06/06/2026
" ချန်ပီယံလိဂ်မှာ ယှဥ်ပြိုင်နိုင်ဖို့ ၊ ပရီးမီးယားလိဂ်ဖလားလုပွဲမှာ အနိီးစပ်ဆုံးဖြစ်လာဖို့ ၊ ပြီးတော့ ပြည်တွင်းပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးလုပ်နိုင်ဖို့အတွက် ကျနော်တို့မှာ မှန်ကန်တဲ့နည်းပြ ၊ မှန်ကန်တဲ့ကစားသမားနဲ့ မှန်ကန်တဲ့ပြင်ဆင်မှုတွေရှိထားတယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ် "
🗣 Omar Berrada
06/06/2026
Enzo Fernandez ဘယ်အသင်းကိုပြောင်းမလဲ ??
သတင်းတွေအရ ချယ်လ်ဆီးကွင်းလယ်လူ Enzo Fernandez ဟာ ယခုနွေမှာ ချယ်လ်ဆီးကနေ ထွက်လိုနေပြီး အသင်းသစ်ရှာဖွေနေတယ်လို့ သိရပါတယ် ။
ကစားသမားက ရီးရဲလ်ကိုပြောင်းချင်နေပေမယ့် ရီးရဲလ်ဘက်က ခေါ်ယူမယ့်အရိပ်အယောင်မျိုးမပြထားပါဘူး ။
ချယ်လ်ဆီးတို့က ကစားသမားကိုလက်လွှတ်ဖို့ဆန္ဒမရှိပေမယ့် ကစားသမားဆန္ဒအရရောင်းချပေးရမယ်ဆိုရင်တော့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး(အရောင်း) ယူရို ၁၃၈ သန်းအထိအလိုရှိနေတာဖြစ်ပါတယ် ။
ဒါကြောင့် Enzo လိုကစားသမားမျိုးကို ဒီစျေးတန်းပေးပြီး ခေါ်မယ့်အသင်းက သိပ်များများစားစားမရှိနေပါဘူး။
ဆိုတော့ အသင်းပြောင်းချင်ပါတယ်ဆိုတဲ့ Enzo Fernandez တယောက် ဘယ်ဘူတာဆိုက်မလဲဆိုတာက စိတ်၀င်စားဖို့ကောင်းနေပါတယ် ။
05/06/2026
ရီးရဲလ်နဲ့ သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းတွေအပေါ် :
" ကမ္ဘာ့ဖလားအကြောင်းပြောဖို့ပဲ ကျနော် ဒိီနေရာကိုရောက်နေတာပါ ၊ ကျနော့်အနာဂါတ်နဲ့ပတ်သတ်တဲ့အရာအားလုံးကတော့ ကမ္ဘာ့ဖလားအပြီးထိစောင့်ပြီးမှသိရပါမယ် "
🗣Rodri
05/06/2026
Transfer News :
လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်တောင်ပံလူ Yan Diomende ကိုခေါ်ယူဖို့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ် ။
လိုက်ပ်ဇစ်ဘက်က ဒီကစားသမားကို သူတို့ လိုချင်တဲ့ ပေါင်သန်း ၁၁၀ မှမရရင် ရောင်းချသွားဖို့ဆန္ဒမရှိဘဲ လီဗာပူးလ်ဘက်ကလည်း ပြီးခဲ့တဲ့ရာသီက ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၅၀ လောက်အထိသုံးထားလို့ ဒီရာသီကိုတော့ ငွေအများကြီးသုံးဖို့လက်တွန့်နေတာကြောင့် နှစ်ဖက်အသင်းအနေနဲ့ အတော်လေးညှိနှိုင်းယူရဖို့တော့ရှိပါတယ် ။
(The Athletic)
05/06/2026
2026 PFA Player of the Year ဆုအတွက် ထိပ်ဆုံးကစားသမား ၆ ဦးစာရင်း
ဘယ်ကစားသမားက ဒီဆုကို ရရှိသွားမယ်ထင်ကြလဲ ??
05/06/2026
" လီဗာပူးလ်နဲ့ပူးပေါင်းခွင့်ရတဲ့အတွက် တကယ်ပဲ စိတ်လှုပ်ရှားရပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဒီအသင်းအကြောင်းကို မင်းတို့်လည်းသိပြီးသားပါ ။ ဒီအသင်းက တကယ်ကိုကြီးမားတဲ့ အသင်းကြီးတသင်းဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတသင်းလည်းဖြစ်ပါတယ်"
🗣Andoni Iraola
04/06/2026
❌REJECTED
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ကွင်းလယ်လူ Anderson အတွက် စီးတီးတို့ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ် ။
စီးတီးအနေနဲ့ Anderson ကိုရဖို့ ဆက်လက်ကြိုးစားသွားဦးမယ်ဆိုပေမယ့်လို တဖက်မှာ back up plan အဖြစ် နယူးကာဆယ်ကွင်းလယ်လူ Tonali ကိုလည်း ပစ်မှတ်ထားနေပါတယ် ။
(The Athletic)
04/06/2026
သူပြန်လာလေပြီ ..
တူရကီကလပ် Trabzonspor ကိုတရာသီအငှားနဲ့ထွက်ကစားနေတဲ့ ဂိုးသမား Onana ဟာ မိခင်ကလပ်ယူနိုက်တက်အသင်းထံပြန်ရောက်လာပြီဖြစ်ပြီး ယူနိုက်တက်တို့နဲ့ ရာသီကြိုအစီအစဥ်တွေမှာ ပူးပေါင်းသွားမယ်လို့ သိရပါတယ် ။
အသင်းကိုပြန်ရောက်လာတယ်ဆိုပေမယ့် Onana အနေနဲ့ ယူနိုက်တက်မှာနေရာရဖို့မရှိဘဲ တူရကီကလပ်ဘက်က နောက်ထပ်တကြိမ်အငှားနဲ့ခေါ်ယူဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ် ။
04/06/2026
Transfes News :
ရီးရဲလ်နည်းပြသစ် မော်ရင်ညိုက အာဆင်နယ်နောက်ခံလူ Calafiori ကို အသင်းထံခေါ်ပေးဖို့ ရီးရဲလ်တို့ကိုအသိပေးထားပြီး ရီးရဲလ်တို့ကလည်း ကစားသမားထံ ဆက်သွယ်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ် ။
အာဆင်နယ်ဘက်က ကစားသမားကို လက်လွှတ်ပေးသွားဖို့စိတ်ကူးမရှိဘူးဆိုပေမယ့်လို့ သူတို့မငြင်းမယ့်စျေးတခုဖြစ်တဲ့ ယူရို သန်း 90-100 နဲ့ကမ်းလှမ်းလာရင်တော့ လက်လွှတ်ပေးသွားဖို့ရှိနေပါတယ် ။
(per Multiple reports)