21/05/2026
ဖူဆယ်ချစ်သူ Laper တွေအတွက် သတင်းကောင်း 😍
ကဲ… အားလုံး မျှော်လင့်စောင့်စားနေတဲ့ 𝗟𝗔𝗣 𝗙𝘂𝘁𝘀𝗮𝗹 𝗧𝗼𝘂𝗿𝗻𝗮𝗺𝗲𝗻𝘁 𝟮𝟬𝟮𝟱 - 𝟮𝟬𝟮𝟲 ပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလို့ လာပါပြီဗျို့။
ယခုပြိုင်ပွဲက အားကစားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် တိုးတက်လာဖို့ ရည်ရွယ်ပြီး ကျောင်းသူ၊ ကျောင်းသားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နော်။ 👇
💁 ပါဝင်ကစားခွင့်ရှိသူများ
▪️ LAP Year 1 မှ Year 4 ကျောင်းသား၊ ကျောင်းသူများ
▪️ LAP Alumni (ကျောင်းသူ၊ ကျောင်းသားဟောင်းကြီးများ)
💁 ပြိုင်ပွဲကျင်းပမည့်ရက်
▪️ ဇူလိုင်လ ၄ ရက်နေ့မှာ ပြိုင်ပွဲကို စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
💁 ပွဲကျင်းပမည့်နေရာ
▪️ ကွင်းနေရာနဲ့ အချိန်အသေးစိတ်ကိုတော့ LAP Sports Committee Page ကနေ ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
💁 စာရင်းပေးသွင်းရန် သတ်မှတ်ရက်
▪️ Registration Form ကို မေလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၁၀) ရက်တိတိသာ ဖွင့်လှစ်လက်ခံသွားမှာ ဖြစ်ပါတယ်။
💁 အသင်းဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်း
▪️ အဖွဲ့တစ်ဖွဲ့လျှင် ကစားသမား အနည်းဆုံး (၆) ယောက်မှ အများဆုံး (၁၂) ယောက်အထိ ပါဝင်ဖွဲ့စည်း ကစားခွင့်ရှိပါတယ်။
💁 ဝင်ကြေးနှင့် ဂျာစီ
▪️ စာရင်းသွင်းတဲ့ အသင်းအရေအတွက်ပေါ် မူတည်ပြီး ဝင်ကြေးရှိနိုင်ပါတယ်။ အသေးစိတ်ကို ကစားသမားများအတွက် သီးသန့်ဖွဲ့ပေးထားတဲ့ Telegram Group မှာ အတည်ပြု ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
▪️ အသင်းရဲ့ ဂျာစီကို ကြိုက်နှစ်သက်ရာ ဒီဇိုင်း၊ အရောင်များဖြင့် ကိုယ်တိုင်ထုတ်စနစ်နဲ့ စိတ်ကြိုက် ဝတ်ဆင်ကစားနိုင်ပါတယ်။
သတ်မှတ်ထားတဲ့ (၁၀) ရက်အတွင်း လာရောက်စာရင်းသွင်းမှသာ ပါဝင်ခွင့်ရရှိမှာ ဖြစ်လို့ အခုပဲ သူငယ်ချင်းတွေကို လူစုပြီး အမြန်လေး စာရင်းသွင်းလိုက်တော့နော်။ 😉
🏆 https://forms.gle/bdLLgSM3HXHBS78v8
30/04/2026
Hello LAPers!
ဒီတစ်ပတ် Sports Committee ရဲ့ contentမှာတော့ နွေရာသီလဲဖြစ်နေတဲ့အတွက်အပူဒဏ်ကိုသက်သာစေမယ့် ရေးကူးအားကစားအကြောင်း ပြောပြပေးချသ်ပါတယ်။
ရေကူးတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးကျေးဇူးများစွာရှိတဲ့ အားကစားတစ်ခုပါတယ်။ ဒါဆိုရင် ရေကူးခြင်းကဘယ်လို benefits တွေရှိမလဲဆိုတာကို အတူကြည့်လိုက်ရအောင်ပါ။
1. Full Body Muscle Strengthening (တစ်ကိုယ်လုံးရှိ ကြွက်သားများကို သန်မာစေခြင်း)
ရေကူးတဲ့အခါ လက်၊ ခြေထောက်၊ ကျောနဲ့ ဗိုက်ပ ကြွက်သားအားလုံးကို အသုံးပြုရတဲ့အတွက် ခန္ဓာတစ်ကိုယ်လုံးက ကြွက်သားတွေကို တပြိုင်နက် သန်မာစေပြီး ခန္ဓာကိုယ် အချိုးအစားကို လှပစေပါတယ်။
2. Improves Cardiovascular Health (နှလုံးနှင့် အဆုတ် ကျန်းမာရေးကို မြှင့်တင်ပေးခြင်း)
ရေကူးခြင်းက နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးတဲ့အတွက် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူပြုပါတယ်။
3. Low Impact on Joints (အဆစ်အမြစ်များအပေါ် ဒဏ်သက်ရောက်စေမှု နည်းပါးခြင်း)
ပြေးတာ ဒါမှမဟုတ် အခြားအားကစားများတွေနဲ့ မတူဘဲ ရေထဲမှာက ကိုယ်အလေးချိန်ကို ရေက ထိန်းထားပေးတဲ့အတွက် ဒူး၊ ခါးနဲ့ အဆစ်အမြစ်တွေအပေါ် ဖိအားသက်ရောက်မှု နည်းပါးစေတယ်။ ဒါကြောင့် အသက်အရွယ်ရောက်ပြီးသူများ နဲ့ ဒဏ်ရာရထားသူတွေအတွက် သင့်လျော်တဲ့အားကစားဖြစ်ပါတယ်။
4. Burns Calories and Manages Weight (ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း)
ရေကူးခြင်းက ကယ်လိုရီကို များစွာလောင်ကျွမ်းစေတဲ့ အားကစားတစ်ခုလည်းဖြစ်ပါတယ်။ တစ်နာရီကြာ ရေကူးလိုက်ရင် ပျမ်းမျှ ကယ်လိုရီ ၄၀၀ မှ ၇၀၀ လောက်အထိ လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် ထိရောက်စေပါတယ်။
5. Stress Reduction (စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း)
ရေထဲမှာရှိနေခြင်းနဲ့ စည်းချက်ကျကျ ရေကူးခြင်ယက စိတ်ကို ကြည်လင်လန်းဆန်းစေပြီးတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေသလို ပိုပြီးကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် ရေကူးခြင်းက အသက်အရွယ်မရွေး လုပ်ဆောင်နိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းနည်းပါးသလို ကျန်းမာရေးအတွက် အဘက်ဘက်ကနေအကျိုးရှိစေတဲ့အားကစားတစ်ခုဖြစ်ပါတယ်။
#ရေကူး #အကျိုးကျေးဇူး
30/03/2026
ဒီနေ့ရဲ့ Weekly Content မှာတော့ LAPers တို့အတွက် Badminton အားကစားအကြောင်းကို ပြောပြချင်ပါတယ်။
Badminton ကစားတာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးအတွက်ပါ တကယ်ကို အကျိုးကျေးဇူးရှိစေတဲ့ အားကစားတစ်ခုပါ။
ဘယ်လိုကောင်းတဲ့အကျိုးရလဒ်တွေရှိစေလဲဆိုတာကို အချက်ကလေးတွေနဲခွဲပြီးပြောပြပေးသွားပါမယ်။
1. ကိုယ်အလေးချိန်ကျဆင်းစေခြင်း (Weight Loss)
Badminton က တစ်ကိုယ်လုံး လှုပ်ရှားရတဲ့ High-intensity အားကစားဖြစ်လို့ ကယ်လိုရီ (Calories) လောင်ကျွမ်းမှု အရမ်းမြန်ပါတယ်။ တစ်နာရီလောက် ကစားရုံနဲ့တင် ကယ်လိုရီ ၄၅၀ ကနေ ၅၀၀ ဝန်းကျင်အထိ လောင်ကျွမ်းစေနိုင်လို့ ဝိတ်ချချင်သူတွေအတွက် အကောင်းဆုံးပါပဲ။
2. ကြွက်သားနဲ့ အရိုးအဆစ်များ သန်မာစေခြင်း (Muscle & Bone Strength)
Full Body Workout ဖြစ်တဲ့ ပြေးရတာ၊ ခုန်ရတာ၊ လက်ယမ်းရတာတွေကြောင့် ခြေထောက်၊ တင်ပါး၊ ဝမ်းဗိုက်နဲ့ လက်မောင်း ကြွက်သားတွေ အကုန်လုံး သန်မာလာစေသလို Bone Density အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါတွေကို ကာကွယ်ပေးပါတယ်။
3. နှလုံးကျန်းမာရေး (Heart Health)
Badminton ကစားတာက နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ မကောင်းတဲ့ cholesterol (LDL) ကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းပါးသွားစေပါတယ်။
4. ဦးနှောက်နဲ့ အာရုံစူးစိုက်မှု (Reflexes & Mental Agility)
Badminton က အရမ်းမြန်တဲ့ အားကစားဖြစ်ပါတယ်။ Shuttlecock က ကိုယ့်ဆီ ဘယ်အချိန်၊ ဘယ်ဘက်က လာမလဲဆိုတာကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရတာဖြစ်တဲ့အတွက်
ကိုယ့်ရဲ့ တုံ့ပြန်နိုင်စွမ်း (Reflexes) က သိသိသာသာ မြန်လာမှာဖြစ်ပြီး အာရုံစူးစိုက်မှု (Concentration) အားကို ကောင်းစေပါတယ်။
5. စိတ်ဖိစီးမှု လျော့ကျစေခြင်း (Stress Relief)
အလုပ်ထဲမှာ ဒါမှမဟုတ် နေ့စဉ်ဘဝမှာ ပင်ပန်းသမျှတွေကို ကွင်းထဲမှာ ချွေးထွက်အောင် ကစားလိုက်ရင် ခန္ဓာကိုယ်ကနေ Endorphins ဆိုတဲ့ "ပျော်ရွှင်စေတဲ့ ဟော်မုန်း" တွေ ထွက်လာစေပါတယ်။ ဒါက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
6. လူမှုဆက်ဆံရေး (Social Connection)
Badminton က တစ်ယောက်တည်း ကစားလို့မရပါဘူး။ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်၊ အသစ်တွေ့တဲ့ ကစားဖော်တွေနဲ့ဖြစ်ဖြစ် ဆက်ဆံရတာကြောင့် လူမှုရေးနယ်ပယ် ကျယ်ပြန့်စေပြီး အထီးကျန်တာမျိုး မဖြစ်စေပါဘူး။
Tip အနေနဲ့ Badminton က တစ်ကိုယ်လုံးကို အားစိုက်ရတာဖြစ်လို့ ကစားပြီးရင် အကြောလျှော့ဖို့လည်း မမေ့ကြပါနဲ့ဦး။
ဒါဆိုရင် နောက်ထပ် weekly content တွေမှာလည်း LAPers တို့အတွက် အခြားအားကစားအကြောင်းတွေနဲ့ ပြန်လာပါဦးမယ်။
09/02/2026
📢 Attention LAPers! It’s LAP Sports Day 🏃♂️🏀
Assignment တွေ၊ Presentation တွေကြားမှာ ပင်ပန်းနေပြီလား? ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေကို ဖြည်လျှော့ဖို့ အချိန်တန်ပြီနော် 🤩
ဒါကြောင့် မကျင်းပဖြစ်တာကြာပြီဖြစ်တဲ့ LAP Sports Day မှာ အတူတူကစား၊ အတူတူ Relax လုပ်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။
🚨 ကွင်းဘေးကနေပဲအားမပေးချင်ဘူး ဝင်ဆော့ချင်တယ်ဆိုရင်တော့ Form လေးကို မဖြစ်မနေဖြည့်ပေးရမှာ ☝
လာရောက်အားပေးမယ့်သူတွေလည်း form လေးဖြည့်ပေးဖို့ မမေ့နဲ့နော်။ 😉
ကဲ..အားလုံးပဲ ပွဲနေ့ကျဆုံကြမယ်နော် 😍
📅 Date: Feb 17 (Tuesday)
🕗 Time: 7:30 AM - 1:00 PM
📍 Location: MIT
🔗 Register here: https://docs.google.com/forms/d/e/1FAIpQLSfdHGIejCtDf32ARYglCaz2QSLFAfy8jTkvPRP33zLKXUo55g/viewform?usp=publish-editor
27/01/2026
Hello LAPers 🙌🏻
January 31 (စနေနေ့) မှာပြုလုပ်သွားမယ့် MIT Fun Fete မှာ LAP Sports Committee ကလည်း Mini Game Booth လေးနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ 🤩
ဒါကြောင့် Fun Fete ရောက်ဖြစ်ခဲ့ရင် Mini Game Booth မှာ လာကစားရင်း လက်ဆောင်တွေယူဖို့ မမေ့နဲ့နော်။ 😉
For Ticket 👇
https://docs.google.com/forms/d/e/1FAIpQLSdq9H8uQg6LG61ExKQNKZ5dLASIo9J_pexeU-exvuhQuMbsEA/viewform?usp=publish-editor
11/01/2026
Jan 10 ရက်နေ့က LAP Sports Committee အတွင်း
Futsal fellowship လေးကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 🤩
အားကစားချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် ပိုမိုပြီးရင်းနှီးမှုတွေရရှိခဲ့ကြသလို ပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ပေးကြတဲ့ ကော်မတီဝင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ 🥰
03/01/2026
Part ( 2 )
Sports Committee Gathering မှာ အမှန်အကန်ပါ၀င်ပြီး ပျော်ရွှင်ခဲ့ကြတဲ့ Member ၀င်များပဲ ဖြစ်ပါတယ်။