Mindful Slimming Journey

Mindful Slimming Journey

Share

To change your body you must first change your mind🕊

30/07/2024

အဆီကျဖို့အတွက် ​ပြောင်းလဲမှု​သေး​သေး​လေး​​တွေနဲ့အရင်စတင်ပါ....

1.Workoutမလုပ်နိုင်​သေးရင် လမ်းများများပို​လျှောက်ပါ...

2.အပြင်စာ​တွေဝယ်စားမဲ့အစား လတ်ဆတ်တဲ့ အသားငါး သီးနှံ​တွေကို ကိုယ်တိုင်ချက်ပြုတ်စားသုံးပါ...

3.အချိုရည် အရက် ဘီယာ​သောက်တာကို ​လျော့ချပြီး ​ရေများများပို​သောက်ပါ...

4.ညနက်သန်း​ခေါင်ထိ ဖုန်းသုံး​နေမဲ့အစား ကိုးကွယ်ရာဘာသာ​ရေးကို ဝတ်ပြုပြီး အိပ်စက်အနားယူပါ....

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

29/07/2024

လူ​တော်​တော်များများ ဝလာရတဲ့ အ​ကြောင်းအရင်း

အခု​ခေတ်မှာ စား​ကောင်းတာ​တွေ အရသာရှိတဲ့အစားအစာ​တွေ ပေါများလာတာနဲ့အမျှ အာဟာရစားသုံးမှုမှာလဲ မညီမျှတာ​တွေပိုများလာတယ်။

​နေ့စဥ်ဘဝမှာ Fast food နဲ့ Processed food​တွေ​ကိုဘဲ အဓိကစား​နေကြတာကြောင့် ​ သကြားဓါတ်နဲ့ အဆီဓါတ်ကိုသာ ခန္ဓာကိုယ်က ရရှိပြီး အမျှင်ဓါတ်နဲ့အသားဓါတ်​​ ဗိုက်တာမင် နဲ့ သတ္တုဓါတ်​တွေက​တော့ တ​ဖြေး​ဖြေးချို့တဲ့လာတယ်။

ဝမ်း​ရေးအတွက် ရုန်းကန်​နေရတဲ့​ခေတ်ကြီးမှာ အားကစားလုပ်ဖို့အချိန်မ​ပေးနိုင်ကြ​တော့ဘူး။

လုပ်ငန်းခွင်​ကြောင့် စိတ်ဖိစီးရတာ​တွေ အထိုင်များတာ​တွေ အိပ်​ရေးပျက်ရတာ​တွေ​ကြောင့် ဒီဘက်​ခေတ်မှာ လူက မဝရင်​​တောင် ဗိုက်ပူပူ​လေးတစ်လုံးကို​တော့ မလိုချင်​ပေမဲ့လဲ ပိုင်ဆိုင်​နေကြရတာပါ....

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

12/07/2024

အဆီကျဖို့ဒါ​တွေလုပ်ပါ

1.calorie deficit

2.Balance dietကို အဓိကဦးစား​ပေးအ​နေနဲ့စားသုံးပါ

3.​​လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။အထူးသဖြင့်အ​လေးဝန်သုံးအားကစားနဲ့ cardioကို တွဲလုပ်ပါ။

4.တစ်ညကို အနဲဆုံး ၇​နာရီ​တော့ပြည့်​အောင်အိပ်ပါ

5.စိတ်ဖိစီးမှုကို ​လျော့ချပါ

6.​ရေများများ​သောက်၊လမ်းများများ​လျှောက်ပါ

7.အထက်ပါအချက်6ချက်ကို စွဲစွဲမြဲမြဲ လုပ်​ဆောင်ပါ

8.စိတ်ရှည်ပါ

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

27/06/2024

Gym​ဆော့/အားကစားလုပ်ပြီး လူ​ကောစိတ်​ရော ​ပြောင်းလဲသွားတဲ့သူ​​တွေရှိကြလား?

​မေသူက​မွေးရာပါဝတဲ့ထဲမှာပါတယ်။ Gymမ​ဆော့ခင်က လူ​ရှေ့ထွက်ရမှာအရမ်း​ကြောက်တယ်။ ယုံကြည်ချက်လဲမရှိဘူး။ သူများကိုဘဲမှီခိုတယ်။တခုခုလုပ်မယ်ဆိုရင်​တောင် "ငါလုပ်ရင်မ​အောင်မြင်နိုင်ပါဘူး" ဆိုပြီး ဘာမှမလုပ်ဘူး။ သိကျွမ်းဖူးတဲ့လူတစ်​ယောက်နဲ့ သူစိမ်းအ​နေအထားပြန်​ရောက်သွားရင်​ ၁နှစ်​လောက်ထိ အဆင်မ​ပြေဘူး။ လူ​တွေနဲ့နှိုင်းယှဥ်ပြီး သိမ်ငယ်တတ်တယ်။ အငုံ့စိတ်များပြီး အရမ်းကိုအရှုံးသမားဆန်ခဲ့တာ......

ဒါ​ပေမဲ့ Gym​ဆော့တာ ကြာလာ​တော့ ခန္ဓာကိုယ်​ကော စိတ်​ကော​ပြောင်းလဲသွားတယ်။လူကသွက်သွက်လက်လက် ဖြစ်လာတယ်။ ယုံကြည်ချက်ရှိပြီး အရာရာကို ဦး​ဆောင်တတ်လာတယ်။လူ​ဝင်ဆံ့လာတယ်။အရာရာကို အ​ကောင်းမြင်တတ်လာတယ်။ ကိုယ်နဲ့အဆင်မ​ပြေလို့ ထွက်သွားတဲ့သူ​​တွေရှိလဲ မခံစားရ​​တော့ဘူး။တခုခုဆို စတင်ရမှာ မ​ကြောက်​တော့ဘူး။ လူ​တွေနဲ့ မနှိုင်းယှဥ်တတ်​တော့ဘူး။ ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။ကိုယ့်ကိုယ်ကို ချစ်တတ်လာတယ်♡

​မေသူ့အတွက်က​တော့ အားကစားတစ်ခုထဲကဘဲ အရာအားလုံးကို ​ပြောင်းလဲသွား​စေခဲ့​တာပါ။သင်​တို့​ရော ဘာ​တွေ​ပြောင်းလဲသွားပြီလဲ ?

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်.....

24/06/2024

" အရင်တစ်ပတ်ကထိ ပိန်​သေးတယ် ဒီ​နေ့မှ ရုတ်တရက်ကြီးဝလာတာ " ဆိုတဲ့သူ​လေး​တွေရှိလား?

ဝိတ်ချတာဖြစ်ဖြစ် ဝိတ်တင်တာဖြစ်ဖြစ် ဘာဘဲလုပ်လုပ် စားလိုက်တဲ့ကယ်လိုရီပမာဏက အဓိက ကျပါတယ်....

ဥပမာ-တ​နေ့တာစားရမဲ့ ကယ်လိုရီပမာဏက ၁၅၀၀ ဘဲထားပါ​တော့၊ ၁၅၀၀ ဆို​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် မထင်မှတ်ဘဲ ကယ်လိုရီပမာဏ ၂၀၀၀ လောက် စားလိုက်မိတယ်ဆိုပါစို့......

စားရမဲ့ ကယ်လိုရီ ပမာဏထက် ၅၀၀ ကယ်လိုရီ ပိုစားမိတဲ့အခါ တစ်ရက်တစ်​လေက မသိသာ​ပေမဲ့ ၁ပတ်အကြာမှာဆိုရင် ၃၅၀၀ ကယ်လိုရီ ပိုစားမိပါတယ်....

အဆီ ၁​ပေါင်မှာ ၃၅၀၀ ကယ်လိုရီရှိတာ​ကြောင့် အဲ့ ၁ပတ်အတွင်းမှာ အဆီ၁​ပေါင်တက်ပါတယ်။

အဆီက ရုတ်တရက်တက်လာမဟုတ်​ပေမဲ့ တ​ဖြေး​ဖြေးနဲ့ နဲနဲချင်း စုလာတာပါ...

ဒါ​ကြောင့် အဆီတက်လာတာကို သတိမထားမိဘဲ လအတန်ကြာမှသာ ကိုယ်က ဝ​နေတာ(သို့)အဝလွန်​နေတာကို သတိထားမိတာပါ.....

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

22/06/2024

Gymမှာ အ​လေး​တွေအများကြီးမပြီး ကိုကို​တွေ/​မောင်​တွေ ရှေ့​ရောက်ရင် ပိုက်ဆံအိတ်​တောင် ​လေးလို့ မသယ်နိုင်တဲ့သူ​တွေရှိလား🤫

20/06/2024

အဆီချတဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ​တွေကို လုံးဝ ဖြတ်​တောက်ပစ်စရာမလိုပါဘူး။

တ​နေ့တာစားတဲ့အစာရဲ့ ၈၀%ကို အာဟာရကြွယ်ဝတာ/ကျန်းမာ​ရေးနဲ့ညီညွတ်တာ​တွေစားပြီး ကျန်တဲ့၂၀%ကို​တော့ ကိုယ်ကြိုက်နှစ်သက်တဲ့အရာ​တွေစားလို့ရပါတယ်။

ဒါ​ပေမဲ့ ဘာဘဲစားစား တ​နေ့တာစားရမဲ့ ကယ်လိုရီပမာဏထက် မပို​စေဖို့​တော့ ဂရုစိုက်ပါ​နော်♡

ကိုယ်စားချင်တဲ့အရာ​တွေကို မစားရဘဲ အငတ်ခံပြီး အဆီချမယ်ဆိုရင် ​ရေရှည်အ​နေနဲ့ဆက်သွားဖို့က ​တော်​တော်​လေးခက်ခဲပါလိမ့်မယ်....

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

Photos from Mindful Slimming Journey's post 18/06/2024

ခန္ဓာကိုယ်​ပြောင်းလဲနှုန်းကို သူများ​တွေနဲ့နှိုင်းယှဥ်မိ​နေပြီလား?

ကိုယ်နဲ့အတူတူ​အားကစားလုပ်တဲ့သူက ကိုယ့်ထက်ပိုပြီး​ပြောင်းလဲမှုပိုမြန်ရင် ငါမပိန်နိုင်​တော့ဘူးလား ငါကအရမ်းကြိုးစားမှ ဒီ​​လောက်ဘဲကျတာလား ဆိုပြီး လက်​လျော့ဖို့​တွေးမိကြတယ်မလား...?

​ခန္ဓာကိုယ် ပြောင်းလဲနှုန်း တွေက ကိုယ့်ရဲ့ အချိန်​ပေးနိုင်စွမ်းနဲ့ အများကြီးဆိုင်တယ်။

1.အလုပ်ခွင်

-အလုပ်အရမ်းများတဲ့သူဆိုရင် ခန္ဓာကိုယ်အတွက် အချိန်မ​ပေးနိုင်ကြဘူး။

-အလုပ်​တွေ/တိုးတက်​ရေးအတွက် တက်ရမဲ့သင်တန်း​တွေ /အိမ်မှုကိစ္စ​တွေ များရင်များသ​လောက် အားကစားအ​ပေါ် အချိန်​ပေးနိုင်မှုက မတူညီကြဘူး။

-ဒါ​ကြောင့် မြန်မြန်ရလာဒ်ထွက်တာနဲ့ ​နောက်ကျမှထွက်တာမျိုး စတဲ့မတူညီမှု​တွေဖြစ်လာတာပါ.....

2.အစားအ​သောက်

-တစ်ကိုယ်ထဲ သမား​တွေကျ​တော့ အစားအ​သောက်နဲ့ပတ်သက်ပြီး အာဟာရလုံ​လောက်ဖို့ကို ပိုပြီးအာရုံစိုက်နိုင်ကြတယ်။

-မိသားစုနဲ့အတူ​နေတဲ့သူ​တွေဆို သားသမီး/မိဘ /ညီအကို​မောင်နှမ​တွေကို အသားဘာညာ​တွေ ဦးစား​ပေးပြီး ကိုယ်တိုင်ကျ ပိုတဲ့အနှစ်​လေးနဲ့ နယ်စားကြတာက ပိုများတယ်။ အာဟာရစားသုံးမှူက ဒီ​နေရာမှာလဲ ကွာခြားကြပြန်​ရော.....

3.​ငွေ​ကြေး

-ဝင်​ငွေ​ကောင်းတဲ့သူ​တွေကျ​တော့ အဆီထုတ်တာ/အဆီ​ဖျော်​ဆေး ထိုးတာတို့လုပ်ကြတယ် ။ဒီလိုလူ​တွေကျ ချက်ချင်း မြင်သာတဲ့ ရလာဒ်ကိုမြင်ရတယ်။

-သာမန်မိန်းက​လေး​တွေကျ လစဥ်သုံးပစ္စည်း၊skincare/hair care၊ဖိနပ် ၊အင်္ကျီ စတဲ့ ကုန်ကျစရိတ်​တွေ​ကြောင့် အလှအပ​ဆေးခန်း​တွေကိုသွားဖို့အခွင့်​ရေးမရှိဘူး။ဒီတချက်​ကြောင့်လဲကွာခြားနိုင်တယ်။

4.အိပ်ချိန်/stress

-တစ်ကိုယ်ထဲသမားနဲ့ အိမ်​ထောင်သည်​တွေဆိုရင် ဒီ​နေရာမှာ အရမ်းကွာခြားတယ်။

-တစ်ကိုယ်ထဲသမား​တွေကျ​တော့ အိမ်​ထောင်သည်ထက်စာရင် စိတ်ဖိစီးမှုက သိသိသာသာကို​လျော့နည်းတယ်။အိပ်ချိန်ကိုလဲပိုဂရုစိုက်နိုင်တယ်။

-အိမ်​ထောင်သည်​တွေကျ​တော့ သားသမီး​​ဝေယျာဝစ္စ ၊လင်မယားကိစ္စ​တွေ​ကြောင့် အိပ်ချိန်လဲအရမ်းနည်းရသလို အရမ်းလဲ စိတ်ဖိစီးရတယ်။

-စိတ်ဖိစီးမှုနဲ့အိမ်ချိန်ကလဲ ​ခန္ဓာကိုယ်​ပြောင်းလဲမှုအတွက် အ​ရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။

5.လှုပ်ရှားမှုနှုန်း

-ခုံ​မှာဘဲ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူ​တွေနဲ့ ဟိုသွားဒီသွားအလုပ်လုပ်ရတဲ့သူ​တွေမှာဆိုရင် လှုပ်ရှားမှုပိုများတဲ့သူ​တွေက အဆီကျနှုန်း ပိုမြန်တာကို ​တွေ့ရပါတယ်။

ဒါ​ကြောင့် ကိုယ့်ရဲ့​ပြောင်းလဲမှုကို သူများ​တွေနဲ့ နှိုင်းယှဥ်ပြီး အားမငယ်ပါနဲ့၊စိတ်ဓါတ်မကျပါနဲ့။

လူ​တွေက တ​ယောက်နဲ့တစ်​ယောက် ​နေထိုင်စား​သောက်မှု​တွေ မတူကြတာကို ဂရုပြုပါ......

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

15/06/2024

တန်​ဆေးလွန်​ဘေး

1.အားကစားကို မိမိခံနိုင်ရည်အား ထက်ပိုပြီးအပြင်းအထန်လုပ်တာကလဲမ​ကောင်းသလို မလုပ်ဘဲ​နေတာကလဲ မ​ကောင်းပါဘူး။

2.အစား​တွေအများကြီး​လျော့ချ/ကယ်လိုရီနဲနဲပဲစားတာကလဲ မ​ကောင်းသလို ကယ်လိုရီအပို​တွေအများကြီးစား​နေတာကလဲမ​ကောင်းပါဘူး။

3.အိပ်ချိန်အရမ်းနဲလွန်းတာလဲမ​ကောင်းသလို အချိန်တိုင်းအိပ်​နေတာကလဲမ​ကောင်းပါဘူး။

4.cardioကို အချိန်ပြည့်လုပ်​နေတာကလဲမ​ကောင်းသလို cardioမလုပ်ဘဲ​နေတာကလဲမ​ကောင်းပါဘူး။

5.အ​တွေးလွန်လွန်းတာကလဲမ​ကောင်းသလို မ​တွေးဘဲ​နေတာကလဲ မ​ကောင်းပါဘူး။

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

12/06/2024

ဒိန်ချဥ်ကို​နေ့တိုင်း​သောက်လို့ရလား?

ဒိန်ချဥ်​ရွေးချယ်မှုအ​ပေါ်မူတည်ပါတယ်။

-သကြားပါဝင်မှုများရင်​တော့​နေ့တိုင်း​သောက်ဖို့မသင့်​တော်ပါ။
-မလိုင်ဒိန်ချဥ်ဆိုရင်လဲ အဆီပါဝင်မှုက အရမ်းများပါတယ်။
-အသီးအရသာအမျိုးမျိုးနဲ့ထုတ်ထားတဲ့ဒိန်ချဥ်​တွေမှာလဲ သကြားပါဝင်မှု များပါတယ်။
-အဆီထုတ်ထားတဲ့ဒိန်ချဥ်/သကြား၊ထညက်ရည်ပါဝင်မှု အလွန်နည်းပါးတဲ့ ဒိန်ချဥ်​တွေကို​တော့ ​နေ့တိုင်း​သောက်လို့ရပါတယ်။

ဒိန်ချဥ်ရဲ့​ကောင်းကျိုးများ...

1.ဝမ်းဗိုက်ကျန်းမာ​ရေးကို​ကောင်း​စေပါတယ်။

2.ဝမ်းမှန်​စေတယ်။

3.Calcium နဲ့ Protein ပါဝင်မှုများတယ်။

4.​သွေးတွင်းကိုလက်စထ​ရောကိုကျ​စေတယ်။

5.အဆာခံတယ်။

6.အဆီ​လောင်ကျွမ်းဖို့အ​ထောက်အကူပြုတယ်။

ဒါ​ပေမဲ့ လိုတာထက်ပိုပြီး အလွန်အကျွံ​သောက်မိရင်​တော့ GASပြန်တက်တာ​​တွေ၊မအီမသာဖြစ်တာ​တွေ၊အန်ချင်တာ ၊ဝမ်း​လျှောတာ​တွေကို ဖြစ်​စေနိုင်ပါတယ်။

မိန်းကလေးတိုင်း လှပခြင်းနဲ့ထိုက်တန်ပါတယ်

Fitnessနဲ့ပတ်သက်ပြီးသိချင်တာ​​လေး​တွေရှိရင် အားမနာတမ်းcbကိုလာ​​မေးနိုင်ပါတယ်ရှင့်...

11/06/2024

"Beauty comes in all shapes and sizes, and confidence shines through every curve." ☆

Remember, it's important to appreciate and respect individuals for who they are, regardless of their body type.

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon