03/08/2026
အားလုံးပါဝင်ဆင်နွဲကြပါစို့ 💌
🏊♂️ မိုးရာသီမှာ အားမလျော့ဘဲ ကျန်းမာတက်ကြွစွာ ယှဉ်ပြိုင်ကြစို့! 🌧️💪
"၂၀၂၆ ခုနှစ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် နှင့် Oramin-C တို့ ပူးပေါင်းကျင်းပသော မိုးရာသီ ရေကူးပြိုင်ပွဲ (Oramin-C Community Swim Meet 2026)" က လာမယ့် သြဂုတ်လ (၉)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်လို့ ရေကူးဝါသနာရှင် အားကစားသမားများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ် !
ဒီပြိုင်ပွဲလေးက မိုးရာသီ ရာသီဥတုကြောင့် အားမလျော့သွားဘဲ Vitamin C နဲ့ B Complex တို့ ပါဝင်တဲ့ Oramin-C နဲ့အတူ ကျန်းမာလန်းဆန်းပြီး စွမ်းအားပြည့် တက်ကြွစွာ ယှဉ်ပြိုင်နိုင်ဖို့ ဖန်တီးပေးထားတာ ဖြစ်ပါတယ်!
📅 ပြိုင်ပွဲကျင်းပမည့် ရက်စွဲနှင့် အချိန်:
( ၉ - ၈ - ၂၀၂၆ ) ရက်နေ့၊ မွန်းလွဲ (၁၂:၀၀) နာရီတိတိ
📍 ပြိုင်ပွဲကျင်းပမည့်နေရာ:
အမျိုးသားရေကူးကန် (ဦးဝိစာရ)၊ ရန်ကုန်တိုင်းဒေသကြီး
---
🏊♀️ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲအမျိုးအစားများ (ကျား / မ):
🔹 မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲ (ကျား/မ)
🔹 မီတာ (၁၀၀) ပလက်ကူးပြိုင်ပွဲ (ကျား/မ)
🔹 မီတာ (၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ (ကျား/မ)
🔹 မီတာ (၁၀၀) လိပ်ပြာကူးပြိုင်ပွဲ (ကျား/မ)
🔹 မီတာ (၂၀၀) လေးမျိုးကူးပြိုင်ပွဲ (ကျား/မ)
(ပြိုင်ပွဲဝင်တစ်ဦးလျှင် အများဆုံး ပြိုင်ပွဲ (၃) ပွဲအထိ ပါဝင်ကူးခွင့်ရှိပါသည်။)
---
📌 ပြိုင်ပွဲဝင်များအတွက် သတ်မှတ်ချက်နှင့် စည်းကမ်းချက်များ:
🎯 အသက် (၁၂) နှစ်နှင့် အထက်ဖြစ်ရမည် (၂၀၁၄ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသူများ ပါဝင်ခွင့်မရှိပါ)။
🇲🇲 ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည် (မှတ်ပုံတင် မူရင်း ယူဆောင်လာရမည်)။
🚫 မြန်မာ့ရေကူးလက်ရွေးစင်များ (SEA Games, Asian Games, World Championship ပြိုင်ခဲ့ဖူးသူများ) ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ (သက်တမ်းအလိုက် ပြည်ပပြိုင်ပွဲ သွားရောက်ခဲ့ဖူးသူများ ယှဉ်ပြိုင်နိုင်ပါသည်)။
---
📝 လျှောက်လွှာဖောင် ရယူရန်နှင့် တင်သွင်းရန်:
👉 လျှောက်လွှာဖောင် Link: [https://bit.ly/4wpmCwP]
👉 ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းဖောင် Link: [http://bit.ly/4x77c0b]
⚠️ ဖောင်တင်ရမည့်နေရာနှင့် ပိတ်ရက်:
လျှောက်လွှာဖောင်များအား ပြည့်စုံစွာဖြည့်စွက်၍ မှတ်ပုံတင်မိတ္တူ၊ မွေးစာရင်းမိတ္တူတို့နှင့်အတူ ( ၆ - ၈ - ၂၀၂၆ ) ရက်နေ့ ညနေ (၁၆:၃၀) နာရီ နောက်ဆုံးထားပြီး လူကိုယ်တိုင် လာရောက်တင်သွင်းရပါမည်။
📍 ဖောင်တင်ရန်နေရာ:
အမျိုးသားရေကူးကန် အုပ်ချုပ်ရေးမှူးရုံးခန်း၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Oramin-C နဲ့အတူ မိုးရာသီမှာ အားမလျော့ဘဲ ကျန်းမာတက်ကြွစွာ ယှဉ်ပြိုင်ဖို့ အခုပဲ လျှောက်လွှာတင်လိုက်ပါ! 💙✨