12/12/2022
ပရဟိတမင်းသားလေးကို ငွေပုံပေးပြီး ကမ်းလှမ်းဖို့ပြင်နေတဲ့ psg
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်ရပ်ဖို့ဒ်ကို
တစ်ပတ်လုပ်ခ ပေါင်၈သိန်းကျော်နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ရပ်ဖိုဒ့်တစ်ယောက် ပြင်သစ်ကိုသွားသင့်လား........
12/12/2022
လစ်လပ်သွားတဲ့ နယ်သာလန်နည်းပြရာထူးကို တကျော့ပြန်တာဝန်ယူမည့်ရော်နယ်ကိုးလ်မန်း
နယ်သာလန်အသင်းဟာ2022ကာတာကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် ရာထူးမှနုတ်ထွက်သွားသော နည်းပြလူးဝစ်ဗန်ဟားလ်နေရာတွင် နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းကို တာဝန်ယူစေခဲ့ပါတယ်။ ရော်နယ်ကိုးလ်မန်းအနေဖြင့် နယ်သာလန်အသင်းကို ဒုတိယအကြိမ်မြောက် တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး ပထမအကြိမ်ကိုင်တွယ်စဥ်က2018-2019 Nations League ပြိုင်ပွဲတွင် တတိယရရှိခဲ့ပါတယ်။
နယ်သာလန်အသင်း ယူရို-2024မှာရော အောင်မြင်နိုင်ပါ့မလား.......