Yours Truly Hnin

Yours Truly Hnin

Share

Loves learning and sharing, all about positivity! Your Coach to GLOW from Within.

31/07/2026

တခါတလေ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်တာမျိုး၊ gym သွားနိုင်ပေမဲ့ သွားချင်စိတ်မရှိနေတာမျိုးဆိုရင် ဒါလေးကို သတိရပါ

လူတိုင်းမှာ အဲ့အခွင့်အရေးနဲ့ အသိဉာဏ် မရနိုင်ဘူးဆိုတာကိုပါ It’s a Privilege to have a healthy body and mind ဆိုတာ

အဲ့တာကြောင့် လူတိုင်းမှာ ဖြစ်တတ်တာကတော့ မရှိတာကို သည်းသည်းမည်းမည်း လိုက်ရှာနေတဲ့အခါမှာ ရှိနေပြီးသား ပိုင်ဆိုင်ထားပြီးသားအရာကို ကျေးဇူးတင်ဖို့ ထိန်းသိမ်းဖို့ မေ့နေတတ်တာ သတိမထားမိတော့တာ လူ့သဘာဝမို့ Self Reflection လေးဖြစ်အောင် remind လေး လုပ်ပေးချင်တာပါရှင် စီးပွါးရေးမှာဆို Customer အသစ်ကို အသည်းအသန် ရအောင် နည်းပေါင်းစုံကြိုးစားနေတုန်း customer အဟောင်းတွေကို မေ့ထားမိတတ်တာမျိုးပေါ့

လူတိုင်းမှာ အဖိုးတန်တဲ့အရာတွေ ကိုယ်စီပိုင်ဆိုင်ရရှိထားကြပါတယ် မရသေးတဲ့အရာတွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ကြိုးစားနေရင်း ပိုင်ဆိုင်ထားတဲ့ အရာတွေကိုလည်း မမေ့ဖို့ Gratitude Reminder လေး အခုစာလေးနဲ့ ပေးပို့ချင်ပါတယ်ရှင်

#အကောင်းမြင်စိတ်

24/07/2026

🚨 "သူများပါးစပ်ဖျားမှာ ကိုယ့်ဘဝ မဆုံးပါစေနဲ့။" ပိုထိမိသော English Version below 👇

🚨 "သူများပါးစပ်ဖျားမှာ ကိုယ့်ဘဝ မဆုံးပါစေနဲ့။(အဆိုးချည်းပဲမဟုတ်ဘဲ အကောင်းဘက်ကပေးတဲ့ အကြံဉာဏ်၊ ဝေဖန်သုံးသပ်ချက် ဒါမှမဟုတ် လမ်းညွှန်ချက် အသွင်နဲ့လည်း ပါပါတယ်)

😌 ဒီအချက်ကလေ ရင်ထဲကို တော်တော်ထိတဲ့ စကားပါ ဘာလို့ဆို ဘဝမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဒီအချက်ကို ခက်ခက်ခဲခဲနဲ့မှ သဘောပေါက်နားလည်ခဲ့ရတဲ့ အသိတရားမို့လို့ ပြန်လည်မျှဝေပေးလိုက်တာပါ။

⚡️ လူတိုင်းမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ စိတ်ထဲက ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်တွေ အသီးသီး ရှိကြပါတယ်။ ကိုယ့်အတွက် ဖြစ်နိုင်တယ်လို့ ထင်ရတဲ့အရာက အခြားသူတွေအတွက် ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အခြားသူတွေ ဘာပဲထင်ထင်၊ ဘာပဲပြောပြော ရင်ထဲက တကယ်လိုလားတဲ့ ဘဝရည်မှန်းချက် လမ်းကြောင်း၊ ကိုယ့်ပန်းတိုင်၊ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ကို (သမာအာဇီဝပဲနော်) ဘယ်တော့မှ ရပ်တန့်မသွားပါစေနဲ့။

✨ ရင်ထဲမှာ နက်နက်ရှုင်းရှိုင်း ကိုယ်ရဲ့ အိမ်မက် ပန်းတိုင်ကို ယုံကြည်တယ်ဆိုရင် ရှေ့ကိုဆက်လျှောက်ပါ 💯❗️ အချိန်တန်လို့ ရောက်သွားပြီဆိုရင် လူတွေက အောင်မြင်မှုကို အသိအမှတ်ပြုလာကြမှာဖြစ်ပြီး "ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ" ဆိုပြီး လာမေးကျတဲ့အထိ ဆက်လျှောက်လိုက်ပါ 💪

🚨 Do not let your life end at the tip of other’s tongue “
“သူများပါးစပ်ဖျားမှာ ကိုယ့်ဘဝ မဆုံးစေနဲ့”
(It could even come as a good intention - suggestions, comments, advice, directions, etc)

😌 This quote deeply resonates with me as I’ve been through this experience over and over again. I had to learn this the hard way so I’m sharing this to you.

⚡️People have their own personal limiting beliefs - what seems possible for you may not seem possible to others ! So do NOT stop pursuing your calling because of what others think !

✨If you know deep down and truly feel it, KEEP GOING 💯! People will recognize it one day and they’ll ask you how 💪

#စိတ်ခွန်အား

21/07/2026

🍀ကံကောင်းလိုက်တာ ကံကောင်းတယ်နော် ဆိုတဲ့နောက်ကွယ်မှာ ကိုယ်လုပ်လို့ရတဲ့ အပိုင်းပါတယ်ဆိုရင် စိတ်ဝင်စားကြမလား

တကယ်က Exposure Theory ကိုအသုံးချလို့ရပါတယ် အဲ့ဒါဘာလဲဆိုတော့ ကိုယ့်ကိုယ်ကို လူတွေရှေ့မှာ ပိုပြီး ချပြတာ ပိုပြီး မေးတာ အကြံအဉာဏ်တောင်းတာ အကူအညီတောင်းတာ အလုပ်တွေဘာတွေဆိုရင် လျှောက်ကြည့်လိုက်တာ တခုခုကို ခြေတလှမ်းလှမ်းကြည့်လိုက်တာမျိုးကို ခေါ်ပါတယ်တဲ့ရှင်

ငါနဲ့ ဒါနဲ့ အလှမ်းဝေးပါတယ်လေ ဆိုရင် ကိုယ့်ကိုယ်ကို ပိတ်ထားမိသလိုဖြစ်သွားတတ်တဲ့ သဘောမျိုးပါ

အဲ့တော့ ကိုယ်စိတ်ကူးထဲမှာ ရှိနေတဲ့အရာနဲ့ပိုနီးစပ်ဖို့ ခြေလှမ်းလေးတွေ လှမ်းကြည့်ပြီး ကိုယ့်ရဲ့ Lucky လေးတွေကို ဖန်တီးကြည့်ကြရအောင်နော် 🍀

#အကြည်ဓာတ်လေး #အကောင်းမြင်စိတ်လေးထားကြည့်ပါ

29/06/2026

✨June လဆန်းက ဘုရားသွား ကုသိုလ်ယူဖြစ်တာလေးပါ ✨ကုသိုလ် ထပ်တူရကြပါစေ ✨
#ဘုရား #ကုသိုလ် #အကောင်းမြင်စိတ်လေးထားကြည့်ပါ #အကြည်ဓာတ်လေး

23/06/2026

🌸💐ပန်းလေးတွေက တကယ် အမောပြေစေတယ်နော် သူ့အလှနဲ့သူ အခုလိုစုထားတော့ အလှတမျိုးစီ အရောင်တမျိုးစီနဲ့ မြိုင်နေရော မိန်းကလေးအများစုသဘာဝကတော့ ပန်းကိုမြင်ရင်ကိုပြုံးသွားတတ်ကြပါတယ် စိတ်ကောက်နေရင် စိတ်မကြည်နေရင် စတ်ညစ်ညူးနေရင် ပန်းလေးတွေနဲ့ ကုစားလိုက်ပါ ဒီပန်းလေးတွေကြည့်ပြီး ရင်ထဲ ကြည်နူးသွားကြပါစေရှင် 💗

#အကြည်ဓာတ် #အကောင်းမြင်စိတ် #ပန်းချစ်သူ

22/06/2026

မိုးရွာကြီးထဲ ငါးစာကျွေး ကုသိုလ် လေး ပြန်ပြီး Sharing လုပ်တာပါ အားလုံး ကုသိုလ် ထပ်တူရကြပါစေရှင် ✨ ငါးကြီးတွေ တော်တော်ကြီးကြီးတွေကို ရှိပါတယ် ပြည်သူ့ရင်ပြင် ဝင်းထဲက ငါးကန်မှာပါ မိုးတွေအရမ်းရွာချလာတာ အပြန် အကုန်ရွှဲ မိုးထဲရေထဲ ကုသိုလ် ပြုဖြစ်ခဲ့လို့လည်း ပီတိဖြစ်ရပါတယ် #ကုသိုလ် #အကောင်းမြင်စိတ် #ပြည်သူ့ရင်ပြင် #ရွှေတိဂုံ #ငါးစာကျွေး

20/06/2026

😏 Never compare yourself to others! သင်္ချာမှာဆိုရင် ပေးထားချက်တွေမတူရင် ယှဉ်လို့မရသလိုပဲ လူ တစ်ယောက်ချင်းစီတိုင်းမှာ ဘဝ ပေးထားချက်တွေ အရည်အချင်းတွေ မြင်နိုင်စွမ်း တွေးခေါ်နိုင်စွမ်း ပတ်ဝန်းကျင်တွေ ဘယ်လိုမှမတူဘူးမို့ ကိုယ်နဲ့ကိုယ်သာ ယှဉ်စေချင်ပါတယ်ရှင် မနေ့က ကိုယ်ထက် ဒီနေ့က ပိုပြီး တိုးတက်လာသလား ယှဉ်ပါ တိုင်းတာပါ သုံးသပ်ပါ 🤔

#အကောင်းမြင်စိတ် #ကော်ဖီ
Truly Hnin

17/06/2026

😎💪In case you need a reminder to workout 🏋️‍♀️ လေ့ကျင့်ခန်းလုပ်ဖို့ ဝိတ်မဖို့ မိုတီလေး လာပေးတာပါ မြင်ပါများရင် ချစ်ကျွမ်းဝင်တဲ့ Muscle တွေကို အမြဲ Train ပေးနေဖို့ အရမ်း အရေးကြီးပါတယ် အသက်ကြီးလာလေ Muscle ဆုံးရှုံးလာလေမို့ ဝိတ်များများမပါ ၁ ပတ် ၄ ရက်ဆိုရင် Optimal ဖြစ်ပါပြီ ကိုယ့်ခန္ဓာကို အရမ်းခိုင်းပြီး over exhaust ဖြစ်ရင်လည်း ပြောင်းပြန်ဖြစ်ပြီး Muscle ဆုံးရှုံးတတ်ပါတယ် Healthy Balance ဖြစ်ဖို့ အရေးကြီးပါတယ် အဲ့တာလေး Sharing လာလုပ်ပေးတာပါ ကိုယ် Workout လုပ်တာ ကြည့်မိတဲ့သူတွေလည်း မြင်ပါများပြီး Neuro Plasticity တိုးလာအောင်လို့ Share ပေးတာပါ 💪

15/06/2026

☝️ တခါတလေမှာလည်း ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ပေးဖို့လိုပါသေးတယ်

👉စိတ်ပိုင်းဆိုင်ရာရော ကိုယ်ခန္ဓာကျန်းမာရေးဆိုင်ရာမှာရော ကိုယ်က မသိလိုက် မသိဘာသာ ကိုယ့်ကိုယ်ကို မေ့နေတတ်တာမျိုးရှိခဲ့ရင် ခန္ဓာကိုယ်က burn out ဖြစ််တတ်တာမျိုး အလိုမကျ ဒေါသတွေအလိုလ်ုထွက်ပြီး အနားရှိသမျှလူ အကုန် မဲ မိတာမျိုး ဘယ်ဟာမှ သိပ်စိတ်တိုင်းမကျနေတာမျိုး ကိုယ့်ကိုယ်ကို Regulate လုပ်လို့မရတာမျိုးဆိုရင်တော့ ကိုယ့်စိတ်နဲ့ ခန္ဓာလေးကို ပြန်သုံးသပ်ချိန်ရောက်ပါပြီ

🫆လူ့လောကဖြစ်တဲ့အလျောက် လောကဓံတွေကတော့ ပုံစံမျိုးစုံ လှိုင်းပေါင်းစုံကနေ လာကြပြီး ရင်ဆိုင်ဖြေရှင်းကြရတာပါပဲ တယောက်နဲ့တယောက် အချိန်ပဲ မတူရင် မတူမှာပါ ဒါက လောက သဘာဝမို့ အမြဲကြုံနေရမယ့်ကိစ္စပါပဲ

✨အဲ့ဒါကို စိတ်မညစ်ညူးဘဲ ခေါင်းအေးအေးနဲ့ အကောင်းမြင်စိတ်လေး Gratitude စိတ်လေးတွေနဲ့ နှလုံးသွင်းပြီး အကောင်းဆုံး ဖြေရှင်းမယ် ဆိုတဲ့ မူလေး နဲ့ ဆိုရင် ရေရှည် အတွက် စိတ်ရောကိုယ်ပါ sustainable ဖြစ်မှာပါ အားလုံးပဲ အကောင်းမြင်စိတ်လေး အမြဲ သတိကပ်ပြီး နှလုံးသွင်းနိုင်ကြပါစေရှင်

#အကောင်းမြင်စိတ်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
11051