Chelsea Passion

Chelsea Passion

Share

For Business -Contact Viber number
09042257885 Chelsea သတင်းများတင်ဆက်ပေးသွားပါမယ်

14/05/2026

ချဲလ်ဆီးအသင်း လက်ပူတိုက်ဖြေရှင်းဖို့
လိုနေတဲ့ စည်းကမ်းပိုင်းပြဿနာ

ချဲလ်ဆီးအသင်းမှာ အခုနေ ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကွက်ဆိုတာကုန်းကောက်စရာမရှိအောင်ကို ရှားတယ်။ ပြဿနာတွေ ရှုပ်ယှက်ခတ်နေတဲ့အထဲ
In Gameပြဿနာ အသင်းရဲ့ ရလဒ်တွေကို တိုက်ရိုက်ထိ‌ခိုက်နေတာက ကစားသမားတွေရဲ့ စည်းကမ်းပိုင်းအားနည်းခြင်းဖြစ်တယ်။ လာမယ့်ရာသီ နည်းပြသစ်
ဘယ်သူဘဲဖြစ်လာပါစေ အရင်ဆုံး
ရှင်းရမယ့် အရှုပ်ထုတ် တစ်ခုလည်းဖြစ်နေတယ်။ ဒီရာသီလိဂ်ရဲ့ အသန့်ရှင်းဆုံး Fair Play ရပ်တည်မှုမှာ လန်ဒန်အနောက်ပိုင်းရပ်ကွက်သားတွေဟာ အဝါကဒ် အကြိမ်(၈၀)၊ အနီကဒ် (၇)ကြိမ်နဲ့ အောက်ဆုံးမှာရောက်နေတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းကို ဆိုရှယ်မီဒီယာတွေပေါ်မှာ လူမို-က်အသင်းလို့တောင် နာမည်ပြောင်ပေးထားကြတာပါ။

ချဲလ်ဆီးကစားသမားတွေရဲ့ Lack of Discipline ဟာ ဒီရာသီမှဗြုန်းစားဖြစ်လာတာ မဟုတ်ဘူး။ ပိုချက်တီနိုလက်ထက်မှာကတည်းက တစ်ရာသီထဲ အဝါကဒ် (၁၀၅)ကြိမ်နဲ့ Premier Leagueရဲ့ ALL Time Season Record ချိုးသွားခဲ့တယ်။
နောက်ဆုံး(၃)ရာသီအတွင်းမှာ ကဒ်ပြခံရမှု
အကြိမ်ရေ (၃၀၁)ကြိမ်ရှိလာပြီး တခြားအသင်းတွေထက် အကြိမ်ပေါင်းများစွာ
ပိုများနေတယ်။ ဒီနှစ်ရဲ့ Red Card (၇)ကြိမ်ကလည်း အသင်းသမိုင်းတစ်လျှောက် Season Record Breaking ဖြစ်လာတယ်။ ဒါ့အပြင် ကစားသမားတွေကို ထိန်းသိမ်းရာမှာ အားနည်းတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ ကြိမ်ဖန်များစွာ ဒဏ်ရိုက်ခြင်းကိုလည်း ခံခဲ့ရတယ်။ အထင်ရှားဆုံးတွေကတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဖြစ်ခဲ့တဲ့ Heated Match ပွဲမှာ
စတာလင်ပေါင်(၂၅၀၀၀)၊ နယူးကာဆယ်နဲ့ပွဲမှာ အဲ့ထက်နှစ်ဆ ‌ပေါင်(၅၀၀၀၀)အထိ
ဒဏ်ရိုက်ခဲ့တာပါ။

ချဲလ်ဆီးကစာသမားတွေရဲ့ ဒီ Bookings တွေ ဘယ်လိုရခဲ့သလဲ ဒီစည်းကမ်းချိုးဖောက်မှုတွေရဲ့ ဗဟိုချက်မက ဘယ်ကနေ လာသလဲလို့ Tricking လိုက်တဲ့အခါ
ကွင်းထဲမှာ စိတ်ခံစားမှု (Emotions)တွေကို Manage လုပ်နိုင်စွမ်း မရှိတာကြောင့် ဆိုတာကို ပြနေတယ်။ ဒီကဒ်တွေရဲ့ (၁၇)ရာခိုင်နှုန်းက ကွင်းလယ်ဒိုင်‌တွ အကူဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို စောဒကတက်တာ၊ ငြင်းခုံတာ မလိုအပ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလုပ်တာ Unnecessary confrontationsတွေကနေလာတယ်။
အင်ဇိုဖာနန်ဒက်စ်လို ခေါင်းဆောင်တစ်ယောက်က အဝါကဒ်(၉)ကြိမ်နဲ့ အများဆုံး ပြခံထားရတယ်။ ရှောင်လွဲလို့ရတဲ့ ဖြစ်ရပ်တွေက‌နေ အဝါကဒ်တွေကို ဈေးပေါပေါနဲ့ ယူနေတဲ့အတိုင်းပါဘဲ။

နောက်ထပ် Tactical Problem တွေကြောင့်ပြခံရတယ်။ Tactical Fouls တွေ အကျူးလွန်ဆုံး အသင်းစာရင်းမှာ ချဲလ်ဆီးက ထိပ်ဆုံးကနေ ရပ်တည်လာတာ တစ်ရာသီမကတော့ပါဘူး။ ပြိုင်ဘက်ရဲ့ Counter Attack တွေကိုရပ်တန့်ဖို့ Tactical Fouls တွေ မကြာခန အမြဲတမ်းလုပ်နေတာဟာ Defensive Structure ဒိုးယိုပေါက်ဖြစ်နေတာကို မြင်သာအောင် ငပြနေတဲ့သဘောပါ။ Discipline Problemsတွေဟာ Tactical Problem တွေရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။

နောက်တစ်ခုက အန္တရာယ်ပိုကြီးတယ်။
Late-game mental collapseတွေကနေ
ကဒ်တွေပြခံနေရတယ်။ ဒီကဒ်တွေအားလုံးရဲ့ သုံးပုံတစ်ပုံက ပွဲပြီးခါနီး (၁၅)မိနစ်အတွင်းမှာ ရခဲ့တယ်။ ဦးဆောင်ထားချိန်မှာ Emotional Control အားနည်းတာ ပင်ပန်းနွမ်းနယ်တာ၊ ဒီလိုဖြစ်ရပ်တွေမှာ
ဦးဆောင်ကာကွယ်မယ့်သူ မရှိတာ
ဖိအားတွေအောက်မှာ ကစဉ့်ကလျားနဲ့
Panic ဖြစ်သွားတာကြောင့် ကဒ်တွေပြခံရတဲ့အပြင် ရမှတ်တွေပါ ဆုံးရှူံးခဲ့ရတယ်။

မာရက်စ်ကာအထုတ်မခံရရင်တုန်းက
ဒီလောက် ကဒ်တွေ ခနခနပြခံနေရတဲ့အပေါ် သတင်းထောက်က မေးခွန်းထုတ်ခဲ့တဲ့အခါ သူက ဒါကို " Discipline Problem"တစ်ခုလို့ မမြင်ကြောင်း
တုံ့ပြန်ခဲ့တယ်။ ဒါကို အသင်းလိုက်
ဖြေရှင်းရမယ့် ပြဿနာလို့မမြင်ဘဲ
ကစားသမားတစ်‌ဦးတစ်ယောက်ချင်းစီရဲ့
အသိဉာဏ်နဲ့ဘဲဆိုင်တယ်လို့ ပြန်ချေပခဲ့တယ်။ ကျွန်တော်ကတော့ ဒီအဖြေကို
သဘောမကျပါဘူး။ ဘာကြောင့်လဲဆိုရင်
မာရက်စ်ကာကိုယ်တိုင် အဝါကဒ်တွေ
ခနခနထိပြီး ပွဲပယ်ပြစ်ဒဏ်တွေကျခဲ့ဝာာကြောင့် သူ့စကားပြန်ကောက်ရရင် မာရက်စ်ကာလည်း individual wise အားနည်းတယ်လို့ ပြောရမလိုဖြစ်နေတယ်။

ရိုစင်နီညာ ကြားဖြတ်ဝင်လာတဲ့အခါ
ဒါကို ဦးစားပေးရှင်းရမယ့် ပြဿနာလို့
မြင်ခဲ့တယ်။ ချက်ချင်း Squad Meeting လုပ်ပြီး ဒီအဝါကဒ်တွေ ပွဲပယ်ထိခဲ့တာတွေကို ရှောင်လွှဲဖို့ တစ်ဦးတစ်ယောက်ချင်းစီက ကြပ်ကြပ်မတ်မတ် သတိထားရမယ်လို့ တောင်းဆိုခဲ့တယ်။ ပွဲထွက်လူစာရင်း
Selection မှာတောင် ကွင်းထဲမှာ စည်းကမ်းလိုက်နာမှု ရှိမရှိဆိုတဲ့အချက်ကိုပါ Judge လုပ်ပြီးဆုံးဖြတ်မယ်လို့
ရာဇသံပေးခဲ့တယ်။ ကျွန်တော့်အမြင်
ရိုစင်နီယာ ဒါကို Hard Power နဲ့ ကိုင်တွယ်တာ မှားခဲ့တယ်လို့ထင်တယ်။

စည်းကမ်းပိုင်းအားနည်းမှုတွေကြောင့်
Tactical Structure Break downဖြစ်သွားတဲ့အခါ ရမှတ်ဆုံးရှူံးမှုတွေကိုပါ တိုက်ရိုက်ထိခိုက်လာခဲ့တယ်။ ဥပမာ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့ ပွဲအစ(၄)မိနစ် အနီကဒ်ကြောင့် စိတ်ပျက်ဖွယ် ရှုံးခဲ့ရတာ၊ ဘရိုက်တန်ကို (၁-၀)နဲ့ ဦးဆောင်ထားချိန်မှာ ချာလိုဘတ်ရဲ့ အနီကဒ်ကြောင့်
ချေပဂိုးတွေ အနိုင်ဂိုးတွေ ပေးရပြီး
(၃-၁)နဲ့ အရှက်တကွဲရှုံးခဲ့ရဝာဲ့ပွဲမျိုး‌။
ဒီရာသီမှာ တစ်ယောက်လျော့နဲ့ ကစားရတိုင်း အသင်းရဲ့ win percentage က (၁၆.၆)ရာခိုင်နှုန်းဘဲရှိခဲ့တယ်။
အနီကဒ်ပြခံခဲ့ရတဲ့ပွဲတွေထဲ (၆)ပွဲမှာ
(၁)ပွဲဘဲ နိုင်ခဲ့တယ်။ Discipline Collapse ဖြစ်သွားတာတွေကြောင့် ချဲလ်ဆီးဟာ အနိုင်ရနိုင်ချေသို့မဟုတ် သရေတစ်မှတ် ရနိုင်တဲ့ အနေအထားတွေကနေ (၁၅)မှတ်နဲ့ (၁၉)မှတ်ကြားအထိ လျော့ခဲ့တာပါ။
အင်မတန်များပြားတဲ့ ပမာဏဖြစ်ပါတယ်။
ဥပမာ ဘန်လေနဲ့ပွဲမှာ ဖိုဖာနာရဲ့ အနီကဒ်ကြောင့် ပွဲပြီးခါနီး အချိန်ပိုမှာ သရေတစ်မှတ်ပြန်ခွဲပေးခဲ့ရတာတွေက အခုအသင်းရဲ့ ရပ်တည်မှုတွေမှာ ဆုံးရှူံးမှုကြီးမားခဲ့တယ်။

ကစားသမားတွေ Discipline အားနည်းတာ မကြာခန ကဒ်တွေပြခံရတာက အပြုအမူပိုင်းတင်မကဘဲ
အသင်းလိုက် Shape ကိုပါ ဟန်ချက်‌ပျက်စေတယ်။ လူစားလဲမှုတွေမှာ အလှည့်အပြောင်းတွေဖြစ်ရတယ်။ အရေးပါတဲ့ပွဲတွေမှာ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် Line up မှာ အားနည်းသွားတယ်။ တစ်ယောက်လျော့သွားတဲ့အခါ ကွင်းတွင်း Match Momentum ပါ ပျက်စီးသွားရတယ်။နောက်ဆုံးအရေးကြီးတဲ့ ရမှတ်တွေပါ
အလေအလွင့်ဖြစ်ခဲ့ရတယ်။

နိဂုံးချုပ်ရရင် ကစားသမားတွေအနေနဲ့ Emotionsတွေ မထိန်းချုပ်နိုင်သ၍ ပွဲတွေကို Dominance လုပ်နိုင်စွမ်းကျနေဦးမှာဘဲ။ Match Dominance မလုပ်နိုင်ရင်တော့ ဆုဖလားတွေနဲ့ အမြင့်ကို
ပြန်ရောက်ဖို့ ပိုအလှမ်းဝေးနေပါလိမ့်မယ်။
Winning Culture တစ်ခု ပြန်တည်ဆောက်ဖို့ဆိုရင် စည်းကမ်းအားနည်းတာကို ပြင်မှကိုရပါမယ်။အလွန်ဆို ဖာဘရီဂတ်စ် ဘယ်သူလဲလာလာ ဒါကို အရင် ဦးစားပေး
ကိုင်တွယ်ရမှာပါ။

Chelsea Passion

26/04/2026

အပြာရောင်ရပ်ဝန်းမှာ တိုက်ခတ်နေတဲ့ မုန်တိုင်းထန်ထန်တွေ ဘယ်ချိန်ပြန်စဲမလဲဆိုတာ ခန့်မှန်းရခက်ပေမယ့်
အဲ့လို ရှူပ်ယှက်ခတ်နေတဲ့ အခြေအနေတွေ
အကျအဆင်းတွေကြားကနေဘဲ ဝင်ဘလေကို နောက်တစ်ကြိမ် ပြန်လာခွင့်ရဖို့ ဗိုလ်လုပွဲလက်မှတ်တစ်စောင်
ရယူနိုင်ခဲ့တယ်။

ခြောက်ပစ်ကင်း သဲလဲစင် ခြေစွမ်းမျိုး
မရခဲ့ပေမယ့် ကစားသမားတွေဆီက
စိတ်ဓာတ်နဲ့ တက်ကြွတဲ့ ရုန်းအားတွေကို
ပြန်မြင်ရတယ်။ ဒီရာသီရဲ့ တစ်ခုထဲသော
ဖလားမျှော်လင့်ချက်အတွက် ငါတို့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ Alarm မြည်ခဲ့တဲ့ည။

အားအရဆုံးအချက်က မမြင်ရတာကြာတဲ့
အသင်းလိုက် စည်းလုံးမှုတွေပါဘဲ။
ရိုစီညာလက်ထဲ ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ ချဲလ်ဆီးနဲ့ ဘာမှကို မဆိုင်တဲ့ အသင်းကို မြင်ရတယ်။

မကြာခင် ပြန်လာခဲ့မယ် ဝင်ဘလေရေ....
ဒဏ်ရာရနေတဲ့ ‌ခြင်္သေ့ကြီးက ပိုပြီး ကြမ်းတမ်းပြတတ်ပါတယ်။

Chelsea Passion

22/04/2026

ထွေလာဂျီမောင်းသမားကို Lamborghini တက်မောင်းခိုင်းလိုက်တဲ့အခါ ဒီလို အရုပ်ဆိုးအကျည်းတန်ကိစ္စတွေ
ဖြစ်လာတော့တာဘဲ။

တက်မောင်းတဲ့သူထက် မောင်းခွင့်ပေးတဲ့သူတွေမှာသာ
ပိုအပြစ်ရှိတယ်။ နောက်ကွယ်က အားကစားဒါရိုက်တာဆိုတဲ့ တရားခံတွေကိုပါ စီရင်ချက်ချဖို့လိုတယ်။

ဒီဖိနပ်က ကိုယ့်ခြေထောက်နဲ့ အံဝငိခွင်ကျမဖြစ်ဘဲ
အတင်းစီးရင်တော့ လူမြင်ကွင်းမှာ ပြက်ရယ်ပြုစရာတွေ ဖြစ်မှာဘဲ။

ရိုစင်နီယာက သနားဖို့ကောင်းပါတယ်။ Average Manager တစ်ယောက်ဆီက ဘာမှမျှော်လင့်လို့မရဘူး။
သူ့ခမျာ ပြင်သစ်မှာ ဟုတ်နေတာအကောင်း
Long Term Project ဆိုပြီး ကံစမ်းလိုက်ကာမှ
အကုန် ပျက်စီးခြင်း ဦးတည်တော့တယ်။

ဒေါက်တိုင် ကစားသမားတွေကပါ ခါးခါးသီးသီးငြင်းဆန် ၊ နည်းပြလို့ကို မသတ်မှတ်ကြတော့တဲ့အတွက်
မူလက ရာသီကုန်အထိ ကျိတ်မှိတ်ပြီး ခန့်ထားဖို့
စီစဉ်ထားကြပေမယ့် မဖြစ်မနေ ထုတ်ပယ်လိုက်ရပါတော့တယ်။

This is confusion.
This is chaos.
This is a club without identity

04/03/2026

ဒီည ဗီလာပတ်ခ်မှာသာ တစ်ခုခုထပ်ပြီး အတိမ်းအစောင်းဖြစ်ရင် အပြာရောင်တို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်က သူမနဲ့မင်းလိုဘဲ ဘာမှမဆိုင်ဘူး ဖြစ်သွားလိမ့်မယ်။

စောစောဂိုးပေးခဲ့ရတာကလွဲရင် ကျေနပ်စရာအပြည့်နဲ့
Perfect နီးနီး ပြန်လာနိုင်ခဲ့တယ်။ ဂျာအိုပက်ဒရို show ကို ထပ်မြင်ခဲ့ရတဲ့ည ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး Hat Trick။ ဒီကောင်လေးရဲ့
အရွေ့တွေ အဆုံးသတ်တွေက သားကောင်နံ့ရနေတဲ့
သားရဲတစ်ကောင်လိုဘဲ ဂိုးသွင်းရမယ့်အချိန် ရှိသင့်ရှိအပ်တဲ့ နေရာမှာ အသင့်ဖြစ်နေတာဘဲ။

Open Play ကနေ ဂိုးမရလို့ ပြင်းပြင်းထန်ထန်
ဝေဖန်ခံနေရတဲ့ ရွှေကိုးလ်ပါ ဂိုးပေါက်ပြန်တွေ့တယ်။
ဂါနာချိုရဲ့ chance creating တွေကိုလည်း ဒီကောင် ဆေးများမှားစားလာသလားလို့ ထင်ရတဲ့အထိဘဲ။
အပိုင်ကန်ချက် မဝင်ပေမယ့် 1assist ကြောင့်
ခွင့်လွှတ်ပေးလို့ရပါတယ်။

အင်ဇိုရဲ့ သိန်းငှက်လို စူးရှတဲ့ vision တွေနဲ့
ရေဒါတပ်ထားတဲ့ တိကျတဲ့ပေးပို့မှုတွေကိုလည်း
အရသာရှိရှိ ခံစားခဲ့ရတယ်။ စိတ်အချမ်းသာရဆုံးက
ဆန်းချက်ဇ်ကို အနားပေးပြီး ဂျော်ဂျင်ဆန်ကို
အခွင့်အရေးပေးခဲ့တာကိုပါ။

Top(4) Spot အတွက် လေးသင်းလောက်အပြိုင်ဖြစ်နေချိန် အနီးကပ်ပြိုင်ဘက်ကို ဂိုးပြတ်နိုင်လိုက်တဲ့
ဖီလင်က 16နှစ်အရွယ် ချာတိတ်လေးတစ်ယောက်
သူ့ရဲ့ very first time ကို ဖြတ်သန်းပြီးသွားသလိုဘဲ။

Good morning ပါ ကမ္ဘာ့ချန်ပီယံတို့...💙

25/11/2025

'ခ​ယောင်းလမ်းကို နိုင်ပွဲနဲ့စတင်ခဲ့တဲ့ ချဲလ်ဆီး'

ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ ပွဲကြပ်ကာလနွှဲရမယ့်ချဲလ်ဆီးဟာ ဘာဆာကိုအိမ်ကွင်းမှာ ၃-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး ယုံကြည်ချက်တည်​ဆောက်နိုင်ခဲ့ပါပြီ။

ဒီ​နေရာမှာချဲလ်ဆီးဟာ ဘာဆာအ​ပေါ် ပွဲအစကတည်းက ​တောက်​လျှောက်လွှမ်းမိုးခဲ့သလို အရူဂျိုနီသွားတဲ့​နောက် အ​ခြေအ​နေ​တွေကပိုမိုလွယ်ကူသွားတယ်။ ၆-၀ ​လောက်ပြတ်သွားရင်​တောင် အံ့သြစရာမရှိတဲ့​ခြေစွမ်းနဲ့ အပြာ​ရောင်ကလပ်ကကစားသွားတာပါ။

ချီးကျူးသင့်ဆုံးကစားသမားက​တော့ အက်စတီ​ဗောင်ပါပဲ။ သူဟာ ဘာဆာခံစစ်​ကြောင်းကို အလိမ်အ​ခေါက်၊ ကန်သွင်းမှု၊ ​ပေးပို့မှု​တွေနဲ့ ​တောက်​လျှောက်ဒုက္ခ​ပေးသွားတယ်။ ပြိုင်ဘက်အသင်းရဲ့ high line ဟာ သူ့ရဲ့ through ball ​တွေ​ကြောင့် ဒုက္ခ​ရောက်ခဲ့ရတယ်။

အက်စတီ​ဗောင်ဟာ ကိုယ်တိုင်လည်း ရင်သပ်ရှု​မောဖွယ်ရာ အဆင့်မြင့်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တယ်။ (၁၈)နှစ်သား​လေးဟာ ​ဘောလုံးဇာတ်ခုံ​ပေါ်မှာ အရွယ်နဲ့မလိုက် ရင့်ကျက်တည်ငြိမ်တဲ့​ခြေစွမ်းပြသပြီး ဂိုး​တွေသွင်းယူ​နေတာဟာ အားကျ​ကျေနပ်ဖွယ်​ကောင်းလွန်းတယ်။ ခင်ဗျားဟာ ​ဘောလုံးကိုချစ်မြတ်နိုးသူဆိုပါက အက်စတီ​ဗောင်အ​ပေါ် မဖြစ်မ​နေချီးကျူးမိမှာပါ။

ချဲလ်ဆီးဆိုတဲ့အသင်းက သူတို့အ​ပေါ်​လျှော့တွက်မိရင် မထင်မှတ်ထားတဲ့​ခြေစွမ်း၊ ရလဒ်​တွေနဲ့ တုန့်ပြန်​လေ့ရှိတဲ့အသင်းဖြစ်ရာ ဒီပွဲမှာလည်းဒီသ​ဘောကို မြင်​တွေ့ခဲ့ရတာပါ။ ပွဲမတိုင်ခင်က ချဲလ်ဆီးပရိသတ်ထက် ဘာဆာပရိသတ်ပိုများခဲ့တာပါ။ ​စဉ်းစားမိတဲ့​နောက်တစ်ချက်က ဘာဆာဟာ high press နဲ့ high line ကစားတဲ့အသင်းမို့ ချဲလ်ဆီးအကြိုက်ဖြစ်သွားတာပါ။

ဒီလိုပုံစံနဲ့ချဉ်းကပ်တဲ့ ပီအက်စ်ဂျီ၊ ဘာဆာ၊ လီဗာပူးလ်တို့ကို ကမ္ဘာ့ချန်ပီယံ​တွေဟာ ​ခြေအသာ၊ ထိုး​ဖောက်မှုအသာ၊ ဂိုးအသာနဲ့ အနိုင်ရလဒ်​ဆောင်ကြဉ်းခဲ့တာပါ။ ''မျက်ဖြူဆိုက်​လေ ဆရာကြိုက်​လေ''ဆိုသလို ''ပြိုင်ဘက်ဖွင့်တိုက်​လေ ချဲလ်ဆီးကပိုမိမိုက်​လေ''လို့ ​ပြောရမလိုပဲ။

တနင်္ဂ​​နေ့ညမှာရင်ဆိုင်ရမယ့်အာဆင်နယ်က​တော့ ခံစစ်ပိုင်းကျစ်လျစ်ပြီး အမြင့်​ဘော​တွေနဲ့ ဂိုးသွင်းယူဖို့ကြိုးစားတဲ့ပြိုင်ဘက်ပါ။ ချဲလ်ဆီးဟာ အဲလိုအသင်း​တွေနဲ့​တွေ့တိုင်း ရုန်းကန်ရ​လေ့ရှိတာကို​တော့ သတိထားရမယ်။

ဘာပဲ​ပြော​ပြော ဘာဆာအ​ပေါ်ဂိုးပြတ်နိုင်ပွဲက အာဆင်နယ်ကိုအ​ကောင်းဆုံးရင်ဆိုင်ဖို့ ​မောင်းနှင်အား​လောင်-စာဖြစ်လာနိုင်ပါတယ်။

Photo crd

Zeegyor

ChelseaPassion

25/11/2025

🎈Moises Caicedo Appreciation 🔥

မင်းဟာမင်း ဘယ်လောက်တောင် ကောင်းတဲ့
Ball Carrier ဘဲဖြစ်ဖြစ် ဘယ်လောက် မြန်ပါတယ်ဆိုတဲ့
တိုက်စစ်ကစားသမားမျိုးဘဲဖြစ်ဖြစ် ကိုင်စီဒိုနဲ့ ရင်ဆိုင်ရပြီဆိုရင် အရေးအကြီးဆုံး Rule Number one က
ဘောလုံးကို (၃)စက္ကန့်ထက်ပိုပြီး ကြာကြာ မကိုင်ထားမိဖို့ဘဲ။

ဘောလုံးပိုကိုင်ထားမိတာနဲ့ ကိုင်စီဒိုက အချိန်မရွေး
ရောက်လာပြီး Tactical Fouls တွေ Genius Tackle တွေနဲ့ မင်းဆီက ဘောလုံးကို လုယူသွားနိုင်တာမို့ဘဲ။

ကိုင်စီဒိုနဲ့ Positionတူ ထိပ်တန်း ကစားသမားတွေကြား
ဘယ်သူက ပိုသာသလဲဆိုတဲ့ Debate က ကျယ်ကျယ်လောင်လောင်ထွက်နေတာကြာပြီ။

တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ ဒီလို Big Match
လူရာဝငိတဲ့ ပွဲမျိုးမှာ မွိုက်စ်က သူ့ရဲ့ Big Masterclassကို ရှင်းရှင်းလင်းလင်းကြီး ချပြသွားတယ်။

ဘောလုံးလက်ခံရယူတာ၊ Build up တည်ဆောက်တာ
ဘာကာရဲ့ Attack Channel ဖြစ်နိုင်သမျှ လမ်းကြောင်းတွေကို နည်းမျိုးစုံနဲ့ ဟန့်တား တိုက်ထုတ်သွားတာ
ကြည့်ရင်းကြည့်ရင်းနဲ့ စပိန် ချန်ပီယံဆိုတဲ့ကောင်တွေကို
ရက်စက်လွန်းရာ ကျနေမလားလို့ တွေးယူရတဲ့အထိဘဲ။

ချဲလ်ဆီးကွင်းလယ်ရဲ့ တစ်ကယ့်ကို Literal Cheat Code။ ကိုင်စီဒို ဘယ်လို level မျိုး ဘယ် classအတန်းစား ကစားသမားလဲဆိုတာ ယှဉ်ငြင်းစရာ မလိုတော့ဘူးလို့ ထင်တယ်။

ချဲလ်ဆီးနဲ့ ကစားရပြီဆိုရင် မွိုက်စ်နဲ့ အင်ဇိုတို့နှစ်ယောက်ကို Physicallyရော၊ Tactically ပါ
Overwhelmed မလုပ်နိုင်ရင်တော့ ဘယ်အသင်းမှ
တက်မလာနဲ့ ကိုယ့်လူရေ ......

Come on Blues 💙🦁
KTBFFH

24/11/2025

'ချဲလ်ဆီးရဲ့ စိတ်ဝင်စားစရာ Playing from the Back'

ဝုဗ်စ်နဲ့ EFLပွဲစဉ်မှ တိုင်းရစ်​ဂျော့ရဲ့တတိယဂိုး၊ ဘန်​လေနဲ့ PLပွဲစဉ်မှ အန်ဇိုဖာနန်ဒက်စ်ရဲ့ ဒုတိယဂိုး​တွေမှာ playing from the back ရဲ့ အ​ရေးပါပုံကို ကွက်ကွက်ကွင်းကွင်း​တွေ့မြင်ခဲ့ရတယ်။

ဝုဗ်စ်နဲ့ပွဲမှာ ချဲလ်ဆီးခံစစ်ဇုန်တွင်း ဂိုးသမား​ယော်ဂန်ဆန်ဆီက​နေ အ​ပေးအယူစတင်ရာက​နေ ရိုမီယိုလာဗီယာဟာ ပြိုင်ဘက်ကစားသမားနှစ်​ယောက် press လုပ်​နေတဲ့ကြားက​နေ ခန္ဓာကိုယ် (၁၈၀)ဒီဂရီလှည့်ထွက်ပြီး inverted FB ဂူစတိုကို​​ဘောလုံး​ပေးတယ်။

ဂူစတိုကလည်း (၁၈၀)ဒီဂရီထပ်မံလှည့်ထွက်ကာ ​ဘွေနာနို့​တေးကို​​ပေးပို့ပြီး အာဂျင်တီးနားကြယ်ပွင့်က ​ဂျေမီဂစ်တန်စ်ရဲ့​ပြေးလမ်း​ကြောင်းထဲခင်း​ပေးလိုက်ရာ ဂစ်တန်စ်က ဘယ်​တောင်ပံတစ်​လျှောက်ဆွဲ​ပြေးပြီး ဧရိယာထဲဝင်​ရောက်လာသူ​ဂျော့ကိုခင်း​ပေးလိုက်တဲ့​နောက်...

''Bang!!!''

ဘန်​လေနဲ့ပွဲမှာလည်း ၁-၀ ဖြစ်​နေတဲ့အချိန် ပွဲကစားချိန်(၈၈)မိနစ်အ​ရောက် မိမိအသင်းဧရိယာတွင်းမှာ ဂူစတိုမပြတ်မသားလုပ်မှုကို ပြိုင်ဘက်တိုက်စစ်မှူးလိုက်လံလုယူ​​နေ​ပေမယ့် ဂိုးသမား​ရောဘတ်ဆန်းချက်ဇ်က ဂူစတိုနဲ့ သွေး​အေးတည်ငြိမ်စွာ အ​ပေးအယူပြုလုပ်လိုက်တယ်။

ဂူစတိုကလည်း ညာခြမ်းနားအထိ ​ဘောလုံးဆွဲယူသွားတယ်။ အဲဒီ​နောက် နက်တိုဆီ​ပေးပို့လိုက်ရာ ​ပေါ်တူဂီသားက တစ်ဘက်ကစားသမား(၂)​ယောက်ကြားက​နေ ပါးပါးနပ်နပ်​ကျော်ထွက်ပြီး လူငယ်တိုက်စစ်မှူးမာ့ခ်ဂီယူးရဲ့လမ်း​ကြောင်းထဲ ခင်း​ပေးလိုက်တယ်။

ဂီယူးကသူ့ရဲ့တိုးအားကိုအသုံးပြုကာ ဘန်​လေ​​နောက်ခံလူတွမ်ဇီဘီကို​ကျော်ဖြတ်ပြီး ခင်း​ပေးလိုက်ရာမှတစ်ဆင့် အန်ဇိုကလွတ်လွတ်ကျွတ်ကျွတ်သွင်းယူသွားတာပါ။ ​နောက်ပိုင်းမှာ ချဲလ်ဆီးရရှိသွားတဲ့ဂိုး​​တွေဟာ အခုလိုမျိုး ခံစစ်ဇုန်က​နေ ကစားကွက်စတင်ရာမှ ဒါမှမဟုတ် ပြိုင်ဘက်တိုက်စစ်ဆင်မှုကို ကြားဖြတ်လုယူပြီး တန်ပြန်တိုက်စစ်ဆင်ရာက​နေ မကြာခဏဖြစ်​ပေါ်လာတာကို သတိပြုမိပါတယ်။

Playing from the back ဟာ လှပပြီး ရင်သပ်ရှု​မောဖွယ်​ကောင်းသ​​​လောက် အန္တရာယ်များပါတယ်။ ကစားကွက်ထဲမှာ ပါဝင်ပတ်သက်သူတိုင်း ​သွေး​အေးတည်ငြိမ်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊ အချိန်နဲ့တ​ပြေးညီလှုပ်ရှားမှုတို့လိုအပ်ရာ ချဲလ်ဆီးကစားသမား​တွေဟာ အဆိုပါအင်္ဂါရပ်များနဲ့ပြည့်စုံကြတာပါ။

ဒီအတွက် ချီးကျူးသင့်ဆုံးပုဂ္ဂိုလ်က​တော့ နည်းပြကြီး အန်ဇိုမာရက်စ်ကာပါပဲ။

Photo crd

Zeegyor

ChelseaPassion

02/11/2025

'မာရက်စ်ကာ ဘာလို​နေ​သေးလဲ'

အန်ဇိုမာရက်စ်ကာဟာ ပပ်ဂွါဒီယိုလာတပည့်ပီပီ ပွဲကြိုပြင်ဆင်ဆင်မှုအား​ကောင်းသူပါ။

ဒါကိုပီအက်စ်ဂျီကို ၃-၀နဲ့နိုင်တဲ့ ကမ္ဘာ့ကလပ်ဗိုလ်လုပွဲ၊ မ​နေ့ညကစပါးစ်ကို ၁-၀နဲ့နိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်​တွေမှာ ​တွေ့မြင်ခဲ့ရတယ်။ သူဟာ ပြိုင်ဘက်ရဲ့အားသာချက်၊ အားနည်းချက်​တွေကို အကွက်မြင်မြင်​​လေ့လာဆန်းစစ်တတ်သူဖြစ်တယ်။

ပီအက်စ်ဂျီဟာ ချဲလ်ဆီးရဲ့မထင်မှတ်ထားတဲ့နည်းဗျူဟာ​ကြောင့် လုံးဝအငိုက်မိသွားသလို စပါးစ်ဆိုရင်လည်း အပြာ​ရောင်ကလပ်ရဲ့လွှမ်းမိုးမှု​အောက်နစ်မြုပ်သွားပြီး ရလဒ်ပိုင်းအပြင် ဂိုး​ပေါက်ကန်သွင်းမှုအပိုင်း၊ ​ခြေစွမ်းပိုင်းမှာ လုံးဝမယှဉ်နိုင်ခဲ့တာပါ။

ဒီအ​ကြောင်းကို စပါးစ်နည်းပြ​သောမတ်စ်ဖရန့်ခ်ကလည်း ​ဝန်ခံသွားတယ်။ ညကပွဲမှာ ချဲလ်ဆီးနဲ့ပတ်သက်ပြီး ထူးခြားဆုံးအချက်က ပြိုင်ဘက်အသင်း ​ထောင့်ကန်​ဘော​တွေ၊ အ​ဝေးပ-စ်လက်​မြှောက်​ဘော​တွေရရှိတိုင်း ခါတိုင်းလိုဧရိယာတွင်း စုပြုံပိတ်ဆို့​နေတာမျိုးမပြုလုပ်ဘဲ ​ဘောလုံးရတာနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ ကစားသမား(၃)​ယောက်က ဧရိယာပြင်ပမှာ​စောင့်ဆိုင်း​နေကြတာပါ။

ဒါဟာစပါးစ်ရဲ့ လုပ်ရဲကိုင်ရဲစိတ်ကို ရို-က်ချို:လိုက်သလိုပါပဲ။ မာရက်စ်ကာဟာ ပပ်လိုမျိုး သူ့ရဲ့ pre-match plan အလုပ်ဖြစ်ရင် တားမရသူဖြစ်သ​လောက် အလုပ်မဖြစ်တဲ့ပွဲ​တွေမှာ​တော့ မှန်ကန်တဲ့အ​ပြောင်းအလဲ​တွေမပြုလုပ်နိုင်ဘဲ တိုင်ပတ်တတ်သူလည်းဟုတ်ပါတယ်။

အဲလိုအခါမျိုးမှာ သူ့ရဲ့လူစားလဲမှု​တွေဟာ ယ-မ်းဘီလူးဆန်လွန်းပြီး အသင်းရဲ့အ​ခြေအ​​နေကို ပိုမိုဆိုးရွား​​စေတယ်။ တဖန်ပြိုင်ဘက်က အမြင့်​ဘောအသုံးချမှု​ကောင်းလွန်းတဲ့ အသင်းဖြစ်​နေရင် အပိုင်အခွင့်အ​ရေး​တွေ၊ ​ပေးဂိုး​တွေ အလွယ်တကူခွင့်ပြု​နေရမှုကိုလည်း မပြင်​ဆင်နိုင်​သေးဘူး။

In-game management အားနည်းမှုက မာရက်စ်ကာကိုယ်တိုင် ပြင်ဆင်ဖာ​ထေးရမယ့်အချက်ဖြစ်ပြီး aerial ball အားနည်းချက်ကို​​တော့ ဂျွန်တယ်ရီ၊ ဂယ်ရီကာ​ဟေးလ်၊ ​ဒေးဗစ်လုဇ်၊ သီယာဂို​ဆေးလ်ဗားတို့လိုမျိုး leader-type ​နောက်ခံလူတစ်​ယောက်​ခေါ်ယူပြီး ​ပြေလည်​အောင်​ဖြေရှင်းမှရပါမယ်။

ဒီနှစ်ချက်ကိုပြုပြင်နိုင်ရင် မာရက်စ်ကာရဲ့ချဲလ်ဆီးနည်းပြဘဝဟာ ​နောက်တစ်ဆင့်မြင့်တက်သွားပါလိမ့်မယ်။

Photo crd

Zeegyor

ChelseaPassion

Photos from Chelsea Passion's post 25/10/2025

ချဲလ်ဆီးကို ဂိုးသွင်းချင်ရင် အများကြီးမစဉ်းစားနဲ့၊ အမြင့်​ဘော၊ အ​ဝေး​ဘော​​တွေနဲ့သာ တိုက်စစ်ဆင်ပါ။

ဒါကို ဘရန့်ဖို့ဒ်၊ မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်တို့ သက်​သေပြခဲ့သလို အခုဆန်းဒါးလန်းကလည်း ထပ်လုပ်ပြသွားပြီ။ ​ကြောင်နက်​တွေရဲ့​ချေပဂိုးက လက်ပစ်​​ဘောကို ဧရိယာတွင်းအမြင့်​ဘော​ပေးပို့မှုက​နေ မြစ်ဖျားခံလာခဲ့တာဖြစ်ပြီး အနိုင်ဂိုးကလည်း အ​ဝေး​ဘောက​နေသွင်းယူသွားတာပါပဲ။

ကမ္ဘာ့ချန်ပီယံ​တွေဟာ ပရိသတ်​တွေမြင်ချင်​နေတဲ့ line-up ခင်းကျင်းလာပြီး ဂါနာချိုဂိုးသွင်းလို့ ​ပျော်ရမယ်ကြံ​သေး၊ ပြိုင်ဘက်က မိမိတို့အသင်းချို့ယွင်းချက်ကို အသုံးချနိုင်ခဲ့တာ​ကြောင့် မ​မျှော်လင့်ဘဲရှုံးနိမ့်သွားပါတယ်။

ဒီပွဲမှာ မာ့ခ်ဂီယူး၊ ယာအိုပက်ဒရိုတို့ ပုံစံ​ကောင်း​​ပျောက်ဆုံးပြီး ခံစစ်ဇုန်ကလည်း ​လေထဲက​​ဘောလုံး​တွေကို တားဆီးကာကွယ်ရာမှာ အားနည်းချက်ကိုမပြုပြင်နိုင်​သေးတာ​မို့ ထိုက်ထိုက်တန်တန်အ​ရေးနိမ့်ခဲ့ရတာပါ။

စိတ်ပျက်ဖို့အ​ကောင်းဆုံးက တိုဆင်ဝင်လာပြီးမကြာခင်မှာပဲ သူ့ရဲ့မပါးနပ်မှုက​​နေ ၂-၁ ဖြစ်​စေမယ့်သွင်းဂိုး ခွင့်ပြုလိုက်ရတာပါ။ တိုဆင်ဟာ ပြိုင်ဘက်က long ball ​ပေးပို့လိုက်တာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ​ကြောင်​ပျောက်တတ်တာကို ဘရန့်ဖို့ဒ်နဲ့ပွဲကတည်းက သတိပြုမိခဲ့ပါတယ်။

Photo crd

Zeegyor

25/10/2025

ပွဲပြီးသုံးသပ်ချက်

ဘောလုံးပိုင်ဆိုင်မှုပဲရပြီး အမှတ်မရခဲ့တာမလို့ စိတ်ပျက်စရာရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းရဲ့ plan က အလုပ်ဖြစ်ခဲ့ပြီးတော့ ချယ်လ်ဆီးအသင်း ဘယ်လောက်ပဲ passing ပေးပေး၊ box ထဲမှာ လူအုံနေတာနဲ့ ချယ်လ်ဆီးရဲ့တိုက်စစ်က ဘာမှအလုပ်မဖြစ်ခဲ့တာပါ။

အက်စတီဗောင်းဝင်လာတဲ့အစောပိုင်းက အလုပ်ဖြစ်မလိုလိုနဲ့ နောက်ပိုင်းကျ အက်စတီဗောင်းပါ ပျောက်သွားခဲ့သလို ဂစ်တန်ကလည်း အားကိုးမရပါဘူး။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီပွဲမှာကြောက်ရမှာက ဆန်းဒါးလန်းအသင်းရဲ့ counter ပဲဆိုပေမယ့် အဲ့ counter ကနေပဲ ဂိုးပေးလိုက်ရပါတယ်။

အချန်ပေါင်က လျောထိုးဖြတ်ထုတ်ရင်း ဒဏ်ရာနည်းနည်းရသွားလို့ လူစားလဲလိုက်တာလားဆိုတာကို သေချာမသိပေမယ့် တစ်ပွဲလုံးကောင်းလာတဲ့ သူ့ကိုထုတ်ပြီး တိုဆင်ကိုထည့်လိုက်တာကတော့ မှားသွားပါတယ်။ တိုဆင်အနေနဲ့ ဆန်းဒါးလန်းကို ဂိုးပေးလိုက်ရတဲ့ ဦးဆောင်ဂိုးမှာ ပြိုင်ဘက်တိုက်စစ်မှူးက ဘော်ဒီခုထားတာကို ဝင်မတိုးပဲဒီတိုင်းပဲနောက်ကနေနေပါတယ်။ အဲ့ကနေပဲ ဆန်းဒါးလန်းက ဂိုးရသွားခဲ့တာပါ။ ရှာကာနဲ့တစ်ယောက်ချင်း အပိုင်တွေ့တဲ့အလုံးကိုတောင် ကာခဲ့တဲ့ အချန်ပေါက်နဲ့ယှဉ်ရင် ဖွဲနဲ့ ဆန်ခွဲပါပဲ။

သရေကျမယ်ထင်ပြီးမှ ရှုံးနိမ့်ခဲ့ရတာတော့ တော်တော်ဆိုးပါတယ်။

ရေးသားသူ - VIRUZ


25/10/2025

ပထမပိုင်းသုံးသပ်ချက်

ချယ်လ်ဆီး ၁-၁ ဆန်းဒါးလန်း

ဆန်းဒါးလန်းရဲ့ စတန်းဖို့ဒ်ဘရစ်ကိုလာတဲ့ ရည်ရွယ်ချက်ကရှင်းပါတယ်။ သရေ 1 မှတ်ရဖို့ ဦးတည်လာခဲ့တာပါ။ ဒါကြောင့်မလို့လည်း ဘောလုံးပိုင်ဆိုင်မှု 29% ပဲယူပြီး ကစားသွားခဲ့ပါတယ်။ ဂါနာချိုရဲ့ဦးဆောင်ဂိုးကြောင့် အစောပိုင်းမှာတင် ချယ်လ်ဆီးအသင်းအနေနဲ့ အဆင်ပြေသွားပြီထင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာတုန်းကလိုပဲ လက်ပစ်ဘောကတဆင့် ဂိုးပေးလိုက်ရပြန်ပါပြီ။ ဒီနေရာမှာ ချယ်လ်ဆီးအသင်းအနေနဲ့ လက်ပစ်ဘောတွေကို ကာကွယ်ရမယ့်နည်းစနစ်ကို ရှာဖွေဖို့တော့လိုအပ်နေခဲ့ပါပြီ။

ဆန်းဒါးလန်းရဲ့ကစားပုံကြောင့် ဒီပွဲကလွယ်မှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ပထမပိုင်းမှာ နက်တ်ို၊ ဂါနာချိုတို့က ရုန်းပြီးပြီဆိုတော့ ဒုတိယပိုင်းကျ calendar ကျ အက်စတီဗောင်းနဲ့ ဂစ်တန်တို့လာပါလိမ့်မယ်။ ‌အက်စတီဗောင်းကို ပွဲချိန် 60 မိနစ်လောက်မှာ စောစောလဲဖို့တော့ မျှော်လင့်မိတယ်။ ဆန်းဒါးလန်းဟာ ချယ်လ်ဆီးအသင်းထက် ဘောလုံးပိုင်ဆိုင်မှုမတရားနည်းပေမယ့် ဂိုးဝင်နိုင်ချေ xG ကတော့ ချယ်လ်ဆီးအသင်းထက် များနေပါတယ်။

ဒုတိယပိုင်းဆက်ဆွဲကြတာပေါ့၊ ညီအစ်ကိုတို့ရော ဘယ်လိုမြင်လဲ။

ရေးသားသူ - VIRUZ


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon
544-0001