Triathlon Myanmar

Triathlon Myanmar A group of athletes from Myanmar who participate and organize events including triathlon.

18/11/2026

19/ 26 Nov 2026
တောင်ဥက္ကလာပ
ပဒေသာကွင်း Training
နားပါမည်။

🎉 New Year's Eve Run 2026 🏃‍♂️🏃‍♀️2026 ခုနှစ်ရဲ့ နောက်ဆုံးနေ့လေးကို ကန်တော်ကြီးပတ်လမ်းမှာ အတူတူ ပြေးရင်း နှစ်​ဟောင်းကိုန...
15/11/2026

🎉 New Year's Eve Run 2026 🏃‍♂️🏃‍♀️
2026 ခုနှစ်ရဲ့ နောက်ဆုံးနေ့လေးကို ကန်တော်ကြီးပတ်လမ်းမှာ အတူတူ ပြေးရင်း နှစ်​ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကို ကြိုဆိုကြပါစို့!

📅 နေ့ရက်: 31 Dec 2026
📍 နေရာ: ကန်တော်ကြီးပတ်လမ်း (၂ ပတ်)
⏰ တာထွက်ချိန် : နံနက် ၅နာရီခွဲ

New Year's Eve Run 2026 မှာ ကန်တော်ကြီး ၂ ပတ် ပြေးသူများထဲမှ Male / Female Top 1 to 5 ကို အမှတ်တရဆုများ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဆုရရှိဖို့အတွက် အောက်ပါ စည်းကမ်းချက်လေးတွေကို သေချာလေး ဖတ်ရှုပေးကြပါဦးနော် 👇
✅ ကိုယ်တိုင် Register လုပ်ထားရန် လိုအပ်ပါသည်
မိမိကိုယ်ကိုယ် ဆုရနိုင်မည်ဟု ယုံကြည်ပါက မိမိနာမည်အရင်းဖြင့် ကိုယ်တိုင် Register လုပ်ထားဖို့ လိုအပ်ပါတယ်။
တခြားသူရဲ့ Register နာမည် (Bib) နဲ့ ဝင်ရောက်ပြေးသူများကိုတော့ ဆုရှင်အဖြစ် လုံးဝ သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။

🏅 ဆုချီးမြှင့်ခြင်းဆိုင်ရာ အထူးအစီအစဉ်
ပြီးခဲ့တဲ့ Oct 2026 က ကျင်းပခဲ့တဲ့ Physiotherapy Day Run (ကန်တော်ကြီး ပတ်လမ်း ပြေးပွဲ) မှာ ဆုရရှိခဲ့သူများအနေနဲ့ ဒီတစ်ခေါက်မှာလည်း ထပ်မံပြီး ထိပ်ဆုံး ၅ ဦးစာရင်းဝင်ခဲ့မယ်ဆိုရင် ဆု မရရှိဘဲ အမှတ်တရ လက်ဆောင်များသာ ရရှိမည် ဖြစ်ပါသည်။

အရင်ပွဲမှာ ဆုမရရှိသေးတဲ့ အပြေးသမားများကို ဦးစားပေး အခွင့်အရေးပေးလိုတဲ့အတွက် နောက်ထပ်အပြေးသမားများကိုသာ Top 1 to 5 ဆုများ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အမှတ်တရဆုလေးတွေ ပိုင်ဆိုင်ရင်း ဖြတ်သန်းနိုင်ဖို့ အခုပဲ Register လုပ်ထားလိုက်တော့နော်! 🔥

Hpa-an Challenge Run 2027🏵🏵🏵အပြေးချစ်သူအားလုံး မင်္ဂလာပါ။ အပြေးချစ်သူအားလုံးအတွက် သတင်းကောင်းလေး တစ်ခုကို မျှ၀ေပါရစေ။ Re...
13/11/2026

Hpa-an Challenge Run 2027

🏵🏵🏵

အပြေးချစ်သူအားလုံး မင်္ဂလာပါ။
အပြေးချစ်သူအားလုံးအတွက် သတင်းကောင်းလေး တစ်ခုကို မျှ၀ေပါရစေ။

Registration Link is here.
https://eventplus.com.mm/events/hpa-an-challenge-run-2027

မကြာခင်က မျှ၀ေခဲ့တဲ့ Triathlon Myanmar ရဲ့ Save the Date list ထဲက တစ်ခုဖြစ်တဲ့ Hpa-An Challenge Run ကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဇွဲကပင်တောင်ကြီးရယ်၊ သံလွင်မြစ်ကြီးရယ်နဲ့ ဘားအံမြို့ရဲ့ သဘာ၀ နဲ့ ယဥ်ကျေးမှု ရိုးရာ အလှအပတွေကတော့ အပြေးဝါသနာရှင်တွေအတွက် အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတော့ပါဘူးနော်။

၂၀၂၆ စက်တင်ဘာလတုန်းက Hpa-An Country Road Run မိတ်ဆက်ပွဲမှာ ပါဝင်ပြေးခဲ့ပြီးသားသူတွေအတွက်လည်း သတင်းကောင်းရှိပါတယ်။

ပွဲစီစဉ်သူတွေဖြစ်တဲ့ Zwekapin Pace Runners နဲ့ Triathlon Myanmar တို့က ဒီတစ်ခေါက်မှာ အရင်ပွဲကအတိုင်း ထပ်တူမဖြစ်စေရဘူးလို့ အာမခံထားပါတယ်။

အရင်ထက် ပိုလှတဲ့ ရှုခင်းတွေကို ခံစားရင်း ပြေးရမယ့် လမ်းကြောင်းအသစ် (Route direction အသစ်) နဲ့ အထူးသဖြင့် နံမည်ကျော် ဒုံရင်းတောင်ကြား ( ယခင်နောင်လုံတောင်ကြား ) လမ်းရဲ့ မြင်ကွင်းတွေက ရင်သပ်ရှုမောစရာ ကောင်းလွန်းလို့ မောရမှန်းတောင် မသိဘဲ ပန်းတိုင်အထိ ဆက်ပြေးချင်စိတ်တွေ တဖွားဖွား ပေါ်လာစေမှာပါ။

ဇွဲကပင်တောင်ခြေ 16km ပတ်လမ်း ပြေးပြီး တောင်ပေါ်သို့ ဆက်လက်တက်ရောက်လိုသူများအတွက် ဇွဲကပင်တောင် အတက်/အဆင်း အစီအစဉ် ကိုပါ စနစ်တကျ စီစဉ်ပေးထားပါတယ်....

ဒီပွဲမှ ပထမဆုံး စတင် ပါဝင် ယှဥ်ပြိုင်မည့်သူတွေအတွက်လည်း တစ်သက်တာ မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ရရှိမှာဖြစ်ပြီး နောက်ပွဲတွေမှာပါ ထပ်လာချင်စိတ် ဖြစ်သွားစေမှာ အသေအချာပါပဲ။

ပြိုင်ပွဲ၀င်တွေအတွက် ပြိုင်ပွဲ၀င်အင်္ကျီ နဲ့ လည်ဆွဲဆုတံဆိပ်တွေကလဲ Hpa-An Country Road Run တုန်းကထက် အရည်အသွေး ပိုမိုကောင်းမွန်သလို ပြိုင်ပွဲ၀င်တွေ အထူးနှစ်သက်ခဲ့ကြတဲ့ ပြိုင်ပွဲ၀င်အင်္ကျီလေးလို ဒေသအမှတ်တရဖြစ်ပြီးလှပတဲ့ ဒီဇိုင်းတွေနဲ့ စီစဥ်ထားပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ့် တက်ကြွလှုပ်ရှားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းအတွက် အောက်ပါ အရည်အသွေးမြင့် လက်ဆောင်များနှင့် ဝန်ဆောင်မှုများကို စီစဉ်ပေးထားပါတယ်...

🍥 Premium Quality, Light Weight Race T-shirt - ပေါ့ပါးပြီး သက်တောင့်သက်သာရှိလှတဲ့ အရည်အသွေးမြင့် ပြိုင်ပွဲဝင် တီရှပ်
🍥 Finisher Medal - ပန်းဝင်မည့်သူတိုင်း ရရှိမည့် ဂုဏ်ယူဖွယ် ဆုတံဆိပ်
🍥 Insurance Coverage - 'A Life Insurance' မှ အထူးအာမခံ အကာအကွယ်
🍥 Refreshment & Hydration - 'Royal D' မှ အားပြည့်စွမ်းပြည့် Refreshment နှင့် ရေဓာတ်ဖြည့်တင်းမှုများ
🍥 Race BIB - ပြိုင်ပွဲဝင် ကိုယ်စားပြု နံပါတ်ပြား
🍥 Emergency Medical Support - ပြိုင်ပွဲတစ်လျှောက် လိုအပ်သမျှ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ
🍥 Event Photos - အမှတ်တရ ပုံရိပ်လှလှလေးတွေကို မှတ်တမ်းတင်ပေးမယ့် ပွဲဓာတ်ပုံများ

ကဲ… ဒီတော့ ဘာတွေစောင့်နေဦးမှာလဲ?
ဘားအံမြို့ရဲ့ ပြိုင်ဘက်ကင်း သဘာဝ အလှတရား တွေ ကြားမှာ ကိုယ်တိုင်ကိုယ်ကျ သက်၀င် ခံစားနိုင်ဖို့ Hpa-An Challenge Run 2027 မှာ အခုပဲ စာရင်းပေးသွင်းလိုက်ကြရအောင်!

အချိန်အကန့်အသတ်နဲ့ Early Bird အထူးလျှော့ဈေး အစီအစဉ်လေးလည်း ရှိနေသေးတာမို့ ကိုယ့်နေရာလေး သေချာသွားအောင် အမြန်ဆုံး Register လုပ်ထားလိုက်တော့နော်! ⏳🔥

စာရင်းပေးသွင်းရမယ့် Link ကလေးကတော့ ...
https://eventplus.com.mm/events/hpa-an-challenge-run-2027

Early Bird အထူးလျှော့ဈေးက ပြိုင်ပွဲ၀င် တစ်ဦးကို ၁ သိန်းကျပ် ပေးသွင်းရမှာဖြစ်ပြီး Early Bird ကာလ (၁၃ ဒီဇင်ဘာ ၂၀၂၆) ကျော်ရင်တော့ ပုံမှန် ပွဲ၀င်ကြေး ပြိုင်ပွဲ၀င် တစ်ဦးကို ၁ သိန်း ၂ သောင်း ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။

Group Registration နှင့် ပတ်သက်ပြီး အထူးအစီအစဥ်ကိုလည်း ဆက်လက် ကြော်ငြာပေးမှာ ဖြစ်ပါသည်။

ဒီပွဲမှာ sponsor အနေနဲ့ဖြစ်စေ partner အနေနဲ့ဖြစ်စေ ပါ၀င်ရန် စိတ်၀င်စားသူများ ဖုန်းနံပတ် 09 513 5324 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒီပွဲမှာ official travel partner အနေနဲ့ Croton Travel က ပါ၀င်မှာ ဖြစ်ပြီး Croton Travel မှာ Hotel နဲ့ Car Transfer ပါပြီးသား ခရီးသွား Package လေးရှိနေပါပြီ‌။

ကားခုံနေရာနဲ့ ဟိုတယ်အခန်း အကန့်အသတ်လေးရှိတာမို့ Croton Travel နဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး Booking တင်ထားလိုက်တော့နော်..
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်
Ko Sai – 09 941 068 666
Ko Ye Htut – 09 254 200 033

ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပူးတွဲပါ ပုံကားချပ်စာမျက်နှာတွေမှာကြည့်ရှုနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။



Get ready! The second edition of the Hpa-An Challenge Run is happening on Sunday, 24 January 2027. If you love running, you already know how amazing Hpa-An is, with iconic spots like Mount Zwegabin and the Salween River right there.

Ran with us in 2026? Good news—the team at Zwekapin Pace Runners and Triathlon Myanmar is shaking things up! This isn't just a repeat of last year. We're flipping the route direction to bring you even more jaw-dropping views that will take your breath away (while keeping you inspired to go the distance). And if this is your first time joining us, get ready for an unforgettable experience that will have you coming back for more.
So what are you waiting for? Sign up for the Hpa-An Challenge Run 2027 and come see for yourself why Hpa-An is such an incredible place to run.

Grab your spot now while our limited-time early bird discount is still up for grabs!

Registration Link is here.
https://eventplus.com.mm/events/hpa-an-challenge-run-2027

New Year's Eve Run 2026🤝 Official Sponsor Announcement: Ally Auto Services 🚗💨Register linkhttps://eventhostactiverunner-...
12/11/2026

New Year's Eve Run 2026

🤝 Official Sponsor Announcement: Ally Auto Services 🚗💨

Register link

https://eventhostactiverunner-web.github.io/newyear-eve-run-yangon-2026/index.html

၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံး နေ့ရက်လေးကို အမှတ်တရဖြစ်စေမယ့် New Year's Eve Run 2026 အပြေးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် Ally Auto Services မှ အထူးကူညီ ပံ့ပိုးပေးထားပါတယ်။
ပြိုင်ပွဲဝင် Runners များအတွက် အမှတ်တရဖြစ်စေမယ့် ဘယ်လို အထူးအစီအစဉ်ကောင်းတွေ၊ အခွင့်အရေးတွေ ပါဝင်လာမလဲဆိုတာကိုတော့ မကြာခင်မှာ အသေးစိတ် ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။
ပြေးရင်းလွှားရင်း နှစ်သစ်ကို ကြိုဆိုကြမယ့် Runners တို့ရေ... ဘာတွေဖြစ်မလဲဆိုတာ အတူတူ စောင့်မျှော်လိုက်ရအောင်! 👇✨

🏃‍♂️🎉 New Year Eve Fun Run 2026 ရဲ့ Special Lucky Draw အစီအစဉ် နောက်တစ်ခုလာပြီနော်! 🎁Register linkhttps://eventhostactiv...
11/11/2026

🏃‍♂️🎉 New Year Eve Fun Run 2026 ရဲ့ Special Lucky Draw အစီအစဉ် နောက်တစ်ခုလာပြီနော်! 🎁

Register link

https://eventhostactiverunner-web.github.io/newyear-eve-run-yangon-2026/index.html

ဒါကတော့ Gear 4 Sports မှာ ၃သိန်း ဖိုး ဝယ်ယူခွင့် Gift Card Lucky Draw ၂စောင်ပဲ ဖြစ်ပါတယ်။
( ငွေသား မဟုတ်ပါ)

ဒီဆုကြီးကို ပိုင်ဆိုင်ဖို့အတွက် လွယ်ကူတဲ့ စည်းကမ်းချက် (၂) ခုကိုပဲ လိုက်နာရမှာပါ။ 👇

📌 စည်းကမ်းချက် (၁)



ဒီ Campaign Hashtag (၂) ခုကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင် Facebook Account မှာ Triathlon Myanmar FB Page ကို Follow လုပ်ထားပြီး lucky draw Post ကို Public နဲ့ Post တင်၍ ယခု post မှာ screen shot မန့်ပေးရပါမည်။

📌 စည်းကမ်းချက် (၂)
Register လုပ်ထားရမည်ဖြစ်ပြီး Finisher ဖြစ်ရပါမည်။

ယခင် မန့်ထားသူများ စာရင်း ဖော်ပြပေးလိုက်ပါတယ်...
1 Thawphyo
2 Nandar Aung
3 Aung Tun Lin
4 Aung Ko
5 Saung Hnin
6 Win Thaung
7 Khine Wai Mon
8 Nang Ei Ei Soe
9 Ko Paw Gyi
10 Scarlett Po
11 Wai Phyoe
12 Phone Htet
13 Śhwe Ýi
14 Zwe Htet Kyaw
15 Phyu Phyu Thaw
16 Thinzar Wan Xiang Xiang
17 Thi Nyein
18 Ko Htoo
19 Khin San Yi
20 Merilyn Saw
21 Shwe La Young
22 Myth
23 Su ThetMon Thein
24 Kitty Su
25 Mc Yan Yan
26 U Oo Phyo
27 Ngu War Thein
28 Hnin Yu Zaw
29 Kyaw Naing Htun
30 Myint Zu
31 Kyaw Naing Moe
32 Paing Phyo
33 Su Eaindray
34 Thet Wai
35 No Ra
36 Yephyo YP
37 Eaint Chit
38 Hein Htet Aung
39 Grace
40 Nwe Ni Win
41 Aung Kyaw Min
42 Kaung Kaung
43 Jack Wilshere
44 Aung Thu Win
45 Nilar Nyein Chan
46 Kitsa Nar
47 Jolly
48 Nandar Nyinyi
49 Thet Myint Mo Soe
50 Chaw Su Win
51 Andrew Garfield
52 Ye Htet Zaw
53 Myo Win Tony
54 Phyu Phyu Thaw
55 Shwin Lan Aung
56 Chit Lay Phyu
57 Soe Sandy Thaw
58 Khin Myint Kyu
59 Ye Htet Zaw
60 Ko Nyan
61 Pyae Phyo Oo
62 Soe Moe Kyaw
63 Lin Htet Aung
64 Sai Thu San

🏃‍♂️💧 New Year's Eve Fun Run 2026 ရဲ့ Official Hydration Partner အဖြစ် Hikari Ion Supply Drink မှ ပါဝင်အားဖြည့်ပေးထားပါတ...
10/11/2026

🏃‍♂️💧 New Year's Eve Fun Run 2026 ရဲ့ Official Hydration Partner အဖြစ် Hikari Ion Supply Drink မှ ပါဝင်အားဖြည့်ပေးထားပါတယ်! 💧🏃‍♀️

နှစ်သစ်ကူး နံနက်ခင်းမှာ စွမ်းအင်အပြည့်နဲ့ ပျော်ပျော်ပါးပါး ပြေးလွှားကြမယ့် Runner တိုင်းအတွက် ပြေးလွှားနေစဉ် စိမ့်ထွက်သွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ဖို့ Hikari Ion Supply Drink - ひかり က Hydration Partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ်။

ပြေးလမ်းတစ်လျှောက်မှာလည်း ရေဓာတ်မပြတ်ဘဲ ပေါ့ပါးသွက်လက်စွာ ပြေးနိုင်ဖို့အတွက် Water Station များကို ခပ်စိပ်စိပ် စီစဉ်ပေးထားမှာဖြစ်လို့ အမောပြေ စိတ်အေးချမ်းစွာ ယှဉ်ပြိုင်နိုင်တော့မှာပါနော်။ 🧊🥤

နှစ်သစ်ကို ကျန်းမာသန်စွမ်းပြီး အင်အားပြည့်ဝတဲ့ ခြေလှမ်းတွေနဲ့ အတူတူ စတင်လိုက်ရအောင်… စာရင်းမသွင်းရသေးတဲ့ Runner လေးတွေလည်း အမြန်ဆုံး Register လုပ်ထားလိုက်တော့နော်! 🏃‍♂️💨
🔗 Registration Link:
https://eventhostactiverunner-web.github.io/newyear-eve-run-yangon-2026/index.html



🏃‍♂️ Bagan Run T-shirt လေးဟာ အားလုံးရဲ့  အားပေးမှုကြောင့်  အရောင်းသွက်ပြီး ခုဆိုရင် လက်ကျန် အနည်းငယ်ပဲ ကျန်ပါတော့တယ်။📌 မ...
07/11/2026

🏃‍♂️ Bagan Run T-shirt လေးဟာ အားလုံးရဲ့ အားပေးမှုကြောင့် အရောင်းသွက်ပြီး ခုဆိုရင် လက်ကျန် အနည်းငယ်ပဲ ကျန်ပါတော့တယ်။
📌 မှာယူရန် - ဦးလှမိုး ၀၉၅၁၃၅၃၂၄

New Year Eve Run 2026 အတွက် Runners တို့ ဝတ်ဆင်ကြရမည့် "No U Turn" အပြာရောင် T-shirt လေး ရောက်ရှိလို့ လာပါပြီ! 💙🏃‍♂️🏃‍♀️...
05/11/2026

New Year Eve Run 2026 အတွက် Runners တို့ ဝတ်ဆင်ကြရမည့် "No U Turn" အပြာရောင် T-shirt လေး ရောက်ရှိလို့ လာပါပြီ! 💙🏃‍♂️🏃‍♀️
အလှည့်အပြောင်းမရှိ၊ နောက် ပြန်လှည့်မည့် စိတ်ဓာတ်မရှိဘဲ ရှေ့သို့သာ ဆက်လက်ပြေးလွှားမည့် Runners တိုင်းရဲ့ စိတ်ဓာတ်ကို ထိထိမိမိ ဖော်ကျူးထားတဲ့ No U Turn ဒီဇိုင်းဆန်းဆန်းလေးပါ။💙

Registeration link
https://eventhostactiverunner-web.github.io/newyear-eve-run-yangon-2026/index.html

🗓️ 31 Dec 2026 မနက်ခင်းရဲ့
New Year Eve Fun Run မှာ ဒီ No U Turn အပြာရောင် အင်္ကျီလေးတွေ ညီညီညာညာ ဝတ်ဆင်ပြီး နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို တက်ကြွစွာ ကြိုဆိုလိုက်ရအောင်။
လိုင်းပေါ်မှာလည်း အလှပုံလေးတွေ ရိုက်ပြီး ရင်ခုန်စွာနဲ့ ဆုံတွေ့ကြစို့နော်! 🔥✨

🏃‍♂️🎉 New Year Eve Fun Run 2026 ရဲ့ Special Lucky Draw အစီအစဉ်ကြီးလာပြီနော်! 🎁⌚️Register linkhttps://eventhostactiverunn...
04/11/2026

🏃‍♂️🎉 New Year Eve Fun Run 2026 ရဲ့ Special Lucky Draw အစီအစဉ်ကြီးလာပြီနော်! 🎁⌚️

Register link

https://eventhostactiverunner-web.github.io/newyear-eve-run-yangon-2026/index.html

ဒီနှစ် New Year Eve Fun Run မှာ ပြေးရင်းနဲ့ အားကစားသမားတိုင်း အကြိုက်တွေ့စေမယ့် Garmin Forerunner 170 (Music) လက်ပတ်နာရီ အလန်းစားကြီး ၂ လုံးကို ကံစမ်းနိုင်မယ့် အခွင့်အရေးကြီး ရှိနေပါပြီဗျို့။ 🤩✨

ဒီဆုကြီးကို ပိုင်ဆိုင်ဖို့အတွက် လွယ်ကူတဲ့ စည်းကမ်းချက် (၂) ခုကိုပဲ လိုက်နာရမှာပါ။ 👇

📌 စည်းကမ်းချက် (၁)



ဒီ Campaign Hashtag (၂) ခုကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင် Facebook Account မှာ Triathlon Myanmar FB Page ကို Follow လုပ်ထားပြီး lucky draw Post ကို Public နဲ့ Post တင်၍ ယခု post မှာ screen shot မန့်ပေးရပါမည်။

📌 စည်းကမ်းချက် (၂)
ပွဲနေ့ Lucky Draw မဲနှိုက်မယ့်အချိန်မှာ ပွဲအခမ်းအနားအတွင်း ကိုယ်တိုင် ရှိနေရပါမယ်။

ကဲ... Fun Run လည်းပြေးမယ်၊ နှစ်သစ်လက်ဆောင်အဖြစ် Garmin 170 (Music) ကြီးလည်း ကံစမ်းမယ်ဆိုတော့ အခုပဲ ကိုယ့်ရဲ့ ပြိုင်ပွဲဝင်နံပါတ်လေးနဲ့အတူ Post တင်ပြီး ကံစမ်းလိုက်ကြရအောင်နော်။ 🥳🙌


Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Triathlon Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category