25/07/2023
အင်တာမီယာမီတွင် အသင်းခေါင်းဆောင် ဖြစ်လာမယ့် မက်ဆီ
အင်္ဂါနေ့တွင် အတ္တလန်တာယူနိုက်တက်အသင်းနှင့် ကစားမည့်ပွဲစဉ်တွင် မက်ဆီသည် အသင်းခေါင်းဆောင်၏လက်ပတ်ကို ဝတ်ဆင်ပြီး ပွဲထွက်လူစာရင်းတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း အသင်းနည်းပြ တာတာမာတီနိုက တနင်္လာနေ့တွင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
Inter Miami has a new captain ©
18/07/2023
ခရစ်စတီယာနို ရော်နယ်ဒို - "ဆော်ဒီလိဂ်က MLS ထက် ပိုကောင်းပါတယ်"။
"ကျွန်တော် ဘယ်ဥရောပကလပ်ကိုမှ ပြန်လာမှာမဟုတ်တာ 100% သေချာပါတယ်။ ဆော်ဒီလိဂ်ကို ကျွန်တော်လမ်းဖွင့်ထားပါတယ်... အခု ကစားသမားတွေအားလုံး ဒီကိုရောက်လာကြပါပြီ" 🇸🇦
16/07/2023
Declan Rice 🗣 :
“Mikel Arteta ဟာ ကျွန်တော်ဒီကိုလာရတဲ့အကြောင်းရင်းအတွက် ကြီးမားတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်”
"ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ် - သူဘယ်လိုအလုပ်လုပ်လဲဆိုတာ ခင်ဗျားတို့ မြင်တွေ့နေရတာပဲ - Amazon documentary မှာလဲ သူဘယ်လိုအလုပ်လုပ်လဲဆိုတာကို ခင်ဗျားတို့ မြင်ပြီးလောက်ပါပြီ။ သူက ထိပ်တန်းနည်းပြပါ။”
🔴⚪️
16/07/2023
မီယာမီအသင်းဝတ်စုံနဲ့တွေ့ရတဲ့ Messi ❤💟
Things you love to see 😍 LM10 ✅
16/07/2023
🗣️ Paul Pogba က Benjamin Mendy ကို
"မင်းအတွက် အရမ်းဝမ်းသာပါတယ် ညီကိုရေ။ မင်းနဲ့ပတ်သတ်ပြီး မကောင်းတာတွေပြောတဲ့သူတွေအားလုံးကို ခုချိန်မှာ မင်းရဲ့နာမည်ကို ရှင်းရှင်းလင်းလင်းမြင်စေချင်တယ်။ ကွင်းထဲမှာ မင်းကို ပြန်တွေ့ဖို့ စောင့်မျှော်နေပါတယ်။"
❤️
15/07/2023
🏃 2022/23 ချန်ပီယံလဂ်ပြိုင်ပွဲတွင် အမြန်ဆုံးကစားသမားများ (km/h):
1 💨 Alphonso Davies - 𝟯𝟳.𝟭
2 💨 Mykhailo Mudryk - 𝟯𝟲.𝟲
3 💨 Ousmane Dembélé - 𝟯𝟲.𝟲
4 💨 Rafael Leão - 𝟯𝟲.𝟱
5 💨 Gabriel Veron - 𝟯𝟲.𝟰
6 💨 Federico Valverde - 𝟯𝟲.𝟯
7 💨 Nuno Tavares - 𝟯𝟲.𝟮
8 💨 Karim Adeyemi - 𝟯𝟲.𝟭
9 💨 Moussa Diaby - 𝟯𝟲.𝟭
10 💨Dominik Szoboszlai - 𝟯𝟱.𝟵
15/07/2023
ပေါ်တူဂီတွင် Al-Nassr အသင်းရဲ့ ရာသီကြိုပွဲစဉ်ကို အားပေးနေတဲ့ Cristiano Ronaldo ❤️
14/07/2023
Messi ဟာ PSG အသင်း ကို Instagram မှာ တရားဝင် unfollow လုပ်လိုက်ပြီပဲဖြစ်ပါတယ်။
ယခု သူ Follow လုပ်ထားတဲ့ အသင်း ၄ သင်းသာရှိပါတယ်။
🇪🇸 ဘာစီလိုနာ
🇦🇷 နယူးဝဲ
🏴 မန်စီးတီး
🏴 ချဲလ်ဆီး
14/07/2023
🚨🗣️ David Beckham ရဲ့ ဂီတရွေးချယ်နားထောင်မှုနဲ့ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ Zlatan Ibrahimovic:
"သူ့ရဲ့ playlist ထဲမှာ ဘာသီချင်းတွေများရှိမလဲလို့ အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ ရှာကြည့်ခဲ့ပါတယ်။ Justin Bieber နဲ့ Selena Gomez သီချင်းတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ခုလိုမျိုး David Beckham တောင် အရာအားလုံးမှာ ကောင်းကောင်းမခံစားတက်ဘူးဆိုတာ သိရတာ ဝမ်းသာပါတယ်"
😂
13/07/2023
Dele Alli ကတော့ Gary Neville ရဲ့ podcast တွင်သူ့ရဲ့ ကလေးဘဝအကြောင်းကို ရဲရဲဝင့်ဝင့် ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။
▪️ မိခင်၏သူငယ်ချင်းက အသက် ၆ နှစ်အရွယ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊
▪️ အသက် 7 နှစ်အရွယ်တွင် ဆေးလိပ်စသောက်၊
▪️ အသက် 7 နှစ်အရွယ်တွင် စည်းကမ်းသင်ယူရန် နိုင်ဂျီးရီးယားသို့ စေလွှတ်ခံခဲ့ရ၊
▪️ အသက် 8 နှစ်အရွယ်တွင် မူးယစ်ဆေးဝါး သုံးစွဲဖို့ တွန်းအားပေးခံရ၊
▪️ ဒေသခံ အမျိုးသားတစ်ဦးက သူ့ကို အသက် ၁၁ နှစ်အရွယ်တွင် တံတားပေါ်တွင် ချိတ်ဆွဲခဲ့၊
▪️ အသက် 12 နှစ်တွင် မွေးစားခံခဲ့ရတာတွေပဲဖြစ်ပါတယ်။
Dele Alli ကတော့ သူ့ရဲ့ငယ်ဘဝအကြောင်းကို ဖွင့်ဟသွားခဲ့ပြီး တကယ်ကို ကြေကွဲဖို့ကောင်းပါတယ်။ ဒီလောက်ဆိုရင်တော့ သူ့ရဲ့ ခြေစွမ်းတွေ ယိမ်းယိုင်သွားမှုကို ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်းလောက်ထိတော့ ချိတ်ဆက်နားလည်ပေးနိုင်မယ်လို့ သူ့အစား မျှော်လင့်မိပါတယ်။
💔💔