03/06/2025
ရန်ကုန်လိုင်စင် အမည်ပေါက် နဲ့ Instock ဝယ်လို့ရမယ် 🤩
Hire Purchase အရစ်ကျစနစ်နဲ့ (5)နှစ်အထိ ဝယ်ယူလို့ရမယ်..
SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ထားလို့ Spare parts ပိုင်းနဲ့ Service ပိုင်းအတွက် စိတ်ချလို့ရမဲ့ Leapmotor T03
အသေးစိတ်သိရှိလိုပြီး Test drive စမ်းသပ်မောင်းနှင်ချင်သူများကို 𝐋𝐞𝐚𝐩𝐦𝐨𝐭𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫-𝟖 𝐌𝐢𝐥𝐞𝐬 Showroom က ကြိုဆိုနေပါတယ် 🤩
📍𝐋𝐞𝐚𝐩𝐦𝐨𝐭𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫-𝟖 𝐌𝐢𝐥𝐞𝐬
𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨.(𝟑𝟓), 𝐊𝐲𝐚𝐢𝐤 𝐖𝐢𝐧𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️ 𝟎𝟗 𝟕𝟓𝟐𝟕 𝟐𝟐𝟐𝟐𝟏
𝟎𝟗 𝟕𝟓𝟐𝟕 𝟐𝟐𝟐𝟐𝟎
03/03/2025
ဘာလို့ Gym စဆော့ရင် ဝိတ်တက်လာတာလဲ
ဘာလို့ Gym စဆော့ရင် ဝိတ်မကျတဲ့ဘအပြင် ဝိတ်တက်လာတာလဲ
ဒါကို Gym စဆော့ဖူးတဲ့ သူတွေကြုံဖူးကြမယ်ထင်ပါတယ် ဟုတ်ပါတယ် Gym စဆော့ခြင်းဆို ဝိတ်အနည်းငယ်တက်လာတတ်ပါတယ်
စိုးရမ်စရာလည်းမရှိပါဘူး စိတ်ညစ်စရာလည်းမရှိပါဘူး
ပေါင်ချိန် စက်ပေါ်က ကိန်းဂဏာန်းက ကိန်းကဏာန်းသာဖြစ်ပါတယ်
ကျွန်တော်တို့ကို ကျန်းမာလား Fit ဖြစ်လား
ကြွက်သားတက်လာလား အဆီတက်လာလား
ရေဝိတ်လား အစာဝိတ်လားဆိုတာ သေသေချာချာ ရေရေရာရာ ဂဃနဏ မပြောပြနိုင်ပါဘူး ဒီတော့ စိတ်ပူစရာမလိုပါဘူး ဒီနေ့ Gym စဆော့ခြင်းမှာ ဘာကြောင့် ဝိတ်တက်လာရလဲဆိုတာကို ကျွန်တော် လေ့လာမိထားသလောက် မျှဝေပေးပါမယ်
၁. Muscle glycogen storage တွေများလာလို့
ကျွန်တော်တို့ အလေးမတဲ့ အချိန်မှာ ကြွက်သား Cells တွေကြီးထွားလာပါတယ် ဒီလိုကြွက်သား Cells တွေကြီးထွားလာတာနဲ့ အမျှ ကြွက်သား Cells တွေထဲကို ကျွန်တော်တို့ စားသောက်တဲ့ အစားအစာများမှ Glycogen ကိုပိုသိုလှောင်စေပါပါတယ် ပြီးရင် Glycogen 1 g စုဆောင်းရင် ရေကို 3 g လောက်ထိစုဆောင်းစေပါတယ် ဒါကြောင့်မို့ ကျွန်တော်တို့ အလေးမပြီး နောက်ရက်တွေမှာ ကြွက်သား Cells တွေထဲကို Glycogen နဲ့ ရေများ သိုလှောင်လာတာကြောင့် ဝိတ်တက်လာတာ ဖြစ်ပါတယ်
၂. Muscle Inflammation and recovery
ဝိတ်မလေ့ကျင့်ခန်းတွေက ကြွက်သားများကို Micro tear လို့ခေါ်တဲ့ အသေးစား ကြွက်သား ပျက်စီးခြင်းကိုဖြစ်ပေါ်စေပါတယ် ဒီလိုဖြစ်ပေါ်တဲ့ အကြောင်းကြောင်းလည်း ကျွန်တော်တို့ ကြွက်သား Cells တွေ တဖြေးဖြေး ကြီးထွားလာပြီး ပိုပြီးအားကောင်း သက်လုံကောင်း ခံနိုင်ရည်ရှိတဲ့ ကြွက်သား ဆဲလ်တွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ဒီလိုပျက်စီးသွားတဲ့ ကြွက်သား ဆဲလ်တွေကို ပြန်လည်ပြုပြင်ဖို့ ရေနဲ့ အဟာရ ဓာတ်တွေလိုပါတယ် ဒီလိုအချိန်မှာ ကျွန်တော်တို့ ခနွာကိုယ်က ရေကို ယာယီထိန်းသိမ်းထားတာကြောင့် ရောင်ရမ်းလာတာကြောင့်လဲ ဝိတ်အနည်းငယ် တက်လာတာဖြစ်ပါတယ်
၃. Body - recomposition
အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပဲ ဝိတ်မရင် ကြွက်သားတွေ ပျက်စီးတယ် ဒီလိုကြွက်သားတွေ ပျက်စီးတဲ့ အချိန်မှာ ကျွန်တော်တို့က လုံလောက်တဲ့ အဟာရနဲ့ အနားယူမူကောင်းကောင်း ရှိမယ်ဆိုရင် ကြွက်သားဆဲလ်တွေ ကြီးထွားလာတာ ကြောင့်လဲ ဝိတ်အနည်းငယ်တက်လာတာဖြစ်နိုင်ပါတယ်
၄. Hydration Levels တိုး
ဘယ်သူမဆို Workout လုပ်နေတုန်းရော လုပ်ပြီးတဲ့ အချိန်မှာ ရေပိုသောက်ကြတယ်မလား ဒီလိုခါတိုင်းထက် ရေပိုသောက်မိတတ်တာတွေကြောင့်လည်း ဝိတ်တက်လာတာဖြစ်နိုင်ပါတယ်
၅. Digestive system Adjustments
Gym စဆော့ပြီဆိုရင် ဘယ်လိုဖြစ်ဖြစ် အသားငါး အသီးအရွက် အသီးအနံ အစေ့အဆန်တွေ တိုးစားရတယ်မလား
အပေါ်မှာလည်း ပြောခဲ့ပါတယ် Glycogen 1 g က ရေ 3 to 4 g လောက်ထိ တိုးစေတယ်ဆိုတာကလေ ဟုတ်ပါတယ် ကျွန်တော်တို့ ကြွက်သားပြန်လည် ဖွံဖြိုးတည်ဆောက်ဖို့ အိပ်နေရင် တောင်အဆီကျဖို့ဆိုရင် ကြွက်သားတည်ဆောက်အောင်လည်း အဟာရဓာတ်ကြွယ်ဝအောင် စားသောက်ရပါတယ် ဒီလိုအဟာရဓာတ်ကြွယ်ဝအောင် စားသောက်ရတာကြောင့်လည်း ကျွန်တော်တို့ ကြွက်သားဆဲလ်တွေမှာရော အစာခြေစနစ်မှာရော Glycogen Water Foods တွေနဲ့ ပြည့်နေတတ်ပါတယ် ဒါကြောင့်လည်း ဝိတ်တက်လာတာဖြစ်ပါတယ်
ဒါကတော့ တချို့ Gym စစဆော့ခြင်းမှာ ကြုံတွေနိုင်ရတဲ့ ဝိတ်တက်လာ တတ်တာလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်
ဒါကြောင့်မို့ Gym စဆော့ဆော့ခြင်း ဝိတ်တက်လာတာက အဆီဝိတ်တွေ မဟုတ်တာကြောင့် စိတ်ညစ်စရာမလိုတာကြောင့် Gym ဆရာတွေကို ဝိတ်တက်လာလို့ဆိုပြီ သွားနားပူစရာမလိုတော့ကြောင်းကို မျှဝေးပေးလိုက်တာ ဖြစ်ပါတယ်
အားလုံး ကျန်းမာကျစ်လစ်တဲ့ ခနွာကိုယ် ပိုင်ဆိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်ဗျာ
26/02/2025
Gym ကစားပြီးတာနဲ့ စားတဲ့အဖွဲ့ထဲကပါ😁😁💪💪🏋🏋️♀️
20/01/2025
အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။
စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊
ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍
ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)
Credit
Photo crd Ha Hoang
📞09777721113
ရွှေကမ်းသာယာ အိမ်ယာ လှိုင်သာယာ