16/03/2026
Archive of Invitational Friendly Competition (15th March 2026);- Part 2
Multi-Styled Martial Arts & Sports Club affiliated to MKF/WKF which recognized by MOC/IOC….
16/03/2026
Archive of Invitational Friendly Competition (15th March 2026);- Part 2
16/03/2026
Archive of Invitational Friendly Competition (15th March 2026);-
16/03/2026
Archive of Invitational Friendly Competition (8th March 2026);-
16/03/2026
“ကျေးဇူးအထူးတင်ရှိပါကြောင်း”
အောင်ဆန်းကရာတေးအသင်းရဲ့
ချစ်ကြည်ရေးဖိတ်ခေါ် လက်ရည်စမ်းပြိုင်ပွဲ
(၁/၂၀၂၆)အား ၂၀၂၅ခုနှစ်၊ မတ်လ (၈)ရက်နှင့်
(၁၅)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မိတ်ဖက်
ကရာတေးအသင်းများရဲ့ ပူးပေါင်းပါဝင်
အားဖြည့်မှုဖြင့် အောင်မြင်စွာ
ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။
ပြိုင်ပွဲရက်မတိုင်မီနှင့် ပြိုင်ပွဲရက်များအတွင်း
အချိန်အားလူအားပြိုင်ပွဲဝင်ကြေးအားများဖြင့်
မိမိတို့ချစ်မြတ်နိုးရာ ကရာတေးအားကစားနှင့် လူငယ်မျိုးဆက်သစ် အားကစားမောင်မယ်
အနာဂတ်အားထားရာ ခေါင်းဆောင်များအား
ရည်မှန်းချက် ရည်ရွယ်ချက်ရှိရှိ
အားပေးမြှင့်တင် မြေတောင်မြှောက်ပေးကြတဲ့
အသင်းအသီးသီးက အုပ်ချုပ်သူ၊ နည်းပြနှင့်
မိဘများအားလုံးရဲ့ ပေးဆပ်မှုကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အထူးသဖြင့် ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲရဲ့
ရည်မှန်းချက်ရည်ရွယ်ချက်အတိုင်း
ပါဝင်ယှဉ်ပြိုင် ကစားသွားကြတဲ့ ကရာတေးအားကစားမောင်မယ်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။
24/02/2026
#ကျောင်းသားလူငယ်များအတွက် အကောင်းဆုံး နွေရာသီတန်ဖိုးရှိမယ့် အားကစားပညာရပ်
28/10/2025
“ကျေးဇူးတင်လွှာ”
၁။ အောင်ဆန်းကရာတေးအသင်းရဲ့ သက်တမ်းအလိုက်ဖိတ်ခေါ်ပြိုင်ပွဲအား ၂၆-၁၀-၂၀၂၅နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
၂။ ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မိတ်ဖက်အသင်းများ၊ အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်ကစားသမားများနှင့် မိဘများ အထောက်အပံ့ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၃။ အချို့သော မိတ်ဖက်အသင်းကြီးများအား နေရာနှင့်အချိန် အခက်အခဲကြောင့် ဖိတ်ကြားနိုင်ခြင်းမရှိခဲ့သည့်အပေါ် နားလည်ပေးခဲ့ကြတာကို ကျေးဇူးတင်ရှိသလို၊ နောက်တစ်ကြိမ် သက်တမ်းအလိုက် ပြိုင်ပွဲများအား ၂၀၂၆ခုနှစ်၊ မတ်လအတွင်း ရက်ခွဲ၍ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်သဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြပါစေလိုကြောင်း အသိပေးအပ်ပါသည်။
၄။ ပြိုင်ပွဲအား WKF ပြိုင်ပွဲနည်းဥပဒေများနှင့်အညီ စနစ်တကျကျင်းပနိုင်ရေးအတွက် အဖွဲ့ချုပ်ဒိုင်အဖွဲ့ထံမှ အကူညီရယူခြင်း၊ ရုံးအဖွဲ့ထံမှ GMS အကူညီရယူခြင်း၊ ပြိုင်ပွဲကျင်းပရေးနှင့် ရံပုံငွေရရှိရေးအတွက် အသင်းအုပ်ချုပ်နည်းပြများနှင့် မိဘများ ကူညီထောက်ပံ့ပေးလိုသူများအား ကြိုတင်ဆက်သွယ်စုစည်းဆောင်ရွက်ခြင်းဖြင့် ပြိုင်ပွဲအဆင့်အတန်းမြင့်မားစွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ ပြိုင်ပွဲဝင်များအတွက် ရလဒ်ကောင်း၊ အတွေ့အကြုံကောင်းများနှင့် သင်ခန်းစာကောင်းများစွာ ရရှိနိုင်စေမှာဖြစ်ပါသည်။
၅။ အခါအားလျော်စွာ ကျင်းပလျက်ရှိသော အောင်ဆန်းကရာတေးအသင်းရဲ့ လက်ရည်စမ်းပြိုင်ပွဲများမှာ ရည်ရွယ်ချက်ကောင်း ဦးတည်ချက်ကောင်းများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြပါစေကြောင်း မိတ်ဖက်အသင်းအသီးသီးသို့ ကျေးဇူးတင်စွာဖြင့် ကြိုတင်ဖိတ်ကြားအသိပေးအပ်ပါသည်။ ။
အောင်ဆန်းကရာတေးအသင်း
အထူးတန်းလေ့ကျင်းရေးခန်းမ
အောင်ဆန်းကွင်း၊ ရန်ကုန်မြို့
05/10/2025
အောင်ဆန်းကရာတေးလေ့ကျင့်ရေးစခန်း သားငယ် သမီးငယ်တို့၏ ဝါကျွတ်ဆရာကန်တော့ခြင်းနှင့် ဆရာဦးဇော်လွင်၏ အာဟာရဒါန ပြန်လည်ကျွေးမွေးခြင်း ♥️🥋
23/06/2025
12/05/2025
11/04/2025