T65 Fitness Motivation

T65 Fitness Motivation

Share

trust yourself. 💪🏻

15/01/2025

နေတဲ့နိုင်ငံတွေမတူကြပေမယ့် အားလပ်ချိန်ကို ရအောင်ညှိပြီး အတူတူ workout လုပ်နေကြတဲ့ ကျွန်တော့ရဲ့ online private class ✨





✨ Your only limit is you. ✨

31/07/2024

fitness လောကထဲမှာဘဲနေတာကြာလာတော့ သိလာတာက ခက်ခဲတဲ့အရာတစ်ခုနဲ့ လွယ်ခဲ့အရာနှစ်ခု ရှိတယ်ဆိုတာပါဘဲ။

🔴 Muscle တက်ဖို့ကလည်း ခက်တယ်။
Naturally ဆော့တဲ့လူတစ်ယောက်ဆိုရင် ဘယ်လောက်ဘဲကြိုးစား ကြိုးစား တစ်လကို muscle က 1 lb or 1.5 lb အဲ့လောက်ဘဲတက်ပါတယ်။ရေရှည်ဆော့မှ သိသာတဲ့ muscle ထုကိုရမှာပါ။‌သိသာတဲ့ muscle ထုကိုရဖို့အတွက်ဆော့တဲ့သက်တမ်းက အနည်းဆုံး ၃ နှစ်ကြာပါတယ်။အဲ့တာကြောင့် muscle တက်ဖို့က အခက်ဆုံးပါ။

🔴 အဆီချဖို့ကလွယ်တယ်။ fat loss လို့ဘဲပြောရမှာပေါ့။
✨ မိတ်ဆွေက အိပ်ချိန်ကို ၇ နာရီပေးနိုင်မယ်။
✨ Workout မှန်မှန်လုပ်မယ်။
✨ အစားအသောက်အတွက် calori deficit ကို သေချာလုပ်နိုင်မယ်ဆိုရင် အဆီကျဖို့က လွယ်ပါတယ်။
မိတ်ဆွေအနေနဲ့အပေါ်က ✨ ၃ချက်ကို သေချာလုပ်နိုင်မယ်ဆိုရင် အနည်းဆုံး ၃လလောက်ဆိုရင် သိသာတဲ့ခန္ဓာကိုယ်အဆီကျမှုကိုရပါလိမ့်မယ်။

🔴 Muscle Cutting လုပ်ဖို့လည်းလွယ်ပါတယ်။နှစ်ရှည်လများ bulking လုပ်ထားတဲ့ body တစ်ခုကို cutting လုပ်ချင်ရင် exercise techniques တွေပြောင်းရပါလိမ့်မယ်။ကျွမ်းကျင်တဲ့ Personal Trainer နဲ့ training လုပ်မယ်ဆိုရင် ၃ လလောက်နဲ့ muscle Cutting ဖြစ်နိုင်ပါတယ်။

ကျွန်တော်သိသလောက် ပြောပြတာပါ။အကျိုးရှိမယ်လို့ထင်ပါတယ်။အဆင်ပြေကြပါစေ။

✨ Your only limit is you. ✨

23/07/2024

LOW BACK PAIN အတွက် အကောင်းဆုံး Stretching Exercises တွေထဲက တစ်ခုပါ။
Deadlift ဆွဲလို့ဘဲဖြစ်ဖြစ် Squat ထိုင်လို့ဘဲဖြစ်ဖြစ် Exercise တစ်ခုခုကြောင့် ခါးနာသွားခဲ့ရင် ဒီတိုင်းလေးလုပ်ကြည့်ပါခင်ဗျ
ကျွန်တော် Deadlift ဆွဲရင်း ခါးနာသွားတော့ TikTok ကအရိုးအကြော ဆရာဝန်တစ်ယောက်လုပ်ပြထားတဲ့အတိုင်းလေးလုပ်ကြည့်တာ တကယ် Effective ဖြစ်ပါတယ်။အဆင်ပြေကြပါစေဗျာ။

✨ Your only limit is you. ✨

13/07/2024

ဘယ်နေ့ gym စဆော့ရင်ကောင်းမလဲလို့တွေးနေရင်
Start training today ကအကောင်းဆုံးပါဘဲ။

ကျွန်တော်တို့တွေက တစ်ခုခုအတွက်
လုပ်လည်းရတယ် မလုပ်လည်းရတယ်ဆိုတဲ့ အရာတစ်ခုအတွက် အမြဲတမ်း ဆင်ခြေပေးတတ်ကြတယ်။လိုရင်းတိုရှင်းပြောရရင်တော့ ပျင်းနေတာပါ။

That's why if you are thinking about doing sports but don't even want to do it, start with walking.

ဆရာတော်တော်များများပြောသလို တစ်နေ့ကို ခြေလှမ်း
၈၀၀၀ ကနေ ၁၀၀၀၀ ထိ လျှောက်နိုင်ရင် gym မသွားချင်ရင်တောင် မိတ်ဆွေအနေနဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေပါဘီ။

နောက်တစ်ချက်ကဘာလဲဆိုရင် မိတ်ဆွေအနေနဲ့ လတိုင်းဆေးဖိုးက ၂၀၀၀၀၀ နဲ့ ၃၀၀၀၀၀ ကြား အမြဲတမ်းကုန်ပြီး ခန္ဓာကိုယ်လည်း ဆေးဒဏ်တွေခံစားနေရတယ်ဆိုရင် အားကစားလုပ်ခြင်း‌ဖြင့် ဆေးဖိုးလည်းလျှော့ချနိုင်သလို ခန္ဓာကိုယ်လည်း ကျန်းမာလာနိုင်ပါတယ်။
(ကျွန်တော့ clients တွေထဲမှာ အဲ့လိုမျိုးတွေတော်တော်များများမြင်နေရလို့ပါ။)

There is no doubt that exercise is one of the best medical treatments.

အဲ့တာကြောင့် မိတ်ဆွေအနေနဲ့ gym သွားဖို့ကို နေ့ရွှေ့ညရွှေ့မလုပ်နေပါနဲ့။အဲ့လိုလုပ်နေရင်တောင် အားကစားလုပ်မယ်ဆိုတာ တကယ်ဆုံးဖြတ်ထားရင် လမ်းလျှောက်တာက စပါ လို့ အကြံပေးချင်ပါတယ်။

✨ Your only limit is you. ✨

10/07/2024

one of my advices ✨

08/07/2024

Don't get tired of playing sport when it's easiest to change your body.There are no side effect of doing sport. Spend at least an hour a day for yourself. 🔥

One of my clients 💥

Train hard & Get result 💪🏼

✨ Your only limit is you. ✨

02/07/2024

Fat loss & Muscle gain private group နဲ့ ပတ်သက်ပြီး နည်းနည်းအသေးစိတ်ရှင်းပြထားပါတယ်ခင်ဗျ။
လာမယ့် ၈ ရက်နေ့ တနင်္လာနေ့ စပါမယ်။💪🏼

✨ Your only limit is you. ✨

30/06/2024

Private class တစ်ခု ဖွင့်ဖို့ စီစဉ်ထားပါတယ်ခင်ဗျ။

fat loss & muscle gain သီးသန့်ဖြစ်ပါတယ်။

လာမယ့် ၈ ရက်နေ့ တနင်္လာနေ့ စပါမယ်။

သင်တန်းကြေးက ၃ လကို ၁၀၀၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Monday to Friday ပါ weekend နှစ်ရက်နားပါမယ်။

gym သွားဖို့အချိန်မပေးနိုင်တဲ့သူများနှင့် Zoom class ပြမယ့်အချိန်တွေမှာ မအားလပ်တဲ့သူများ မိတ်ဆွေတို့ အားတဲ့အချိန်မှာ group ထဲမှာ video တွေကို ကျွန်တော်ကိုယ်တိုင်ရိုက်ပြီး မြင်လွယ်မှတ်လွယ်တဲ့ Techniques တွေကို တင်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် diet အတွက်လည်း diet plan ကြီး အတိအကျ မဟုတ်ပေမယ့် ဘယ်လိုစားသောက်ရမလဲဆိုတာကို guide line ပေးဦးမှာဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့မိတ်ဆွေတွေအနေနဲ့
page messenger or ph/viber 09977744091 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

✨ Your only limit is you. ✨

29/04/2024

One of my clients

If you can play like this even on the first day, you will definitely have the body you want soon.

✨ Your only limit is you. ✨

Call now to connect with business.

14/01/2024

အမျိုးသမီးက ငယ်ရွယ်တဲ့အချိန်မှာ အားကစားလုပ်ဖို့ကို တော်တော်များများက မလိုအပ်ဘူး ထင်ကြပါတယ်။

အမျိုးသမီးများရဲ့ 80% လောက်က ငယ်ရွယ်တဲ့အချိန် ကိုယ်လိုချင်တဲ့ body type ကိုကြိုက်သလိုပုံဖော်နိုင်တဲ့အချိန်ဖြစ်တဲ့ prime time မှာ အားကစားမလုပ်ကြဘဲ
over 30 ဖြစ်ပြီး အိမ်ထောင်တွေကျ ကလေးတွေရပြီး ကိုယ့်ရဲ့ body က တဖြည်းဖြည်းသိပ်အဆင်မပြေတော့ဘူးလို့ ခံစားလာရတဲ့အချိန်ကျမှ gym ကိုရောက်လာပြီး ကျွန်မရဲ့ body ကို ၃လနဲ့ပြောင်းချင်ပါတယ် ၆ လနဲ့ပြောင်းချင်ပါတယ်ဆိုပြီး trainer ကို အပူလာကပ်ပါတော့တယ်။

ဒါက ကျွန်တော် gym trainer လုပ်လာတဲ့သက်တမ်းတလျှောက်မှာတွေ့ရတဲ့ အမျိုးသမီးများရဲ့စကားတွေဘဲဖြစ်ပါတယ်။

‌prime time ကျော်သွားလည်း မိတ်ဆွေတို့ရဲ့ body ကို ပြောင်းလဲလို့ရပါတယ်။ဒါပေမယ့် အချိန် ၆လနဲ့ဝောာ့ မရပါ။gym ကိုရောက်လာတာ ခန္ဓာကိုယ်ပြောင်းလဲဖို့ဘဲဆိုပေမယ့် movement တွေ ကောင်းအောင် gym ဆော့တဲ့ exercise တစ်ခုချင်းစီကို form တွေမှန်ကန်အောင် stamina and endurance တွေကောင်းအောင် intensity တွေတက်အောင် အရင် train ပြီး အဲ့ဒိ step တွေကို ကျော်လွန်ပြီးမှ body transformation အတွက်စဉ်းစားရမှာဖြစ်ပါတယ်။အဲ့တာတွေနဲ့တင် အနည်းဆုံး ၆လကြာပါတယ်ခင်ဗျ။body transformation ဖြစ်ဖို့ဆိုတာ အရမ်းတွေလွယ်ကူမနေပါဘူး။

တိုးတက်လာတဲ့ခေတ်ဖြစ်တဲ့အတွက် ပိုက်ဆံရှိရင် အဆီထုတ်တာတွေ Silicon ထည့်ဝာာတွေက လူမပင်ပန်းဘူးဆိုပေမယ့် ကျန်းမာရေးရှုထောင့်ကနေလည်း တချက်ပြန်ကြည့်ဖို့လိုပါတယ်။အဆီထုတ်လိုက်လို့ ပိန်သွားတယ်ဆိုပေမယ့် အားကစားနဲ့ naturally ပြုပြင်ထားတဲ့အရာမဟုတ်တဲ့အတွက် အနှေးနဲ့အမြန်အဆီပြန်ဝင်လာမှာဘဲဖြစ်ပါတယ်။

အဲ့ဝောာ့ ပြောချင်တာက အသက်ကြီးလို့ ငွေကြေးပြည့်စုံသွားမှ အလွယ်နည်းနဲ့ ခန္ဓာကိုယ်ပြောင်းလဲနေမယ့်အစား ငယ်ရွယ်တဲ့အချိန်မှာ အားကစားလုပ်ဖို့ကို ပျင်းမနေကြဖို့ gym trainer တစ်ယောက်အနေနဲ့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။

✨ Your only limit is you. ✨

10/01/2024

personal trainer နဲ့ train တာနဲ့ ရိုးရိုးကိုယ့်ဘာသာကိုယ်ဆော့တာ ဘယ်ဟာပိုထိရောက်လဲဆိုရင်...

အဖြေကတော့ရှင်းပါတယ်။PT နဲ့ဆော့တာက အများကြီးပိုထိရောက်ပါတယ်။မိတ်‌ဆွေတို့ကို ဘယ်လို exercises တွေကို ဘယ်လိုဆော့ရင် ဘယ်လောက်ထိ ထိရောက်နိုင်မလဲဆိုတာကို အနီးကပ် guidelines ပေးနိုင်တာက personal trainer တွေဘဲဖြစ်ပါတယ်။တခြားမိတ်ဆွေတို့အနေနဲ့ Fitness နဲ့ပတ်သက်ပြီး မသိသေးတဲ့ knowledge တွေကို sharing လုပ်ပေး‌နေတာလည်း personal trainer တွေဘဲဖြစ်ပါ်တယ်။ဒါပေမယ့် အဲ့တာတွေက 30% လောက်ဘဲအသုံးဝင်ပါတယ်ခင်ဗျ။😁ကျန်တဲ့ 70% က မိတ်ဆွေတို့ကိုယ်တိုင်ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။

အဲ့တာဆိုရင် PT မယူနိုင်တဲ့လူတွေကရော body transformation မဖြစ်နိုင်ဘူးလားဆိုရင်...

ကျွန်တော်အပါအဝင် လက်ရှိ gym trainer လုပ်နေတဲ့ လူတွေအကုန်လုံးနီးပါး personal trainer နဲ့မဆော့ဘဲနဲ့ မိမိရဲ့ body ကို transformation ဖြစ်အောင်လုပ်နေကြတဲ့လူတွေချည်းပါဘဲခင်ဗျ။ဒီအားကစားကို တကယ်သဘောကျတဲ့အတွက် ကိုယ့်ဘာသာကိုယ် knowledge တွေရှာဖွေရင်းနဲ့ ဒီလိုဘဲကြိုးစားနေကြတာဘဲဖြစ်ပါတယ်။

ပြောချင်တာကတော့ မိတ်ဆွေက Personal Trainer နဲ့ပဲဆော့ဆော့ Floor Trainer နဲ့ဆော့ဆော့ မိတ်ဆွေတို့ရဲ့ဖြစ်ချင်တဲ့စိတ် ကြိုးစားမှုမပါဘဲနဲ့ မိတ်ဆွေလို့လိုချင်တဲ့ goal ကိုမရောက်ဘူးဆိုတာသိစေချင်ပါတယ်။အဆင်ပြေကြပါစေ။

✨ Your only limit is you. ✨

06/01/2024

မင်္ဂလာပါခင်ဗျ။
January 10 ရက်နေ့ Zoom Class ပြန်ဖွင့်ပါမယ်။

💥 သင်တန်းအကြောင်းအရာကတော့ Fat Loss Specialist ဖြစ်ပါတယ်။

💥 Member fees ကတော့ ၅၀၀၀၀ ကျပ်ပါ။

💥 သင်တန်းအချိန်ကတော့ လောလောဆယ် 8:30-9:30 PM ဖြစ်ပါတယ်။နောက်ပိုင်းကျ‌ရင် မနက်ပိုင်းပါ ထပ်ဖွင့်ဖို့ရှိပါတယ်။တစ်ပတ်ကို ၅ ရက် mon to fri ပါ။weekend နှစ်ရက်ပိတ်ပါတယ်။

💥 သင်ပေးမယ့်အကြောင်းအရာကတော့ အဆီချဖို့အတွက်ထိရောက်တဲ့exerciseတွေကိုပေါင်းပြီးဆော့ရလွယ်တဲ့ techniques တွေကို injury အကင်းဆုံးဖြစ်အောင် သင်ပေးမှာဖြစ်ပါတယ်။သောကြာနေ့တိုင်းလည်း Stretching exercises လည်း ထည့်ပေးမှာဖြစ်ပါတယ်။

💥 ဘယ်လိုလူမျိုးတွေ Join သင့်လဲဆိုရင် Weight ကျပြီး အဆီကျ ကျစ်လစ်ချင်သူများ၊အလေးအများကြီး မ ရမှာကို မကြိုက်တဲ့သူများ၊gym သွားဖို့အချိန်မပေးနိုင်သူများ အဓိကထားပြီး join သင့်ပါတယ်။

💥 ကျွန်တော့ class မှာ Join မယ့်မိတ်ဆွေများအနေနဲ့
3lb or 5lb dumbbell တစ်စုံနဲ့ mat တစ်ခုတော့ လိုအပ်ပါတယ်။

အသေးစိတ်ကိုတော့ page messenger or ph/viber - 09977744091 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

✨ Your only limit is you. ✨

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Insein
Yangon