Amara Fitness&gym

Amara Fitness&gym

Share

fitness and health centre

Photos from Amara Fitness&gym's post 06/10/2022

🤔🤔gymလည်းမသွားချင်ဘူးအိမ်မှာပဲလေ့ကျင့်ခန်းလုပ်ချင်တယ်
😀😀အစားလည်းမလျော့ချင်ဘူးလက်ရှိကိုယ်အလေးချိန်လည်းလျော့ချချင်တယ်
💪💪ခန္ဓာကိုယ်ကြီးထွားအောင်ပဲအိမ်မှာလေ့ကျင့်ခန်းလုပ်ချင်တယ်.....ဆိုတဲ့ဆိုတဲ့သူများအတွက်
Amara gymရဲ့online home workout training classလေးစတင်ဖွင့်လှစ်လိုက်ပါပီခဗျ
training classလေးစတင်ဖွင့်လှစ်လိုက်ပါပီခဗျ👌
🤔🤔ဟုတ်မှဟုတ်ပါ့မလား၊ထိရောက်မှုရောရှိုပါ့မလား၊အိမ်မှာဆော့လို့ဖြစ်ပါ့မလား စဥ်းစားမနေနဲ့တော့မိတ်ဆွေ
👉👉လက်ရှိနာမည်ကြီးGymရုံကြီးများတွင်personal
trainerငှားရမ်းပီးငွေကြေးသိန်းချီပေးဝယ်နေရသောလေ့ကျင့်ရေးprogramများ၊Diet planများကိုသင်တန်းကြေးသက်သာစွာ​နဲ့ရမယ့်အထူးအခွင့်အရေးနော်👍👍👌
🤛👉👉ဟုတ်ပီဘာတွေလိုအပ်မှာလဲ👇👇
👉👉မိမိအိမ်မှာပဲရေသန့်ဗူးနှစ်ဗူးရှိယုံ
👉👉မိမိကိုယ်တိုင်လေ့ကျင့်ခန်းလုပ်လိုစိတ်ရှိယုံဖြင့်
ရက်ပေါင်း40အတွင်းchallange လေးလုပ်ဖို့joinကြည့်ကြရအောင်ဗျ....
အသးစိတ်ကိုဖုန်း📞☎09264332938ကိုဆက်သွယ်မေးမြန်းနိုင်သလို messengerကနေလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်ခဗျ
အားလုံးကျန်းမာလှပတဲ့bodyတွေပိုင်ဆိုင်ဖို့လေ့ကျင့်ခန်းလုပ်ကြစို့👌👌👍

13/07/2022

အဆီ ဘယ်လောက်ချချ Fail မည့်သူများ👇👇👇👇👇

(၁) ပေါင်ချိန်စက် ပေါ် တစ်နေ့ ၁၈ခေါက်လောက်တက်ပြီး De ၀ငျနသေော သူများ

(၂) တိကျတဲ့plan မရှိပဲ ဟို လူ ပြောတိုင်း လိုက်လုပ် ဒီလူပြောတိုင်း လိုက်လုပ်တဲ့ သူများ

(၃) တွေ့သမျှ ပေါ်သမျှ အဆီကျဆေး မှန် သမျှ အကုန်လိုက်သောက် လိုက်လိမ်း နေတဲ့ သူများ

(၄)အစားအသောက် အလွန် လျော့စားသူများ
မနက်စာ မစား 😴 ညစာ မစား တဲ့ သူများ

(၅) ဟို အစာဖြတ် ဒီအစာ ဖြတ် ၃၆နာရီတို့ ၉၈နာရီတို့ အစာဖြစ်တဲ့သူများ(၉၈နာရီ မရှိလဲ အမြင်ကပ်လို့ ရေးတယ်😎)

(၆) ညဘက်တွေ ကုကားကားကိုက် ကိုရီးယား ကားကိုက် ပြီး မိုးလင်းမှ အိပ်တဲ့ သူများ

(၇)လေ့ကျင့် ခန်းတွေကြီးပဲ နင်းကန်လုပ်သောသူများ

(၈) တိကျတဲ့plan မရှိပဲ တွေ့ရာ အကုန်လိုက်ဆော့နေတဲ့သူများ

(၉) အကြီးကြီးတွေ မှန်းထားတဲ့သူများ😑😑
၁၀ရက်လောက်နဲ့ ပေါင်၂၀ကျရမဲ့တို့ ဘာတို့

(၁၀)Gym လာပြီး တော်ကီပဲ ဖုတ်နေကျသောသူများ

ကိုယ်က ၃ချက်လောက်နဲ့ ငြိနေပြီ ဆို ရင် ကိုယ်ကိုယ် သိပြီး ပြင်လိုက်ပါတော့ 😎

Crd.
မူရင်းရေးသားသူအား လေးစားလျက်

Trainer .Sai Htooaung
mfta certified personal trainer # #
# Gym owner&trainer # #
# instructor**
တစ်ဦးချင်း one by one ptယူပီး transformationလုပ်ချင်သူများ
မိမိအိမ်မှာပဲနေပီးလေ့ကျင့်ခန်းလုပ်ပီးအဆီချ/ဝိတ်တင်ချင်သူများ
diet planဝယ်ယူလိုသူများအသေးစိတ်ကို
09264332938 or chat boxတွင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခဗျ👍👍

Photos from Amara Fitness&gym's post 20/04/2022

ဆီလျှော့စားဖို့လိုပါသည်
++++++++++++++++++++

မြန်မာလူမျိုးများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မရှိမဖြစ်သုံးစွဲ နေကြသော စားဆီများကို အတတ်နိုင်ဆုံး လျှော့ပေါ့စားသုံးတတ် ဖို့လို ပါသည်။

မြန်မာတို့နှင့် ဆီစားသုံးမှု

မြန်မာတို့သည် ဆီကိုကြိုက်တတ်သည်။ စားစရာထဲတွင် ဆီများများပါလေ ကောင်းလေဟု အထင်ရှိတတ်သည်။ လက်ဖက်သုပ်ဆိုလျှင်လည်း ဆီရွှဲရွှဲလေးဆမ်းမှ၊ ငါးခြောက်ဖုတ် ဆိုလည်း ဆီများများထည့်ကာနှပ်ထားမှ၊ ပဲပြုတ်တွင်လည်း ဆီများများထည့်လိုက်ရမှ စားကောင်းတတ်သည်။ မြိန်တတ်ကြ သည်။

မြန်မာဟင်းအများစုတွင်လည်း ဆီပြန်ဟင်းများက ဟင်းကောင်းအဖြစ် နေရာယူထားသည်။ ယုတ်စွအဆုံး ဟင်းချိုဟင်း၊ အရည်ဟင်းတို့ထဲမှာပင် ဆီကလေးတစ်ပေါက် နှစ်ပေါက်ထည့်လိုက်ရမှ စားလို့ကောင်းမည် ထင်တတ်ကြသည်။ ဆီနည်းသည်ဆိုလျှင် 'ဟင်းကဆီတောင်မပါဘူး'ဟု ဆိုတတ်ကြ ပြန်သည်။ စားစရာမဟုတ်သည့် ဖွဲနုကိုပင်လျှင် ဆီဆမ်းစားက စားလို့ကောင်းသည်ဟု အဆိုရှိသည်။ ထို့ကြောင့် မြန်မာ့စားစရာ ဟင်းလျာများတွင် ဆီကမပါမဖြစ်ဆိုသလိုပါနေပြီး လိုသည်ထက် ပိုစားဖြစ်နေသော ဆီများကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဆိုးများကို ခံစားနေကြရလျက်ရှိသည်။

စားသုံးဆီနှင့် ကျန်းမာရေး

တကယ်တော့ ဆီသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ကိုယ်ခန္ဓာရှိ ဆဲလ်များ ပုံမှန် လုပ်ငန်းဆောင်တာ လုပ်ဆောင်ရာတွင် အဆီဓာတ်က လိုအပ်သည်။ အဆီတွင်သာ ပျော်ဝင်နိုင်သည့် ဗီတာမင်များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင် အီးနှင့် ဗီတာမင်ကေ ဓာတ်တို့ကို အူမှစုပ်ယူနိုင် ရန်အတွက် အဆီဓာတ်က လိုသည်။ ကိုယ်တွင်းရှိ တစ်သျှူးများ၊ ဟိုမုန်းများ တည်ဆောက်ရေးတွင်လည်း အဆီဓာတ်က အုတ်တစ်ချပ်၊ သဲ တစ်ပွင့်အဖြစ် အရေးပါပြန်သည်။

အရေပြားချောမွတ်သန့်စင် လှပဖို့ရာတွင်လည်း အဆီဓာတ်က အခရာဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးအတွက် တစ်နည်းအားဖြင့် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များ ပုံမှန်လည်ပတ်လုပ်ဆောင်ရေးအတွက် ဆီသည် လိုအပ်သည်။

သို့သော် တန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ လိုသည်ထက် ပိုလာလျှင် ကောင်းကျိုးထက် ဆိုးပြစ်က ပိုလာနိုင်သည်။ ဆီစားသုံးမှု လွန်ကဲလာပါက ပိုလျှံလာသောဆီများကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်တွင်းကလီစာများတွင် အဆီပိုများ စုပုံလာခြင်း၊ နှလုံးသွေးကြောနှင့် သွေးကြောများတွင် အဆီခဲများ ပိတ်ဆို့ခြင်း၊ ထိုသို့သှေးကွောမြား ပိတျဆို့ခွငျး ကြောင့် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါများကိုပါ ဖြစ်ပေါ်စေနိုင်ခြင်း စသည့်များပြားသော ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ ထိုသို့သော ရောဂါဆိုးများမှာ ချက်ချင်းလက်ငင်း ထဖြစ်တတ် သည် မဟုတ်ဘဲ တဖြည်းဖြည်းချင်းသာ ဖြစ်တတ်သည့်အတွက် ရောဂါအခြေအနေဆိုးပါမှ ရောဂါဖြစ်နေမှန်း သိကြရလေ့ရှိ ပါသည်။ ထို့ကြောင့် ရောဂါမဖြစ်မီကတည်းက တစ်နည်းအားဖြင့် လူငယ်လူရွယ် ကလေးငယ်ဘဝမှာကတည်းက ကျန်းမာရေး အတွက် သင့်လျော်သည့်ဆီကို မလိုစေ မပိုစေဘဲ သုံးစွဲတတ်ရန် လိုသည်။

အခြေခံအချက်နှစ်ရပ်

ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာ များကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည် ဖြစ်သည်။ ပထမအချက်မှာ ''ကျန်းမာရေးနှင့် မသင့်လျော်သည့် ဆီများကို စားသုံးမိခြင်း''ဖြစ်ပြီး ဒုတိယအချက်မှာ ''သုံးစွဲသင့် သည်ထက် ပိုမိုစားသုံးမိနေခြင်း'' ဖြစ်သည်။

ဘယ်ဆီကိုစားမလဲ

စားသုံးနိုင်သောဆီများကို ပါဝင်ဖွဲ့စည်းမှု ဓာတုဗေဒ သဘောအရ ပြည့်ဝဆီနှင့် မပြည့်ဝဆီဟု နှစ်မျိုးခွဲခြားနိုင်သည်။ အကြမ်းဖျင်းအားဖြင့် ပြည့်ဝဆီသည် ကျန်းမာရေးအတွက် မကောင်း၊ မပြည့်ဝဆီက ကျန်းမာရေး အတွက်ကောင်းသည် ဟု ဆိုနိုင်သည်။ မပြည့်ဝသော ဆီအမျိုးအစားထဲမှာပင် မိုနို မပြည့်ဝဆီနှင့် ပေါ်လီ မပြည့်ဝဆီဟူ၍ ထပ်ခွဲခြားနိုင်သေးသည်။ တကယ်တမ်းတွင် စားသုံးဆီအမျိုးမျိုးထဲ၌ ပြည့်ဝဆီရော၊ မပြည့်ဝဆီပါရောပြီးပါသည်။ တချို့ဆီများက ပြည့်ဝဆီပို များများ ပါသည်။ တချို့ကျတော့ မပြည့်ဝဆီပါဝင်မှု အချိုးအဆပိုများ သည်။ ဥပမာအားဖြင့် ပြည့်ဝဆီပါဝင်မှုသည် ဝက်ဆီတွင် ၃၉ ရာခိုင်နှုန်းအထိရှိပြီး မြေပဲဆီတွင် ၁၈ ရာခိုင်နှုန်းသာရှိသည်။ အလားတူကောင်းသည့် အဆီဓာတ်ဖြစ်သော မပြည့်ဝဆီပါဝင်မှု သည် သံလွင်ဆီတွင် ၈၆ ရာခိုင်နှုန်း၊ နေကြာဆီတွင် ၈၉ ရာခိုင်နှုန်း၊ ပြောင်းစေ့ဆီတွင် ၈၇ ရာခိုင်နှုန်း၊ ပဲပုပ်စေ့ဆီနှင့် နှမ်းဆီများတွင် ၈၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြောင်း တွေ့ရ သည်။ (စားသုံးဆီအမျိုးအစား အသီးသီး၏ ပြည့်ဝ ဆီ၊ မိုနို မပြည့်ဝဆီ၊ ပေါ်လီ မပြည့်ဝဆီပါဝင်မှု အချိုးအဆ နှိုင်းယှဉ်ချက်ကို ပုံတွင် ကြည့်ပါ။)

သတိထားရှောင်ရမည့် ပြောင်းလဲဆီ

စားသုံးဆီများနှင့် ပတ်သက်ပြီး နောက်ထပ်သိထားရမည့် အချက်မှာ မည်သည့်ဆီပင်ဖြစ်ပါစေ၊ ကြော်လှော်သည့်အခါတွင် ပြောင်းလဲဆီ (Trans Fat)အဖြစ်သို့ ရောက်သွားနိုင်ခြင်းဖြစ် သည်။ ပြောင်းလဲဆီသည် ကျန်းမာရေးအတွက် အဆိုးရွားဆုံး၊ ကျန်းမာရေးထိခိုက်မှု အဖြစ်နိုင်ဆုံး ဆီအမျိုးအစားဖြစ်သည်။ ဆီကို ထပ်တလဲလဲကြော်သုံးခြင်းဖြင့် ပြောင်းလဲဆီဖြစ်ပေါ်နိုင်ပြီး ထိုဆီနှင့် ကြော်ထားသည့် အာလူးကြော်၊ အကြော်စုံ၊ ငါးမုန့် ကြော်၊ ကြက်ကြော် စသည်တို့ထဲတွင် ပြောင်းလဲဆီ များ ပါဝင်နေ နိုင်သည်။ ထိုအစားအစာများကို စားသုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။

ကောင်းသော အဆီအမျိုးအစားပင် ဖြစ်စေကာမူ အကြိမ်ကြိမ် အထပ်ထပ် ကြော်လှော်ပါက ပြောင်းလဲဆီအဖြစ် ပြောင်းလဲကာ ကျန်းမာရေး ထိခိုက်စေနိုင်သည်။ ဤနေရာတွင် သိထားသင့် သည့် အချက် မှာ ပြည့်ဝဆီများသည် ကြော်လှော်သည့်အခါ ပြောင်းလဲဆီအဖြစ် ဖြစ်ပေါ်စေနိုင်မှု နည်းပါးသည်။ ထို့ကြောင့် အပင်မှရသည့်ဆီများ ဖြစ်သည့် ပဲပုပ်ဆီ၊ နေကြာဆီ၊ ပြောင်းဆီ၊ မြေပဲဆီ၊ နှမ်းဆီတို့ကို ချက်ပြုတ်စား သုံးရာ တွင် သုံးစွဲသင့်ပြီး ကြော်လှော်ရန်အတွက် အုန်းဆီနှင့် စားအုန်းဆီ များကို သုံးစွဲနိုင်သည်။

ဆီဘယ်လောက်စားသင့်သလဲ

ဒုတိယအချက်မှာ ဆီဘယ်လောက်များများ စားသင့်သလဲ ဆိုသည့်အချက်ဖြစ်သည်။ ပညာရှင်များ၏ တွက်ချက်မှုများအရ အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့တာ စားသုံးသင့် သည့် ပမာဏမှာ ၂ဝ ဂရမ် (လက်ဖက်ရည်ဇွန်း လေးဇွန်းစာခန့်)ဖြစ် သည်။ ကလေးများတွင် အဆီလိုအပ်မှု အနည်းငယ်ပိုသည့် အတွက် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းငါးဇွန်းအထိ စားသုံးနိုင် သည်။ အသက် ၉ နှစ်အရွယ် အထက်တွင် လေးဇွန်းခွဲအထိ စားသုံး နိုင်သည်။

အဝလွန်သူများ၊ နှလုံးနှင့် သွေးကြောကျဉ်းရောဂါရှိသူများနှင့် သွေးတွင်းအဆီဓာတ် များနေသူများဖြစ်ပါ က ထိုပမာဏအောက်လျှော့၍ စားသုံးသင့်သည်။ အကြမ်း အားဖြင့် လူတစ်ဦးသည် တစ်နေ့အနည်းဆုံး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်သော ဆီကိုစားသုံးသင့်သည်။

ထို့ကြောင့်အရွယ် ရောက်ပြီးသူ တစ်ဦးအတွက် တစ်လတာအတွက် ဆီစားသုံးမှု သည် လီတာဝက် ကျော်ကျော် (ဝ ဒသမ ၆ လီတာခန့်) လိုအပ် မည်ဖြစ်သည်။ ထိုပမာဏသည် စုစုပေါင်း ဆီစားသုံးမှုဖြစ်ပြီး မြန်မာတို့၏ ဆီစားသုံးမှုနှင့် ယှဉ်ကြည့်လျှင် သိသိသာသာ များပြားနေ သည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် စားသောက်ဆိုင်များတွင် ရောင်းချသည့် စားစရာများတွင် ဆီအများအပြားပါလေ့ရှိပြီး မြန်မာကြိုက်ဖြစ်သည့် အစားအစာ အများစုဖြစ်သည့် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ ထောပတ်ထမင်း စသည်တို့တွင်လည်း ဆီပါဝင်မှုများလေ့ရှိသည့်အတွက် ကျန်းမာရေး အတွက် လိုအပ် သည့် ပမာဏထက်များစွာ ကျော်လွန်နေပါသည်။

ကျန်းမာဖို့ရာ ဆီလျှော့စားပါ

ထို့ကြောင့် ကျန်းမာရေးအတွက် စားသုံးဆီသုံးစွဲမှုနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို အထူးဂရုပြုလိုက်နာသင့် ပါသည်။
ူ မိမိအိမ်တွင် ချက်ပြုတ်သုံးစွဲရာတွင် တိရ္ဆာန်ထွက် အဆီများဖြစ်သည့် ဝက်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ တို့ကို မစားသုံးသင့်ပါ။
ူ အကြိမ်ကြိမ်ကြော်လှော်ပါက ပြောင်းလဲဆီများ ဖြစ်လာနိုင်သည့်အတွက် အကြိမ်ကြိမ်ကြော်ထား သည့် ဆီထဲတွင် ကြော်လှော်ထားသည့် အကြော် အမျိုးမျိုးကို အတတ်နိုင်ဆုံး ရှောင်သင့်ပါသည်။

ူ စားသောက်ဆိုင်များနှင့် အစားအစာထုတ်လုပ် ရောင်းချသူများ အနေဖြင့်လည်း ပြန်ကြော်ဆီများ၊ အကြိမ်ကြိမ်ကြော်ထားသော ဆီများသုံးစွဲခြင်းမပြုရန် လိုအပ်ပါသည်။

ူ ဆီပါဝင်မှုများသော ကြော်ထားသည့် အစားအစာများ၊ တာရှည်ခံ ဆီများများပါသည့် အစားအစာများနှင့် ဆီများများဖြင့် ချက်ပြုတ်ထားသည့် အစားအစာများ ကို လျှော့ချစားသုံးသင့်ပါသည်။

ူ ဆီအမျိုးအစားအနေဖြင့် မြေပဲဆီ၊ နှမ်းဆီ၊ ပြောင်းဖူး ဆီ၊ ပဲပုပ်ဆီများကို ချက်ပြုတ်ရာတွင် သုံးသင့်ပြီး ကြော်လှော်မည်ဆိုပါက ပြောင်းလဲဆီအဖြစ် အသွင်း ပြောင်းမှုနည်းသည့် စားအုန်းဆီကို သုံးနိုင်ပါသည်။

ူ မည်သည့်ဆီကို သုံးသည်ဖြစ်စေ၊ သုံးစွဲစားသုံးမှု များပြားပါက ရေရှည် တွင် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင် သည့်အတွက် ဆီစားသုံးမှုကို လျှော့ချရန် လိုပါသည်။

ကျန်းမာရေးအတွက် မသင့်လျော်သော ဆီများစားသုံးခြင်း နှင့် ဆီစားသုံးမှု လွန်ကဲခြင်းကြောင့်ဖြစ်ပေါ်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ များသည် ကုသရခက်ခဲစေနိုင်သည့်အတွက် ကျန်းမာကြံ့ခိုင်စေရေး အတွက် ဆီစားသုံးမှုကို လျှော့ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

Crd

ဒေါက်တာမြတ်ထွဋ်ညွန့်

10/04/2022

👏👏အဆီကျလှပပီးစိတ်ဖိစီးမှုတွေများရင်တော့Amara gymမှာယခုလိုZumba Classလေး
အပတ်စဉ် သောကြာ-စနေနေ့တိုင်းရှိတယ်နော်မိတ်ဆွေတို့

10/04/2022

Amara Gymမှမြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ရက်များကြေငြာခြင်း
11.4.2022မှ17.4.2022အထိ
18.4.2022တနင်္လါနေ့တွင်Gymပြန်ဖွင့်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။🙌🙌🙌

27/02/2022
Photos from Amara Fitness&gym's post 17/02/2022

#တင်သားလှလှထွက်ချင်လား

တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။

တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်းသားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူတွေဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။

အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် (၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။ အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့ များများစားပါ။ polyunsaturated fats ပါတဲ့ ငါးအဆီပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာမွန်ငါး၊ တူနာငါး စတာတွေ ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။ တရက်ကို ခြောက်ကြိမ် အစားအသောက် မျှတအောင် စားပေးသင့်တယ်။

(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျုးစားပါ။
(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။
(၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။
(၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။
(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။
(၆) အိပ်ခါနီး protein shake သောက်ပါ။

တင်ပါးလေ့ကျင့်ခန်း မလုပ်ခင် ခန္ဓာဗေဒကို အရင်ဆုံးနားလည်ဖို့ လိုပါတယ်။ တင်ပါးမှာ gluteus muscle ကြွက်သားအစုအဝေးဆိုတာ ရှိတယ်။ အဓိကကြွက်သား သုံးခုရှိတယ်။ ဒီကြွက်သားတွေက ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တယ်။ တင်သားကြီးပြီး လုံးချင်ရင် ဒီကြွက်သားအစုအဝေးကို လေ့ကျင့်ပေးရမှာ ဖြစ်တယ်။

ဘာတွေ လုပ်မလဲ
(၁) လက်ဆန့်ပြီး တင်ပါးကို နောက်ထုတ်ပြီး ထိုင် ထလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို squat ခေါ်တယ်။ တင်ပါးမှာရှိတဲ့ ဂလူးတီးယပ်စ် ကြွက်သားကို ကြီးထွားစေတယ်။ တခါလုပ် အကြိမ် (၂၀)လ၊ သုံးကျော့စီ ပြန်လုပ်သင့်တယ်။
(၂) lunges ဆိုတာ ခါးထောက်ပြီး ခြေထောက်တဖက်စီကို ရှေ့ထုတ်ပြီး ထိုင်ချတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ lunges လုပ်ခြင်းက နောက်ပိုင်းအလှ ကောက်ကြောင်းကို ပေါ်လွင်စေတယ်။
(၃) deadlift ဆိုတာ ခါးကုန်း အလေးမပြီး ခါးဆန့် ပြန်ထရတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ကြွက်သားတွေကို ကြီးထွားစေတယ်။ဘယ်လေ့ကျင့်ခန်းမဆို ခါးနောကျပျုငျးကိုသာ အားထုတ်လုပ်ရမယ်။
(၄) hip extension ဆိုတာ လေးဖက်ထောက်အနေအထားမှ ခြေထောက် နောက်ပစ်လွှဲရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်စဉ် waist trainer လို ဝတ်စုံမျိုးဝတ်သင့်တယ်။ ဒါမှ ခါးမှာရှိတဲ့အဆီတွေက အောင်ပိုင်းကို ကျသွားမှာဖြစ်တယ်။

စျေးကွက်ထဲမှာ တင်သားကြီးစေတဲ့ သောက်ဆေး၊လိမ်းဆေး အမျိုးမျိုးရှိတယ်။ butt enhancing pills ဆိုတာ တင်သားကြီးထွားတဲ့ သောက်ဆေးကို ခေါ်တာ။ အဓိကအားဖြင့် ဟော်မုန်းထိန်းညှိပေးတာဖြစ်တယ်။ ထိန်းညှိတယ်ဆိုတာ မဟော်မုန်း estrogen များစေတာဖြစ်ပြီး ယောကျာ်းဟော်မုန်း androgen နည်းစေတာဖြစ်တယ်။ မဟော်မုန်းများရင် အဆီတွေက ခန္ဓာကိုယ်ရဲ့ ပေါင်၊ရင်သား၊တင်ပါးစတဲ့နေရာတွေသာ စုအောင်းနေမယ်။

သောက်ဆေးအားလုံးထဲမှာ အသုံးများဆုံးက maca root ပါတဲ့ဆေးတွေဖြစ်တယ်။ ဒီဆေးက ပီရူးနိုင်ငံမှာ အားဆေးအနေနဲ့အသုံးများတယ်။ နောက်ပြီး saw palmetto, berries, Fenugreek seed , fennel seed,L-tyrosine တွေ သုံးကြတယ်။ သဘာဝဆေးတွေထဲမှာ Wild Mexican Yam , thistle, Kelp, D**g Quai, Mothers's wort စတဲ့ဆေးတွေ အသုံးများဆုံးပဲ။ အာနိသင်သက်ရောက်မှုက တခုနဲ့တခုကွာမယ်။ ပဲနို့နေ့စဉ်သောက်ပေးခြင်းက တင်သားကို ကြီးထွားစေတယ်။

လိမ်းဆေးတွေလည်း ရှိတယ်။ အပူပိုင်း အာဖရိကမှာ တွေ့တဲ့ Kigelia Africana ကို အခြေခံပြီးထုတ်တာ များတယ်။ အာနိသင်က fibrous တွယ်ဆက်တစ်ရှုး ဖှဲ့စညျးမှုကျု အားပေးတာဖြစ်လို့ တင်ပါးနဲ့ ရင်သား ကြီးထွားစေတယ်။ လိမ်းဆေးထဲမှာ နာမည်ကြီးတွေက gluteboost, b***y magic , b***y perfect cream, iso sensual curve စတဲ့လိမ်းဆေးတွေ ဖြစ်တယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အချိန်မှန်လိမ်းပေးရတယ်။ တချို့ဆေးတွေထဲမှာ ရှားစောင်းလက်ပပ်၊ ထောပတ်၊ မက္ကာမြစ်၊ ဘယ်ရီသီး၊ ကော်ဖီစေ့၊ အလှဆီ၊ သံလွင်ဆီ၊ ဗာဒံဆီဂစတာတွေ ပါလေ့ရှိတယ်။

သိပ္ပံနည်းကျမဟုတ်တဲ့ အလွယ်သုံး အရပ်ပြောနည်းတွေလည်း ရှိပါတယ်။ nivea အပြာရောင် လိမ်းဆေးခရင်မ်ကို သံလွင်ဆီနဲ့ရောပြီး တငျပါးကျု လိမ်းလို့ရတယ်။ နောက်တနည်းက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး လိမ်း၊ နာရီဝက်ကြာတဲ့အခါ ရေပြန်ဆေးရမယ်။ ပြီးရင် သုံးနေကျ moisturizer တခုခု ထပ် သုံးရမယ်။ တပတ်ကို သုံးကြိမ် လုပ်ပါ။

လူသုံးများတဲ့ အိမ်သုံးနည်းလည်း ရှိဦးမယ်။ ငါးကြီးဆီ နှစ်လုံးကို ဖောက်ပြီး တင်သားတဖက်ကို နှိပ်ပြီး လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးရမယ်။ နှိပ်တဲ့အခါ အနည်းဆုံး ဆယ်မိနစ်ကြာရမယ်။ နာရီဝက် ထားပြီး ရေပြန်ဆေးချပါ။ အာနိသင်ကောင်းဖို့ တနေ့ နှစ်ကြိမ်လုပ်ပါ။ နေ့စဉ်လုပ်ရင် ၃ ပတ်အတွင်း ထူးခြားမှုရှိလာလိမ့်မယ်။

နောက်ဆုံးတနည်းကတော့ butt lifterလို့ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား တွေ ဝတ်တဲ့နည်းပါ။ ဘောင်းဘီကို အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးဆျုကျသာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။
Credit
ဒေါက်တာ အေးမင်းထူး
#မူရင်းရေးသားသူအား လေးစားစွာဖြင့်🙏🙏🙏
Fitness Club (Aungban)

Photos from Amara Fitness&gym's post 07/02/2022

Hello,မင်္ဂလာပါမိတ်ဆွေ........🙌🙌
👉Amara Fitness&Gymမှ👇
Gym ကစားပီး💪ခန္ဓာကိုယ်ကြီးထွားလိုသူတွေ
gymကစားပီး🏋🏋️‍♀️အဆီကျလှပလိုသူတွေ
🍏🥑 🍒🍑🍉🥗 🚴🚴‍♀️ကျန်းမာလိုသူ/အစားအသောက်ထိန်းပီးခန္ဓာကိုယ်ပုံစံမပျက်ချင်သူမိတ်ဆွေတို့ရဲ့ လိုအပ်ချက်ကွက်လပ်လေးတစ်ခုဖြစ်တဲ့
Healtht Food Diet Box productလေးတွေနဲ့ဖြည့်ဆည်းပေးပါရစေခဗျ👍👍👌

ဟုတ်ပီဗျ↔diet boxတစ်ဗူးမှာဆ်ိုရင်နေ့စဥ်လိုအပ်တဲ့
Calories
Protein
Carbohydrate
Fat. စတဲ့Nutritent တွေကိုမိတ်ဆွေတို့အနေနဲ့အချိန်ကုန်ခံ၊အလုပ်ရှုပ်ခံပီးချိန်ဆ၊တွက်ချက်စရာမလိုပဲ helloလေးတစ်ချက်လုပ်လိုက်တာနဲ့အိမ်အရောက်ဝန်ဆောင်မှုပေးသွားမှာပါခဗျ💪💪

အဲ့ဒီတော့🏋🏋️‍♀️Gymကစားပီးweight /weight loss
အပြင်းအထန်ပြုလုပ်နေသူတွေ
workoutမလုပ်ဘဲနဲ့အိမ်မှာဘဲ Healthy foodတွေစားပီး
ကျန်းမာရေးအတွက်ပဲdietလုပ်မယ်ဆိုသူတွေအတွက်
ယခုလိုစနစ်တကျတွက်ချက်ပီးချက်ပြုတ်ထားတဲ့
diet box🍒🍐🍎🥗လေးတွေကသာ မိတ်ဆွေလိုချင်တဲ့body goal ဆီကိုအရောက်ပို့ပေးနိုင်မှာပါ...🤜🤛


လိုအပ်လို့ဆက်သွယ်မှာယူမယ်ဆိုရင်တော့ page messengerကဖြစ်စေ ဖုန်း 09264332938သို့ဖြစ်စေ
မှာယူအားပေးနိုင်ပါတယ်ခဗျ...
အကယ်၍မှာယူမယ်ဆိုရင်တော့
မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်အနေအထား
အဆီချလား/ခန္ဓာကိုယိကြီးထွားဖို့လား
ကျန်းမာရေးအတွက်လား
စသည်တို့ကို chat boxမှာအသေးစိတ်တွက်ချက်ပေးမည်ဖြစ်ပီးသင့်လျော်သောdiet boxကိုသာပေးပို့ပေးပါမည်
(body goal)အတွက်တွက်ချက်မှုကိုတော့free ဝန်ဆောင်မှုပေးမည်ဖြစ်ပီးထောက်ကြန့်အတွင်းတဗူးချင်းမှာယူသူများအတွက်ပို့ခပေးရပါမည်။
တစ်နေ့တာလိုအပ်တ့ဲmealသုံးနပ်စာမှာယူမယ်ဆိုရင်ပို့ခfreeဖြစ်ပါတယ်ခဗျ....
Diet boxတိုင်းမှာnutritent lableပါဝင်မှာဖြစ်တဲ့အတွက်လိုချင်တဲ့body goalကိုရောက်ရှိစေဖို့စိတ်ပူစရာမလိုတော့ဘူးနော့်👌👌👊👍
စကားချပ်👉👉အာဟာရပိုင်းဆိုင်ရာအတွက်ရောတွက်ချက်မှုပိုင်းဆိုင်ရာအတွက်
MFTA CERTIFIED PERSONAL TRAINER
FITNESS NUTRITION SPECIALIST COURSE
လက်မှတ်တွေရရှိထားတဲ့ ကျွမ်းကျင်trainerကိုယ်တိုင်ပြင်ဆင်ပေးမှာဖြစ်ပါတယ်ခဗျာ

Photos from Amara Fitness&gym's post 24/01/2022

🤔💪gymဆော့ဖို့စဥ်းစားနေတာလား
မိတ်ဆွေဒါဆိုရင်တော့Amara gymကို
လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါရစေခဗျ....
👉👉gymတမျိုးတည်းမဟုတ်ဘဲနောက်ထပ်တိုးချဲ့ဖွင့်
လှစ်ထားတဲ့classတွေနဲ့လည်းမိတ်ဆက်ပေးပါရစေခဗျ
👇👇
👉👉TRX
👉👉ZUMBA
👉👉FUNCTIONAL GROUP WORKOUT
👌👌ကဲclassခွဲတွေသိပီဆိုတော့သင်တန်းကြေးလေးကတော့👇
Gym only💪💪(30,000)ks
TRX+ZUMBA👯‍♂️💃(25,000)ks

trx+zumba 🤛🤜တပတ်လေးရက်
အင်္ဂါ+ဗုဒ္ဓဟူး↔↔သောကြာ+စနေ

gymကိုလည်းလက်မလွတ်တမ်းဆော့မယ်other classတွေလည်းထပ်ဆော့မယ်ဆိုသူများအတွက်

GYM+ZUMBA+TRX(45,000)ks life time members
special weight loss classဖြစ်ပီးတော့
free classအနေနဲ့functional group classကိုfree join
ခွင့်ရမယိ့အခွင့်အရေးလေးရှိပါသေးတယ်ဗျ
ဒါ့အပြင်👇👇body ပြောင်းလဲမှုကိုတလတကြိမ်
body compositionတိုင်းတာပေးခြင်း👌
အစားအသောက်planအနီးကပ်ညွှန်ကြားမှုပေးခြင်း💪
body targetပေးထားခြင်း👈
အစရှိတဲ့ facilitiesတွေနဲ့ပျော်ပျော်ပါးပါးကစားချင်ရင်တော့ အခုပဲ AMARA GYMကိုလှမ်းလာခဲ့ဖို့တိုက်တွန်းပါ
ရစေဗျ😀😀😀

အသေးစိတ်စုံစမ်းချင်ရင်တော့messengerကဖြစ်စေ
ဖုန်း📞📞09264332938ကိုဖြစ်စေမေးမြန်းနိုင်ပါတယ်ခဗျ....

တနင်္ဂနွေနေ့တိုင်းသင်တန်းပိတ်သည်။
လိပ်စာ🏠🏠တိုးချဲ့သုံးရပ်ကွက်၊ဗိုလ်တေဇလမ်းမပေါ်၊
ချယ်ရီအလှပြင်ဆိုင်ဘေး

21/01/2022

👉👉ကျန်းမာရေးနဲ့ပတ်သတ်ပီးသိစေချင်တာလေးတွေ
🏃‍♀️👯‍♂️💪fitnessကိုလေ့လာလိုက်စားပီးgymကစားနေသူတွေအတွက်
liveအစီစဥ်လေးတခုလုပ်ပေးမယ်ဆို
စိတ်ဝင်စားလားမိတ်ဆွေတို့🤗🤗
👌👌👇👇စိတ်ဝင်စားမယ်ဆိုlike and shareနဲ့comentလေးပေးစေချင်တယ်ဗျ

18/01/2022

17.1.2022မှစ၍ Amara Gymပြန်လည်ဖွင့်လှစ်လိုက်ပါပီ.....
👉မိတ်ဟောင်းမိတ်သစ်များအားလုံးလာရောက်ကစားနိုင်ပါပီခဗျ..

Photos from Amara Fitness&gym's post 07/01/2022

ထောက်ကြန့်ကအမျိုးတို့ရေ coming soon Amara Gym New Reborn. .👌💪💪မကြာမီ👍👍
🏋️‍♀️🏋💪💪မိတ်ဆွေတို့အနေနဲ့ရှယ်ကစားကြဖို့ရှယ်အသင့်ပြင်
ထားဖို့ပဲလိုတော့တယ်နော်🆗👌
ယခုတည်းကလာရောက်ပီးကြိုတင်အပ်နှံထားမယ်ဆိုရင်တော့10%discountရရှိမှာပါခဗျ....
ဆက်သွယ်ရန်ဖုန်းနံပါတ်👉📞09264332938
လိပ်စာကတော့👉👉တိုးချဲ့(3)ရပ်ကွက်၊ဗိုလ်တေဇလမ်းမကြီးပေါ်၊
ချယ်ရီအလှပြင်ဆိုင်ဘေးကပ်လျက်၊(3)ရပ်ကွက်ဘောလုံးကွင်အနီး၊
ထောက်ကြန့်မြို့

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Botayza Road, 3 Ward, Htauk Kyant, Mingalardon Township
Yangon
1111

Opening Hours

Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00