မောင်မဟာ ဘောလုံးပွဲ Live Zone

  • Home
  • Myanmar
  • Yangon
  • မောင်မဟာ ဘောလုံးပွဲ Live Zone

မောင်မဟာ ဘောလုံးပွဲ Live Zone mgmahar.com မှာ ဘောလုံးပွဲတွေကို အခမဲ့ကြည့်ပါ

🔴 မန်ယူ 5-2 အင်ဝှစ် — ပွဲပြီးသုံးသပ်ချက်ဒီနေ့ပွဲကို ခြုံပြီးပြောရရင်တော့ မန်ယူအတွက် တော်တော်လေး အားရစရာကောင်းတဲ့ Comebac...
30/08/2026

🔴 မန်ယူ 5-2 အင်ဝှစ် — ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲကို ခြုံပြီးပြောရရင်တော့ မန်ယူအတွက် တော်တော်လေး အားရစရာကောင်းတဲ့ Comeback Win တစ်ပွဲလို့ ပြောလို့ရပါတယ်။ Scoreline က 5-2 ဆိုပေမယ့် ပွဲအစပိုင်းမှာတော့ ဒီလောက်ပြတ်ပြတ်သားသားနိုင်မယ်လို့ ထင်ရတဲ့ပုံစံ မဟုတ်ပါဘူး။

အထူးသဖြင့် ပထမပိုင်းအစမှာ အင်ဝှစ်က မန်ယူရဲ့ Defensive Transition ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ မန်ယူက ဘောလုံးကိုင်ပြီးရှေ့တက်သွားတဲ့အချိန်မှာ ဘောလုံးပျက်သွားရင် နောက်တန်းပြန်စုဖို့ အချိန်ယူနေရပြီး အင်ဝှစ်က အဲဒီနေရာကို တိုက်ရိုက်ပြန်ထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် 1-0 နဲ့နောက်ကျသွားတာကလည်း မထူးဆန်းပါဘူး။

ဒါပေမယ့် မန်ယူအတွက် ဒီပွဲမှာ အရေးကြီးဆုံးအချက်က Bruno Fernandes ပါပဲ။

1-0 နောက်ကျနေတဲ့အချိန်မှာ Bruno က အသင်းကို ပြန်ဆွဲတင်ပေးခဲ့ပြီး 1-1 ဖြစ်အောင် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းရောက်လာတာနဲ့ မန်ယူရဲ့ ကစားပုံကလည်း ပထမပိုင်းထက် သိသိသာသာ ပိုကောင်းလာပါတယ်။

အထူးသဖြင့် midfield ကနေ final third ကို ဘောလုံးပို့တဲ့အမြန်နှုန်း ပိုကောင်းလာပြီး အင်ဝှစ်ရဲ့ defensive block ကြားထဲကို တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်နိုင်လာပါတယ်။

ဒုတိယပိုင်းမှာ ဂိုးတွေ ဆက်တိုက်ရလာတာကလည်း အဲဒီ pressure ရဲ့ ရလဒ်ပါပဲ။ Own Goal နဲ့ ဦးဆောင်ဂိုးရပြီးနောက် Bruno က Penalty ကနေ ထပ်သွင်းခဲ့ပါတယ်။ အဲဒီနောက် Bruno ရဲ့ တတိယဂိုးပါ ထပ်ရလာတော့ ဒီပွဲရဲ့ Momentum က မန်ယူဘက်ကို လုံးဝပြောင်းသွားပါတယ်။

Bruno ရဲ့ Hat-trick က ဒီနေ့ပွဲရဲ့ အဓိက Highlight လို့ ပြောရမှာပါ။

ဒါပေမယ့် Bruno တစ်ယောက်တည်းကိုပဲ ချီးကျူးလို့တော့ မရပါဘူး။ Cunha ရဲ့ ball progression၊ Mbeumo ရဲ့ ညာခြမ်းကနေ အတွင်းဝင်လာတဲ့ movement တွေကလည်း အင်ဝှစ်နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။

အထူးသဖြင့် Mbeumo က ဒီနေ့မှာ သူ့ရဲ့ Pace နဲ့ Direct Running ကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ Bruno ရဲ့ Pass ကနေ Mbeumo က Keeper ရှေ့ထွက်လာတာကို Chip လုပ်ပြီး 5-1 ဖြစ်အောင် သွင်းပေးခဲ့တာကလည်း တော်တော်လှတဲ့ Finish ပါ။

Rashford ကိုကြည့်ရင်လည်း ဂိုးမသွင်းနိုင်ပေမယ့် ဒီနေ့ Performance က အရင်ပွဲတွေထက် ပိုကောင်းပါတယ်။ ဘယ်ခြမ်းမှာ Width ပေးတယ်၊ Run တွေထွက်တယ်၊ အင်ဝှစ်နောက်တန်းကို နောက်ဆုတ်အောင်လုပ်ပေးနိုင်တယ်။ အဓိကကတော့ Ball မရှိတဲ့အချိန်မှာလည်း အလုပ်လုပ်ပေးလာတာကို တွေ့ရပါတယ်။

ဒါပေမယ့် မန်ယူရဲ့ ပြဿနာကတော့ Defensive Side မှာ လုံးဝမပျောက်သေးပါဘူး။

5-1 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ Game ကို ထိန်းကစားနေတဲ့အချိန်တောင် Defensive Mistake တစ်ခုကနေ အင်ဝှစ်က ဒုတိယဂိုး ပြန်ရသွားပါတယ်။ ဒီလိုအခြေအနေမျိုးက Top Team တွေနဲ့ကစားတဲ့အခါတော့ ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။

အဲဒါကြောင့် ဒီနေ့ 5-2 နဲ့နိုင်တာကို ကြည့်ပြီး မန်ယူရဲ့ ပြဿနာတွေအားလုံး ဖြေရှင်းပြီးပြီလို့တော့ မပြောသင့်သေးပါဘူး။ Attack ကတော့ တော်တော်လေး အားရစရာရှိလာပြီ။ ဒါပေမယ့် Defensive Transition နဲ့ Concentration ကတော့ ဆက်ပြီးပြင်ဖို့လိုပါသေးတယ်။

တစ်ခုတော့ သေချာပါတယ်။

ဒီနေ့မန်ယူရဲ့ Attack က ပထမပိုင်းထက် ဒုတိယပိုင်းမှာ လုံးဝ Level တစ်ခုတက်သွားပါတယ်။

Cunha က ဘောလုံးသယ်ပေးတယ်၊ Mbeumo က Space တိုက်တယ်၊ Rashford က Width နဲ့ Depth ပေးတယ်၊ Bruno က အားလုံးကို ချိတ်ပေးပြီး Final Third မှာ အဆုံးသတ်ပေးတယ်။

ဒီလိုပုံစံကို ဆက်ထိန်းနိုင်မယ်ဆိုရင် မန်ယူရဲ့ Attack က ဒီရာသီမှာ တော်တော်လေး စောင့်ကြည့်ချင်စရာကောင်းလာပါပြီ။

5-2 ဆိုတဲ့ရလဒ်ထက် ပိုအရေးကြီးတာက — နောက်ကျနေတဲ့အချိန်မှာ အသင်းက စိတ်ဓာတ်မကျဘဲ ပွဲကို ပြန်လှန်နိုင်ခဲ့တာပါ။

ပြီးတော့ ဒီနေ့မှာတော့
Bruno Fernandes 3 Goals

ဆိုတဲ့ တစ်ကြောင်းတည်းနဲ့တောင်
ပွဲရဲ့အဖြေကို ပြောလို့ရပါတယ်။

✅✅✅✅

ဘောလုံးပွဲတွေကို ကျွန်တော်တို့ရဲ့ website
mgmahar.com မှာ Live ကြည့်လို့ရပါတယ်

ယူနိုက်တက် 1-1 အင်ဝှစ် ( HT ) ပထမပိုင်းမှာ United က ဘောလုံးပိုင်ဆိုင်မှုနဲ့ တိုက်စစ်တည်ဆောက်မှုမှာ အသာရပေမယ့် Transition...
30/08/2026

ယူနိုက်တက် 1-1 အင်ဝှစ် ( HT )

ပထမပိုင်းမှာ United က ဘောလုံးပိုင်ဆိုင်မှုနဲ့
တိုက်စစ်တည်ဆောက်မှုမှာ အသာရပေမယ့်
Transition Defence က အတော်လေးအားနည်းခဲ့ပါတယ်။
Ipswich က United ရဲ့ ဘေးတောင်ပံနေရာတွေကို
အထူးသဖြင့် Fatawu ဘက်ကနေ တိုက်ခိုက်ပြီး
Davis အတွက် အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလို
29 မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပါတယ်။
United အတွက်တော့ Bruno Fernandes က
အင်ဝှစ်နောက်ခံလူရဲ့အမှားကနေတဆင့် မိနစ် 40 မှာ
အရေးကြီးတဲ့ Equaliser သွင်းပေးနိုင်ခဲ့တာကြောင့်
အသက်ရှုချောင်သွားတယ်။ Mainoo နဲ့ Bruno တို့က
midfield မှာ တက်ကြွပေမယ့် Shaw–Rashford
ဘက်ခြမ်းနဲ့ Dalot ဘက်က Space တွေကို
Ipswich က အလွယ်တကူအသုံးချနိုင်နေတဲ့အတွက်
ဒုတိယပိုင်းမှာ Defensive Transition ကို
ပိုတင်းကျပ်ဖို့လိုပါတယ်။

✅✅✅✅

ဘောလုံးပွဲတွေကို mgmahar.com မှာ
အာလူးဖုတ်ရင်း အခမဲ့ ကြည့်လို့ရပါပြီ

ဂုတ်ပါတဲ့အသင်းလို့တော့ပြောတာပဲမိနစ် ၁၂၀ ကန်တာ ဂိုးပေါက် ၁ လုံးမတည့်သွားဘူး
19/07/2026

ဂုတ်ပါတဲ့အသင်းလို့တော့ပြောတာပဲ
မိနစ် ၁၂၀ ကန်တာ ဂိုးပေါက် ၁ လုံးမတည့်သွားဘူး

ကောင်လေးက အနီကဒ်ပြန်တောင်းတာတဲ့ပါးစပ်ကိုလက်နဲ့ကွယ်ပြောလို့ဆိုပဲ ဟိဟိရုပ်တအားပေါက်လွန်းတယ်ကွာ
19/07/2026

ကောင်လေးက အနီကဒ်ပြန်တောင်းတာတဲ့
ပါးစပ်ကိုလက်နဲ့ကွယ်ပြောလို့ဆိုပဲ ဟိဟိ
ရုပ်တအားပေါက်လွန်းတယ်ကွာ

Mateus Fernandes အတွက် United နဲ့ West Ham တို့ရဲ့ ဆွေးနွေးမှုက ဒီနေ့ပဲ စ ပါပြီ။ West Ham က 80 တောင်းတယ်။ United က များတ...
08/06/2026

Mateus Fernandes အတွက် United နဲ့ West Ham တို့ရဲ့ ဆွေးနွေးမှုက ဒီနေ့ပဲ စ ပါပြီ။

West Ham က 80 တောင်းတယ်။ United က များတယ်လို့ ထင်တယ်။

Madrid, PSG တို့ဘက်ကလည်း စိတ်ဝင်စားပေမဲ့ ဒီကစားပွဲထဲ ဝင်မပါသေးဘူး။ ကစားသမားကတော့ United ကို ပြောင်းချင်နေတယ်လို့ ဆိုပါတယ်။

Ancelotti က United နဲ့ public relations (PR) တည်ဆောက်ခဲ့ပါတယ်။ အကြောင်းကတော့ Wesley ဒဏ်ရာရသွားလို့ သူနေရာကစားတဲ့ အစားထို...
07/06/2026

Ancelotti က United နဲ့ public relations (PR) တည်ဆောက်ခဲ့ပါတယ်။

အကြောင်းကတော့ Wesley ဒဏ်ရာရသွားလို့ သူနေရာကစားတဲ့ အစားထိုးကစားသမားမခေါ်ဘဲ ဘာမှမဆိုင်တဲ့ Ederson ကို ခေါ်လိုက်တာပါပဲ။ Ederson Brazil မှာ ဆော့ရပြီဖြစ်တာကြောင့် လက်ရှိမှာ United ကနေ ကမ္ဘာ့ဖလားဆော့ရတဲ့ ကစားသမားက စုစုပေါင်း 13 ယောက် ဖြစ်သွားပြီဖြစ်ပါတယ်။

PFA ဆု ရဖို့ top ခြောက်နေရာ ထွက်ပါပြီ။ ဒီထဲက ဘယ်သူရသွားမလဲဆိုတာပဲ ကြည့်ရပါမယ်။ Voting နဲ့ ပေးမှာပါ။ ကိုယ့်အသင်းက ကစားသမာ...
05/06/2026

PFA ဆု ရဖို့ top ခြောက်နေရာ ထွက်ပါပြီ။ ဒီထဲက ဘယ်သူရသွားမလဲဆိုတာပဲ ကြည့်ရပါမယ်။

Voting နဲ့ ပေးမှာပါ။ ကိုယ့်အသင်းက ကစားသမားကို ပြန်ပေးလို့ မရပါဘူး။

Ederson United ကို ရောက်ဖို့ သေချာသွားပါပြီ။ ပေါင် 35 သန်း + 4 သန်းဖြစ်ပြီး စာချုပ်က 4 + 1 နှစ်ပါ။ အသင်းက ခပ်မြန်မြန်ပဲ ...
03/06/2026

Ederson United ကို ရောက်ဖို့ သေချာသွားပါပြီ။ ပေါင် 35 သန်း + 4 သန်းဖြစ်ပြီး စာချုပ်က 4 + 1 နှစ်ပါ။

အသင်းက ခပ်မြန်မြန်ပဲ transfer လုပ်တာကို သဘောကျပါတယ်။ ကြိုက်တယ်မကြိုက်ဘူးပြောဖို့ဆိုတာကလည်း အသင်းကသူတွေနဲ့ မဆော့ရသေးတာကြောင့် ပြောဖို့ခက်တယ်။ သူ့ကိုခေါ်တာက squad depth ဖြည့်ဖို့ ခေါ်တာလို့ ယူဆတယ်။ တကယ့် line-up မှာ သုံးဖို့ အနည်းဆုံးနှစ်ယောက်လောက် ထပ်ခေါ်နိုင်တယ်။

သူက work rate ကောင်းတယ်။ physical duel တွေ လန်းတယ်။ အားနဲ့မာန်နဲ့ဆော့တတ်ပြီး ဘောလုံးလိုက်လုနိုင်တယ်။ တခါတလေ ball carrying (ဘောလုံးကိုင်ဆော့) လည်း မဆိုးဘူး။ passing တွေလည်း တိကျပါတယ်။ ထုံးစံအတိုင်း အဲ့နေရာဆော့ရတာမို့ ဘောလုံးတော့ ထွက်မှာ မဟုတ်ဘူး။

သူကစားတဲ့ position က no.8 box to box ဆန်တယ်။ Mainoo နဲ့ အတူထားသုံးလို့မရပါဘူး။ အဓိကသုံးဖို့ ခေါ်တဲ့ ကစားသမားမဟုတ်တာကြောင့် အပြစ်တွေလည်း မပြောစေလိုပါဘူး။

Ederson United ကို ရောက်တော့မယ်။Times က ရေးထားတဲ့ “Atalanta player viewed as long-term replacement for outgoing Casemiro...
27/05/2026

Ederson United ကို ရောက်တော့မယ်။

Times က ရေးထားတဲ့ “Atalanta player viewed as long-term replacement for outgoing Casemiro” ဆိုတဲ့ စာကြီးတွေ့ရတာ ရင်ဘတ်တောင် အောင့်တယ်။

သူ့ကို စောခေါ်တာကို သဘောကျတယ်။ သူက နောက်ဆုံးဖြစ်ရင်တော့ သဘောမကျဘူး။ အဲ့ထက်ကောင်းတဲ့ profile တွေ ရောက်လာနိုင်သေးတယ်။ UCL ဝင် + Hojlund ရောင်းထားတော့ ပိုက်ဆံလည်း ရှိနေပါသေးတယ်။

Another transfers are required to challenge next competitive season.

ရိုက်လိုက်တာတော့ ပုံလေးတစ်ပုံပါပဲ။ ဒါပေမဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတယ်။ အသင်းခေါင်းဆောင်အပေါ် အသင်းသားတွေရဲ့ လေးစားမှု...
25/05/2026

ရိုက်လိုက်တာတော့ ပုံလေးတစ်ပုံပါပဲ။ ဒါပေမဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတယ်။ အသင်းခေါင်းဆောင်အပေါ် အသင်းသားတွေရဲ့ လေးစားမှု၊ ချစ်ခင်မှု၊ စည်းလုံးမှုတွေကို မြင်နေရတယ်။ ရင်ကို နွေးထွေးစေတဲ့ ပုံတစ်ပုံလည်း ဖြစ်တယ်။ ဒီလိုပုံက ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးမသွားမဲ့ ပုံပါ။ ရိုက်လိုက်တဲ့သူကို တကယ်လေးစားပါတယ်။

Address

Yangon
Yangon

Alerts

Be the first to know and let us send you an email when မောင်မဟာ ဘောလုံးပွဲ Live Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မောင်မဟာ ဘောလုံးပွဲ Live Zone:

Shortcuts

Share