27/09/2026
အပျော်တမ်းအဆင့်ထိ ဆင်းသွားနိုင်တဲ့ မန်စီးတီး
လက်ရှိအခြေနေအရ အသင်းအချို့က ဖိအားပေးတိုင်တန်းစွဲဆိုမှုတွေရှိနေသလို မန်စီးတီးအနေနဲ့ လျော်ကြေးတွေ တနင့်တပိုး ပေးရနိုင်တာ၊ အမှတ်တွေ ဖလားတွေ ရုပ်သိမ်းပြီး ပရိုကစားသမားတွေ အကုန်လက်လွှတ်ရနိုင်တာ အပြင် ဘယ်လိဂ်မှ တရားဝင်မကန်ရတဲ့ အပျော်တမ်းအသင်းအဆင့်အထိ အဆိုးဆုံးအခြေနေ ရောက်သွားနိုင်တယ်လို့ သိရပါတယ်။ EFL ဆိုတာကလည်း သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် အင်္ဂလန်အတွင်းက အနိမ့်ဆုံး လိဂ် ၅အထိ ရောက်သွားခဲ့ရင် စီးတီးဆိုတာ ဘာမှမကျန်တော့တဲ့ ဘောလုံးအသင်းဖြစ်သွားမှာပါ။ စိတ်ဝင်စားစရာကောင်းသလို စိတ်မကောင်းစရာလည်းဖြစ်နေပြန်ပါတယ်။
Winner Sports