Dway Mel Naw sepaktakraw sport live

Dway Mel Naw sepaktakraw sport live

Share

sepaktakraw club

04/10/2025

#ကန်လိုက်တိုင်း ပိုက်မတိုးစေဖို့ လေ့ကျင့်ရေးနည်းလမ်း

04/10/2025

#ပိုက်ကျော်ခြင်းအရည်သွေးတိုးတတ်စေဖို့

#ခြင်းထွတ်မြင့်မားစေဖို့ အချက်(၃)ချက်နှင့်တကွ

စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သိမြင်နိုင်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြထားပါသည်

အချက်(၃)ချက်ဖြစ်တဲ့
✅(၁)ချိတ်ခြင်း ချိတ်ဆွဲကန်ပေးခြင်း

✅(၂)စက်ဝိုင်းနှင့်နောက်စည်းကြား
လေ့ကျင့်ကန်ပေးခြင်း

✅(၃) ခြင်းအကျ မစောင့်ဘဲ အပေါ်တတ်၍
ကန်ပေးခြင်း
#ဒီအချက်(၃)ချက်လုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာဖြစ်တဲ့အတွတ် အချက်(၁)ချက်ချင်းစီတိုင်းကို
သေချာ အသားကျအောင် လေ့ကျင့်ပေးမှ တိုးတတ်မှုနှုန်း မြန်ဆန်မှာ ဖြစ်ပါတယ်

🏆နံပါတ်(၁) ချိတ်ခြင်း ကန်ပေးခြင်းဆိုသည်မှာ
မိမိရဲ့ jump ပါဝါ အားရှိသလောက် (ခုန်)နိုင်စွမ်းအားကိုချိန်ဆပြီး အမြင့်ပေချိတ်ဆွဲ ကာ လိုအပ်တဲ့အတိုင်းတာပမာဏ အမြင့်ပေ ကို ခြင်းလုံးအား ချိတ်ဆွဲကန်ပေးခြင်း ဖြစ်ပါတယ် ၊ ချိတ်ခြင်းကန်ပေးခြင်းရဲ့ အားသာချက်ကတော့ အမြင့်ခြင်းကန်တဲ့အခါ ထိချက်နှင့် တိုင်ပင် အသားကျမှုကို အထောက်ကူ ဖြစ်စေပါတယ်
#မှတ်ချက်အနေနဲ့ အနည်းဆုံး(၇)ပေခွဲ ခန့် လောက် ချ်တ်ဆွဲ ကန်ပေးရန် သင့်တော်ပါတယ်

🏆နံပါတ်(၂) စက်ဝိုင်းနှင့်နောက်စည်းကြား ကန်ပေးခြင်းဆိုသည်မှာ မိမိရဲ့ ကန်ခြင်း ထိချက် နိမ့်ကျ မသွားအောင် ၊ အမှန်းအဆ ပြု၍ ပြိုင်ပွဲကွင်းထဲကဆားဗစ်စက်ဝိုင်းနှင့်နောက်စည်း ကြားကို ခြင်းထွတ်မြင့်မားစေရန်ကန်ပေးခြင်းဖြစ်ပါတယိ၊
အားသာချက်အနေနဲ့
မိမိကန်ခြင်း ချိုးမကန်မိစေရန် ပိုက်တိုးမကန်မိစေရန်
အထောက်ကူဖြစ်စေပါတယ်

🏆နံပါတ်(၃) ခြင်းအကျမစောင့်ဘဲ အပေါ်တတ်ကန်ပေးခြင်းဆိုသည်မှာ လေပေါ်မြှောက်နေတဲ့ ခြင်းအား မိမိလက်တလှန် အကွာအဝေးရောက်မှ မကန်ပဲ လက်တလှန်ထပ် ကျော်တဲ့ အမြင့်အတိုင်းတာ အမြင့်အကွာဝေး
တစ်ခု အပေါ် တတ်၍ ကန်ပေးခြင်းဖြစ်ပါတယ်
ခြင်းအကျစောင့်၍ ကန်တဲ့အခါ တိုင်ပင်လွဲ၍ခြင်းထွတ်နိမ့်ပါးကာ အပျက်စီး များမှာဖြစ်ပါတယ်
#မှတ်ချက်အနေနဲ့ မိမိ အပေါ်တတ်၍ ကန်တဲ့အခါ
ခြေလွှဲအား ပြင်းပြင်းနဲ့ အားပါပါလေး ကန်ပေးရန်အထူးလိုပါသည်
မိမိတို့ရဲ့ပိုက်ကျော်ကျော်ခြင်းအရည်အသွေး ပိုမိုကောင်းမွန်စေဖို့အတွတ် ရည်ရွယ်၍ ရေးသားဖော်ပြထားပါသည်
အားလုံးပဲ ရလဒ်ကောင်းတွေပိုင်ဆိုင်ကြပါစေ
အောင်လေး(ပိုက်ကျော်ခြင်း)

28/09/2025

#ဘလော့ကင်အပေါ်ကနေဘယ်လိုကန်ရမလဲ?

#ခြင်းထွတ်မြင့်မားစေဖို့ဘယ်လိုလေ့ကျင့်မှုတွေပြုလုပ်

သင့်သလဲ?
✅ ပိုက်ကျော်ခြင်းအားကစားနည်းသည် (အစုအဖွဲ့)
ကစားနည်းဖြစ်၍ Teamwork စုစည်းမှု အားကောင်း
ရန် အလွန် အရေးကြီးပါသည်

✅နေရာအလိုက်ဆော့ကစားကြတဲ့အထဲမှ တာဝန်
ယူရသည့် သတ်မှတ်နေရာတွင် ဒေါင့်စေ့အောင်
စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်ရပါမည်

✅နေရာလိုက်ဆော့ကစားကြတဲ့ ပိုက်ကျော်ခြင်းကစား
နည်းမှ ဖိုက်တာ (ရိုက်ခုတ်သူ) ​၏ သတ်ခြင်း/
ဖြတ်ခြင်း တွေ ထဲကအနက် တစ်ခု ဖြစ်တဲ့
တဖက် (ဘလော့ကင်) Blocking အပေါ်က နေ
ကန်ခြင်းနှင့် ပတ်သတ်ပြီး လေ့ကျင့်မှုများကို
ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

#ခြင်းထွတ်မြင့်မားစေဖို့ လိုအပ်တဲ့ လေ့ကျင့်မှုများကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်

#ကျန်းမာပျော်ရွှင်၍ နေ့ရက်တ်ိုင်း လန်းဆန်း

တတ်ကြွတဲ့ ကြက်ဖ ကြီးများ ဖြစ်ကြပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်

23/09/2025
23/09/2025

ဒွေးမယ်နော် ပိုက်ကျော်ခြင်းကလပ်ရဲ့ရှေ့ဆတ်မည့် ခရီး
ဧည့်သည်တော်

Photos from Dway Mel Naw sepaktakraw sport live's post 21/09/2025

#2025ခုနှစ် Manulife cup #ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏတွင် ပြိုင်ပွဲအမျိုးအစား 4 မျိုးဖြင့် ပြုလုပ်ကျင်းပ ရာတွင် ဒွေးမယ်နော် ပိုက်ကျော်ခြင်းကလပ်အနေဖြင့် လူငယ်ကစားသမား အများစု နှင့် ပြိုင်ပွဲအမျိုးအစား ၄ မျိုး စလုံး ဝင်ရောက်ယှဉ်ပြိုင်ရာ Regu ၃ ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆု နှင့် Mix ၄ ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆု ရယူနိုင်ခဲ့သည့်အတွက် အသင်းသားများအားလုံး နှင့် လာရောက်ဝန်းရံအားပေးကြသည့် ညီကိုများအားလုံး အထူးကျေးဇူးတင်ရှိပါသည်၊၊

#ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ် #
☎️09750711114

Photos from Myanmar Sepaktakraw Federation's post 19/09/2025
Photos from Dway Mel Naw sepaktakraw sport live's post 19/09/2025

#ဒွေးမယ်နော်ပိုက်ကျော်ခြင်းအသင်းဖိုင်နယ်သို့ရောက်ရှိပါကြောင်းအမျိူးတို့ရေ #အားပေးကြတဲ့ညီကိုတွေကျေးဇူးအထူးတင်ရှိပါကြောင်း

19/09/2025

ဖိုင်နယ်ရောက်ရှိ
ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ်

19/09/2025

ဆီးမီးဖိုင်နယ် ပွဲနေ့

Photos from Dway Mel Naw sepaktakraw sport live's post 18/09/2025

မနက်ဖြန် 19/9/2025 ဆီမီးဖိုင်နယ် ပွဲစဉ်များ လာရောက်အားပေးရင်း ဖျော်ဖြေရေးအစီအစဉ်လေးတွေပါ တစ်ခါတည်း အားပေးလို့ရပါတယ်၊၊

ဝင်ခွင့် အခမဲ့

ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ်
☎️09750711114

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Thingangyun Yangon
Yangon
01