Betting House

Betting House

Share

ဘောလုံးနှင့်သက်ဆိုင်သော အချင်းအရာမ

Photos from Betting House's post 15/05/2023

ခါချဥ်ကောင်မာန်ကြီးလို့
တောင်ကြီးကိုဖြိုမယ်ကြံ
ခါးကမသန်

ဘရိုက်တန်အသင်းက အာဆင်နယ်အသင်းအိမ်ကွင်း အမ်းမရိတ်အထိလာပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအိပ်မက် အဆုံးသတ်ပေးသွားပြီဗျာ။ ဘရိုက်တန်အသင်းရဲ့ တိုက်စစ်တွဲလုံးတွေ၊ တစ်ဖက်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို တားဆီးပုံတွေ၊ တောင်ပံနှစ်ဖက်ရဲ့လုပ်အားနှုန်းတွေက ကြောက်စရာကြီးဗျာ။

ဂွါဒီယိုလာက ဒီပွဲမတိုင်ခင် မန်စီးတီးအနေနဲ့ နောက်နှစ်ပွဲနိုင်ရုံနဲ့ ဖလားရပြီလို့ပြောခဲ့ပေမယ့် အခုအာဆင်နယ်ရဲ့ရှုံးပွဲကြောင့် လာမယ့်တစ်ပတ် ချဲလ်ဆီးအသင်းကိုနိုင်ရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားတော့မှာပါ။

11/05/2023

မော်ရင်ဟို🗣

"PSG ကငါ့ကိုခန့်ဖို့စီစဥ်နေတာလား?? သူတို့ငါ့ကိုရှာနေတာဆိုရင်တော့ အခုထိငါ့ကိုရှာလို့မတွေ့သေးပုံပါပဲ။ ဘာလို့လဲဆိုတော့ သူတို့အခုထိငါ့ကို ဘာစကားမှလာမပြောသေးဘူး..."

09/05/2023

ဝိန်းရွန်းနီ🗣

"ငါ ဂွါဒီယိုလာရဲ့လက်အောက်မှာ ကစားရရင် သဘောကျမိမှာပါ။ လူတွေတစ်ယောက်ချင်းစီကို ကစားသမားကောင်းတွေဖြစ်လာအောင် သူကိုင်တွယ်တဲ့ပုံကို ငါအမြဲစောင့်ကြည့်ဖြစ်တယ်။ ဂျွန်စတုန်းကို သူဘယ်လိုပြောင်းပေးခဲ့လဲ။ ဂရီးလစ်ရှ်ချ်အပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ မြင်ကြမှာပါ။ ဂွါဒီယိုလာက အံ့မခန်းနည်းပြတစ်ယောက်ပါပဲ..."

"အခုလက်ရှိမန်စီးတီးအသင်းမှာ ငါတို့တုန်းက ကစားသမားအချို့သာဆိုလည်း ကောင်းကောင်းကြီးအံဝင်ကြမှာပဲ။ ပေါစခိုးလ်ဆို အဲ့အသင်းမှာ လုံးဝပြီးပြည့်စုံနေအောင် အံဝင်လိမ့်မယ်။ ရီယိုနဲ့ဗီဒစ်လည်း အဲ့အတိုင်းဖြစ်နေမှာပဲ။ ငါလည်းအဲ့အသင်းမှာ ကောင်းကောင်းကစားနိုင်မယ်လို့ ငါယုံတယ်။ ဒီဘရိုင်းတို့ ဟာလန်းတို့နဲ့ အတူတူတွဲကစားရမယ်ဆိုရင် ငါသဘောကျမိမှာအမှန်ပဲ..."

09/05/2023

PSG ကိုကျေးဇူးတင်ကြောင်း ထည့်မပြောခဲ့တဲ့ လီယွန်နယ်မက်ဆီ...

လီယွန်နယ်မက်ဆီဟာ ယနေ့ညမှာကျင်းပပြုလုပ်တဲ့ Laureus Award ဆုပေးပွဲမှာ The Laureus Sportsman of the Year Award ကိုလက်ခံရယူခဲ့ပါတယ်။ မက်ဆီဟာ အဆိုပါဆုကို ၂၀၂၀ ခုနှစ်ကလည်းရရှိခဲ့ဖူးပြီး အခြားအားကစားနယ်ပယ်က ဘယ်သူမှမရဖူးသေးဘဲ ဘောလုံးအားကစားတစ်ခုတည်းကသာ အဆိုပါဆုကိုရရှိဖူးသေးတာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ မက်ဆီဟာ ဆုလက်ခံရယူပြီး ကျေးဇူးတင်စကားပြောချိန်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် ဘာစီလိုနာအသင်းတို့ကိုသာ ကျေးဇူးတင်စကားပြောသွားခဲ့ပြီး PSG အသင်းကိုထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

07/05/2023

🚨 🇵🇹 NEWS - ယူနိုက်တက်သည် Gonçalo Inácio ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများထဲမှ တစ်သင်းဖြစ်ပြီး ကစားသမားမှာလည်း ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားလျက်ရှိသည်။

07/05/2023

✅ အချက်အလက် - ကိုပါဒယ်ရေးဖလားကို ရယူနိုင်ခဲ့ပြီးနောက် ကာဗာမင်ဂါဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ရနိုင်သမျှ ဖလားအကုန်လုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့သူ ဖြစ်လာပါပြီ။ ကာဗာမင်ဂါအတွက် စပိန်မြေမှာ မရဖူးတဲ့ဖလားဆိုတာ မရှိတော့ပါဘူး။ 🏆

✅ လာလီဂါ
✅ ချန်ပီယံလိဂ်
✅ ကိုပါဒယ်ရေး
✅ Supercopa de España
✅ကလပ်ကမ္ဘာ့ဖလား
✅ UEFA Super Cup

သူဟာ အခုမှ အသက် ၂၀ ပဲရှိပါသေးတယ်။🤯✨

Photos from Betting House's post 06/05/2023

အမေရိကန် နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ One Championship MMA ပြိုင်ပွဲကြီးမှာ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာကြီး အောင်လအန်ဆန်က တရုတ်နိိုင်ငံရဲ့ MMA ဖိုက်တာ ဖန်ယောင်ကို ဒုတိယအချီမှာပဲ ချုပ်ကွက်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ပထမအချီမှာတော့ ရပ်ထိုးယှဉ်ထိုးကြရာမှာ သူတင်ကိုယ်တင် ပါဝါချင်းပြိုင်ဆိုင်ထားနိုင်ခဲ့ပြီး တလုံးချင်းတလုံးချင်း နင်လားငါလား ရင်တမမ ထိချက်နှင့်ခံနိုင်ရည်ကို ယှဉ်ပြိုင်နေခဲ့ကြပါတယ်။

ဒုတိယချီမှာတော့ ပြိုင်ဘက်တရုတ်နိုင်ငံသားဟာ အောင်လကို နာကျင်ယိမ်းယိုင်အောင် ထိုးလိုက်နိုင်ပြီးနောက်မှာတော့ သူကိုယ်တိုင်ပဲ အမှားတခုကို တိတိကျကျ ကျူးလွန်ပါတော့တယ်။

အဲ့ဒါကတော့ သူထိုးလို့နာသွားတဲ့ အောင်လကို ဝင်ပြီးချုပ်တော့တာပါပဲ။ ပြိုင်ဘက်ရဲ့အမှားကိုတော့ အောင်လက အမှားအယွင်းမရှိ အသုံးချနိုင်ခဲ့ပြီး စောစောစီးစီးပဲ အောင်လကို ခုလိုအနိုင်ရသွားစေပါတော့တယ်။

Congratulations Aung La Nsang(Burmese Python)

05/05/2023

အကယ်၍များ ဒီယေဂိုမာရာဒိုနာသာ အသက်ရှင်လျှက်ရှိနေသေးရင် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွေမှာ သူ့အသင်းဟောင်းတွေဖြစ်တဲ့

-၂၀၂၂ ခုနှစ် အာဂျင်တီးနားချန်ပီယံ ဘိုကာဂျူနီယာအသင်း
-၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားလက်ရွေးစင်အသင်း
-၂၀၂၂-၂၃ စပိန်လာလီဂါချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ ဘာစီလိုနာအသင်း
-၂၀၂၂-၂၃ စီးရီးအေချန်ပီယံ နာပိုလီအသင်း

အစရှိတဲ့ သူ့အသင်းဟောင်းတွေရဲ့ အောင်မြင်မှုတွေကို သူကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။

05/05/2023

OFFICIAL- မန်စီးတီးနဲ့ ဆိုစီဒက်ရဲ့ ဝါရင့် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားက အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရတဲ့ ဒေးဗစ် ဆေးလ်ဗားက လက်ရှိမှာ အသက် ၃၇နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် ဆိုစီဒက်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ဟာ ဆေးလ်ဗားရဲ့ ကစားသမားဘဝ နောက်ဆုံးစာချုပ် ဖြစ်ဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photos from Betting House's post 05/05/2023

နာပိုလီအသင်းဟာ မနေ့ညကန်သွားတဲ့ပွဲစဉ်မှာ အူဒီးနီးစ်အသင်းနဲ့ တဂိုးစီသရေကျပြီး တစ်မှတ်ရရှိခဲ့တဲ့အတွက် နှစ်ပေါင်း ၃၃ နှစ်အကြာမှာ အီတလီ စီးရီးအေ ချန်ပီယံအဖြစ် တဖန်ပြန်လည် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

နာပိုလီအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားမှာ စုစုပေါင်း ရမှတ် ၈၀ နဲ့ ထိပ်ဆုံးကရပ်တည်နေကာ လက်ကျန် ၅ ပွဲကျန်နေချိန်မှာပဲ အနီးဆုံးပြိုင်ဘက်အသင်းတွေက လိုက်မမီနိုင်တော့တဲ့အတွက် စီးရီးအေချန်ပီယံဆုကို တတိယအကြိမ်အဖြစ် စောစောစီးစီး ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

04/05/2023

Polo Shirtနဲ့ ကန်လည်းရှုံးတယ်၊ ဂျာစီအသစ်ထွက်လာလို့ ဝတ်ပြီးကန်လည်း ရှုံးမှာပါပဲ။ အင်ဒိုနီးရှားနဲ့ Levelဟာ ၃ဆင့်လောက် ပြတ်ကျန်နေခဲ့တာ ကြာပါပြီ။

ပြိုင်ပွဲကြီးတခုကို အလွဲလွဲအချော်ချော်တွေနဲ့ တွေ့နေရတာ ရှက်စရာပါ။ အုပ်စုမဲခွဲမှုပြီးကတည်းက ကျွန်တော် ပြောခဲ့သလို အင်ဒိုနီးရှားနဲ့ အိမ်ရှင် ကမ္ဘောဒီးယားတို့ဟာ မြန်မာအတွက် ခက်ခဲမယ်လို့ ပြောထားတာ အလကားမဟုတ်သလို ဒီပွဲအဖြေက သက်သေပါပဲ။

တီမောလို အသင်းကို ၁ဂိုးနဲ့ မနည်းနိုင်အောင် ရုန်းကန်နေရတည်းက ဘောလုံးပွဲ သာမန်ကြည့်တတ်သူဆိုရင်တောင် မြန်မာအသင်း နောက်တဆင့်တက်ဖို့ မလွယ်ဘူးဆိုတာ ရိပ်စားမိကြမှာပါ။

အခုပွဲပြီးတော့ ဒီအထင်အမြင်တွေ ပိုသေချာသွားခဲ့ပါပြီ။

04/05/2023

အာလင်ဟာလန်းတစ်ယောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်ထပ်ချိုးလိုက်ပါပြီ။

ပွဲဦးထွက်ရာသီမှာတင် ပရီးမီးယားလိဂ်သွင်းဂိုး ၃၅ ဂိုးအထိရရှိထားပြီဖြစ်ပြီး ဒါဟာတစ်ချိန်က ဂန္ဓဝင်ကစားသမားတွေဖြစ်ကြတဲ့ အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့ရဲ့ တစ်ရာသီအတွင်း ၃၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့က အဆင့်မြင့်တန်း အင်္ဂလန်အမှတ်ပေးဖလားပြိုင်ပွဲမှာ တစ်ရာသီကို ၄၂ ပွဲကစားရတဲ့အချိန်တုန်းက အဆိုပါစံချိန်ကိုရရှိခဲ့တာဖြစ်ပြီး ဟာလန်းကတော့ တစ်ရာသီကို ၃၈ ပွဲသာကစားရတဲ့ခေတ်မှာ ရာသီမကုန်ဆုံးမီမှာတင် ဂန္ဓဝင်ကစားသမားကြီးတွေရဲ့ စံချိန်ကိုချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon