Arrkasar - အားကစား

Arrkasar - အားကစား

Share

အားကစား ဝက်ဆိုဒ်နှင့်ဖေ့စ်ဘုတ်ပေ့ခ

10/08/2021

🔵လာမဲ့နာရီပိုင်းအတွင်း ပီအက်စ်ဂျီအသင်းကစားသမား ဖြစ်လာတော့မဲ့ မက်ဆီ 🤝

🔵 ၂ နှစ်စာချုပ်နဲ့အတူ နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်စာချုပ်လဲပါဝင်ပါတယ်။ လုပ်အားခချည်းအနေနဲ့တော့ တစ်နှစ်ကို ပေါင် ၂၅ သန်း ရရှိသွားမယ်လို့ သိရပါတယ်။

🔵PSG will announce official transfer news for Leo Messi in a few hours.

08/08/2021

Messi in tears after saying goodbye to Barcelona FC at his farewell.

မက်ဆီရဲ့ နောက်ဆုံးကစားသမားနှုတ်ဆက်ပွဲ ပုံရိပ်ကတော့ ဝမ်းနည်းစရာပါပဲ။

Photos from Arrkasar - အားကစား's post 16/06/2021

🔥ဥရောပချန်ပီယံရှစ်မှာ ၅ နှစ်ဆက်တိုက် ကစားခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံးကစားသမား

🔥ဥရောပချန်ပီယံရှစ်မှာ ၅ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံးကစားသမား

🔥ဥရောပချန်ပီယံရှစ်မှာ သမိုင်းတစ်လျှောက် သွင်းဂိုး ၁၁ ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာ (ညက ၂ ဂိုးသွင်းပီး ပလာတီနီရဲ့သွင်းဂိုးအများဆုံးစံချိန် (၉ ဂိုး) ကိုကျော်ဖြတ်ခဲ့)

🇵🇹မနေ့ညက ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ရော်နယ်ဒိုပီပီသသပဲ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ကာ စံချိန်သစ်တွေ ထပ်မံရယူနိုင်ခဲ့ပြန်ပါပြီ။

Congratulations 🥳 CR-7

Photos from Arrkasar - အားကစား's post 15/06/2021

ဒီမနက် ကိုပါအမေရိကဖလားပွဲစဉ်မှာ မက်ဆီဟာ အာဂျင်တီးနားအတွက် ချီလီအသင်းဖက်ကို ဖရီးကစ် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပီးနောက် ကစားသမားဘဝ ဖရီးကစ်ဂိုး ၅၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပီးဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှုးကြီး ရော်နယ်ဒိုကတော့ ဖရီးကစ်ဂိုး ၅၆ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် မက်ဆီဟာ ၁ ဂိုးအသာနဲ့ ရော်နယ်ဒိုအပေါ်ကိုရောက်ရှိသွားခဲ့ပါတယ်။

အမြဲလိုလို အပြိုင်အဆိုင်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ ဆရာကြီး ၂ ယောက်ကတော့ အသက်အရွယ်တွေ ကိုယ်စီ ရလာတဲ့တိုင်အောင် ဖရီးကစ်ဂိုးတွေမှာလဲ ပြိုင်ဆိုင်မှု့ပြင်းထန်နေဆဲပါပဲ။

အဲ့တော့ သိချင်တာတစ်ခုက ဒီည လက်ရှိချန်ပီယံပေါ်တူဂီအတွက် ပွဲဦးထွက်ကန်ရမဲ့ ဟန်ဂေရီနဲ့ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကရော ဖရီးကစ်ကနေ ဂိုးသွင်းယူသွားနိုင်မလားဆိုတာပါပဲ....

ခင်ဗျားတို့ရော ဘယ်လိုထင်လဲ???🤔

15/06/2021

ကျွန်တော်တို့ရဲ့ Legend ကြီး ဖြေးဖြေးချင်းအသက်အရွယ်ရလာခဲ့ပါပြီ!!!!😑

photo crd...

11/03/2021

မက်ဆီရော ရော်နယ်ဒိုရော မပါတော့တဲ့ ယနေ့ခေတ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအကြောင်း😥

သူတို့အရွယ်ကောင်းခဲ့တဲ့ အချိန်တွေမှာ အကောင်းဆုံး တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်အတွက် အပြိုင်အဆိုင် ကစားခဲ့ကြတယ်

သူတို့အရွယ်ကျလာတဲ့ အချိန်မှာတော့ အကောင်းဆုံးလူငယ်လေးတွေကို နေရာပေးရတော့မယ်

သူတို့ရဲ့ ကစားသမားဘဝတွေ နေဝင်ချိန်ရောက်နေပါပီ💔

10/03/2021

အလိုက်ဖက်ဆုံး ဖြစ်ခဲ့တဲ့ ဓာတ်ပုံ🤍

ချန်ပီယံလိဂ် + ရော်နယ်ဒို + ရီးရဲလ်မက်ဒရစ်

အခုတော့...........💔

10/03/2021

🇳🇴 အသက် ၂၀ အရွယ်ပဲရှိသေးတဲ့ ဒေါ့မွန်တိုက်စစ်မှုး နော်ဝေသားလေး ဟာလန်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပီးဖြစ်ပါတယ်။

🇳🇴 သူဟာ ဘောလုံးလောကမှာ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ကို အချိန်အနည်းဆုံးနဲ့ သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားတစ်ယောက်လဲဖြစ်ခဲ့ပါတယ်။

🇳🇴 ဟာလန်းဟာ ဒီသွင်းဂိုး ၂၀ ပြည့်ဖို့အတွက် ချန်ပီယံလိဂ်ပွဲ ၁၄ ပွဲသာ အချိန်ယူ ကစားခဲ့ရပါတယ်။

🇳🇴 ဟာလန်းဟာ အခုလက်ရှိ အသက် ၂၀ အရွယ်မှာတင် နာမည်ကြီးကစားသမားဟောင်းတွေဖြစ်တဲ့...
တော့တီ
ရော်နယ်ဒင်ဟို
ဇီဒန်း
ရော်နယ်ဒို (ဘရာဇီးလ်)
အက်ဒရီယာနို
တီဗက်ဇ်
ဖယ်လ်ကာအို တို့ထက် ပိုများတဲ့ ချန်ပီယံလိဂ်သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပီးဖြစ်ပါတယ်။

လက်ရှိအကောင်းဆုံးကစားသမား ၂ ယောက်ဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့တောင် ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ပြည့်ဖို့ မက်ဆီက ၄၀ ပွဲ၊ ရော်နယ်ဒိုက ၅၆ ပွဲအထိအချိန်ယူခဲ့ရတာပါ။

Photos from Arrkasar - အားကစား's post 10/03/2021

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့

ဂျူဗင်တပ်စ် ၃-၂ ပေါ်တို
(ချီဆာ-၄၉'/၆၃') (အိုလီဗီယာ-၁၉'/၁၁၅')
(ရာဘီယော့ဒ်- ၁၁၇')

မိနစ် ၉၀ အတွင်း ၂-၁ နဲ့ပွဲပီး /
အချိန်ပိုဆက်ကန်ခဲ့ရကာ အချိန်ပိုမှာ ၁-၁ ဖြစ်ခဲ့လို့ နှစ်ကျော့ပေါင်း ၄-၄ ဖြစ်ခဲ့ပီး အဝေးဂိုးရလဒ်နဲ့ ပေါ်တို ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ် ကတော့ ပြိုင်ပွဲကနေ ၁၆ သင်းအဆင့်မှာပဲထွက်ခွာခဲ့ရပါတယ်။

ဒေါ့မွန် ၂-၂ ဆီဗီလာ
(ဟာလန်း-၃၅'/၅၄') (အန်နာဆရီ-၆၉'/၉၀+၆')

နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ ဒေါ့မွန် အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ၂ ကျော့ပေါင်း ဆီဗီလာကို ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

Photos from Arrkasar - အားကစား's post 09/03/2021

ကြားရက် ပရီးမီးယားလိဂ်ပွဲပီးရလဒ်

ချဲလ်ဆီး 2-0 အဲဗာတန်

နည်းပြသစ် တူချယ်နဲ့ဓာတ်ကျနေပီး ပရီးမီးယားလိဂ် ၉ ပွဲဆက် ရှုံးပွဲမရှိနဲ့အတူ အဆင့် ၄ နေရာမှာ ရပ်တည်နေဆဲ ချဲလ်ဆီး

ဝက်စ်ဟမ်း 2-0 လိဒ်စ်ယူနိုက်တက်

ဂိုးပေါက်ဆက်တွေ့နေဆဲ စူပါလင်ဂတ်ရဲ့သွင်းဂိုးနဲ့အတူ ရလဒ်ကောင်းနေတဲ့ ဝက်စ်ဟမ်း

Photos from Arrkasar - အားကစား's post 08/03/2021

မန်စီးတီးရဲ့ ပြိုင်ပွဲစုံ ၂၁ ပွဲဆက် အနိုင်ရရှိမှု့ကို မြိုခံပြိုင်ဖက် ယူနိုက်တက်ချိုးဖျက်ခဲ့

အီတီဟတ်ကွင်းမှာ မန်စီးတီးရဲ့ နိုင်ပွဲဆက်နေမှု့ကို ယူနိုက်အသင်းအနေနဲ့ ၂-၀ ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူကာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပြိင်ပွဲပီးဆုံးဖို့ ၁၀ ပွဲကျန်အနေအထားမှာ မန်စီးတီးနဲ့ ၁၁ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားကလဲ ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက် မန်စီးတီးကို အဝေးကွင်းမှာ ၃ ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး ယူနိုက်တက်နည်းပြဖြစ်လာခဲ့ပါတယ်။

Photos from Arrkasar - အားကစား's post 07/03/2021

လီဗာပူး ၀-၁ ဖူလ်ဟမ်

လီဗာပူးကတော့ အိမ်ကွင်း ၆ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပီဖြစ်ပါတယ်။ ၂၀၂၁ အတွင်း ကစားခဲ့တဲ့ အိမ်ကွင်းပွဲ ၇ ပွဲမှာ ၆ ပွဲရှုံး ၁ ပွဲသရေနဲ့ နိုင်ပွဲမရရှိသေးတာကို တွေ့ရပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

35th Street
Yangon
11182