ATOM: Let's Play Arena

ATOM: Let's Play Arena ATOM Let's Play Arena is the official esports and gaming community platform operated by ATOM Myanmar.

Let's Play Arena, powered by ATOM is here to bring Myanmar's gaming to the next level.

19/09/2026

Regular Season Week (4) Day (2) ရဲ့ အမိုက်စား Play တွေကတော့ ထွက်ရှိလာခဲ့ပါပြီ...🤩
လိုအပ်နေတဲ့အနိုင်ရမှတ်တွေအတွက် အကောင်းဆုံးကြိုးစားယှဥ်ပြိုင်ခဲ့ကြတဲ့ အသင်း​​တွေရဲ့ Moment တွေကို ကြည့်လိုက်ရအောင်... 🔥

Regular Season ပြီးဆုံးကာနီးမှာအသင်းတိုင်းရဲ့ပြင်းထန်လှတဲ့ ရုန်းကန်မှုတွေအပြီး Week (4) Day (2) ရဲ့ Match Result တွေကို ...
19/09/2026

Regular Season ပြီးဆုံးကာနီးမှာအသင်းတိုင်းရဲ့ပြင်းထန်လှတဲ့ ရုန်းကန်မှုတွေအပြီး Week (4) Day (2) ရဲ့ Match Result တွေကို အတူတူကြည့်လိုက်ကြရအောင် 👀

19/09/2026

MSL MM S4 ရဲ့ Regular Season ဟာ Week 4 Day 2 ကိုရောက်ရှိလာပါပြီ။ 🔥

ဒီနေ့မှာလည်း မြိုင်ဆိုင်ဦးမယ့် ပွဲစဉ်တွေရှိနေသေးတာကြောင့် စိတ်လှုပ်ရှားဖို့ကောင်းဦးမယ့် ပွဲစဉ်တွေကို လက်မလွတ်ရလေအောင် MSL MM ရဲ့ Offcial Channel တွေမှာ နေ့လည် ၂ နာရီကနေစပြီး စောင့်ကြည့်လိုက်ကြဖို့ မမေ့နဲ့နော်။ 💪

ယနေ့ ပွဲစဉ်များ ↴
⚔️ Match 1 — Falcon Esports vs Team Sevn
⚔️ Match 2 — Mythic Seal vs Wyverns Esports
⚔️ Match 3 — J'Dai vs D'Family

စောင့်ကြည့်သင့်တဲ့ လက်စွမ်းတွေနဲ့ MSL Myanmar Season (4) ကို Debut လာတဲ့ New Face Gold Laner (3) ယောက် 🔥ပထမဆုံးတစ်ယောက်က...
19/09/2026

စောင့်ကြည့်သင့်တဲ့ လက်စွမ်းတွေနဲ့ MSL Myanmar Season (4) ကို Debut လာတဲ့ New Face Gold Laner (3) ယောက် 🔥

ပထမဆုံးတစ်ယောက်ကတော့ အားလုံးရဲ့ ထင်ကြေးတွေကိုပြောင်းပြန်လှန်ခဲ့ပြီး Zino Esports ကိုကျော်ဖြတ်ကာ MSL ဝင်ခွင့်ရရှိခဲ့တဲ့ Yujii ပဲဖြစ်ပါတယ်။

LOC Season (7) Grandfinal မှာလည်း Professional Experience ရှိတဲ့ Gold Laner Stitch ကိုအကောင်းဆုံးကျော်ဖြတ်ပြခဲ့တဲ့အပြင် MSL Season (4) မှာလည်း အကောင်းဆုံး Performance တွေပြထားနိုင်တာမို့ ဆက်လက်စောင့်ကြည့်ရမယ့် Player တစ်ဦးပဲဖြစ်ပါတယ်။

ဒုတိယ Player ကတော့ Team Secret Shyco ပဲဖြစ်ပြီး Mechanic နဲ့ Micro အသားပေးဆော့တဲ့ Team Secret ရဲ့ MSL Debut မှာတင်အလန်းစား Performance တွေနဲ့ Micro အတော်လေးကောင်းတဲ့ Player ဖြစ်တာမို့ မမေ့သင့်တဲ့ Player ပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ Team Seven ရဲ့ Slayer ပဲဖြစ်ပါတယ်။
New Team Seven ဟာဆိုရင်လည်း အရင်က Team Seven လိုမျိုး Dark Horse ဖြစ်လာမယ်လို့ Vibe ပေးနိုင်အောင်ကြမ်းပြနေတဲ့ အဓိကအကြောင်းအရင်းလို့ဆိုရလောက်အောင် Play Style သေသပ်လှတာမို့ နောက်ဆုံးအနေနဲ့ စောင့်ကြည့်ထားရမယ့် Player တွေပဲဖြစ်ပါတယ်။

အခုလို Rising Star (3) ယောက်ရဲ့ MSL Season (4) Stats တွေကိုလည်း ပုံမှာ Compare လုပ်ပြထားတာဖြစ်ပါတယ်။

အခုကြည့်နေတဲ့ သူတွေအနေနဲ့ရော တစ်ခြား ဘယ် Player ကို သဘောအတွေ့ဆုံးလည်းဆိုတာ Comment မှာရေးသွားပေးပါဦး။ 🤩👏

Week (4) Day (2) မှာလည်း အနိုင်ရရှိသွားနိုင်တဲ့ အသင်းတွေ 🧐Day (2) မှာဆိုရင် Team Seven Vs  Falcon Esports ,Mythic Seal V...
19/09/2026

Week (4) Day (2) မှာလည်း အနိုင်ရရှိသွားနိုင်တဲ့ အသင်းတွေ 🧐

Day (2) မှာဆိုရင် Team Seven Vs Falcon Esports ,Mythic Seal Vs Wvyern Esports နဲ့ J Dai Vs D Family တို့ထိပ်တိုက်တွေ့ဆုံနေကြတာပဲဖြစ်ပါတယ်။

🛡 Team Seven Vs Falcon Esports
Line Up စုဖွဲ့မှုအပြင်၊ Form အရ Title Contanderတွေပြီးရင်အကြမ်းဆုံးအသင်း အဖြစ်ရပ်တည်နေတဲ့ Falcon Esports ကပဲ အကိုကြီး ပီပီအနိုင်ယူသွားဖို့များနေပါတယ်။

🛡 Mythic Seal Vs Wvyern Esports
Season အစထဲက Form အနိမ့်ဆုံးဖြစ်နေခဲ့တဲ့ Wvyern Esports အနေနဲ့ Line Up စုဖွဲ့မှုအရ Core Player တွေအသင်းမှာကျန်ရှိနေသေးတဲ့ Mythic Seal အသင်းကပဲ အနိုင်ရရှိသွားနိုင်ခြေရှိနေတာပဲဖြစ်ပါတယ်။

🛡နောက်ဆုံးပွဲစဥ် ဖြစ်တဲ့ J Dai Vs D Family
New Face တွေနဲ့ဖွဲစည်းထားတဲ့ D Family အနေနဲ့ Potential ကောင်းတွေရှိပေမယ့်၊ Line Up နဲ့ Team Form အရပိုကောင်းမွန်နေတဲ့ J Dai ကပဲပွဲစဥ်ကိုအနိုင်ရရှိသွားနိုင်ခြေရှိနေပါတယ်။

ဘယ်အသင်းတွေ အနိုင်ရရှိနိုင်ခြေရှိလဲဆိုတာ ပြောပြပေးသွားပြီးပြီဆိုတော့ အခုကြည့်နေတဲ့ သူတွေအနေနဲ့ရော ဘယ်အသင်းတွေနိုင်မယ်ထင်လဲ Comment မှာ ရေးသွားပေးပါဦး 🧐

18/09/2026

Regular Season Week (4) Day (1) ရဲ့ အမိုက်စား Play တွေကတော့ ထွက်ရှိလာခဲ့ပါပြီ...🤩
လိုအပ်နေတဲ့အနိုင်ရမှတ်တွေအတွက် အကောင်းဆုံးကြိုးစားယှဥ်ပြိုင်ခဲ့ကြတဲ့ အသင်း​​တွေရဲ့ Moment တွေကို ကြည့်လိုက်ရအောင်... 🔥

ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေအပြီးမှာ MSL Myanmar Week (4) Day (1) ရဲ့ Match Result တွေကတော့ထွက်ပေါ်လာခဲ့ပါပြီ 🔥ပွဲစဥ်ရလဒ...
18/09/2026

ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေအပြီးမှာ MSL Myanmar Week (4) Day (1) ရဲ့ Match Result တွေကတော့ထွက်ပေါ်လာခဲ့ပါပြီ 🔥

ပွဲစဥ်ရလဒ်တွေကိုတော့ အတူတူ ကြည့်လိုက်ရအောင် 🧐

Season (42) နဲ့အတူရောက်ရှိလာတဲ့ UI update တွေအပြင် Revamp ထားတဲ့ Hero 8 ကောင်နဲ့ Patch Changes တွေအရ MSL Season(4) မှာရေ...
18/09/2026

Season (42) နဲ့အတူရောက်ရှိလာတဲ့ UI update တွေအပြင် Revamp ထားတဲ့ Hero 8 ကောင်နဲ့ Patch Changes တွေအရ MSL Season(4) မှာရော ပြောင်းလဲမှုတွေ ရှိလာနိုင်လောက်မလား ?🧐

MLBB မှာ Season (42) စတင်လာတာနဲ့အညီ New Patch Update ကတော့ထွက်လာခဲ့ပါပြီ...👏

ဒီ New Patch မှာဆိုရင် MLBB က (10) Years Anniversary အနေနဲ့ အရင်ကထပ်ပိုမိုက်တဲ့ Ui Changes, Map Revamp တွေအပြင်၊ Meta ပြင်ပရော Meta ထဲပါ ရောက်နေတဲ့ Hero (8) ကောင်အထိ Revamp လုပ်ပေးထားတာကိုတွေ့ရမှာပါ။

Masha, Paquito, Kadita, Badang, Bruno, Lou Yi, Clint, Brody တို့လို Hero (8) ကောင်အထိ Revamp လုပ်ထားတဲ့ Update Patch တွေကို MSL မှာပါဝင်ယှဥ်ပြိုင်‌နေတဲ့ Professional Team တွေကနေတစ်ဆင့် မြင်တွေ့ရနိုင်မလားဆိုတာကတော့ လာမယ့် ပွဲစဥ်တွေမှာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ 👀👏

ဒါ့အပြင် လက်ရှိမှာလည်း Flying Cloud , Broken Wall, Dangerous Grass နဲ့ Expanding River ဆိုတဲ့ Map (4) ခုနေရာမှာ Flying Cloud ကလွဲပြီး Revealing Whisps, Healing Turtle , Golden Turret တို့လို Map အသစ်တွေက (၂၈) ရက်နေ့မှ ပါဝင်လာမှာဖြစ်တာမို့...

Regular Map နဲ့ပဲ ဆော့ရဖို့များနေတဲ့ MSL MM Week (4) မှာ‌ရော ဘယ်လိုမျိုး ပွဲစဥ်တွေမြင်တွေ့ရမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်...🤩👏

Regular Season ပြီးဆုံးဖို့ တစ်ပတ်အလိုဖြစ်တဲ့ (4) Day (1) မှာ ဘယ်အသင်းတွေ အနိုင်ရသွားမှာလဲ ? 🧐Regular Season Week (4) Da...
18/09/2026

Regular Season ပြီးဆုံးဖို့ တစ်ပတ်အလိုဖြစ်တဲ့ (4) Day (1) မှာ ဘယ်အသင်းတွေ အနိုင်ရသွားမှာလဲ ? 🧐

Regular Season Week (4) Day (1) မှာဆိုရင် Team Seven Vs Burmese Ghouls ,Team Secret Vs D Family နဲ့ J Dai Vs Paladins တို့ထိပ်တိုက်တွေ့ဆုံနေကြတာပဲဖြစ်ပါတယ်။

🛡 Team Seven Vs Burmese Ghouls တို့ ပွဲစဥ်မှာတော့...
Line Up စုဖွဲ့မှုအပြင်၊ Form အရ Title Contander အဖြစ်ရပ်တည်နေတဲ့ TECBG ကပဲ အနိုင်ရရှိနိုင်ခြေများနေတာပဲဖြစ်ပါတယ်။

🛡 Team Secret Vs D Family မှာတော့...
D Family အနေနဲ့ လက်စွမ်းကောင်းတွေရှိပေမယ့် Micro and Mechanic ပိုင်းတွေမှာပိုအားသာတဲ့ Niko,J3X တို့လိုအတွေ့အကြုံရင့်တဲ့ Player တွေဦးဆောင်လာမယ့် Team Secret ကအနိုင်ရရှိနိုင်ခြေရှိနေတာဖြစ်ပါတယ်။

🛡နောက်ဆုံးပွဲစဥ် ဖြစ်တဲ့ J Dai Vs Paladins
New Face တွေပါဝင်နေတဲ့ အပြင် Elimination Zone ကိုရောက်ရှိနေတဲ့ Paladins အသင်းကို J Dai အနေနဲ့ အနိုင်ရရှိသွားနိုင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ကဲ Week (4) Day (1) မှာ အနိုင်ရရှိနိုင်တဲ့ အသင်းတွေကို ပြောပြပေးသွားပြီးပြီဆိုတော့
အခုကြည့်နေတဲ့သူတွေအနေနဲ့ရော ဘယ်အသင်းတွေနိုင်မယ်ထင်လဲ Comment မှာ ရေးသွားပေးပါဦး 🧐

17/09/2026

သူတို့ ဘာတွေရေးနေကြတာလဲ ? 👀

Address

No. 221, Sule Square Office Building, Level 17-22-23, Sule Pagoda Road, Kyauktada Township
Yangon
11182

Alerts

Be the first to know and let us send you an email when ATOM: Let's Play Arena posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category