16/08/2026
လှိုင်သာယာက ယောဂချစ်သူတွေ ဆုံကြမယ်နော်…🫶🩵🧘🏻♀️
ကျန်းမာလှပမှုကို တန်ဖိုးထားကြတဲ့ ယောဂဝါသနာရှင် မမတို့၊ ညီမတို့အတွက် Thiri Yoga Studio (BOC ပန်းခြံခွဲ) ရဲ့ အတန်းသစ်တွေကို တာဝန်ယူ သင်ကြားပြသပေးတော့မယ့် Instructor Tr. Yu နဲ့ စတင် မိတ်ဆက်ပေးပါရစေရှင်။ 🧘♀️
🌸 ဆရာမ Tr. Yu အကြောင်း တစ်စေ့တစ်စောင်း
Tr. Yu ဟာ ယောဂလောကထဲမှာ စတင်လေ့ကျင့်ခြင်းနှင့် ပြန်လည်မျှဝေ သင်ကြားခြင်း အတွေ့အကြုံ (၅) နှစ်ပြည့် သက်တမ်းရှိပြီး နိုင်ငံတကာအဆင့် အသိအမှတ်ပြု အရည်အချင်းများကို ပြည့်ပြည့်စုံစုံ ပိုင်ဆိုင်ထားတဲ့ Professional Instructor တစ်ဦး ဖြစ်ပါတယ် -
RYT 200hr International Certificate ရရှိထားသူ
YTTC 200hr Alliance Certificate (Patanjali Yoga Vida School - Pyin Oo Lwin) သင်တန်းဆင်း
အိန္ဒိယနိုင်ငံ HARI OM Yoga Centre မှ Yoga Therapy for Women's Health Certificate ရရှိထားပြီး အမျိုးသမီးများ၏ ဟော်မုန်းနှင့် အတွင်းပိုင်းကျန်းမာရေးဆိုင်ရာ ယောဂကုထုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးနိုင်သူ
Doctor Yoga မှလည်း Yoga Anatomy 20 Hours Course Certificate ရရှိထားသဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်အညီ ဒဏ်ရာအန္တရာယ်ကင်းကင်းဖြင့် နည်းစနစ်ကျကျ လမ်းညွှန်ပေးနိုင်သူလည်းဖြစ်ပါတယ်ရှင်🧘♀️
🧘♀️ Tr. Yu ၏ သင်ကြားမှုပုံစံနှင့် ရရှိမည့် အတွေ့အကြုံများ
Alignment & Adjustment ပိုင်းမှာဆိုရင် Asana အနေအထားတစ်ခုချင်းစီကို နည်းစနစ်မှန်ကန်ပြီး တိကျသေသပ်စေရန် အနီးကပ် စိတ်ရှည်စွာ ထိန်းကျောင်း ပြင်ဆင်ပေးခြင်း
posture များကို လေ့ကျင့်ရင်း တရားထိုင်နည်း (Guided Meditation) များဖြင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး တည်ငြိမ်အေးချမ်းမှုဆီသို့ အကောင်းဆုံး ခေါ်ဆောင်သွားပေးခြင်း
မေမေတို့နှင့် အမျိုးသမီးများအတွက် အထူးသင့်လျော်သော ယောဂကုထုံးများဖြင့် သွေးလေလည်ပတ်မှုနှင့် ခန္ဓာကိုယ်အတွင်းပိုင်းကျန်းမာရေးကို ပြန်လည်မြှင့်တင်ပေးခြင်းစတဲ့ အတွေ့အကြုံအသစ်လေးတွေရရှိခံစားရစေမှာဖြစ်ပါတယ်ရှင်
📍ခုဆိုရင် တီချယ်Yuက ကျွန်မတို့ BOC ပန်းခြံ studioမှာ တစ်ပတ်လျှင် (၂) ရက်သင်ကြားပြသပေးတော့မှာဖြစ်ပါတယ်🩷
ဆရာမကိုယ်တိုင် အနီးကပ် သေချာ ဂရုစိုက်သင်ကြားပြသပေးမှာမိုလို့ လူဦးရေလေးလည်း ကန့်သတ်ထားလို့
Tr. Yu နဲ့အတူ စနစ်ကျပြီး နွေးထွေးတဲ့ ယောဂအတွေ့အကြုံသစ်ကို ရယူဖို့ အခုပဲ Chat Box (သို့) ☎️09254000600 ကနေတစ်ဆင့် နာမည်နှင့် ဖုန်းနံပါတ်လေး ပေးပို့ပြီး နေရာကြိုတင် ရယူလိုက်ပါရှင်။ 🙏