Hyacinth, Food & Drink Class

Hyacinth, Food & Drink Class

Share

training

Photos from Hyacinth, Food & Drink Class's post 31/12/2021

အိမ်စာ​လေး​တွေပြကြ အလုပ်​လေး​တွေဖြစ်ပြီဆို​တော့ ​ပျော်ရပြီ​ပေါ့ ဒီတီချယ်

26/12/2021

ကီတိုသမားတွေအတွက်ရော
ရိုးရိုး low carb သမားတွေအတွက် ပါ
စားလို့အဆင်ပြေတဲ့
ချဥ်ချဥ်စပ်စပ် ရှူးရှဲ
ကြက်ခြေထောက် ဝဥ ရခိုင်သုပ်လေး 😋

ကြက်ခြေထောက်ကို အရိုးနွှင်ထား
ကြက်သွန်ဖြူနဲ့ငရုပ်သီးကို မွှေးနေအောင် လှော်ထား
ဝဥကြာဇံ လေး ပြုတ်ပြီ ရေစစ်ထား

ကြက်ခြေထောက်ကို ကြာဇံထည့်
လှော်ထားတဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးထောင်းထည့်
ရသာဂျွမ်းပြန် ငပိငရုတ်သီးအနှစ် လေးထည့်
Pink salt /dashi / fish sauce လေး နဲနဲထည့်
သံပုရာရည်ထည့် ဂေါ်ဖီ ပါးပါးလှီးထည့်
ရှောက်ရွက်ရှိရင်ထည့်သုပ်
နံနံပင်လေးကြိုက်ရင်ထည့်

ကီတိုသမားတွေ ဝိတ်တန့်မှာစိုးရင်လေ
ဝဥနေရာမှာ အပ်မှို လေးနဲ့ သုပ်နော်

ပါဝင်ပစ္စည်း တွေထဲက
ဝဥကြာဇံ / ရသာဂျွမ်းပြန် ငပိငရုတ်သီးအနှစ် /
pink salt /dashi /fish sauce. အားလုံး

MMKetoOneStorkMart မှာ ရပါတယ်နော်

အားလုံးကျန်းမာလှပကြပါစေရှင့်

Credit

Photos from Hyacinth, Food & Drink Class's post 26/12/2021

စားချက်အဖွဲ့ကြီးမှာခေတ်စားနေတဲ့ ခရမ်းသီးချက်နည်းလေးပါဗျ ပြန်လည်ဝေမျှပါရစေ 😀
(🍆ခရမ်းသီး🐖၀က်သားချက်🍅🌶ပုံစံတစ်မျိုးလေးနဲ့ချက်ထားပါတယ်ရှင်။
ချက်နည်းလေးပါတင်ပေးထားပါတယ်ရှင်..
စားလို့လည်းအရမ်းမိုက်နေရော😋
ခရမ်းသီးကြီးချက်ရင် စားရတာရိုးနေပြီ။
အသားချက်ကြီးလဲစားရတာမအီအောင်လို့ အသားကိုအစာသွတ်ချက်လေးပေါ့😋)

Credit
(​လေးစားစွာ credit ​ပေးပါတယ်ရှင် 💙)

26/12/2021

သရက်သီးအမျှင်ခြစ်သုပ်
••••••••••••••••••••••••

သရက်သီးစိမ်းကြီးကြီး............၂လုံး
ပုစွန်ခြောက်မှုန့်......................၂ဇွန်း
မျှင်ငါးပိ................................အနည်းငယ်
ကြက်သွန်ဖြူ၊နီဆီချက်.............၁ဇွန်း
မြေပဲထောင်း..........................၂ဇွန်း
ပဲကျက်မှုန့်.............................အနည်းငယ်
ငရုတ်လှော်မှုန့်.. .....................အနည်းငယ်
ငရုတ်သီးစိမ်း.. ......................၃တောင့်
ကြက်သွန်နီ...........................၂လုံး

သရက်သီးကိုအခွံခွာပြီးအမျှင်ခြစ်ပါ။အမျှင်ခြစ်ပြီးတာနဲ့ဆားပါတဲ့ရေထဲမှာ(၅)မိနစ်ခန့်စိမ်ထားပါ။

ငါးပိကိုမီးအနည်ငယ်ကင်ပေးပြီးချေမွှထားပါ။

ပုစွန်ခြောက်၊မြေပဲတို့ကိုသီးသန့်စီညှက်အောင်ထောင်းပါ။

ကြက်သွန်နီ၊ဖြူ ကို နီဝါ လေးရအောင်ဆီသတ်ထားပါ။

ကြက်သွန်နီကိုပါးပါးလှီး၊ရေဆေး၊စစ်ထားပါ။ငရုတ်သီးစိမ်းကိုလဲပါးပါးလှီးပါ။

ပါဝင်ပစ္စည်းများ အရံသင့်ဖြစ်ပြီဆိုရင်တော့ဆားရည်စိမ်ထားတဲ့သရက်သီးတွေကိုရေပြောင်စင်အောင်ဆေးပြီးရေညှစ်ထုတ်ပါ။

ဇလုံတစ်ခုထဲမှာစုပေါင်းထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊သကြားလေးအနည်းငယ်ဖြည့်စွက်ကာသမသွားအောင်ခပ်ဖွဖွနယ်ပေးပါ။

26/12/2021

ဝက်သားသုပ်...ပုံမန်ဝက်သားသုပ်ပါ ပဲ ..ပါဝင်ပစ္စည်း တွေကသခွားသီး မုန်လာဥနီ.နံနံပင် ဝက်သားပြုတ်ပီးသားတို့ပါပဲ..သခွားသီးအလုံးကြီးကိုရေပြောင်ဆေးပြီးအခွံမခွာပဲ ပုံဖော်ဓားနဲ့ပါးပါးအပြားကြီးတွေရအောင်လှီးထား ဝက်သားပါးပါးလှီးထား..မုန်လာဥ နီပါးပါးအချောင်းလေးတွေလှီးထား နံနံပင် လေးတွေအသေးလေးတွေဖြတ်ထား..အားလုံးပြီးရင် သခွားသီးပေါ် တမျိုးကို နည်းနည်းစီထည့်ပီးသခွားသီးကိုဖြေးဖြေးချင်းလိပ်သွားပြီးသွားကြားထိုးတံနဲထိုးပီးစိုက်ထားလိုက်ပါ တွဲစားဖို့အချဉ်ရည်ကတော့အပေါ်ကဝက်ခေါက်သုပ်စပ်တဲ့အချဉ်ရည်နဲ့တူတူပါပဲ..သခွားသီးဝက်သားလိပ်တစ်ခုချင်းစီယူပီး
အချဉ်ရည်ထဲနှစ်ပီးစားလိုက်ရုံပါပဲ ..ကြွပ်ကြွပ်နဲ့အရမ်းစားကောင်းပါတယ်...

26/12/2021

ဆေးဘဲဥ. /ဖီတန်သုပ်
••••••••••••••••••​
ဆေးဘဲဥ တွေကိုအခွံနွှာပြီးလေးစိတ်စိတ်ထား

ဆော့စ်စပ်ရန်အတွက်
••••••••••••••••
ကြက်သွန်ဖြူ
ပဲငံပြာရည် အကျဲ
ငရုတ်သီးစိမ်း
သကြား/ဆား
အရသာမူန့််
သံပုရာရည်
နံနံပင်
နှမ်းလှော်.တို့ကို ရောစပ်ပြီးဖျော်ပါ..

26/12/2021

အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်
အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

ကညွတ် (asparagus) – ၇ ချောင်း
သံလွင်ဆီ (olive oil) – အနည်းငယ်
အခွံမပါသော ဂုံး (mussel) – 1/2 kg
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ (red onion) – 1/2 cup (125 ml) ခန့်
ပါးပါး၊ ရှည်ရှည်အချောင်းလေးများလှီးကာ ရေဆေးထားသော မုန်လာဥနီ – 1/2 cup (125 ml) ခန့်
ပါးပါးလှီးထားသော ပူစီနံ – လက်တစ်ဆုပ်ခန့်
၂ ပိုင်းဖြတ်ကာ အကွင်းလိုက်ပါးပါးလှီးထားသော သံပရိုသီး – တစ်လုံး၏ ၄ ပုံ ၁ ပုံခန့်
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီး အကြမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မာသည့်အောက်ဖက်ပိုင်းအား ချိုးပစ်ပြီးနောက် သံလွင်ဆီဖြင့်သုတ်ထားသော ကညွတ်များကို grill pan ထဲထည့်ကာ high heat ဖြင့် ၇ မိနစ်ခန့် အိုးပူတိုက် (grill) ပေးပါ။(ကညွတ်များ အရမ်းမတူး၊ အရမ်းမကျက်သွားစေရန် မကြာခဏ ဇွန်းဖြင့် ဟိုဖက်၊ ဒီဖက် လှိမ့်ပေးပါ။)

ပြီးလျှင် ၂ လက်မအရှည်ခန့် လှီးကာ အအေးခံထားပါ။
ဂုံးများအား ရေဆူဆူထဲ ၁ မိနစ်ခွဲခန့် ထည့်ပြုတ်ပြီး ဆယ်ထုတ်ကာ အပူရှိန်ကြောင့် အကျက်လွန်ပြီး ကျုံ့မသွားစေရန် ရေအေး (ရေခဲရေမဟုတ်)ထဲ ၁ မိနစ်ခန့် စိမ်ပြီး ဇကာဖြင့် ရေပြန်စစ်ထားပါ။
ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ခပ်ဖွဖွနယ်သုပ်လိုက်လျှင် အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်လေး အရသာရှိလှစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Credit :

26/12/2021

စပ်စပ် ကြွပ်မွှေး ခရမ်းကြွပ်သီးသုပ်လေး (ထိုင်းစတိုင်)
စပ်စပ် ကြွပ်မွှေး ခရမ်းကြွပ်သီးသုပ်လေး အတွက် လိုအပ်တာလေးတွေ…

ကြက်သွန်နီ အရွယ်လတ် – ၁ လုံး
ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ဂျင်း (သို့) ပဒဲကော – ၁ လက်မခန့်
အခွံမာများ ခွါထုတ်ပြီးနောက် ပါးပါးလှီးထားသော စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ငရုတ်သီးစိမ်း (သို့) ငရုတ်သီးအခြောက်တောင့် – စားနိူင်သလောက်
စိမ်းစားငပိ – ထမင်းစားဇွန်း တစ်ဝက်ခန့်
ငပိရည်ကျို အနှစ် – ထမင်းစားဇွန်း တစ်ဝက်ခန့်
ဆီ – ထမင်းစားဇွန်း ၂ ဇွန်းခန့်
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ဝက်ကြိတ်သား (pork mince) – 150 g
ခပ်ကြမ်းကြမ်း လှီးထားသော နံနံပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ခပ်ကြမ်းကြမ်း လှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၅ ဇွန်းခန့်
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ခရမ်းကြွပ်သီး – ၅ လုံး (ပါးပါးလှီးပြီးနောက် မဲမသွားစေရန် ဆား- လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် ထည့်ဖျော်ထားသော ရေထဲစိမ်ထားပါ။)

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ စိမ်းစားငပိ နှင့် ငပိရည်ကျို အနှစ် တို့ကို ရောပြီး ညက်သွားအောင် ကြိတ်(သို့) ထောင်းကာ ဟင်းအနှစ်လုပ်ထားပါ။
ဒယ်အိုးထဲမှ ဆီပူလျှင် ထောင်းထားသော ဟင်းအနှစ်ကို ထည့်၍ အတော်လေးခြောက်ကာ မွှေးလာအောင် ကြော်ပေးပါ။
မွှေးလာလျှင် ငါးငံပြာရည် နှင့် ဝက်ကြိတ်သား ထည့်ပြီး အသားကျက်အောင် ဖိချေမွှေကြော်ပြီးနောက် အအေးခံထားပါ။

ပြီးလျှင် နံနံပင်၊ ကြက်သွန်ပင်၊ ကြက်သွန်နီ၊သံပုရာရည် နှင့် ခရမ်းကြွပ်သီးတို့ ထည့်ကာ ခပ်ဖွဖွရောနယ်သုပ်ပေးပါ။

စပ်စပ် ကြွပ်မွှေး ခရမ်းကြွပ်သီးသုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ….

Credit:

26/12/2021

ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ်

sauce အတွက် လိုအပ်တာလေးတွေ …

ငရုတ်သီးစိမ်း – ၁၅ တောင့်ခန့်
၃ ပိုင်းပြတ်လှီးထားသော ကြက်သွန်ဖြူ အမွှာကြီး – ၂ မွှာ
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်သီး အလှော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကျက်အောင် ဖုတ် (သို့) microwave ထဲထည့် ထားသော စိမ်းစားငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို ပိုမိုမွှေးစေရန် အနည်းငယ်တူးအောင် လှော်ပေးထားပါ။

ပြီးလျှင် ပိုမိုမွှေးစေရန် ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို မထောင်းပဲ လက်ဖြင့် ဖိချေပြီး (လက်အိတ်အသုံးပြုရန် အဆင်မပြေပါက ကြွတ်ကြွတ်အိတ်စွပ်ပြီး ဖိချေပေးနိူင်ပါတယ်။) ကျန်သည့်ပါဝင်ပစ္စည်းများ ထည့်ကာ နှံ့သွားအောင် ရောနှောလိုက်လျှင် လိုအပ်သော sauce ကိုရပါပြီ။

ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ …

ပါးပါးလှီးထားသော ငါးဖယ်ဆုပ်ကြော် – 1 1/2 cups (375 ml) ခန့်
ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ – 1 1/4 cups (310 ml)ခန့်
ပါးပါးလှီးထားသော ခရမ်းချဉ်သီးအစိမ်း – 1 1/4 cups (310 ml)ခန့်
ပါးပါးလှီးထားသော ခရမ်းချဉ်သီးအနီ- 1 1/4 cups (310 ml)ခန့်
sauce
မွအောင် ထောင်း (သို့) ကြိတ်ထားသော ပုစွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
ပင်စိမ်းရွက် – 1/3 cup (80 ml)ခန့်

အသုပ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးရောကာ ဖွဖွနယ်သုပ်လိုက်ပြီးနောက် အရသာရှိလှသော ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit

26/12/2021

ဝက်ခေါက်သုပ်.....ဝက်ခေါက်တွေကိုအမွေးတွေသေချာသန့်စင်ပြီးပြုတ်ပါ..အရမ်းနူးပြဲသွားအောင်မပြုတ်ရ..အခေါက်အိရင်အိုးထဲကဆယ်ပြီးရေအေးဖြင့်ပြန်ဆေးချပီးရေစစ်ထား..ရေစ်ရင်မိမိလိုသလိုလှီးပါ.ခုတော့ပါးပါးလှီးထားပါတယ်..ဝက်ခေါက်သုပ်ဖို့ သခွားသီးကြက်သွန်နီခရမ်းချဉ်သီး နံနံပင်များကိုအဆင်သင့်ပါးပါးလှီးထားပါ.. ပြီးရင်အဓိကကျတဲ့အချဉ်ရည်ကိုစပ်ပါ့မယ်....ကြက်သွန်ဖြူငရုတ်သီးစိမ်းထောင်းပါညှက်ရင် သံပုရာသီးညစ်ထည့် ပဲငံပြာရည်အကျဲတဇွန်း သကြား ဆား နှမ်းလှော်ရေအနည်းငယ်ထည့်ပီးသမအောင်ဖျော်ပေးထားပါ..အားလုံးပီးရင် ပါဝင်ပစ္စည်း တွေအားလုံးသမအောင်ရောနယ်ပီးသုပ်ပေးရင်ရပါပီ....

Photos from Hyacinth, Food & Drink Class's post 26/12/2021

ငါးကင်လုပ်နည်း..
🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠
စားချင်တဲ့အချိန် ကင်စားလို့ရအောင် ကင်နည်းလေး
Like Share ထားလို့ရပါတယ်နော်
💖💖💖💖💖💖💖💖
ငါးကချင်ကင်ချဉ်ချဉ်စပ်စပ်လေးလုပ်စားကြရအောင်နော် ..လိုအပ်တဲ့ပစ္စည်းများ
၁) ဖက်ဖယ်ရွက်
၂)ရှမ်းနံနံ
၃)ပင်စိမ်း
၄)မကျည်းမှည့်
၅)ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်း
ပထမဦးဆုံးမကျည်းမှည့်ကိုကျိုပြီးအအေးခံထားပါ ငါးကိုဆေးကြောသန့်စင်ထားပြီးနောက် ညီဇော်မနံအောင်ကျိုထားတဲ့မကျည်းရည်နဲ့နှံ့စပ်အောင်နယ်ပြီး မိနစ် ၃၀လောက်နှပ်ထားပါ.. ပြီးရင်အညီအနှံ့တွေအားလုံးပျောက်သွားအောင်ငါးကိုသန့်စင်အောင်ပြန်ဆေးပြီး ရေစစ်ထားပါ..ငါးရေစစ်ထားတာတွေရပြီဆိုရင်အပေါ်မှာပြထားပေးတဲ့အရွက်တွေကိုနုတ်နုတ်စင်း ,ငရုပ်သီးနဲ့ကြက်သွန်ဖြူကိုညက်ညက်လေးထောင်းပြီးဆား,မကျည်းမှည့်ရည်(အချိုမှုန့်ကြိုက်ရင်ထည့်စား)အရောင်လှအောင်အရောင်တင်,ဆနွှန်းနည်းနည်းလေးဆီထည့် အစာပလာတွေအားလုံးကိုရေစစ်ထားတဲ့ငါးပေါ်ထည့်ပြီးနှံ့စပ်အောင်တကောင်ချင်းဆီနယ် ,အရသာတွေငါးထဲဝင်အောင် နာရီဝက်လောက်နှပ်ထား 😋😋ကဲအရသာရှိတဲ့ငါးကချင်ကင် ချဉ်ချဉ်စပ်စပ်လေး ကင်စားလို့ရပါပြီရှင်😋😋😚ငါးကင်နဲ့တွဲစားဖို့အချဉ်ရည်လုပ်ကြမယ် ..ငရုပ်သီးစိမ်း, ကြက်သွန်ဖြူ, ဂျင်း,ဆား (အချိုမှုန့်ကြိုက်ရင်ထည့်)အချိုအတွက်ထန်းလျက်ခဲထည့်ညက်ညက်လေးထောင်းပြီးမကျည်းရည်နဲ့ရောစပ်လိုက်တော့ ငါးကင်နဲ့တွဲစားမဲ့အရသာရှိတဲ့😋😋😊😊ထိမိဂွိအချဉ်ရည်လေးရပါပြီရှင်..ကဲ…ချစ်တို့ရေလုပ်စားကြမယ်နော်
#မူရင်းရေးသားသူများကိုလေးစားစွာcreditပေးပါတယ်ရှင်
page လေးကို like & follow လေး လုပ်ပေးထားပါဦးရှင်

26/12/2021

🍲 ထမင်းအစုံသုပ်ချဉ်ငံစပ်လေး သုပ်စားကြမယ်

နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲလေးဖြစ်အောင် ထမင်းသုပ်လေးသုပ်စားကြည့်နော်။

မိုးအေးအေးမှာ ထမင်းသုပ်ချဉ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ 😋

ထမင်းသုပ်တာက မခက်ပါဘူးနော်။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။

🔹🔸ပါဝင်ပစ္စည်းများ

အာလူး
ပဲသီး
ပဲပင်ပေါက်
ဆီနီ၊ ဆီဝါ
ကြက်သွန်နီဆီချက်
ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
ပဲမှုန့်
ပုစွန်ခြောက်မှုန့်
နံနံပင်
မန်ကျည်းမှည့်ချဉ်
ကြက်သားမှုန့်
ပုစွန်ငံပြာရည်
ငရုတ်သီးအကျက်မှုန့်

🍒အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်း
မှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။

🍒ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။

🍒မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။

🍒ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။

အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့...

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။


page လေးကို like & follow လေး လုပ်ပေးထားပါဦးရှင်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon