မက်စီ ရဲ့ UCL ပွဲဦးထွက် နဲ့ UCL တလျောက်ခြေစွမ်းပြသောပွဲများ
All about inspiration - Burma version
Inspiration speeches
၁၉၉၅ ခုနှစ် UCL final မှာ နောက်ဆုံးအချိန် အရှုံးမပေးခဲ့တဲ့ မန်ယူ ရဲ့ သရဲနီ စိတ်ဓာတ်
Manchester United 2 - Bayern Munich 1
19/09/2024
မွေးနေ့ ၊ အမှတ်တရနေ့များမှာရဲဘော်များ
အတွက် အာဟာရတစ်နပ်စာကျွေးချင်သူများ
ပေ့ခ်ျမက်ဆင်ဂျာမှာဆက်သွယ်နိုင်ပါတယ်
ခင်ဗျာ။
မဆက်သွယ်ခင်မှာသိစေလိုတဲ့အချက်လေးတွေ
ကတော့
(၁) နေရာဒေသအလိုက်ရဲဘော်တစ်ဦးစာအသား
ဟင်းနဲ့ထမင်းတစ်နပ်ကျွေးမယ်ဆိုရင် ပျမ်းမျှ
(၂) ထောင်ကျပ်မှ (၅) ထောင်ကျပ်အတွင်းကုန်ကျ
နိုင်ပါတယ်။(ဒါက မနေ့က form ဖြည့်ထားတဲ့
တာဝန်ခံတွေရဲ့ပြောကြားချက်ကိုအခြေခံထားတာ
ဖြစ်ပါတယ်)
(၂) တစ်ပတ် နှစ်ပတ်ခန့် ကြိုပြောပေးလျှင်စီစဉ်
ရတာပိုပြီးလွယ်ကူပါတယ်။ကပ်ပြောရင်တော့
ကိုယ်ကျွေးချင်တဲ့နေ့ကျွေးဖို့ရာမသေချာပါ။
(၃) ငွေလွှဲဖို့အတွက် Kpay, Wave Pay မရပါ။
NUGPAY,SDB နိုင်ငံခြားဘဏ်အကောင့်များ
အားလုံးအဆင်ပြေပါတယ်။
(၄) ငွေလွှဲပြီးတဲ့အခါ သက်ဆိုင်ရာတပ်ဖွဲ့တာဝန်ခံ
နဲ့ချိတ်ဆက်ပြီးတာနဲ့ တပ်ဖွဲ့ကပေးတဲ့ certificate
ရယ် ၊ အခွင့်သင့်ရင် မှတ်တမ်းဓာတ်ပုံတွေရရှိပါမယ်။
(၅) ကိုယ်နိုင်သလောက် ဥပမာ (၅) ဦးစာ (၁၀) ဦး
စာပဲကျွေးမယ်ဆိုရင်တော့ တခြားသူများနဲ့စုပေါင်း
ပြီးမှသာ တပ်ဖွဲ့တစ်ခုစာစီစဉ်ပေးရမှာဖြစ်လို့သာမန်
ထက် မှတ်တမ်းရရှိချိန်ကြာနိုင်ပါတယ်။
(၆) အသားဟင်းကျွေးချင်တာမဟုတ်ဘဲ လက်ဖက်
ထမင်းနဲ့ကြက်ဥ ၊ ကြာဇံကြော် ၊ အချိုရည် ၊ ဘီယာ
တိုက်ချင်ရင်လည်းရပါတယ် 😁
ဒီအချက်လေးတွေသိထားပြီးရင်တော့ ပေ့ခ်ျမက်ဆင်ဂျာ
မှာလာရောက်ဆက်သွယ်နိုင်ပါတယ်။ကာကွယ်ရေး
တပ်ဖွဲ့တွေလည်း မိမိတို့တပ်ဖွဲ့အတွက် အသားဟင်း
အလှူရှင်များနဲ့ချိတ်ဆက်ပေးဖို့ရန်အတွက်ကျနော်တို့
ရဲ့ google form လေးကိုဖြည့်ပေးဖို့မေတ္တာရပ်ခံပါတယ်။
ကောမန့်မှာကြည့်နိုင်ပါတယ်။
ဓာတ်ပုံ ၊ ဘားပလက်မှာအချိုရည်တိုက်ခဲ့စဉ်က
ပုံရိပ်မှတ်တမ်း
Click here to claim your Sponsored Listing.