04/09/2026
Resistance Training ကို အားလုံးသိကြပါတယ်။
ဒါပေမဲ့လည်း Resistance (ခုခံအား) ဆိုတာကိုတော့
တကယ်နားလည်ကြဖို့လိုပါဦးမယ်။
* Bench Press တွန်းတာ = ရင်အုပ်တွေထိဖို့
* Squat ထိုင်တာ = ခြေထောက်နဲ့ အောက်ပိုင်း
* Running /ပြေးတာက = Cardio လုပ်တာ
* အလေးကြီးမရင် Strength၊
အကြိမ်ရေများရင် Endurance လို့
အလွယ်မှတ်ထားကြတာဟာ အပေါ်ယံမျှသာ ဖြစ်ပါတယ်။
တစ်ကယ်တော့ Bench Press တစ်ခုတည်းကိုတင်
Program လုပ်ပုံပေါ်မူတည်ပြီး
-Raw Strength၊
-Hypertrophy ဒါမှမဟုတ်
-Muscular Endurance အဖြစ် အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
Load၊ Velocity၊ Tempo နဲ့ Intent တွေပေါ်မူတည်ပြီး Training Effect က လုံးဝကွဲထွက်သွားပါတယ်။
ဒါကြောင့် "လေ့ကျင့်ခန်းတစ်ခုမှာ
ကိန်းသေဖြစ်နေတဲ့ ရလဒ်ဆိုတာ မရှိဘဲ
Resistance ကို ဘယ်လိုသုံးလဲဆိုတာကမှ
Adaptation ကို ဆုံးဖြတ်ပေးပါတယ်"။
လူ့ခန္ဓာကိုယ်က ဂျင်(မ်)ထဲက ပစ္စည်းအမျိုးအစားတွေလို ကွက်တိခွဲခြားထားတာ မဟုတ်ပါဘူး။
ပြေးစက်ပေါ်ရောက်တိုင်း Cardio Mode ဖြစ်သွားတာမျိုး မဟုတ်ဘဲ Force demand, Velocity နဲ့ Energy demand တွေအပေါ်မှာပဲ တုံ့ပြန်တာပါ။
Sled Push လေ့ကျင့်ခန်းမျိုး က
Musculoskeletal နဲ့ Metabolic စနစ်တွေကို
အပြည့်အဝ စိန်ခေါ်နိုင်သလို -
Kettlebell Swing ကလည်း Force နဲ့ Power ကို တည်ဆောက်ပေးပါတယ်။
( ဒီလို လေ့ကျင့်ခန်း တွေကိုလုပ်တဲ့အခါ
မောတာ/နှလုံးခုန်မြန်တာနဲ့ပဲ ကာဒီရိုလို့ ပြောမလား?
အလေးပါနေလို့ ဘယ်ကြွက်သားကိုထိတဲ့အလေးမလေ့ကျင့်ခန်းလဲ လို့ မေးနေမလား ?
Metabolic Conditioning လို့ပဲ ပြောမလား? )
အမည်/နာမ သတ်မှတ်ချက်တွေဟာ သုံးတဲ့ရည်ရွက်ချက်အပေါ်မူတည်တယ်။
ဒါကြောင့် ဘာက Cardio လဲလို့ မမေးတော့ဘဲ
"ဘယ် Resistance ကိုသုံးနေလဲ၊ ဘယ်စနစ်တွေကို စိန်ခေါ်နေလဲ" လို့သာ မေးသင့်ပါတယ်။
MRT (Master of Resistance Training) က
လေ့ကျင့်ခန်း ရာပေါင်းများစွာကို
လိုက်အလွတ်ကျက်မှတ်နေမယ့်အစား
အောက်ပါ စနစ် (System) တွေကို မြင်တတ်အောင် တည်ဆောက်ပေးပါတယ် -
* Movement Efficiency:
လှုပ်ရှားမှုကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်း
(Mobility, Stability, Balance တွေအကြောင်း )
* Grind Training:
အင်အားကို ထုတ်လုပ်ထိန်းထားနိုင်စွမ်း
(Raw Strength, Hypertrophy, Endurance တွေအကြောင်း)
* Ballistic Training:
အရှိန်နဲ့ပါဝါ အမြန်ထုတ်နိုင်စွမ်း
(Power, Explosiveness, Plyometrics တွေအကြောင်း)
* Metabolic Demand:
စွမ်းအင်ထုတ်လုပ်ပြီး ပြန်လည်နာလန်ထူနိုင်စွမ်း
(Energy Systems, Work Capacity တွေအကြောင်း)
* Exercise Categories
( လေ့ကျင့်ခန်းတွေရဲ့ အုပ်စုများ အကြောင်း )
နေ့စဉ်ဘဝမှာ ကလေးချီရတာ၊ ဈေးအိတ်သယ်ရတာ၊ လှေကားတက်ရတာတွေဟာ ဂျင်ထဲကလို
Fixed machine နဲ့ 90 စက္ကန့် အနားယူတဲ့ ပုံစံမျိုး
မဟုတ်ပါဘူး။
တကယ့်ဘဝဆိုတာ Variable Resistance ဖြစ်တဲ့အတွက် ကြံ့ခိုင်ရေးဆိုတာလည်း ဘဝရဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေကို ပြင်ဆင်ပေးနိုင်ရပါမယ်။
> "ဒီလူကို ဘယ်လေ့ကျင့်ခန်း ပေးရမလဲ" လို့ မတွေးဘဲ
"ဒီလူ ဘာတွေ စွမ်းဆောင်နိုင်ဖို့ လိုအပ်လဲ" ဆိုတာကနေ စဉ်းစားတဲ့ Programming စနစ်ကို တည်ဆောက်ရပါမယ်။
> "Physical appearance ဆိုတာ မြင်ရတဲ့ရလဒ်ဖြစ်ပြီး၊ Fitness ဆိုတာကတော့ Capacity (စွမ်းဆောင်နိုင်စွမ်း) တစ်ရပ် ဖြစ်ပါတယ်။"
>
ကျွန်တော်တို့တွေဟာ Corrective Exercise ကနေ Progressive Training အထိ အချိတ်အဆက်မိမိ
နားလည်တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။
🎓
လေ့ကျင့်ခန်းတွေကို လိုက်အလွတ်ကျက်ရတာထက် Resistance ရဲ့ သဘောတရားကို အစအဆုံး နက်နက်ရှိုင်းရှိုင်း နားလည်ချင်သူများအတွက် -
* Fitness Trainers တွေ
* Gym ဝါသနာအိုးများ
* Athletes & Coaches တွေ
* Everyday Athletes တွေအတွက် သင့်လျော်ပါတယ်။
📅 စက်တင်ဘာ ၁၆ ရက်နေ့ စတင်ပါမည်။
> လေ့ကျင့်ခန်း အသစ်တွေကိုပဲ လိုက်စုနေမယ့်အစား... လေ့ကျင့်ခန်းတစ်ခုရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို မြင်တတ်အောင် လုပ်ပါ။
>
MRT — Master of Resistance Training
( Train the body. Understand the system. Build lasting fitness. )