22/05/2019
🏴🏴🏴22.5.2019ဗုဒ္ဓဟူးညအတွက်အင်တာနက်ဂိုးခန့်မှန်း🏴🏴🏴
💙🖤💙 အီတလီစီးရီးဘီ 💙🖤💙
(01:30AM) ဗီရိုနာ ( 1-1 ) ပက်စ်ကာရာ
💙🖤💙 ဟော်လန်လိဂ် 💙🖤💙
(11:00PM) အိတ်ဆဲရှား ( 1-2 ) ဝေါဝှစ်
(11:00PM) ဒန်းဘော့ ( 3-1 ) ဂိုးဟတ်
(01:15AM) ဒီဂရက်ချပ် ( 1-2 ) ကမ်ဘား
(01:15AM) ရော့တာဒမ် ( 2-1 ) တော့အော့
💙🖤💙 ဘယ်ဂျီယံလိဂ် 💙🖤💙
(01:00AM) ကိုထရီဂျက် ( 2-1 ) ချာလီရွိုင်
💙🖤💙 ခရိုအေးရှားFA CUP 💙🖤💙
(10:30PM) ဒိုင်/ဇာဂရက် ( 3-0 ) ရီဂျက်ကာ
💙🖤💙 ရိုမေးနီးယားလိဂ် 💙🖤💙
(10:00PM) ကလာရာစီ ( 1-1 ) ကွန်ကော်ဒီယာ
(12:3AM) ဒိုင်/ဘူခါရက် ( 1-0 ) လာစီ
💙🖤💙 ရုရှား CUP 💙🖤💙
(10:00PM) လိုကိုမိုးတစ် ( 2-1 ) ယူရယ်
💙🖤💙 ဆွစ်ဇာလန်လိဂ် 💙🖤💙
(12:30AM) ဂရက်ဟော့ပါး ( 1-1 ) ဆီယွန်
(12:30AM) လူဇန် ( 2-0 ) ဇူးရစ်
(12:30AM) စိန့်ဂယ်လန် ( 1-2 ) ယန်းဘွိုင်း
(12:30AM) သွန်း ( 1-2 ) ဘေဆယ်
(12:30AM) ဇာမက် ( 1-1 ) လူဂါနို
💙🖤💙 ချက် CUP 💙🖤💙
(11:45PM) ဘာနစ် ( 1-1 ) ဆလားဗီးယား
💙🖤💙 တူရကီလိဂ် 💙🖤💙
(10:30PM) ဂါဇီယန်တက် ( 1-1 ) အော့စမာလီစပေါ
(12:30AM) ဒီမီစပေါ ( 1-1 ) ဟာတေယာစပေါ
22/05/2019
🔴မန်ယူအသင်းဟာ ဂိုးသမား ဒီဂီယာ ကို
တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ
တိုးမြှင့်ပေးပြီး စာချုပ်သက်တမ်းတိုးဖို့
ကမ်းလှမ်းခဲ့ပေမယ့်လည်း
ကစားသမားဖက်က ငြင်းဆန်မှုကို ခံခဲ့ရပြန်ပါတယ်။
ဒီဂီယာ ဟာ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ရရှိနေတဲ့ လစာမျိုးကို အလိုရှိနေတာဖြစ်ပြီး
မန်ယူအသင်းက မပေးသရွေ့
စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးလို့
အတိအလင်း ထုတ်ဖော်ထားတာပါ။
တစ်ဖက်မှာလည်း PSG အသင်းက
ဒီဂီယာ ကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူဖို့
ကြိုးစားနေတာကြောင့် မန်ယူတို့
သူတို့ရဲ့ဂိုးသမားကို ရောင်းချဖို့
ဖြစ်လာတော့မလားဆိုတာ အားလုံးက
စိတ်ဝင်စားနေကြပါတယ်။
22/05/2019
ရင်သွေးလေးရတော့မယ့်အကြောင်း အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ပရိသတ်တွေကို အပျော်မျှဝေလိုက်တဲ့ အာဆင်နယ်စတား ဇာခါ
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
ဒီနှစ်ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ လန်ဒန်အခြေစိုက်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ အကြိတ်အနယ် ကစားကြမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကို လာမယ့်မေ ၂၉ ရက်ကြရင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကစားမှာဖြစ်ပြီး ထင်ထားတာထက်တောင်ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားဖို့ နီးကပ်လာတဲ့အချိန် မင်္ဂလာသတင်းကို ပြောကြားလာသူကတော့ အာဆင်နယ်စတား ဇာခါဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဇာခါအတွက် ရင်သွေးလေးပိုင်ဆိုင်တော့မယ်ဆိုတဲ့ မင်္ဂလာသတင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲ မကစားမီ အားတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ ဇာခါက ပျော်စရာကောင်းတဲ့ မင်္ဂလာသတင်းကို အင်စတာဂရမ်မှာပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဇာခါက ဇနီးသည်ရဲ့ ဗိုက်ကို နောက်ကနေထွေးပွေ့ထားတဲ့ပုံကို အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
မေမေနဲ့ ဖေဖေတို့ ရင်သွေးလေးကို စောင့်ဆိုင်းနေကြောင်း ဇာခါက စာရေးသားခဲ့ပါတယ်။ ဇာခါရဲ့ မင်္ဂလာသတင်းဟာ ပရိသတ်တွေကို အပျော်ကူးစက်စေခဲ့ပါတယ်။ ပရိသတ်တွေဟာ ဇာခါရဲ့ပို့စ်ကို like ပေးခဲ့ကြပြီး ပရိသတ် ၁၄၆၀၀၀ ကျော်က like ပေးခဲ့ကြတာပါ။ ဇာခါဟာ အင်စတာဂရမ်မှာ ပရိသတ် ၁ ဒသမ ၉ သန်းတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ် ၂၂၅၀ က ဇာခါတို့ စုံတွဲအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ ကလေးရော မိခင်ပါ ကျန်းမာစေဖို့ ပရိသတ်တွေက စာရေးသားခဲ့ကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ဇာခါရဲ့ဇနီးသည်ကတော့ လီယိုနီတာလီကတ်ခ်ျလို့အမည်ရတဲ့ အချောအလှ မိန်းကလေးတစ်ယောက်ပါ။ ဇာခါဟာ မိုချင်ဂလတ်ဘတ်မှာ ပါဝင်ကစားခဲ့စဉ်ကတည်းက လီယိုနီတာနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ချစ်ကြိုးသွယ်ခဲ့ပြီးနောက် လီယိုနီတာဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဇာခါကို အားပေးခဲ့ပါသေးတယ်။
ဇာခါနဲ့ လီယိုနီတာတို့ ၂ ဦစလုံးဟာ ကိုဆိုဗို-အယ်ဘေးနီးယန်းမိသားစုက ဆင်းသက်လာခဲ့သူတွေဖြစ်ပါတယ်။ ဇာခါနဲ့ လီယိုနီတာဟာ သံယောဇဉ်တွေ တိုးသထက်တိုးလာပြီးနောက် ၂၀၁၇ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ ပျော်ရွှင်စရာအကြင်လင်မယားဘဝထဲကို ဆည်းလည်းလေး ရောက်လာတော့မှာက စုံတွဲတိုင်းအတွက် အင်မတန်ကြည်နူးစရာ ကောင်းပါတယ်။ သားသားလေးလား မီးမီးလေးလား ရင်ခုန်ရတဲ့အချိန် ဇာခါကတော့ တော်တော်လေးပျော်နေပါတယ်။ ဆွစ်ဇာလန်အဓိက ကစားသမားလည်းဖြစ်တဲ့ ဇာခါဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၂၉ ပွဲကစားထားကာ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၄ ဂိုးသွင်းပေးထားပါတယ်။
Credit gg
22/05/2019
အာဆင်ဝင်းဂါး နဲ့ ပိုချက်တီနို ကို နည်းပြအသစ်ခန့်အပ်ဖို့ ရည်ရွယ်နေတဲ့ ဘိုင်ယန်အသင်း
💚🖤💚🖤💚🖤💚🖤💚🖤💚🖤❤️🖤💚🖤💚🖤💚🖤💚🖤💚🖤
လေဗာကူဆင် အသင်းရဲ့ နည်းပြ ပီတာဘော့စ် က အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဘရက်ဇ် နဲ့ ဟာဗာဇက်ပ် တို့ကို အခုလက်ရှိ အပြောင်းအရွေ့မှာ ရောင်းထုတ်မှာမဟုတ်ဘူးပဲ ဆက်လက်ထိန်းထားဖို့ ဆန္နရှိနေတယ်လို့သိရပါတယ်။
ဝက်ဟမ်းအသင်းရဲ့ အကြီးအကဲ ဘရက်ဒီ က အသင်းရဲ့ကစားသမား အနာတိုဗစ် အနေနဲ့ အသင်းမှာ ဆက်ရှိဖို့ဆိုတာကို အတည်မပြုခဲ့ဖူးလို့သိရပါတယ်။ အနာတိုဗစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကတော့ မန်ယူအသင်း က ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘီနာဒိုဆေးဗာလ် က လာမဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီ မှ ပြည်တွင်းဖလား အကုန် ရရှိခဲ့ပေးမဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပြည့်စံမှုမရှိပဲ လာမဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရရှိဖို့အတွက် ကြိုးစားသွားမယ်လို့သိရပါတယ်။
ရီးရဲလ်အသင်း ဟာ ပေါ့ဘာ ကို ခေါ်ယူဖို့ ပြိုင်ဘက်အသင်း၂ သင်း နဲ့ ရင်ဆိုင်နေရပြီး ပြောင်းရွေ့ကြေး ယူရိုသန်း ၁၆၀ ခန့်ကျသင့်မယ်လို့လည်းသိရပါတယ်။ ပေါ့ဘာ ကို ခေါ်ယူလို့နေတဲ့ အသင်းတွေကတော့ အသင်းဟောင်း ပီအက်စ်ဂျီ အသင်း နဲ့ ပီအက်စ်ဂျီအသင်းတို့ ကခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာတီယိုလာ က အသင်းရဲ့ခေါင်းဆောင်ဟောင်း ကွန်ပနီ အနေနဲ့ လာမဲ့ အနာဂတ်မှာ မန်စီးတီး အသင်းရဲ့ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်လို့ထောက်ခံပေးသွားခဲ့ပါတယ်။ ကွန်ပနီအနေနဲ့ အသင်းမှာ ၁၁ နှစ်ပေးဆပ်ခဲ့ပြီး ဒီနှစ်ရာသီအကုန်မှာတော့ အသင်းကနေထွက်ခွာပြီး အန်ဒါလက်ခ်ျ အသင်းကို ပြောင်းရွေ့တော့မှာဖြစ်ပါတယ်။
ဂျာမနီ အင်းအားကြီး ဘိုင်ယန်မြူးနစ်အနေနဲ့ အခုနှစ် နွေရာသီအပြောင်းအရွေ့မှာ နည်းပြ အပြောင်းအလဲပြုလုပ်မယ်လို့သိရပြီး အဆိုပါရာထူး အတွက် လျာထားတဲ့ စာရင်းမှာ အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာဆင်ဝင်ဂါး ၊ တော့တင်ဟမ်စပါးအသင်းနည်းပြ ပိုချက်တီနို နဲ့ အသင်းရဲ့ကစားသမားဟောင်း ဗန်ဗွန်မဲလ် တို့ပါဝင်နေပါတယ်။
လေဗာကူဆင်အသင်းရဲ့နည်းပြ ဘော့စ် က မန်စီးတီးအသင်းရဲ့နောက်ခံလူ ဒီလိုက်စ် ကို ခေါ်ယူသင့်တယ်လို့ သိရပါတယ်။ ဘောစ့် အနေနဲ့ အေဂျက်စ်အသင်းကို ကိုင်တွယ်စဉ်က ဒီလိုက်စ် ရဲ့ စွမ်းရည်တွေကို သိရှိထားတာကြောင့် မန်စီးတီး အနေနဲ့ ဒီလိုက်စ် ကို ခေါ်ယူသင့်တယ်လို့တိုက်တွန်းလိုက်ပါတယ်။
Credit mb
22/05/2019
ချန်ပီယံလိဂ်ဆုဖလား လက်ဝယ်ပိုင်ဆိုင်ဖို့ ရှေ့ဆက်သွားမှာဖြစ်ကြောင်း မန်စီးတီး တစ်နှစ်တာ အကောင်းဆုံးဆုရခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား ပြော
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
မန်ချက်စတာအခြေစိုက်အသင်းနှစ်သင်းရဲ့ဒီနှစ်ဘောလုံးရာသီ လားရာက ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ခဲ့ပြီး မန်စီးတီးအသင်းက ထူးထူးကဲကဲ အောင့်မြင်ခဲ့ပေမယ့် မန်ယူအသင်းကတော့ မအောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာလက်အောက်မှာ ပိုကောင်းလာခဲ့ပြီး ဥရောပထိပ်သီးအသင်းကြီးတွေကိုကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းဆုကိုလည်း ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဆုဖလားမရခဲ့တာကလွဲရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီး အင်္ဂလန်လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။ မန်စီးတီးအသင်း အောင်မြင်မှုတွေရခဲ့ရာမှာ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့သူကတော့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ဖြစ်ပါတယ်။
ဘာနာဒိုဆေးလ်ဗားဟာ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပြီး မန်စီးတီးကွင်းလယ် အင်ဂျင်လည်း ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့လို့ မန်စီးတီးအသင်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူဟာ မဲရာခိုင်နှုန်း ၄၈ ရရှိကာ မဲအများဆုံးရခဲ့ပြီး အဂူရိုနဲ့ စတာလင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ နဲ့ မန်စီးတီးကို ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ပထမရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲကစားခဲ့ပြီး ၉ ဂိုးသွင်းခဲ့သူပါ။
သူဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုကောင်းနေပြီး ၄၇ ပွဲ ကစားထားရာမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးကစားသမားဘဝပွဲ ၁၀၀ ကစားထားပြီး ၂၂ ဂိုးသွင်းထားပါတယ်။ဘာနာဒိုဆေးလ်ဗားက လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖလားယူမယ်လို့ တပ်လှန့်ပြောကြားလိုက်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက ” အခုလိုမျိုး ဆုရခဲ့လို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေဟာ ကျွန်တော်တို့ကို ဒီရာသီမှာ တွန်းအားတွေပေးတယ်။ ပရိသတ်အားမပါဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ လာမယ့်ရာသီသစ်မှာလည်း ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ပြန်လာဦးမှာပါ။ ပရိသတ်တွေအတွက် ဆုဖလားတွေအများကြီး ထပ်ရအောင် ကြိုးစားမှာပါ။ တစ်ရာသီလုံးကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ အားလုံးအတွက် ထူးခြားတဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လိုနေတာ ချန်ပီယံလိဂ်ဖလားရဖို့ပါ။ ပရိသတ်တွေက ချန်ပီယံလိဂ်ရဖို့ ကျွန်တော်တို့ကို တွန်းအားတွေပေးကြပါ။ ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်ဖလားလိုတယ်။ ဒီဆုရဖို့ ရှေ့ဆက်သွားရမယ် ” လို့ ပြောကြားခဲ့ပါတယ်။
Credit gg
22/05/2019
ဂရစ်ဇ်မန်းကိုခေါ်ဖို့ ကြိုးစားနေတယ်လို့ ဗယ်လ်ဗာဒီ ဝန်ခံ
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
ဂရစ်ဇ်မန်းနဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေခဲ့ပေမယ့် လက်ရှိမှာ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းတဲ့အဆင့်ကို ရောက်နေပြီလို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်း ဒီယေဂိုဆီမြူနီရဲ့ အက်တလက်တီကိုအသင်းမှာ ဂရစ်ဇ်မန်းဟာ အဓိကတိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပါတယ်။ အဲဒီငါးနှစ်အတွင်းမှာ အက်တလက်တီကိုဟာ ယူရိုပါလိဂ်အပါအဝင် ဖလား ၃ လုံးရရှိခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ငါးနှစ်ဆက်တိုက် အက်တလက်တီကိုရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့သလို Ballon d’Or တတိယနေရာမှာလည်း နှစ်ကြိမ်တိတိ ရပ်တည်နေခဲ့ပါတယ်။
မနှစ်ကနွေရာသီအပြောင်းအရွှေ့မှာလည်း ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပြီး ဂရစ်ဇ်မန်းကလည်း အက်တလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဂရစ်ဇ်မန်းနဲ့ ဘာစီိလိုနာ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ သတင်းအမျိုးမျိုး ထွက်ပေါ်နေခဲ့ပေမယ့် အခုနောက်ဆုံး ဗယ်လ်ဗာဒီက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ချိတ်ဆက်နေတာ အမှန်ပဲလို့ အတည်ပြုလိုက်ပါတယ်။
“အသင်းနှစ်သင်းအကြားမှာ ဆွေးနွေးမှုတွေ အရှိန်မြှင့်နေပါပြီ၊ ဒါပေမဲ့ အခုက ဘောလုံးရာသီတောင် မကုန်သေးပါဘူး။ ကျွန်တော်တို့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဖလား ၃ လုံးအိပ်မက် ပျက်ပြယ်သွားခဲ့ပေမယ့် ဖလား ၂ လုံးနဲ့ ရာသီသိမ်းနိုင်ဖို့ နီးစပ်နေပါတယ်။ လောလောဆယ် ဒါကိုအာရုံစိုက်ထားရပါမယ်။ ဂရစ်ဇ်မန်းဟာ တကယ့်ကစားသမားကောင်းတစ်ယောက်ပါ။ သူ့ကိုခေါ်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ အမှန်ပါပဲ။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့”လို့ ဗယ်လ်ဗာဒီက ပြောကြားခဲ့ပါတယ်။
Credit gg
22/05/2019
လီဗာပူးအသင်းဟာ ဒီလစ်ကို ခေါ်ယူသင့်ပါတယ် … (ဗန်ဒိုက်စ်)
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်အသင်းဟာ အထူးခြေစွမ်းပြကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားအများစုနဲ့ ဒီလိုစွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်လို့ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေက အေဂျက်ဇ်အသင်းကို ချီးကျူးခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံလာရတဲ့ အေဂျက်ဇ်ကစားသမားတွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ နယ်သာလန်လူငယ် နောက်ခံလူဒီလစ်လည်း တစ်ယောက်အပါအဝင်ပါပဲ။
ဒီလစ်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် လက်ရှိအေဂျက်ဇ်အသင်းခေါင်းဆောင်ဖြစ်သလို အေဂျက်ဇ်အသင်းအတွက် ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားပေးထားပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Golden Boy Award) ကို ဆွတ်ခူးထားနိုင်ခဲ့သူ ဒီလစ်ဟာ လက်ရွေးစင်အသင်းမှာလည်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်စ်နဲ့ အတွဲညီညီ ခြေစွမ်းပြကစားနေခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ စံချိန်တင်ရမှတ် ၉၇ မှတ်ထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံမန်စီးတီးရဲ့နောက် တစ်မှတ်အကွာနဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူးအသင်းအနေနဲ့ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဖလားတွေကို ထပ်မံစိန်ခေါ်နိုင်ဖို့ ဒီလစ်ကိုခေါ်ယူသင့်တယ်လို့ ဗန်ဒိုက်စ်က အကြံပေးခဲ့ပါတယ်။
“အေဂျက်ဇ်မှာ၊ နယ်သာလန်လက်ရွေးစင်အသင်းမှာ သူစွမ်းဆောင်ပြခဲ့တာတွေကိုကြည့်ရင် ဒီလစ်ဟာ တကယ့်ပါရမီရှင် နောက်ခံလူကောင်းတစ်ယောက်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ လက်ရွေးစင်အသင်းမှာ ကျွန်တော်နဲ့ အပြန်အလှန်နားလည်မှု တည်ဆောက်ထားပြီးသား နောက်ခံလူတစ်ယောက် ဖြစ်နေတာကလည်း လီဗာပူးအတွက် အကျိုးရှိစေပါတယ်။ ပြီးတော့ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အတူတွဲကစားနေရမယ်ဆိုရင် ဒါဟာ ဒီလစ်အတွက်ရော၊ ကျွန်တော့်အတွက်ပါ အများကြီးအကျိုးရှိမယ့်ကိစ္စပါ။ လီဗာပူးအသင်းအနေနဲ့ လာမယ့်နှစ်မှာလည်း အခုလိုအကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒီလစ်ကို ခေါ်ယူအားဖြည့်သင့်ပါတယ်”လို့ ဗန်ဒိုက်စ်ကပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ လီဗာပူးအသင်းဖက်က ဒီလစ်ကို ကမ်းလှမ်းမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒီလစ်နဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ဥရောပအသင်းကြီးများစွာရှိပေမယ့် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်နှစ်သင်းကသာ အမှန်တကယ် ကမ်းလှမ်းထားသေးတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
Credit gg
22/05/2019
ဒန်နီရယ်ဂျိမ်းစ်ကြောင့် ဆန်းချက်ဇ်နဲ့ မာရှယ်ရဲ့ မန်ယူအသင်းအနာဂတ် မရေမရာ ဖြစ်လာ
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
မန်ယူအသင်းဟာ ဆွမ်ဆီးအသင်းက ဝေးလ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားပြီဖြစ်ကြောင်း စကိုင်းစပို့စ်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားလက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။ ကစားအားကောင်းတဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းကို ပြောင်းမယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက နာမည်ထွက်နေခဲ့တာပါ။ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း စကိုင်းစပို့စ်က ဆိုခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ လာမယ့်ရာသီသစ်မှာ အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်ရမှာဖြစ်ပြီး အနာဂတ် အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကိုလည်း ယုံယုံကြည်ကြည် အသုံးပြုမှာပါ။
ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီမှာ ဆွမ်ဆီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီနှစ်လိဂ်ပွဲ ၃၃ ပွဲ ကစားခဲ့ရာမှာ ဆွမ်ဆီးအသင်းအတွက် ၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းအတွက်လည်း ကစားပေးခဲ့ပြီဖြစ်တဲ့ ဂျိမ်းစ်ဟာ ဆွမ်ဆီးအသင်းမှာ ဘယ်တောင်ပံကစားပေမယ့် မန်ယူအသင်းမှာ ညာတောင်ပံနေရာ ကစားမှာဖြစ်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။ မန်ယူအသင်းကို ဒန်နီရယ်ဂျိမ်းစ် ရောက်လာလို့ ချီလီတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ ပြင်သစ်ကစားသမား မာရှယ်တို့ရဲ့ အနာဂတ် သေချာမှု မရှိတော့ကြောင်း မီဒီယာတွေက ရေးသားနေပါတယ်။
မန်ယူအသင်းဟာ ဆန်းချက်ဇ်ကို မျှော်လင့်ခဲ့ပေမယ့် ချီလီတောင်ပံကစားသမားဟာ အာဆင်နယ်မှာ ခြေစွမ်းပြသလိုမျိုး ကစားနိုင်ခြင်းမရှိပါဘူး။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခလစာ အများအပြား ရနေပေမယ့် ခြေစွမ်းမပြနိုင်ဘူးဖြစ်နေပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ လူပိုလို ဖြစ်နေတဲ့ ဆန်းချက်ဇ်ကို လာမယ့်နွေမှာ ရောင်းချဖို့ အစီအစဉ် ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက်ပြိုင်ပွဲစုံ ၁၀ ဂိုးတောင် ပြည့်အောင် မသွင်းနိုင်ခဲ့ပါဘူး။
ပြင်သစ် တိုက်စစ်မှူး မာရှယ်ကတော့ ခြေစွမ်းကောင်းပေမယ့် အာရုံစူးစိုက်မှု အားနည်းပြီး ပွဲဆက်ခြေမှန်ခြင်းမရှိပါဘူး။ မန်ယူနည်းပြဟောင်း မော်ရင်ညိုလက်ထက် မာရှယ်ကို ရောင်းထုတ်ဖို့ လုပ်ခဲ့ဖူးပေမယ့် အသင်းတာဝန်ရှိသူတွေက တားဆီးခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ ရာသီသစ်အတွက် ကစားသမား ၆ ဦးထိ ခေါ်ယူဖို့ ရှိနေပါတယ်။
Credit gg
22/05/2019
အချက်အလက်ပိုင်းအရ ဘောလုံးကစားသမား 71,600 ကြားမှာ မက်ဆီနဲ့ အနီးစပ်ဆုံး တူညီသူ တစ်ဦး ထွက်ပေါ်လာ
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
ဘာစီလိုနာ စတား လီယွန်နယ် မက်ဆီ … သူ့ကို တော့ တုပ နိုင်တဲ့ ဘောလုံး ကစားသမား ၊ သူ့ စွမ်းဆောင်ရည် တိုင်း ၊ လုပ်ပြ နိုင်တဲ့ အရာ တိုင်းကို လုံးဝ တူညီ အောင် လုပ်ပြ နိုင်တဲ့ ဘောလုံး သမား မရှိ သေး ပါဘူး ၊ မြင်တွေ့ နိုင်ဖို့ လည်း မဖြစ် နိုင် လောက်တဲ့ အရာ တစ်ခု ပါပဲ ။
ဒါပေမဲ့ သူနဲ့ အနီးစပ် ဆုံး တူညီ တဲ့ ကစားသမား ကိုတော့ စွမ်းဆောင်ရည် ၊ လုပ်ပုံကိုင်ပုံ နဲ့ ကွင်း အတွင်း ဘောလုံး စကေး တွေကို ကြည့်ရှု အကဲခတ် ၊ အချက်အလက် ပိုင်း ဆိုင်ရာ တွေ ဘယ်လောက် ထိ တူညီ နိုင် မလဲ ဆိုတာ တိုက်ဆိုင် ကြည့်ပြီး ရှာဖွေ နိုင်ပါ သေးတယ် ။
ဒီ အချက်အလက် ကိုတော့ Driblab ဆိုတဲ့ company က ကောက်ခံ နှိုင်းယှဉ် ဖော်ပြ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။ TV 3 မှာတော့ သူတို့ Company က အသင်း ပေါင်း 23,00 လောက်မှာ ရှိတဲ့ ကစားသမား 71,600 ဝန်းကျင်ရဲ့ စုစုပေါင်း ကစား ပွဲ 73,000 ကျော် ကို ကြည့်ရှု ပြီး မက်ဆီ နဲ့ အနီးစပ် ဆုံး တူညီ နိုင်တဲ့ စွမ်းဆောင်ရည် ရွေးချယ် သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
မက်ဆီ နဲ့ အနီးစပ် ဆုံး တူညီ တဲ့ ဘောလုံး သမား က အခြား သူ မဟုတ် ပါဘူး ၊ ကမ္ဘာ့ တစ်ဝှမ်း ဘောလုံး အားပေး သူ ပရိသတ် တိုင်း နီးပါး ကောင်းကောင်း သိရှိ ရင်းနှီး ထား ကြတဲ့ ချဲလ်ဆီး တောင်ပံ တိုက်စစ် စူပါ စတား အီဒင် ဟာဇက် ပဲ ဖြစ်ခဲ့ ပါတယ် ။
အခုလို ရွေးချယ် မှု မှာတော့ ဟာဇက် ဟာ 92.7 % အထိ မက်ဆီ နဲ့ တူညီ နေ ခဲ့ပြီး PSG စတား ကိုင်လီယံ အမ်ဘတ်ပီ က 91.3 % ၊ မန်စီးတီး စတား ဆာဂျီယို အဂူရို က 91.1 % နဲ့ အနီးစပ် ဆုံး အသီးသီး တူညီ နေ ခဲ့ကြ ပါတယ် ။
အဆိုပါ အချက် အလက် တွေကို တော့ မတူညီ တဲ့ ရှုထောင့် 12 ခုမှ နှိုင်းယှဉ် ကြည့်ရှု ခဲ့တာ ပဲ ဖြစ် ပါတယ် ။ အဆိုပါ အချက် တွေ ကတော့ …
ပွဲစဉ် အတွင်း ပါဝင် ပတ်သက် မှု
ဂိုးပေါက် ကန်သွင်းမှု အရ ဂိုး ရယူ နိုင်မှု
ပွဲစဉ် အတွင်း မျှော်မှန်း ထားနိုင် သလောက် ဂိုးသွင်း နိုင်မှု
ဂိုးပေါက် ကန်သွင်း မှု
အခွင့် အရေး ဖန်တီး နိုင်မှု
ပြိုင်ဖက် ကို လိမ်ခေါက် ကျော်ဖြတ် နိုင်မှု
ပြိုင်ဖက် ဂိုး ဧရိယာ ထဲ ဘောလုံး ထိချက် အရည်အတွက်
တစ်ပွဲ အတွင်း မျှော်လင့် ထားတဲ့ ဂိုး ဖန်တီး နိုင်မှု စွမ်းရည်
အရေး ပါတဲ့ ဘောလုံး ပေးပို့ မှု
ဘောလုံး ဆုံးရှုံးမှု အကြိမ် အရည်အတွက်
ပြိုင်ဖက် ကို ဖိအားပေး ကစား နိုင်မှု
ပြီးပြည့်စုံ တဲ့ ကန်ချက် တို့ပဲ ဖြစ်ကြ ပါတယ် ။
အဆိုပါ အချက် 12 ချက် မှာတော့ ချဲလ်ဆီး စတား ဟာဇက် ဟာ မက်ဆီ ထက် ကဏ္ဍ သုံးခု မှာ သာလွန် တဲ့ စွမ်းဆောင် ရည် ပြသ ထားနိုင် ခဲ့ပြီး ကျန် တဲ့ ကဏ္ဍ 9 ခု မှာတော့ အခြား ကစားသမား တွေထက် ပိုပြီး နီးစပ် အောင် တူညီ နိုင်တဲ့ စွမ်းဆောင် ရည်မျိုး ပြသ နိုင်ခဲ့ ပါတယ် ။
ဟာဇက် မက်ဆီ ထက် သာလွန် ခဲ့တဲ့ အချက် သုံးချက် ကတော့ ဘောလုံး ဆုံးရှုံ မှု နည်းပါ ခြင်း ၊ ပြိုင်ဖက် ကို ဖိအား ပေး ကစား နိုင်မှု နဲ့ ပြိုင်ဖက် ကို လိမ်ခေါက် ကျော်ဖြတ် မှု ပိုများ စွာ လုပ်ဆောင် ထားနိုင် ခဲ့ခြင်း တို့ပဲ ဖြစ် ပါတယ် ။
မက်ဆီ နဲ့ အတော်လေး တူညီ တဲ့ စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ ကြတဲ့ လူငယ် ခြေတက် ကစားသမား ( အမ်ဘတ်ပီ မပါ ) လေးတွေ ကတော့ PSV စတား ဗာ့ဂ်ျဝင့်န် ၊ အီယာနစ် ဟာဂီ ( ရိုမေးနီးယား ဘောလုံး ဂန္ဓဝင် တစ်ဦး ရဲ့ သား ) ၊ ဘာကာ စတား ဒမ်ဘီလီ နဲ့ မယ်လ်ကွန် ၊ AZ အသင်း မှ အူဆာဆာမာ အစ်ဒ်ရစ်ဆီ တို့ပဲ ဖြစ်ကြ ပါတယ် ။
Credit sm
22/05/2019
မက်ဆီ ဟာ ဖလားမရနိုင်တာ သိသိ နဲ့ အာဂျင်တီးနား အတွက် ကစားပေးနေတာပါ
💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤💚🖤
ဘာစီလိုနာ အသင်း တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း မှာ ပျော်ရွှင် မှု ရှိနေ တာကြောင့် အသက် ၃၀ ကျော်လာသည် အထိ ကစား ပေးဖို့ စိတ်ကူး ရှိ နေတာ ဖြစ်ပါတယ် လို့ လက်ရွေးစင် နည်းပြဟောင်း လူးဝစ် မန်နော့တီ က ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ လာမယ့် ဇွန်လ ထဲ မှာ ကျင်းပမယ့် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ကို အာဂျင်တီးနား နဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ် ပါတယ် ။
အသက် ၈၀ ရှိ နေပြီ ဖြစ်တဲ့ ကမ္ဘာ့ ဖလား ချန်ပီယံ နည်းပြကြီး ကတော့ မက်ဆီ ဟာ အာဂျင်တီးနား နဲ့ ဖလား တစ်ခုခု ရရှိ ဖို့ ထက် ဘာစီလိုနာ နဲ့ ချန်ပီယံ လိဂ် ဖလား ကို ရယူ နိုင်ချေ က ပိုလို့ များပြား မှာဖြစ်ပေမယ့် မိခင် နိုင်ငံ ကို ချစ်စိတ်ကြောင့် အခုလို ကစားပေး နေတာ ပါလို့ ဆိုသွားခဲ့ ပါတယ် ။
“မက်ဆီ ဟာ လက်ရွေးစင် အသင်းမှာ ပျော်နေ တာာ သေချာ ပါတယ် ။ အဲ့လိုမှ မဟုတ်ရင် သူ ဒီကို လာစရာ အကြောင်း မရှိ ပါဘူး ။ ဒီမှာ က သူ့ကို ချစ်တဲ့ ပရိသတ် နည်းပါတယ် ။ ဝေဖန်မယ့် သူတွေ က လည်း အဆင်သင့် ပါ ။ အာဂျင်တီးနား နဲ့ ဖလားရ ဖို့ ထက် ဘာစီလိုနာ နဲ့ ချန်ပီယံ လိဂ် ရဖို့ က မှ ပိုပြီး ဖြစ်နိုင် ပါသေးတယ်”
“ဒါပေမယ့် မက်ဆီ က ကျွန်တော်တို့ နဲ့ အတူ ရှိနေ တုန်းပါပဲ ။ ဘာလို့ လည်း ဆိုတော့ သူ ဒီနိုင်ငံ ကို ချစ်လို့ ၊ ဒီ အသင်းမှာ ပျော်ရွှင် လို့ပါ ။ အာဂျင်တီးနား အသင်းထဲ မှာ မက်ဆီ ထက် ပိုပြီး ဖလား ရယူ လိုစိတ် ပြင်းတဲ့ ကစား သမား ရှိ မှာ မဟုတ်ပါဘူး”
“မက်ဆီ ဟာ အာဂျင်တီးနား နဲ့ ဖလား ရဖို့ ဆိုတာ တော်တော် မလွယ်ကူ ပါဘူး ။ ဒါကို သူ ကိုယ်တိုင် သိပါတယ် ။ အာဂျင်တီးနား နဲ့ ဖလား ယူ တာ ၊ ဘာစီလိုနာ နဲ့ ချန်ပီယံ လိဂ် ယူတာ မှာ ဘယ်ဟာ က ပိုပြီး ဖြစ်နိုင် မလဲ လို့ သူ့ကို မေးကြည့်ရင် ချန်ပီယံ လိဂ် လို့ပဲ ဖြေမှာ သေချာ ပါတယ်” လို့ မန်နော့တီ က ပြောဆို သွားခဲ့ ပါတယ် ။
အာဂျင်တီးနား အသင်း ဟာ ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင် မယ့် ကစား သမား စာရင်း ကို ယမန်နေ့ ညပိုင်း က ထုတ်ပြန် ကြေညာ သွားခဲ့ပြီ ဖြစ် ပါတယ် ။ ဒီစာရင်း မှာတော့ တိုက်စစ် ပိုင်း မှာ လီယွန်နယ် မက်ဆီ နဲ့ အတူ ယူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား ၊ မန်စီးတီး တိုက်စစ်မှုး အဂွေရို ၊ အင်တာ တိုက်စစ်မှုး လူတာရို မာတီနက် တို့ ပါဝင် လာခဲ့ပြီး အီကာဒီ ကတော့ ကျန်ရစ် ခဲ့ ပါတယ် ။
အာာဂျင်တီးနား ဟာ အုပ်စု အဆင့် မှာ ကိုလံဘီယာ ၊ ပါရာဂွေး ၊ ကာတာ ( ဧည့်သည် ) အသင်း တို့ နဲ့ အတူ ကျရောက် နေပြီး ဇွန်လ ၁၆ ရက်နေ့ မှာ ကိုလံဘီယာ အသင်း နဲ့ စတင် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ အာဂျင်တီးနား ဟာ ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာ ဥရုဂွေးပြီးပါက ဒုတိယ အအောင်မြင်ဆုံး နိုင်ငံ ဖြစ်ပြီး ချန်ပီယံ ဆု ကို ၁၄ ကြိမ် ကိုင်မြှောက် ရယူ ထားနိုင် ခဲ့ ပါတယ် ။
Credit sm
22/05/2019
ချဲလ်ဆီးနည်းပြ ဆာရီကို ဂျူဗင်တပ်စ်က ခေါ်ယူပြီး ချဲလ်ဆီးက လမ်းပတ်ခေါ်ယူမည်ဟု သတင်းထွက်
⚽️ 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗦𝗮𝗿𝗿𝗶 𝗟𝗮𝗺𝗽𝗮𝗿𝗱
22/05/2019
မတူညီတဲ့ ဘောလုံးရာသီ (၆) ခုမှာ ဂိုး (၅၀) နဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ မက်ဆီ
❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤
ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ မက်ဆီဟာ ဒီဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါ သွင်းဂိုး (၃၆) ဂိုး၊ ချန်ပီယံလိဂ်သွင်းဂိုး (၁၂) ဂိုး၊ ကိုပါဒယ်ရေး သွင်းဂိုး (၂) ဂိုးတို့ နဲ့ စုစုပေါင်း ဂိုး (၅၀) သွင်းယူထားပြီးဖြစ်ကာ လာလီဂါ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ပြီးဖြစ်သလို ချန်ပီယံလိဂ်ရွှေဖိနပ်ဆု၊ ဥရောပ ရွှေဖိနပ်ဆုတို့ကို ပါ ရရှိဖို့ အခြေအနေကောင်းနေပြီလည်း ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ အခုလိုမျိုး လာလီဂါ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ခြင်းက သူ့အတွက် (၃) နှစ်ဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၆) နှစ်က ဘီလ်ဘာအိုတိုက်စစ်မှူး တဲလ်မိုဇာရာတစ်ယောက် လာလီဂါ ဂိုးသွင်းဘုရင်ဆုကို (၃) နှစ်ဆက် ရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်ဆီဟာ (၂၀၁၀-၁၁) ခုနှစ် ဘောလုံးရာသီ၌ (၅၃) ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီနောက်တစ်ရာသီမှာတော့ ပြိုင်ပွဲစုံ အားလုံးမှာ သွင်းဂိုး (၇၃) ဂိုး အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (၂၀၁၂-၁၃) ခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး (၆၀)၊ (၂၀၁၄-၁၅) ခုနှစ် ဘောလုံးရာသီ၌ (၅၈) ဂိုး၊ (၂၀၁၆-၁၇) ခုနှစ် ဘောလုံးရာသီ၌ သွင်းဂိုး (၅၄) ဂိုး ရရှိခဲ့ပြီး လက်ရှိ ဘောလုံးရာသီ၌မူ သွင်းဂိုး (၅၀) ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို Squawka Football က သူတို့ရဲ့ တွစ်တာအကောင့်မှတစ်ဆင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး မက်ဆီအနေနဲ့ ဒီရာသီမှာ ဂိုး (၅၀) ပြည့် သွင်းယူနိုင်ခဲ့ခြင်းဟာ သူ့အတွက် (၆) ရာသီ မြောက် ဂိုး (၅၀) ပြည့် သွင်းယူနိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ဂိုး (၅၀) ပြည့် သွင်းယူနိုင်ခဲ့တဲ့ ရာသီတွေမှာလည်း မက်ဆီက ဂိုးဖန်တီးမှု အနည်းဆုံး (၁၅) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး အများဆုံး အဖြစ် (၂၀၁၁-၁၂) ခုနှစ် ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု (၂၉) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ (၂၀၁၈-၁၉) ခုနှစ် ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာလည်း မက်ဆီက (၃၆) ဂိုးသွင်း၊ (၁၃) ကြိမ် ဂိုးပေါက်ဖန်တီးမှု ပြုလုပ်ကာ ဘာစီလိုနာအသင်းရဲ့ သွင်းဂိုး (၄၉) ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေခဲ့ပြီး အဆိုပါ ပမာဏဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဗီလာရီးရဲယ်အသင်းရရှိခဲ့တဲ့ (၄၉) ဂိုးဆိုတဲ့ အရေအတွက်နဲ့ တူညီနေသလို ဘာစီလိုနာအသင်းအတွက် မက်ဆီ ပါဝင်ပတ်သက်နေတဲ့ သွင်းဂိုးထက် သွင်းဂိုး ပိုမို ရရှိထားတဲ့ အသင်းကလည်း ဗလင်စီယာ (၅၁ ဂိုး)၊ ဆဲလ်တာဗီဂို (၅၃ ဂိုး)၊ အက်သလက်တီကို (၅၅ ဂိုး)၊ လီဗန်တေး (၅၉) ဂိုး၊ ဆီဗီလာ (၆၂ ဂိုး) နဲ့ ရီးရဲယ်မက်ဒရစ် (၆၃ ဂိုး) တို့ သာ ရှိကြောင်း သိရှိရပါတယ်။