03/11/2025
2025/2026 Premier League Champions က ဘယ်အသင်းလဲဗျ အပေါ်ဆုံး ရောက်မဲ့ (၃)သင်း ကိုရွေးပေးခဲ့ပါ👇🏻👌🍾🥂 comment မှာ ရေးပေးခဲ့နော် bro တို့
ဥပမာ
1.Manchester United
2.Arsenal
3.Liverpool
1.Arsenal
2.Chelsea
3.Manchester City
03/11/2025
မြန်မာ အမျိုးသမီးကလပ် 🇲🇲ISPE အသင်း ပွဲဦးထွက် ရင်ဆိုင်ရမည့် 🇰🇷ဆူဝမ် အမျိုးသမီးကလပ် 😍😍❤️😊
𝑭𝒍𝒐𝒘𝒆𝒓 𝒐𝒇 𝑺𝒖𝒘𝒐𝒏🌺
အာရှ အမျိုးသမီး ချန်ပီယံလိဂ် AFC Women’s Champions League 2025/26 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များအား ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် လာမည့် နိုဝင်ဘာ ၉ ရက်မှစတင်ကာ ကျင်းပတော့မည် ဖြစ်သည်။ အိမ်ရှင် ISPE အမျိုးသမီး အသင်းအနေဖြင့် အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယား အမျိုးသမီး ကလပ် ဆူဝမ် (Suwon Women FC) နှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ဆူဝမ် အသင်းသည် တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း ဆူဝမ်မြို့ အခြေစိုက် ကလပ်အသင်းဖြစ်ပြီး ကိုရီးယား အမျိုးသမီးလိဂ် WK League တွင်ပါဝင်ယှဉ်ပြိုင်နေသော အသင်းဖြစ်သည်။ ဆူဝမ် အမျိုးသမီးအသင်း အား လွန်ခဲ့သည့် ၁၇ နှစ် (၂၀၀၈ ခုနှစ်)တွင် စတင်တည်ထောင်ခဲ့ပြီး အိမ်ကွင်းမှာ ပရိသတ် တစ်သောင်းကျော်ဝင်ဆံ့သည့် Suwon Sports Complex ဖြစ်သည်။
ဆူဝမ်အသင်း အနေဖြင့် ပြည်တွင်းလိဂ်တွင် ချန်ပီယံ နှစ်ကြိမ် (၂၀၁၀၊ ၂၀၂၄ ခုနှစ်)၊ ဒုတိယ နှစ်ကြိမ် (၂၀၁၉၊ ၂၀၂၃ ခုနှစ်) ရရှိထားပြီး ယခုနှစ်တွင် အာရှအမျိုးသမီး ချန်ပီယံလိဂ်အား ပထမဆုံး စတင်ဝင်ရောက်ကစားခြင်း ဖြစ်သည်။ နည်းပြချုပ်အဖြစ် ပတ်ဂီယန်း တာဝန်ယူထားပြီး လက်ရှိ WE League 2025 ရာသီတွင် အဆင့်(၇)သို့ရောက်ရှိနေသည်။ ၂၀၂၅ ရာသီ ပြည်တွင်း ပြိုင်ပွဲတွင် ရလဒ်များ ကောင်းမွန်ခြင်းမရှိဘဲ ပွဲစဉ် ၂၈ ပွဲတွင် ၅ ပွဲနိုင် ၉ ပွဲသရေ၊ ၁၄ ပွဲအထိ ရှုံးနိမ့်ထားသည်။
အသင်းတွင် ကိုရီးယား အမျိုးသမီး လက်ရွေးစင် အဖြစ် ပွဲပေါင်း ၁၅၆ ပွဲကစားပြီး သွင်းဂိုး ၂၆ ဂိုးရရှိထားသည့် ကွင်းလယ်လူ ချိုဆိုဟွန်းမှာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီး အင်္ဂလန် အမျိုးသမီးလိဂ်မှ ဝက်စ်ဟမ်း၊ စပါး၊ ဘာမင်ဂမ် တို့တွင် ပရော်ဖက်ရှင်နယ်သွားရောက်ကစားထားသူ ဖြစ်သည်။ နိုင်ငံခြား ကစားသမားများအဖြစ် ဂျပန်မှ နီရှီကာဝါ၊ ရီနာ အိုကူဆု၊ ဘရာဇီးလ်မှ မီလီနင်ဟာ တို့ကိုခေါ်ယူထားပြီး ကိုရီးယားပြည်တွင်းကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။
ဆူဝမ်အသင်း အနေဖြင့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၆ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး ပွဲဦးထွက် အဖြစ် အိမ်ရှင် ISPE FC အသင်းနှင့် နိုဝင်ဘာ ၉ ရက်၊ ည(၇း၀၀)နာရီတွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်း ၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ် သက်မှတ်ထားပြီး အပြန်ခရီး အဆင်ပြေစေရန်အတွက် ဘက်စ်ကားများ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Photo Credit: Suwon FC
14/04/2018
The latest FIFA Ranking for April 2018 is out! Joy for Vietnam as they top the ASEAN zone this month.
On the up: 🇻🇳 🇵🇭 🇹🇭 🇲🇲 🇰🇭 🇲🇾 🇱🇦
No change: 🇮🇩 🇹🇱
On the way down: 🇸🇬 🇧🇳
Are you happy with your country's ranking?