ညီကိုတွေဒီလ်ိုနေ🔥🔥🔥
Ye Zaw Tun
Thanks!
22/04/2022
I was born to shine 🔥
05/12/2021
ဘဝဆိုတဲ့လမ်းမှာဆေးခန်းဆိုတာမရှိဘူး
လဲကျလို့မဲ့မပြနဲ့ လူတိုင်းဒဏ်ရာကိုယ်စီနဲ့မို့
မောရင်နား ပြီးရင်ပြေး ဒါဘဝပဲ 🥊
29/09/2021
Welcome Python MMA
Fitness 🏋️♀️
Cross Fit🤸♂️
Martial Arts🥋
Lethwei 🥊
19/08/2021
ကျန်းမာရေးကိုဂရုစိုက်ပါ။
အားကစားပုံမှန်လုပ်ပါ။ အစားအသောက်ဂရုစိုက်ပါ။
ငယ်ရွယ်စဥ်ကတည်းက ကျန်းမာရေးကိုဂရုစိုက်မှ ကြီးပျင်းလာတဲ့အခါအကျိုးကျေးဇူးတွေကိုခံစားရပါလိမ့်မယ်။
22/07/2021
ဘဝရဲ့ အခက်ခဲကာလတွေ
စိန်ခေါမှုတွေက
ကျွန်တော်တို့ကိုပိုသန်မာလာစေပါတယ်။
ပိုပြီးရင့်ကျက်လာစေပါတယ်။
ပိုမိုကောင်းမွန်တိကျတဲ့အနာဂတ်လမ်းတွေကို
ရှာဖွေတွေ့ရှိစေပါတယ်။ 🏋️♀️
01/07/2021
သင်ထင်တာထက် Boxing ကစားတာဟာ ဘာကြောင့်ပိုကောင်းတာလဲ
Boxing ဆိုတာတစ်ကိုယ်လုံးက ကြွက်သားတွေ အလုပ် ပေးနိုင်တဲ့ Full -Body Workout ထဲမှာ ပါပါတယ်။ တစ်ချို့သူတွေအတွက် Boxing လို့ခေါတဲ့ လက်ဝှေ့ထိုးဟာ ကြေးစားနဲ့ အပျော်လက်ဝှေ့သမားတွေအတွက် သီးသန့်အားကစားလို့ထင်နေကြပါတယ်။
တကယ်တော့ Boxing ပညာဟာ ယောကျာ်း တိုင်းတက်ထားသင့်တဲ့ Workoutတစ်ခုဖြစ်ပါတယ်။ အရေးကြုံတော့သက်လုံကောင်းဆိုသလို Boxing ကောင်းကောင်းတက်ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သလို မတရားမှုတွေဆီကနေလည်း တားဆီးရာမှာ အများကြီး အထောက်အကူပြုတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။
Boxing ကစားပေးခြင်းဟာ အင်မတန်အကျိုးကျေးဇူးများတဲ့အားကစားတစ်ခုလည်းဖြစ်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ Boxing ကစားတာဟာ တစ်ကိုယ်လုံးမှာရှိနဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကြံ့ခိုင်သန်မာစေပါတယ်။
Boxing ဟာကိုယ်လုံးပြည့်ကစားရတဲ့ Workout ဖြစ်တာကြောင့် လက်မောင်း ၊ခြေထောက်၊ တင်ပါး ၊ ပုခုံး ၊ကျောရိုး အားလုံးကိုအလုပ်လုပ်ခိုင်းပါတယ်။ ဒီလိုလူပ်ရှားခိုင်းတာတဲ့အကျိုးဆက်ကတော့တစ်ကိုယ်လုံးသန်မာလာမယ် သက်လုံကောင်းလာမယ် ။ ကြွက်သားတွေကြီးထွားမှုပုံစံဟန်ချက်မျှပြီး ကြွက်သားနဲ့အရိုးအဆစ်တွေပူးကောင်းလုပ်ဆောင်မှုအားကောင်းလာမယ် ။ တခုခု ကိုတုံ့ပြန်ရာမှာ သွက်လက်မြန်ဆန်လာမယ် ။
#လက်ဝှေ့ထိုးခြင်းဟာစိတ်ကိုတည်ငြိမ်သွားစေပြီးယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်
27/06/2021
လဲကျရင် ပြန်ထနော် ဒါဘဝပဲ💪
စိတ်ဓာတ်ကျနေစရာမလိုဘူး❌
ထပ်ကြိုးစားဖို့ အားမွေးရမှာ💯
ငိုနေမယ့်အစား ဘယ်လိုကြိုးစားရမလဲစဥ်းစားရမှာ
တစ်ခါကျရူံးတိုင်း ပြိုလဲစရာမဟုတ်ဘူး
ကျရူံးခြင်းဟာ အောင်မြင်ခြင်းလမ်းစမို့💯
Fighting💪
24/06/2021
ဝိတ်တက်ဖို့ ခက်ခဲသူတွေ စမ်းကြည့်သင့်တဲ့ Liquid calories❗❗❗
➡လူအများစုတွေ့မြင်နေကြရတာတော့ ဝိတ်ကျချင်တယ် ❓ဘာစားရမလဲဆိုတဲ့❓မေးခွန်းတွေဖြစ်ပေမယ့် ဒါကတော့ ဝိတ်တက်ချင်သူတွေအတွက်ပါ။
➡ဝိတ်တက်ဖို့ ခက်ခဲသူအတွက် အဓိကပြဿနာကတော့ စားရတဲ့ပြဿနာပါ။
ဝိတ်တက်ချင်ရင် ပိုစားရပါမယ်။ နေ့စဥ်သုံးနေတဲ့ ကယ်လိုရီပမာဏထက် ပိုတဲ့ပမာဏကို စားသုံးရပါမယ်။
➡တနေကုန်အလုပ်လုပ်နေရတဲ့သူတွေ ၊ မအားလပ်တဲ့သူတွေ ၊ အစားအများကြီးမစားနိုင်တဲ့သူတွေအတွက်တော့ Liquid calories ကအဆင်ပြေပါတယ် ဝိတ်တက်ဖို့လိုအပ်တဲ့အာဟာရကို အရည်အနေနဲ့သောက်သုံးတယ်လို့ အကြမ်းဖျင်းပြောရပါမယ်။
➡ Liquid caloriesကသောက်သုံးနိုင် ၊ဖျော်စပ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ တစ်ယောက်နှင့်တစ်ယောက်အကြိုက်ချင်းတော့မတူနိုင်ပါဘူး။ အောက်ကတော့ကျွန်တော်သောက်တဲ့အခါဘာတွေထည့်ပြီးသောက်လဲဆိုတာကို အကြမ်းဖျင်းပြောပြထားတာပါ။ ဌက်ပျော်သီး ၊ နွားနို့ ၊ peanut better တို့ကတော့ ကယ်လိုရီကြွယ်ဝလို့ မဖြစ်မနေ ပါဝင်သင့်ပါတယ် ။
➡peanut better ကကုန်တိုက်တွေမှာဝယ်လို့ရပါတယ်။ ဝယ်လို့အဆင်မပြေရင်တော့ ဌက်ပျော်သီး နဲ့ နွားနို့ကိုခပ်များများထည့်သင့်ပါတယ်။
🛑ဘာတွေထည့်ပြီးသောက်သုံးသင့်လဲ ❓
Protein Shake
Milk
Banana
Better
Milo
Strawberry Jam
Honey
Peanut Better
Oat meal
➡ဒါတွေအကုန်လုံးက ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေပါ။ ဒါတွေကိုကြိတ်ပြီးသောက်တဲ့အခါ ထမင်းတစ်နပ်သေချာစားမှရတဲ့ ကယ်လိုရီ ၅၀၀ လောက် ကိုဖျော်ရည်တစ်ခွက်ထဲနဲ့ရနိုင်ပါတယ်။
➡ဒါကြောင့် ဒါကဝိတ်တက်ဖို့ခက်ခဲသူတိုင်းစမ်းကြည့်သင့်ပါတယ်။ကိုယ်ပုံမှန်စားနုုန်းအတိုင်းစားပြီး ညဘက်မှာ ဒီ Shakeတစ်ခွက်ကိုသောက်ပေးရုံနဲ့ တစ်ပတ်နှစ်ပတ်အတွင်းသိသိသာသာ ဝိတ်တက်လာမှာပါ။
22/06/2021
သူငယ်ချင်းကောင်းဆိုတာ
ဘယ်နေရာ၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်
သင့်ဘက်က ရပ်တည်ပြီး မှန်ကန်ကောင်းမွန်တဲ့
ရလဒ်တွေ ထွက်ပေါလာအောင်
အမြဲတမ်းကူညီဖေးမပေးပါတယ်။
ဒါ့အပြင် ကိုယ်မှားနေတဲ့အခါ
ရှေ့ဆက်မတိုးဖြစ်အောင်လည်း
ထိန်းကျောင်းတည့်မတ်ပေးလေ့ရှိပါတယ်။
#ငါတို့ကသူငယ်ချင်းဆိုတာထက်ပိုပါတယ် 💖
21/06/2021
Click here to claim your Sponsored Listing.