24/06/2026
COROS Heart Rate Monitor
အားကစားလုပ်တာနဲ့ ပြေးတာ ဝါသနာပါတဲ့ Gym Bro တွေ၊ Runner တွေအတွက် အသစ်ထွက်ရှိထားတဲ့ COROS Heart Rate Monitor
နာရီတွေ ပတ်ရတာ လေးလို့ အဆင်မပြေသူတွေအတွက် ဒါက တကယ့် Life Saver ပါပဲ။
ဘာအားသာချက်တွေရှိလဲဆိုရင်တော့
✅️ Heart Rate ကို အတိအကျ တိုင်းပေးနိုင်ပြီး နာရီတွေထက် ပိုတိကျပါတယ်။
✅️ အရမ်းပေါ့ပါးပြီး အသားနဲ့ ကပ်နေတော့ ပြေးနေရင်း၊ gym ဆော့နေရင်း ကျွတ်ကျမှာ စိုးရိမ်စရာမလိုပါဘူး။ ကြိုးအသားကလည်း သက်သောင့်သက်သာရှိပါတယ်။
✅️ တစ်ခါ အားသွင်းထားရင် ၃၈ နာရီ ဆက်တိုက် သုံးလို့ရလို့ အားခဏခဏ သွင်းရမှာ ပျင်းတဲ့သူတွေအတွက် ကွက်တိပါပဲ။
✅️ Bluetooth ချိတ်ရတာ အရမ်းလွယ်ပြီး COROS Watch တွေတင်မကဘဲ အခြား Brand နာရီတွေ၊ ဖုန်း App တွေနဲ့ပါ အကုန်ချိတ်လို့ရပါတယ်။
အားနည်းချက်အနေနဲ့ကတော့
📍Screen မပါတဲ့အတွက် Data ကြည့်ချင်ရင် ဖုန်း ဒါမှမဟုတ် နာရီ Screen ကနေပဲ လှမ်းကြည့်ရမှာပါ။
📍Heart Rate သီးသန့် တိုင်းပေးတာမို့လို့ GPS တို့၊ သီချင်းနားထောင်တာတို့တော့ လုပ်လို့မရပါဘူး။
Gym ဆော့နေတဲ့ Cardio ဆရာတွေ၊ Marathon ပြေးဖို့ Track ဆင်းနေတဲ့ Runner တွေ၊ လက်မောင်းမှာ ပေါ့ပေါ့ပါးပါးလေး ဝတ်ပြီး Data အတိအကျ လိုချင်တဲ့သူတွေအတွက် အတွက် အထူးသင့်တော်ပါတယ်။ ဒီဇိုင်းပိုင်းလည်း ရိုးရှင်းပြီး Minimalist ဆန်ဆန်လေးဆိုတော့ လူငယ်တွေရဲ့အကြိုက်နဲ့ ကွက်တိပါပဲ။
Bro တို့ အကြိုက်တွေ့တယ်ဆိုရင်တော့ အမြန်သာ Grab လိုက်တော့နော်!