AP Football Blog

AP Football Blog

Share

"ဆောင်းပါးမဟုတ်သော ဘောလုံးအကြောင်းအရာ အတိုအစများစွာကို နှလုံးသားဖြင့် ခံစားပါ"

20/07/2026

ဘောလုံးလောကရဲ့ အောင်မြင်မှုအရှိဆုံး၊ ဆွဲဆောင်မှုအပြည့်ဝဆုံးနဲ့ ဩဇာလွှမ်းမိုးမှုအကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ထိပ်တန်း ကမ္ဘာ့အဆင့် ကစားသမားဘဝကနေ အဆင့်မြင့်မန်နေဂျာတစ်ဦးဖြစ်လာတဲ့အထိ ဘောလုံးသမိုင်းစာမျက်နှာတွေမှာ အခန်းကဏ္ဍပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့သူပါ။

တချို့က သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဘဝက ကျရှုံးမှုတွေနဲ့သာ မှတ်မိနေနိုင်ပေမယ့်၊ တကယ့်လက်တွေ့မှာတော့ သူဟာ လီဗာပူးလ်နဲ့ ဟမ်းဘတ်အသင်းတွေမှာ တောက်ပခဲ့တဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး၊ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် နဲ့ နယူးကာဆယ်အသင်းသမိုင်းတစ်လျှောက် ပရိသတ်အချစ်ရဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ လီဗာပူးလ်မန်နေဂျာ ဘီလ်ရှန်ကလေက အသက် ၂၀ အရွယ် ကီးဂန်းကို စကန်းသော့ပ်အသင်းကနေ ပေါင် ၃၅,၀၀၀ တည်းနဲ့ ခေါ်ယူခဲ့တာဟာ သမိုင်းတစ်လျှောက် အတန်ဆုံးအပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်မှာ သူက ဂျွန်တိုရှက်နဲ့ အတူ မျက်စိမှိတ်ကစားလို့ရတဲ့အထိ အချိတ်အဆက်မိမိ တွဲဖက်ကစားနိုင်ခဲ့ပြီး လိဂ်ဖလား သုံးကြိမ်၊ ဥရောပဖလား၊ FA ဖလားနဲ့ ယူအီးအက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အတွက် ၃၂၃ ပွဲ ကစားပြီး ဂိုး ၁၀၀ သွင်းယူပေးခဲ့တဲ့ ကီးဂန်းဟာ ဂျာမနီက ဟမ်းဘတ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၇၈ နဲ့ ၁၉၇၉ ခုနှစ်တွေမှာ ဘလွန်းဒီအောဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့အထိ ကမ္ဘာ့အဆင့် စူပါစတားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နယူးကာဆယ်အသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်ယူချိန်မှာလည်း ကီးဂန်းက တောက်ပခဲ့ပြန်ပါတယ်။ အသင်းကို တန်းဆင်းရမယ့်အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ရုံသာမက၊ တိုက်စစ်အသားပေး ကစားကွက်နဲ့အတူ ပရီးမီးယားလိဂ်အထိ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ၁၉၉၅-၉၆ ရာသီ ဖလားလုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁၂ မှတ်အသာနဲ့ ဦးဆောင်နေခဲ့ပေမယ့် နောက်ဆုံးမှာ ဖလားလက်လွှတ်ခဲ့ရပါတယ်။ အဲဒီအချိန်က မန်ယူမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ကို ရည်ရွယ်ပြီး "သူတို့ကိုသာ အနိုင်ရရင် သိပ်ကောင်းမှာပဲ"လို့ ရုပ်သံအစီအစဉ်မှာ ဒေါသတကြီး ပြောခဲ့တဲ့စကားဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းကို ကိုင်တွယ်ချိန်မှာတော့ နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်မှာ နုတ်ထွက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းကို ကိုင်တွယ်ချိန်မှာ ပထမတန်းချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။

ကီဗင်ကီးဂန်းရဲ့ ကစားသမားနဲ့ နည်းပြဘဝဟာ သူ့ရဲ့ စရိုက်လက္ခဏာတွေအတိုင်းပါပဲ။ သူဟာ ပါရမီပါသလို ရိုးသားတယ်၊ ကြိုးစားအားထုတ်မှုရှိပြီး စိတ်ခံစားမှု ပြင်းထန်ပါတယ်။ အတက်အကျတွေ များစွာရှိခဲ့ပေမယ့် သူပေးစွမ်းခဲ့တဲ့ အကောင်းမြင်စိတ်နဲ့ တက်ကြွမှုတွေကြောင့် ဘောလုံးလောကအတွက်တော့ အမြဲတမ်း အချစ်ခံရဆုံးနဲ့ တန်ဖိုးထားရဆုံး ကြယ်တစ်ပွင့်အဖြစ် ထာဝရရှင်သန်နေမှာပဲ ဖြစ်ပါတယ်။


ြောမယ်

11/07/2026

ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိင်ခဲ့ရင် ဘယ်လိုအောင်ပွဲခံမလဲ။

🏆 #ဒီး

06/07/2026

မနက်ဖြန် ဘာပဲဖြစ်ဖြစ် ခရစ္စတီယာနိုကတော့ စိတ်ရှင်းရှင်းနဲ့ပဲ ဒီကနေ ထွက်သွားမှာပါ။Cristiano Ronaldo. 🇵🇹

ြောမယ်

30/06/2026

နယ်သာလန် - မော်ရိုကို ပင်နယ်တီအဆုံးအဖြတ်။
ဒီအခိုက်အတန့်တွေက ဘောလုံးကမ္ဘာမှာ ရင်အခုန်ရဆုံးပါပဲ။

ြောမယ် #

30/06/2026

တစ်ခွန်းဆိုင်
ြောမယ်

25/06/2026

နေမာ ဝင်လာပါပြီ။ ပြန်လာပါပြီ။ ဘရာဇီးအတွက် ပြန်ကစားပေးဖို့ ၃ နှစ်ကြာ စောင့်ခဲ့ရတာပါ

ြောမယ်

23/06/2026

ကိုသစ္စာသာ တူချယ်ဆိုရင်
အင်္ဂလန်လူစာရင်းမှာ ဘယ်သူတွေကို ပွဲထုတ်မလဲ

ြောမယ် #ကိုသစ္စာ

23/06/2026

ကမ္ဘာ့ဖလားသမိုင်းကို ပြင်ရေးလိုက်တဲ့ မက်ဆီ

ြောမယ်

21/06/2026

နယ်သာလန်ရဲ့ ဂိုးပြတ်နိုင်ပွဲ
ပရီးမီးယားလိဂ်ရဲ့ ကစားသမားတွေ ခြေစွမ်းပြတဲ့ည

ြောမယ်

19/06/2026

ဆီမီးဖိုင်နယ်ရောက်အသင်း၄သင်းကို ကိုသစ္စာ ဘယ်လိုခန့်မှန်းထားသလဲ။

ြောမယ် #ကိုသစ္စာ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Address No. 97, Mingalar Thiri Street, Dawbon Township
Yangon
11241