Hello Gambler

Hello Gambler

Share

ခန့်မှန်းချက်၊ အချက်အလက်၊ သတင်း၊ ဒဏ်ရာပွဲပယ် တင်ဆက်မှုများနဲ့ Football Gamber များအတွက် Hello Gambler

31/07/2026

ရီးရဲလ်တိုက်စစ်မှူး မာစတန်တူအိုနိုဟာ ဖီအိုရင်တီးနားနဲ့ကစားမယ့် ခြေစမ်းပွဲကို လိုက်ပါခြင်း မရှိပါဘူး။

ဒါကြောင့် ၁၈ နှစ်အရွယ် အာဂျင်တီးနားဟာ ကစားသမားဟာ မက်ဒရစ်ကနေ အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့သဘောပါပဲ။

ရီးရဲလ်နည်းပြ မော်ရင်ညိုဟာ ယနေ့မှာပဲ လီဗန်တေးတိုက်စစ်မှူး အက်စ်ပီကို ခေါ်ယူထားတာပါတယ်။

ယမန်နှစ်ရာသီမှာ လာလီဂါ ၂၃ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ မာစတန်တူအိုနိုကို ဖီအိုရင်တီးနား၊ အေစီမီလန်နဲ့ နာပိုလီတို့က စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်ရဲ့ရာသီသစ် ဒုတိယခြေစမ်းပွဲကို မနက်ဖြန်ညကျရင် ဩစတြီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာပါ။

‼️ Hello Gambler နဲ့လက်တွဲကာ ဝန်ဆောင်မှုရယူနိုင်ပါတယ်ဗျ ‼️
Viber .... 09-950954253

30/07/2026

အက်ဒီဟောင်းလက်ထက် နယူးကာဆယ်အသင်းရဲ့အဓိက,ကစားသမားအချို့ ရောင်းချမှု ဖြစ်ပါတယ်။

🇸🇪 အီဆက်

🏴󠁧󠁢󠁥󠁮󠁧󠁿 ဂေါ်ဒွန်

🇮🇹 တိုနာလီ

🏴󠁧󠁢󠁥󠁮󠁧󠁿 အဲလိယော့အန်ဒါဆန်

🇬🇲 မင်တက်

🇳🇿 ခရစ္စဝုဒ်

🇫🇷 မာဇီမင်

သေချာတာက ဒီလိုလုပ်လိုက်တဲ့အတွက် ငှက်ကျားတွေရဲ့ရပ်တည်မှုက နိမ့်ပါးသွားတာပါပဲ။

‼️ Hello Gambler နဲ့လက်တွဲကာ ဝန်ဆောင်မှုရယူနိုင်ပါတယ်ဗျ ‼️
Viber .... 09-950954253

29/07/2026

မန်ယူနဲ့ နယူးကာဆယ်ဟာ အင်္ဂလန်နောက်ခံလူ လူးဝစ်ဟောရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

မန်ယူက အသက် ၂၀ အရွယ် ဘယ်နောက်ခံလူအတွက် ပေါင်သန်း ၆၀ ပေးချေဖို့ အသင့်ရှိနေပါတယ်။

စိန့်ဂျိမ်းပါ့ခ်ကလပ်ဘက်ကတော့ ဒီထက်မက ပိုရချင်နေတာပါ။

ကာရစ်ဟာ လုခ်ရှောရဲ့နေရာအတွက် ယှဉ်ပြိုင်နိုင်မယ့် လူငယ်တဦးအလိုရှိနေသလို အင်္ဂလန်ဝါရင့် ဘယ်နောက်ခံလူရဲ့နေရာကို ဆက်ခံနိုင်ဖို့အတွက်ကိုလည်း ကြိုတင်ရှာဖွေ‌နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက် လူးဝစ်ဟောဟာ ၂၀၂၄ မှာ နယူးကာဆယ်ကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄ ပွဲကစားထားသူပါ။

‼️ Hello Gambler နဲ့လက်တွဲကာ ဝန်ဆောင်မှုရယူနိုင်ပါတယ်ဗျ ‼️
Viber .... 09-950954253

28/07/2026

၂၀၁၂ နိုဝင်ဘာလက ဆော်ဒီနဲ့ ခြေစမ်းပွဲကစားဖို့ ရီယက်ဒ်ကိုလာရောက်စဉ် မက်ဆီကို ဆော်ဒီရဲတပ်ဖွဲ့က လုံခြုံရေးယူပေးနေတဲ့ပုံပါ။

ကမ္ဘာကျော်တယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အုံးအုံးကြွက်ကြွက် ကြိုဆိုနေစဉ် စိတ်ကသိကအောက် မဖြစ်ရအောင် စီမံထားတာပါ။

ဒါပေမဲ့ မက်ဆီကို အနီးကပ်မြင်ချင်ကြတဲ့ ပရိသတ်တွေကြောင့် သူ လေဆိပ်ထဲ ဝင်လာချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

ဒီတော့ ရဲတပ်ဖွဲ့က သူ့ကို အနီးကပ်လိုက်ပါစောင့်ရှောက်စဉ် tနတ်ပြောင်းဝက မေးစေ့အောက်ရောက်သွားချိန် မက်ဆီ လန့်သွားပုံက လူသိများခဲ့ပါတယ်။

အဆိုပါခြေစမ်းပွဲက ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။၂၀၁၂ နိုဝင်ဘာလက ဆော်ဒီနဲ့ ခြေစမ်းပွဲကစားဖို့ ရီယက်ဒ်ကိုလာရောက်စဉ် မက်ဆီကို ဆော်ဒီရဲတပ်ဖွဲ့က လုံခြုံရေးယူပေးနေတဲ့ပုံပါ။

ကမ္ဘာကျော်တယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အုံးအုံးကြွက်ကြွက် ကြိုဆိုနေစဉ် စိတ်ကသိကအောက် မဖြစ်ရအောင် စီမံထားတာပါ။

ဒါပေမဲ့ မက်ဆီကို အနီးကပ်မြင်ချင်ကြတဲ့ ပရိသတ်တွေကြောင့် သူ လေဆိပ်ထဲ ဝင်လာချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

ဒီတော့ ရဲတပ်ဖွဲ့က သူ့ကို အနီးကပ်လိုက်ပါစောင့်ရှောက်စဉ် tနတ်ပြောင်းဝက မေးစေ့အောက်ရောက်သွားချိန် မက်ဆီ လန့်သွားပုံက လူသိများခဲ့ပါတယ်။

အဆိုပါခြေစမ်းပွဲက ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

‼️ Hello Gambler နဲ့လက်တွဲကာ ဝန်ဆောင်မှုရယူနိုင်ပါတယ်ဗျ ‼️
Viber .... 09-950954253

27/07/2026

ကမ္ဘာ့ဖလားပြီးကတည်းက ပျောက်နေတဲ့ မက်ဆီတယောက် မနေ့က ရုတ်တရက်ပေါ်လာပါတယ်။

‌အာဂျင်တီးနား ‌အောက်တန်းလိဂ်ဖြစ်တဲ့ ပွဲစဉ်တခုကို တက်ရောက်အားပေးခဲ့တာပါ။

ကော်ဒိုဘာနဲ့ လီယိုနက်စ်ပွဲစဉ်ဖြစ်ပြီး လီယိုနက်စ်က မက်ဆီ ဝယ်ထားတဲ့အသင်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ သူ့အသင်းရဲ့အနေအထားနဲ့ တိုးတက်မှုတွေကို သိချင်တာကြောင့် သွားရောက်လေ့လာတာဆိုရင်လည်း မမှားပါဘူး။

မက်ဆီဟာ ပွဲလာကြည့်တဲ့ ပရိသတ်တွေကို လက်မှတ်ထိုးပေးတာ၊ ဓာတ်ပုံတွဲရိုက်တာတွေပါ လုပ်ပေးခဲ့ပါတယ်။

25/07/2026

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မေးစေ့ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တယ်။

ရူပကာ ကြည့်ကောင်းအောင်လို့ ငွေကုန်ခံခဲ့တာလေ။

မီဒီယာတွေက ထရိုးကြတာပေါ့။

အခုလည်း နောင် ၂၀၂၉ မှာ ဖြစ်လာမယ့် သူ့ရဲ့ရူပကာ ဆင့်ကဲပြောင်းလဲမှုကိုတောင် ကြိုတင်ခန့်မှန်းနေကြလေရဲ့။😁

25/07/2026

၂၀၂၆ ကမ္ဘာ့ဖလားမှာ လူတွေသတိထားမိခဲ့တဲ့ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာဟာ ချီလီကလပ် ကိုလိုကိုလိုနဲ့ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ကစားသမားကို မိခင်ကလပ် ချီးဗက်စ်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းပယ်ခဲ့ပါတယ်။

အကြောင်းကတော့ နောက်ထပ်အခွင့်အလမ်းတွေကို စောင့်ကြည့်ဖို့ဖြစ်ပြီး အခုတော့ ချီလီထိပ်တန်းကလပ်နဲ့ စာချုပ်တော့မှာပါ။

စာချုပ်သက်တမ်းက ၁ နှစ်ခွဲဖြစ်ပြီး ယနေ့၊ ဒါမှမဟုတ် မနက်ဖြန်မှာ မိတ်ဆက်ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

ဗိုဇင်ညာဟာ ကိုလိုကိုလိုမှာ ချီလီဝါရင့် ဗီဒယ်နဲ့ လက်တွဲရမှာဖြစ်ပါတယ်။

24/07/2026

ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ အေစီမီလန်အသင်းနဲ့ တနှစ် ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။

ရီးရဲလ်မှာ ၁၃ နှစ်ကျင်လည်ခဲ့တဲ့ မိုဒရစ်ဟာ ယမန်နှစ်က မီလန်အခြေစိုက်ကလပ်နဲ့ တနှစ်စာချုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က စာချုပ်ပြည့်သွားခဲ့တာဖြစ်ပြီး အခုတော့ ၂၀၂၇ ဇွန်လကုန်အထိရှိနေမယ့် တနှစ်စာချုပ် ထပ်မံချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် မိုဒရစ်ဟာ ယမန်နှစ်ရာသီက အေစီအတွက် ၃၇ ပွဲကစားကာ ၂ ဂိုးသွင်းယူခဲ့ပါတယ်။

23/07/2026

ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့
ဘာစီလိုနာဟာ ဒေါ့မွန်တောင်ပံကစားသမား
အဒီရီမီကို ခေါ်ယူလိုက်ပါတယ်။

၂၄ နှစ်အရွယ် ဂျာမနီလက်ရွေးစင်
ကစားသမားအတွက် ယူရို ၂၂ သန်း
ပေးချေခဲ့ရပြီး ပွဲကစားခွင့်နဲ့
အခြားခံစားခွင့်တွေအတွက်လည်း
နောက်ထပ် ယူရို ၇ သန်း ထပ်ပေးရဦးမှာပါ။

ဒါကြောင့် အဒီရီမီရဲ့ပြောင်းရွှေ့ကြေးက
ယူရို ၂၉ သန်းအထိ ရှိပါတယ်။

ဘာစီလိုနာဟာ နယူးကာဆယ်က
ဂေါ်ဒွန်ကိုလည်း ခေါ်ယူထားပါသေးတယ်။

အဒီရီမီဟာ ဘိုင်ယန်အကယ်ဒမီထွက်
ဖြစ်ပေမယ့် မြူးနစ်ကလပ်မှာ မကစားဖူးပါဘူး။

22/07/2026

"မက်အယ်လစ္စတာက ဒီဘက်နှစ်တွေအတွင်း
လီဗာပူးလ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက
တယောက်လို့ ကျွန်တော်ထင်ပါတယ်။

ကမ္ဘာ့ဖလားမှာ သူဘယ်လို စွမ်းဆောင်ခဲ့သလဲ
ဆိုတာ ကြည့်လိုက်ပါ။

ဒီလို ခြေစွမ်းပြနိုင်တဲ့သူ‌တွေကို
တခြားကလပ်တွေက ခေါ်ယူချင်တာ မဆန်းပါဘူး။

ပြိုင်ဘက်တွေက လီဗာပူးလ်ရဲ့
ကစားသမားကောင်းတွေကို ခေါ်ချင်နေကြပါတယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ ရှိပြီးသား
ကစားသမားတွေကို လက်လွှတ်ရမယ့်အစား
ကစားသမားသစ်တွေကိုပဲ ခေါ်ယူဖို့ စဉ်းစားထားပါတယ်"

🎙️ အီရာအိုလာ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon