𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 𝟓𝟓𝟓𝐦𝐢𝐱 𝐀𝐠𝐞𝐧𝐭

𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 𝟓𝟓𝟓𝐦𝐢𝐱 𝐀𝐠𝐞𝐧𝐭

Share

𝟓𝟓𝟓𝐦𝐢𝐱…ကစားလိုပါက𝐕𝐢𝐛𝐞𝐫-𝟎𝟗 𝟖𝟖 𝟓𝟓𝟓𝟓 𝟑𝟏𝟏

10/03/2026

သင်္ကြန်ကာလမှာ ဘောလုံးပွဲတွေကို မြန်မာစာ/ မြန်မာကြေးနဲ့ ရိုးရှင်းစွာ ဆော့ကစားချင်တယ်ဆိုရင်တော့👇👇👇

Photos from 𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 𝟓𝟓𝟓𝐦𝐢𝐱 𝐀𝐠𝐞𝐧𝐭's post 26/01/2026

မိုက်ကယ်ကာရစ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို အနိုင်ယူခဲ့သလို အခုလည်း အာဆင်နယ်ကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ ထပ်မံအနိုင်ယူပြီး အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ဖော်ဆောင်လိုက်ပါတယ်။ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုအကြိတ်အနယ် ရှိလာခဲ့ပါတယ်။ အာဆင်နယ်အတွက် မီကေးလ်မယ်ရီနိုက ပွဲပြီးခါနီး ၈၄ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပေမယ့်၊ ၈၇ မိနစ်မှာတော့ မားသီးယပ်စ်ကွန်ညာက ကိုက်၂၀ အကွာကနေ လှပပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ မန်ယူအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၂၁ ပွဲအတွင်း ပထမဆုံးအကြိမ် ၃ ဂိုးအထိ ပေးလိုက်ရတဲ့ ပွဲစဉ်ဖြစ်သလို၊ ချန်ပီယံပြေးလမ်းမှာလည်း မန်စီးတီးနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ အာတီတာရဲ့ အာဆင်နယ်အသင်း နိုင်ပွဲရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မိုက်ကယ်ကာရစ်ရဲ့ ပါးနပ်တဲ့ နည်းဗျူဟာတွေကြောင့် မန်ယူတို့ဟာ အဆင့် ၄ အတွင်းကို ကျကျနန ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးနှစ်သင်းကို ဆက်တိုက်အနိုင်ယူပြလိုက်တဲ့ မန်ယူရဲ့ ခြေစွမ်းကတော့ လက်ရှိမှာ တားဆီးရ ခက်ခဲတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေအတွက်တော့ ဒီနိုင်ပွဲက တကယ့်ကို ဂုဏ်ယူစရာဖြစ်ပြီး အာဆင်နယ်အတွက်တော့ ချန်ပီယံဆုအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။ အာဆင်နယ်ကတော့ မန်ယူကိုတောင်မနိုင်ဘဲ ချန်ပီယံ​ဖြစ်နိုင်ပါဦးမလားဆိုတာကတော့...။

Photos from 𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 𝟓𝟓𝟓𝐦𝐢𝐱 𝐀𝐠𝐞𝐧𝐭's post 09/12/2024

အာဆင်နယ်ကတော့ ရလဒ်ကောင်းတွေ ဆက်တိုက်ရပြီးမှ ဖူလ်ဟမ်ကွင်းမှာ မထင်မှတ်ဘဲ သရေကျသွားပြန်ပါတယ်။ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးကြောင့်လည်း နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားခဲ့ရပါတယ်။

ဆာလီဘာရဲ့ ချေပဂိုးအတွက် VAR ပြန်ကြည့်ခဲ့ပေမယ့် လူမကျွံခဲ့တာကြောင့် ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် တကယ့်အဆုံးအဖြတ်အချိန်မှာ ဆာကာဂိုးသွင်းတော့ VAR နဲ့ ပြန်ကြည့်ပြီး လူကျွံဘော သတ်မှတ်ခံလိုက်ရပါတယ်။

ဆောင်းရာသီရောက်တိုင်း ရလဒ်တွေဆိုးလေ့ရှိတဲ့ အာဆင်နယ်တို့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာတာမှ မကြာသေး၊ နောက်ထပ် ဆောင်းတွင်းအိပ်မက်ဆိုးတစ်ခုကို ဖူလ်ဟမ်ကွင်းမှာ ခံစားလိုက်ရပါတယ်။

08/12/2024

ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်လိုက်ရပါပြီ။ အာဆင်နယ်၊ မန်စီးတီးတို့တောင် အိမ်ကွင်းမှာ နိုင်ထားတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ကိုယ့်အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့တာပါ။

ပွဲစကတည်းက ဦးဆောင်ဂိုးပေးလိုက်ရပြီး ဟွိုက်လန်း ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် အိုနာနာ၊ မာတီနက်ဇ်တို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေနဲ့အတူ နှစ်ဂိုးဆက်တိုက် ပေးလိုက်ရတာကြောင့် ပြန်လာဖို့ ခက်သွားပါတယ်။

ဘရူနိုဖာနန်ဒက်စ် ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် သရေအတွက် လိုအပ်နေတဲ့ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့ပါတယ်။

အမော်ရင်အတွက်ကတော့ ပရီးမီးယားလိဂ်မှာ (၄) ပွဲ ကိုင်တွယ်ပြီးချိန် အဲဗာတန်ကိုပဲ နိုင်ထားပြီး အာဆင်နယ်နဲ့ နော်တင်ဟမ်ကိုရှုံး၊ အစ်ဆွစ်ချ်ကို သရေကျထားပါတယ်။

06/12/2024

စပါးအသင်းတောင်ပံကစားသမား ဆွန်ဟောင်မင် ကို လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ဖွယ်ရှိသော အပြောင်းအရွှေ့ရွေးချယ်မှုတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြောင်း သတင်းများအရ သိရသည်။

စပါးအသင်းခေါင်းဆောင်သည် ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်

ဆွန်ဟောင်မင်သည် အခုလာမဲ့ နွေရာသီတွင် အလွတ်ပြောင်းရွေ့ကြေးနဲ့ ယူနိုက်တက်အသင်းဆီသို့ ပြောင်းရွှေ့သွားဖွယ်ရှိပါတယ်။

05/12/2024

ယူနိုက်တက်နည်းပြအမော်ရင်ကတော့ အင်္ဂလန်မြေမှာ ပထမဆုံးရှုံးပွဲကို ခံစားလိုက်ရပါပြီ။ မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ရှုံးပွဲဖြစ်ခဲ့တာပါ။

အာဆင်နယ်အတွက် ဂိုးတွေကို တင်မ်ဘာစ်၊ ဆာလီဘာတို့က သွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ထောင့်ကန်ဘောတွေက အစွမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ ကစားပုံကလည်း အားရစရာမရှိခဲ့ဘဲ အခွင့်အရေးဖန်တီးမှုပိုင်း၊ ဂိုးပေါက်ကန်သွင်းမှုတွေမှာ အာဆင်နယ်ကပဲ အသာရခဲ့တာပါ။

အထူးသဖြင့် အာဆင်နယ်ရဲ့ ထောင့်ကန်ဘောတွေက ယူနိုက်တက်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးကလည်း ထောင့်ကန်ဘောတွေကပဲ ပေးလိုက်ရတာဖြစ်ပါတယ်။

03/12/2024

လီဆန်ဒရိုမာတီနက် အာဆင်နယ်နဲ့ပွဲကို မပါဝင်နိုင်တာဟာ နည်းပြ အမော်ရင် ကို အခက်တွေ့လာစေနိုင်ပါတယ် ။ မာတီနက် မကစားနိုင်တော့တာကြောင့် မက်ဂွဲယား ၊ အီဗန်စ် နဲ့ လုခ်ရှော တို့ထဲက တစ်ယောက်ယောက်ကို အာဆင်နယ်နဲ့ ပွဲမှာ ထည့်ကစားရမှာပါ ။ အဲ့ဒီဘက်ခြမ်းဟာ အာဆင်နယ်က ဆာကာ ၊ အိုဒီဂတ် တို့ ကစားတဲ့ဘက်ဖြစ်တာကြောင့် မက်ဂွဲယား နဲ့ သိပ်အဆင်မပြေနိုင်ပါဘူး ။ ဒါပေမယ့် လုခ်ရှော ကျပြန်တော့လည်း jumping အားနည်းပြန်ပါတယ် ။ အာဆင်နယ် ရဲ့ ထောင့်ကန်ဘောတွေကလည်း မေ့ထားလို့မရတဲ့ အရာပါ ။ ယူနိုက်တက်ဘယ်ခြမ်းရဲ့ နောက်ထပ် အားနည်းချက်ကတော့ ရှေ့က ကစားနေတဲ့ ဂါနာချို ရော ရက်ရှ်ဖိုဒ့် ပါ နောက်ကို ပြန်ဆင်းကူမှု အားနည်းတာပါပဲ ။ ဒါကို အာဆင်နယ်ဘက်ကလည်း သတိပြုထားမိပြီးလောက်ပါပြီ ။ လာမယ့်ပွဲမှာ မာဇရာဝီ ရှိတဲ့ ညာခြမ်းကထက် မာတီနက် မပါနိုင် ၊ wing-back ရဲ့ ကူညီမှုအားနည်းနိုင်တဲ့ ဘယ်ခြမ်းကိုပဲ အဓိကထားပြီး ကစားလာနိုင်ပါတယ် ။ ဒါကို အမော်ရင် ဘယ်လို ပြင်ဆင်ထားမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ ။

03/12/2024

TEAMtalkရဲ့အဆိုအရ ယူနိုက်တက်နည်းပြ အမ်မိုရင် ခေါ်ယူပေးဖို့ အဓိကတောင်းဆိုထားတဲ့ ကစားသမားတွေကတော့ စပို့တင်းတိုက်စစ်မှူး ဗစ်တာကိုကီရက်စ်၊လိုင်လီကွင်းလယ်ကစားသမား အိန်ဂျယ် ဂိုမက်စ်၊စပို့တင်းတောင်ပံကစားသမား ကွင်ဒါနဲ့ဘိုင်ယန်နောက်ခံလူ အဖွန်ဆိုဒေဗီးစ်တို့ပဲဖြစ်ပါတယ်။

Ashworth နှင့် Wilcox တို့ဟာ အမ်မိုရင်အောင်မြင်ဖို့အတွက် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်သည်ဟု ယုံကြည်ထားကြပါတယ်။

03/12/2024

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဆာလက်ဟာ လာမယ့် နွေရာသီမှာ လီဗာပူးလ်အသင်းကနေ အလွတ်နဲ့ ထွက်ခွာရဖို့ရှိနေတာ ဖြစ်ပါတယ်။

ဆာလက်က လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းရခြင်း မရှိသေးတာကြောင့် ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုပြီးဖြစ်နိုင်တယ်လို့ ပြောထားတာပါ။

ဒါအပြင် ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာလည်း ဒီပွဲဟာ လီဗာပူးလ်အသင်း ကစားသမားဘဝ အန်ဖီးလ်မှာ ကစားတဲ့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

Photos from 𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 𝟓𝟓𝟓𝐦𝐢𝐱 𝐀𝐠𝐞𝐧𝐭's post 02/12/2024

ယူနိုက်တက်ကတော့ နည်းပြသစ် အမော်ရင်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲနဲ့အတူ ပြိုင်ပွဲစုံနှစ်ပွဲဆက် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ မနေ့ကလည်း အဲဗာတန်ကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ ဇာ့ခ်ဇီနဲ့ ရပ်ရှ်ဖို့ဒ်တို့ နှစ်ဂိုးစီ သွင်းယူခဲ့ပြီး တိုက်စစ်က ဂိုးသွင်းခြေတွေ့ခဲ့တာ ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကလည်း အမော်ရင်လက်ထက် ပရီးမီးယားလိဂ်နှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး (၃) ဂိုးအထိ ရရှိထားခဲ့တာပါ။

အမော်ရင်လက်ထက် ယူနိုက်တက်က ပြိုင်ပွဲစုံ (၃) ပွဲကစား၊ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ သွင်းဂိုး (၈) ဂိုးအထိ ရရှိထားပြီး ဒီကြားရက်မှာတော့ အမော်ရင်အတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာပါ။

01/12/2024

မနေ့ညက အာဆင်နယ်တို့ ရရှိသွားခဲ့တဲ့ ထရော့ဆက်ဒ်ရဲ့ သွင်းဂိုးအတွက် အိုဒီဂတ်ရဲ့ စတင်ဖန်တီးပေးလိုက်မှုပါ။ ဝက်စ်ဟမ်းကွင်းမှာ အာဆင်နယ်တို့ ဂိုးမိုးရွာခဲ့ပြီး ၂-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ထရော့ဆက်ဒ် သွင်းယူခဲ့တဲ့ အာဆင်နယ်ရဲ့ ဒုတိယဂိုးမှာ ဆာကာကနေ အိုဒီဂတ်၊ အိုဒီဂတ်ကနေ ဆာကာ၊ လှလှပပ ချိတ်ဆက်မှုကနေ ဆာကာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆက်ဒ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အိုဒီဂတ် ဧရိယာထိပ်ကနေ အသာအယာလေး မ တင်ပေးလိုက်တဲ့ ဘောလုံးက တော်တော်လေး ကောင်းမွန်တယ်လို့ ပြောနိုင်ပြီး ဆာကာရဲ့ နေရာယူပုံ၊ လှုပ်ရှားပုံ၊ အတိုးအလှုပ်တွေကလည်း ပြီးပြည့်စုံခဲ့ပါတယ်။

အာဆင်နယ်ကတော့ အိုဒီဂတ် အပြည့်အဝ ပြန်ကစားချိန်နောက်ပိုင်းကစလို့ ရလဒ်ပိုင်းတွေ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon
789