28/11/2021
Our favorite spot for a stroll back home ✨
Portraying my Burmese equestrian lifestyle, sailing and fitness development.
28/11/2021
Our favorite spot for a stroll back home ✨
05/09/2021
Best friend alert 🧡
28/07/2021
Don’t let your mind play tricks on you 🤚
Mind over matter, yes, but your mind alone won’t get you the results you’re looking for. Take that first lunge, that first squat, that first push up, that first- everything-you’ll-come-to-love. I promise your comfort zone will expand and with those firsts, you’ll find discipline, passion and a better you 💪
14/07/2021
Remember, you are your own motivation so own it ✨
Helloo 👋 Hope you’re all having a lovely Sunday evening!
Tiktok ကိုတစ်ခါလားဘဲလုပ်ဖူးသေးတယ်။ အိမ်ကညီမလေးက Tiktok ကိုရှယ်သုံးတော့သူလုပ်နေကျ Touch it- Remix transition လေးကိုအပျော်လိုက်လုပ်ကြည့်တာဒီလိုလေးထွက်လာတယ် 😅 ဒါကတော့မေ့ရဲ့ gym wear version လေးပေါ့နော်။ ☺️🦾
ဘယ် outfit လေးအကြိုက်ဆုံးလဲပြောကြည့် ☺️💕
Active wears featured:
• Fit For Life Sportwear
• Calvin Klein
• Spingere
19/06/2021
Mingalarbar! မတွေ့တာလဲကြာပြီနော် 👋☺️
Posting nth too heavy today!
This is a small appreciation post of my little 5’2 height and 55kg body mass and how I put it through various athletic trainings. Follow me on ig for more snapshots of my daily trainings.
Featured below ⬇️💪
2020 Hybrid trainings Vs Animal Flow movements
31/01/2021
Are you a horse lover? I definitely am!
ကယ် Weekend ရောက်ပြီဆိုတော့မြင်းသွားစီးကြတဲ့သူတွေရှိမှာပေါ့နော်။ 🐎😉
Yangon က မြင်းချစ်လူငယ်များကို သူငယ်ချင်းတွေနဲ့အတူ Weekend Activity တစ်ခုအနေနဲ့လုပ်လို့ရတဲ့အပျော်မြင်းစီးအားကစားလေးကိုမိတ်ဆက်ပေးမယ်နော်။
မေ ကတော့ Yangon Equestrian Country Club လို့ခေါ်တဲ့ YECC မှာမြင်းစီးကျင့်ဖြစ်တယ်။ ကွင်းက ၂ ကွင်းရှိတော့ Outdoor မှာဆိုအပျော်စီး၊ Indoor မှာဆိုဆရာနဲ့လေ့ကျင့်တယ်။ မေကိုယ်တိုင်က တန်းခုန်မြင်းစီးပညာ (Show Jumping) ကိုအရမ်းမက်မောပြီးနှစ်သက်တော့ တစ်နေ့ ၂ နာရီလောက်ကွင်းမှာအချိန်ပေးဖြစ်တယ်။ တန်းခုန်တာတင်မကဘူး၊ အဲ့ဒီ တစ်နေ့တာတန်းခုန်ပြီး အမှားအယွင်းတွေရှိခဲ့ရင်လဲ ဆရာနဲ့ Recap ပြန်လုပ်ရတယ်။ Theory ကိုပြန်နွှေးတဲ့သဘောပေါ့နော် Physical ပြီးပြီဆိုတော့။
မြင်းစီးပြီဆိုတာနဲ့ မြင်းပေါ်ဇွမ်းကနဲ တက်စီးရုံတင်မကဘူး၊ မစီးခင် မြင်းရော Rider ရော Proper Riding Gear ဝတ်ဆင်ရတယ် for both safety and precaution reasons၊ အကျောလျှော့ ပေးရတယ်၊ ပြီးရင်မြင်းကို သွေးပူလမ်းလျှောက်ပေးရပါတယ်။ လူတွေအားကစားမလုပ်ခင်လိုပဲပေါ့။ ဒါတွေပြည့်စုံပြီဆိုမှ မြင်းပေါ်မှာ သူ့ကိုစကားလေးပြောပြီး Sitting Trot ဆိုတာစစီးရပါတယ်။ ဒီအဆင့်လေးတွေကိုပုံမှန်အချိန်ယူပြီးလုပ်မှသာလျှင် မြင်းလဲ Comfortable ဖြစ်ပြီး ကိုယ့်ကိုပို၍နားလည်လာမယ်။ စီးပြီးရင်ပြီးရောဆိုပြီးမလုပ်မိပါစေနဲ့။
မြင်းစီးလို့အကောင်းဆုံးအချိန်ကတော့ မနက်စောစော ၇ နာရီလောက် ၊ လူလဲရှင်း ပြိးတော့ဒီကာလမှာဆို outdoor ကွင်းဘက်မှာမြူတွေကကျလို့။ သိပ်လှပြီးကဗျာဆန်တယ်။ ညနေဆိုရင်တော့လဲ ၄/ ၅နာရီလောက်မှပေါ့။ ကွင်းမှာလာစီးလို့တွေ့ရင်ခေါ်အုံးနော်။ မေ့မြင်းမလေးနဲ့လဲနောက်တော့မိတ်ဆက်ပေးမယ်။ 🤗🐎
28/01/2021
Good Morning Yangon! Have you had your workout in yet this morning? 💪
မေ ကတော့ဒီနေ့မနက် အလုပ်မသွားခင် Push & Pull movement routine လေးတွေလုပ်လိုက်တယ်။ မနက်မနက်ဆိုအေးတော့ Warm up ကိုသေချာလေးလုပ်၊ သွေးပူပြီဆို ကိုယ့်စိတ်ကြိုက် plan ထားတဲ့ Workout exercises တွေထဲကို ဒိုင်ဗင်ပစ်ပလိုက်တယ်။ မနက်ဆိုအနည်းဆုံး မိနစ်၃၀ ၊ အများဆုံး၄၅မိနစ်တော့လုပ်ဖြစ်အောင်လုပ်ပါတယ်။ ဒါမှ တနေကုန်အလုပ်မှာလန်းပြီး ထိုင်နိုင် ထနိုင်ပြီးတော့ site ထဲမှာ ဒေါက်ဖိနပ်နဲ့ပြေးနိုင်အောင်လို့လေ။ 🤣 ဒီထက်တော့ပိုမလုပ်နိုင်ဘူးပေါ့နော် ဗိုက်ကမျက်စိနှစ်လုံးစပွင့်တာနဲ့စာနေပြီဆိုတော့လေ။ 🤗🥓 🍳