောက် ၀ယ်ယူလိုပါ
အမှတ်(6) ပြည်လမ်း ထောက်ကြန့်မြို့နယ် ရန်ကုန်မြို့တွင်လာရောက်၀ယ်ယူနိုင်ပါသည်.
နေ့စဥ်စျေးအပြောင်းအလဲများရှိနေသဖြင့် ဖုန်းလေးကြိုဆက်ပေးရန် မေတ္တာရပ်ခံပါသည်.
အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်
02/06/2021
မင်္ဂလာပါခင်ဗျာ။
ကြက်ဥသည် အစားအစာအုပ်စုတွင် ပါ၀င်သည့် အခြေခံခွန်အားဖြည့် အစားအစာတစ်မျိုး ဖြစ်ပါသည်။
ကြက်ဉတွင်အဓိက ပါဝင်သောပရိုတိန်း(Protein) ဓာတ်များသည် ခန္ဓာကိုယ်အတွင်းရှိ
လိုအပ်ချက်များကိုများစွာဖြည့်ဆည်းပေးပါသည်။
ကြက်ဉကိုတစ်နေ့တစ်လုံးနေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော
အာဟာရဓာတ်များ များစွာရရှိနိုင်ခြင်း၊ ကြွက်သားများသန်မာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ယခုကုန်ပစ္စည်း စျေးနှုန်းများ တက်လျက်ရှိနေသောကြောင့် ကြက်ဉ စျေးနှုန်းများမှာလည်း စျေးနှုန်းပြောင်းလဲမှုများရှိလာပါသည်။
သို့သော် ကျွန်တော်များ ( POPA EGGS ) မှ ကိုယ်ပိုင်ခြံထွက်ကြက်ဉများကို တက်နိူင်သလောက် စျေးနှုန်း သက်သက်သာသာ ဖြစ်အောင် ရောင်းချ ပေးလျက်ရှိပါသည် ခင်ဗျာ။
စျေးနှုန်းများမှာ
18 kg -93 kyats
19 kg -99 kyats
20 kg -105 kyats
21 kg -111 kyats
22 kg - 116 kyats
ကျွန်တော်များ (POPA EGGS) မှ သန့်ရှင်းလက်ဆတ်သော ကြက်ဉ များကို မှာယူလိုပါက Chat Box(CB) မှ ဖြစ်စေ၊
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ၊ ဆိုင်သို့လာရောက်၍ ဖြစ်စေ မှာယူနိုင်ပါသည် ခင်ဗျာ။
Ph- 09 430 314 18, 09 693 486 100
Add- အမှတ်(၆) ပြည်လမ်း ထောက်ကြန့်မြို့နယ် စစ်သင်္ချိုင်းအနီး ။
အိမ်အရောက်ပို့ဆောင်သည့်ဝန်ဆောင်မှုလည်းရရှိနိုင်ပါပြီ ခင်ဗျာ။
ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။
26/05/2021
POPA EGGs
မင်္ဂလာပါ
မိတ်ဆွေတို့ရေ.......
ကြက်ဥပုံမှန်စားရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲသိလား
ပြောပြမယ်လေ..
ကြက်ဥသေးသေးလေးက အကျိုးကျေးဇူးတွေအမိားကြီးရှိတာပေါ့
* အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားအတွက် အရိုးအဆစ်သန်မာစေခြင်း
* ကလေးလူကြီးမရွေး ကျန်းမာသန်စွမ်းတဲ့ သွားကလေးတွေ ပိုင်ဆိုင်နိုင်ဖို့
* ပျိုမေ မမတွေ ညီမတွေ အသားအရည်စိုပြေဖို့
* ဂိမ်းတွေအရမ်းဆော့တဲ့ ညီအစ်ကိုတွေ မျက်စိအားကောင်းစေဖို့
* ဒီလိုအချက်တွေနဲ့ပြည့်စုံတဲ့ ဗီတာမင် A D E K တွေပါတဲ့ ကြက်ဥတွေကို စားသုံးသင့်တယ်နော်.
ဒီလိုဆို POPA Eggs ကြက်ဥ ဖြန့်ချီရေးကို အမြန်ဆုံးသာ ဟဲလို လုပ်လိုက်တော့နော်.
သာယာ ချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေ.
24/05/2021
Nutritional Facts of 100g Chicken Eggs
1• Protein 13g
2• Fats 11g
3• Calories 155
4• Sodium 124mg
5• Cholesterol 373mg
Benefits of Eating Boiled Eggs
GOOD FOR EYES
MAKE NAILS MORE SHINE
MAINTAIN BONE STRENGTH
HELP PREVENT BREAST CANCER
HELP OVERCOME ANEMIA
GOOD FOR DIET
PREVENT HAIR LOSS
PREVENT DAMAGED & HAIR FALL
ACCELERATE HAIR GROWTH
BUILD AND REPAIR BODY CELLS
LOWERING BAD CHOLESTEROL
GOOD FOR BLOOD CIRCULATION
IF YOU WANT TO ORDER
PHONE - 09 430 31418
20/05/2021
လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို သိထားပြီးကြမှာပါ။
#ကြက်ဥမှာပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လိူလ #လွယ်လွယ်ကူကူလဲဝယ်လိုရတဲ့ကြက်ဥကို တနေ့ အနဲဆုံး ၂ လုံးပြုပ်စားပေးကြပါ။
ကျွန်တော်တို့ POPA EGGS ခြံထွက်ကြက်ဥဖြန့်ချီရေးမှ သန့်ရှင်းလတ်ဆတ်သော ကြက်ဥွများကို အလေးချိန်မှန်ကန်စွာနှင့် စျေးနှုန်းချိုသာစွာ ရန်ကုန်တစ်မြို့လုံးဖြန့်ချီပေးလျက်ရှိပါသည်.
မိတ်ဆွေတို့ ကြက်ဥလက်လီလက်ကား ၀ယ်ယူရရှိနိုင်ပါသည်.
အလေးချိန်ပြည့်၀ခြင်း
အကွဲအအက်များ မပါခြင်း
ရက်ရှည်အထားခံခြင်းနှင့်
စျေးနှုန်းချိုသာခြင်းတို့ကြောင့်အမြန်ဆုံးဆက်သွယ်မှာနိုင်ပါသည်.
ဖုန်းနံပါတ် 0943031418
13/02/2021
မင်္ဂလာပါ ခင်ဗျာ
ပထမဦးစွာ မိဘပြည်သူများအားလုံးကျန်းမာချမ်းသာကြပါစေဟု ကျွန်တော်များ POPA Egg မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ.
ယခုအချိန်ကာလသည် ကျွန်တော်တို့အပါအဝင် မြန်မာ နိုင်ငံသားတိုင်း တိုင်းရေးပြည်ရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါသည်.
ကျွန်တော်တို့ အားလုံး အချင်းချင်းလက်တွဲ ညီစွာဖြင့်ရင်ဆိုင် ကျော်ဖြတ်ကြရအောင်။
မည်သည့်အခက်အခဲမဆို ရင်ဆိုင်နိုင်ရန် အတွက် ကျန်းမာရေး ကောင်းဖို့လဲအရေးကြီးတယ်နော်.
ကျွန်တော်တို့ခန္ဓာကိုယ်ကိုသရအားဖြစ်စေ
မည့်အစားအသောက်တွေကိုစားကြရာတွင်
ကြက်ဉသည်လည်း အရေးပါသော အာဟာရဓါတ်ပေးစွမ်းသည့် မိတ်ဆွေကောင်းဖြစ်သည်မှာအမှန်ပင်ဖြစ်ပါသည်.
မိတ်ဆွေတို့ထံ သို့ သန့်ရှင်းလတ်ဆတ်သောကြက်ဉများကိုအမြန်ဆုံးရောက်ရှိနိုင်ရန် ကျွန်တော်တို့POPA EGGS အဆင်သင့်ရှိနေပါမည်.
◦ ယခုမိဘပြည်သူများတိုက်ပွဲဝင်နေကြသော ကာလအတွင်း မိတ်ဆွေတို့၏လိုအပ်ချက်များကို အလေးအနက်ထားလျက် ကျွန်တော်များ POPA EGG မှ ကိုယ်ပိုင်ခြံထွက်သော သန့်ရှင်းလတ်ဆတ်သည့် ကြက်ဉများကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါသည်။
◦ မိဘပြည်သူများ လိုအပ်သည့်ကြက်ဥများကိုစိတ်တိုင်းကျ ဝယ်ယူချင်ရရှိရန် အမြန်ဆုံးဆက်သွယ်လိုက်တော့နော်.
ဆက်သွယ်ရမည့်လိပ်စာလေးကတော့...
အမှတ် (၆) ပြည်လမ်း ထောက်ကြန့်မြို့နယ်ပါ.
ဖုန်းနံပါတ် 0943031428 ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ
မိတ်ဆွေတို့အားလုံးကို အလေးအနက် ထားသည့် POPA EGG
ကျေးဇူးတင်ပါသည်.
#ကိုကိုမမ စုံတွဲတွေလဲ နက်ဖြန်ကျရင် တိုက်ပွဲဝင်ဖို့ ကြက်ဥစားသင့်တယ်နော်..
02/02/2021
Gym & Egg
Gym ကစားတဲ့သူငယ်ချင်းတွေရှိလားဗျို့
🥚 ကိုယ်လုံးလှလှလေး လိုချင်တဲ့ သူငယ်ချင်းတို့ရေ ဝိတ်မနေရင်း လိုအပ်တဲ့ protein တွေပြည့်ဝတဲ့ ကြက်ဥကိုစားသင့်တယ်နော်.
🥚ကြက်ဥမှာက အသားစားသလို protein ဓါတ်အပြည့်အဝပါတယ်လေ.
🥚ကြက်ဥတစ်လုံးမှာပါဝင်တဲ့ ပရိုတိန်းဓါတ်က Gym ကစားနေတဲ့ကိုယ်လုံးအတွက် အချိုးအစားတွေညီညီမျှမျှ လိုအပ်ချက်ပြည့်ဝစေပါတယ်.
🥚ဈေးနှုန်းအနေနဲ့ ကြည့်မယ်ဆိုရင်လဲ အသားတွေနေရာမှာအစားထိုးပြီး စားသုံးနိုင်တော့ ကုန်ကျစရိတ်သက်သာတာပေါ့.
🥚နောက်ပြီး အကာနဲ့အနှစ်ကို ခွဲပြီးစားသုံးရင်တောင် ၂မျိုးစလုံး ကခန္ဓာကိုယ်အတွက် အကျုံးဝင်တယ်လေ.
ဒီလိုအာဟာရဓါတ်ပြည့်ဝတဲ့ ကြက်ဥတွေကို လိုချင်တယ်ဆိုရင် ဈေးနှုန်းချိုသာစွာနှင့် ရန်ကုန်မြို့အနှံ ဖြန့်ချီပေးနေတဲ့ POPA EGGS ရှိတာသတိရလိုက်နော်.
🍳သန့်ရှင်းလတ်ဆတ်ဖို့ကတော့စိတ်သာချ.
🐓ကိုယ်ပိုင်ခြံက ကြက်ဥတွေပဲသုံးထားတာ ကို
အာမခံတယ်နော်.
☎️ ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ်
09430 31418 ကိုဆက်သွယ်လိုက်တော့နော်
31/01/2021
``Covid 19 ကာကွယ်ဆေးမထိုးမီ နာကျင်မှု နည်းစေနိုင်သော နေထိုင်နည်းများနှင့် ထိုးပြီးနောက်ပိုင်း သိထားသင့်သောအချက်များ´´
ကာကွယ်ဆေးမထိုးမှီ ပထမဦးစွာ......👇👇
👉ဆေးထိုးမည့်နေရာကို သိအောင်လုပ်ပါ...
ကာကွယ်ဆေးအများစုအတွက် ထိုးသော ထိုးဆေးများကိုလက်မောင်းတွင်ထိုးပေးပြီးအချို့သော ဆေးများကိုနောက်ကျောသို့မဟုတ်တင်ပါးတွင်ထိုးသွင်းကြပါတယ်...ထို့ကြောင့် ဆေးမထိုးမီတွင် ဆေးထိုးမည့်နေရာကို သင့်ဆရာဝန် (သို့မဟုတ်) သူနာပြုအားကြိုတင်မေးမြန်းပြီးထိုနေရာကို အဆင်သင့်ဖြစ်ရန် ကြိုတင်ပြင်ဆင်ထားပါ...
👉အပ်ကိုမကြည့်ပါနဲ့
လတ်တလောသိပ္ပံနည်းကျလေ့လာမှုများအရဆေးထိုးချိန်အတွင်းအပ်ကိုမမြင်ရခြင်းသည်နာကျင်မှုနည်းကြောင်းလက်တွေ့သက်သေအထောက်အထားများပြသထားပါတယ်...
👉အသက်ရှုပါ
ဆေးမထိုးမီနှင့်ဆေးထိုးနေစဉ်စက္ကန့်အနည်းငယ်အလိုတွင်သင်၏အသက်ကိုရှူပါ။ ၎င်းသည်သွေးဖိအားကိုတိုးစေပြီးအာရုံကြောစနစ်၏အာရုံခံမှုကိုလျော့နည်းစေပါတယ်...ထို့ကြောင့် နာကျင်မှုကိုလျှော့ချပေးနိုင်ပါတယ်...
👉ကြောက်ရွံ့မှုကိုပုံမှန်ထားပါ...
ဆေးထိုးအပ်များ၊ ထိုးဆေးများနှင့်နာကျင်မှုများကို ကြောက်ရွံ့ခြင်းသည်ပုံမှန်ကိစ္စရပ်တစ်ခုဖြစ်ပါတယ်...ဒါကြောင့် သင်တစ်ဦး တည်းမဟုတ်ဘူးဆိုတာ သိထားဖို့ လိုအပ်ပါတယ်
👉သင်၏ကြွက်သားများကိုမတင်းကျပ်ပါနှင့်...
သင့်ကြွက်သားများတင်းကျပ်ခြင်းအထူးသဖြင့်ကြွက်သားထိုးသွင်းခြင်းဖြင့်နာကျင်မှုကိုပိုမိုဆိုးရွားစေပါတယ်...
👉နာကျင်မှုကို လျှော့ချစေရန် စကားပြောပေးပါ
ဆေးမထိုးခင်တွင် သူနာပြုဆရာမ(ဆေးထိုးပေးမည့်သူ) သို့မဟုတ် ကိုယ့်အဖော်အား အာရုံလွဲမိစေရန် စကားစမြည်ပြောပေးပါ...
ကာကွယ်ဆေးထိုးပြီးနောက်👇
ဆေးထိုးပြီးသည့်နေရာတွင်... နာခြင်း၊နီခြင်း၊ရောင်ခြင်းတို့အပြင် ဖျားခြင်း၊ခေါင်းကိုက်ခြင်း စသည်တို့ခံစားရတတ်ပါတယ်...
✅ပုံမှန်အားဖြင့်အဆိုပါ လက္ခဏာများသည် ၂၄နာရီအတွင်း ပျောက်လေ့ရှိပါတယ်...
❌မသက်သာဘဲ အခြားလက္ခဏာများပါခံစားလာရပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွင်း သွားရောက်ပြသဖို့လိုအပ်ပါတယ်
ဒါကြောင့် ကိုရိုနာဗိုင်းရပ်ရောဂါပိုးမှကာကွယ်နိုင်ဖို့အတွက် ချမှတ်ထားသော နေ့ရက်၊အချိန်တွင် သတ်မှတ်ထား ပြည်သူများအနေဖြင့် ကာကွယ်ဆေးအား မပျက်မကွက်ထိုးနှံဖို့လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်